Thazin OO

Thazin OO


အတွင်းသပ်လျှိုတာမရလို့ အပြင်ကိုသွေးခွဲနေတဲ့ အဆိုးမြင်ဝါဒီ ဧရာဝတီ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တရုတ် ရေတပ်က စစ်ရေယာဉ်တွေဆီသွားရောက်တွေ့ဆုံခြင်းမရှိဘဲ ရုရှားရေတပ်က စစ်ရေယာဉ် တွေလာတော့ သွားရောက်တွေ့ဆုံခဲ့တယ်ဆိုပြီး  Ayeyarwaddy Times သတင်းဌာနက သွေးခွဲဝေဖန်နေလို့ ပြောရဦးမယ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားစစ်ရေယာဉ်တွေဆီကို သွားခဲ့တာဟာ ပထမဆုံး အကြိမ်ပြုလုပ်တဲ့ မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖြစ်တာက တစ်ကြောင်း၊ ပြီးတော့ ရုရှားရေတပ်ဦးစီးချုပ်ကိုယ်တိုင်က သူရဲ့မြန်မာနိုင်ငံ ခရီးစဉ်ကို ကြိုတင် စီစဉ်ပြီး စစ်​ရေယာဉ်တွေနဲ့ အချိန်ကိုက်လာရောက်တာကတစ်ကြောင်း၊ နောက်တစ်ချက်က ရုရှားရေတပ်ဦးစီးချုပ်ကိုယ်တိုင် နေပြည်တော်သို့ လာရောက်ကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ဆုံပြီး စစ်​ရေယာဉ်တွေဆီလာဖို့ ဖိတ်တယ်။ အဲဒီလိုအချက်တွေကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားစစ်ရေယာဉ်တွေဆီ သွားရောက်ကာ ရုရှားရေတပ် ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်တယ်ဆိုတာ ထမင်းစားပြီး ကြီးတဲ့သူတိုင်း သိတဲ့ကိစ္စပါ။

မြန်မာနဲ့ တရုတ်ဆိုတာ ​အိမ်နီးချင်းနိုင်ငံတွေဖြစ်လို့ ယဉ်ကျေးမှုအရရော ကူးလူးဆက်ဆံမှု​တွေရှိတယ်။ အစားအ​သောက်​တွေကအစ တူညီတာများတယ်။ တရုတ်စစ်​ရေယာဉ်တွေလာ​တော့ မြန်မာပြည်ဖွား တရုတ်လူမျိုး​တွေ​တောင် လာကြိုကြတာ ​တွေ့ရတယ်။ ပြီးတော့ တရုတ်စစ်ရေယာဉ်တွေ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်တာကြတော့ ပုံမုန် လေ့ကျင့်ခန်းဆောင်ရွက်ဖို့ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းသာ နှစ်နိုင်ငံချစ်ကြည်ရေးအရ နှစ်နိုင်ငံ တာဝန်ရှိသူတွေက လေ့ကျင့်ခန်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သွားမတွေ့ရကောင်းလားဆိုပြီး အဆိုးမြင်ဝါဒနဲ့ သွားပုပ်လေလွင့် ရေးသားနေတာ ဟာ ကိုယ့်ကိုယ်ကို ပိန်းတယ်လို့ ဖော်ပြနေတာနဲ့ အတူတူပါပဲ။


Ayeyarwaddy Times သတင်းဌာနမေ့နေတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဘယ်လောက်တောင် အလေးထားသလဲ ဆိုတာ မအားလပ်တဲ့ကြားက ရန်ကုန်မှာကျင်းပတဲ့ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲပိတ်ပွဲနဲ့ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်း အနားသို့ သွားရောက်တက်ရောက်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။

ပြီးတော့ ရုရှားစစ်ရေယာဉ်တွေရော၊ တရုတ်စစ်ရေယာဉ်တွေရော မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်တဲ့အချိန်မှာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အားကစားပြိုင်ပွဲတွေပြုလုပ်တာ၊ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်တာတွေနဲ့ နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ လေ့ကျင့် ခန်းတွေပြုလုပ်ခဲ့တာတွေက အတူတူပါပဲ။

ဒါကို မြန်မာနိုင်ငံနဲ့ တပ်မတော်အပေါ် အစဉ်တစိုက်ထောက်ခံကူညီနေတဲ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံရဲ့အားကို သွေးခွဲသပ်လျှိုချင်လို့ အဆိုမြင်ဝါဒနဲ့ အချိန်ကိုက် ငပြိန်းကြိုက် ရေးသား နေတယ်ဆိုတာ အသိသာချည်းပါ။

မင်းဦး


Report Page