Telegram Setting Update
Telegram ဟာဆိုရင်တော့ဖြင့် ဒီဇင်ဘာလ ၂၀၂၁ မှာ သူ့ Platform ရဲ့ Setting အသစ်တွေကို မိတ်ဆက်လာတဲ့အပြင် Privacy နဲ့ Security ပိုင်းကို ပိုပြီးအသာပေးလာတာဖြစ်တဲ့အတွက် ဘယ်လိုလုပ်ဆောင်အသစ်တွေပါလာလည်းဆိုတာကို ကြည့်ကြည့်ရအောင်ပါ။
New Ways to Log In via Call ( Telegram အကောင့် Login ဝင်ဖို့ ဖုန်းခေါ်ဆိုလာခြင်း)
Update Setting မှာတော့ ပိုမိုလွယ်ကူမြန်ဆန်တဲ့ Log in ပုံစံမျိုးကို Telegram ကဖန်တီးထားပါတယ်။ အရင်တုန်းက Telegram အကောင့်ကို Log out ထွက်ပြီးပြန်ဝင်တဲ့အချိန်ကျရင် ဖုန်းထဲကို Text Message Code (5) လုံးပို့ပေးပါတယ်။ ယခုအချိန်မှာတော့ သင့်အားဖုန်းခေါ်ဆိုလာမှာဖြစ်ပြီး ခေါ်ဆိုလာသော ဖုန်းနံပါတ်ရဲ့ နောက်ဆုံး ဂဏန်း (၅)လုံးကို သင့်ရဲ့ Code နံပါတ်အနေနဲ့ ရိုက်ထည့် လိုက်ရင်တော့ အလွယ်တကူ Telegram အကောင့်ကို Login ဝင်နိုင်မှာပဲဖြစ်ပါတယ်…
Delete Message By Date (ရက်အလိုက်သတ်မှတ်ပြီး Message ဖျက်လို့ရခြင်း)
အရင်တုန်းက ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောထားတာတွေကို ဖျက်ချင်ရင် တစ်ခုချင်းစီဖျက်ရင်ဖျက် (သို့) အကုန်လုံးကို Delete တစ်ခါတည်းလုပ်ပြီး ပြောထားသမျှကိုပဲ ဖျက်လို့ရပါတယ်။ ယခု Update Setting ထဲမှာတော့ ကိုယ်ပျက်စေချင်တဲ့ ရက်အလိုက်ရွှေးပြီးဖျက်ပစ်လို့ရတာကြောင့် တော်တော်လေးအဆင်ပြေပါ။
- ကိုယ်နဲ့ ပြောနေတဲ့သူတစ်ယောက် ကိုဝင်ပါ
- Date လေးပြပေးတဲ့ ရက်စွဲလေးတွေကိုတွေ့ရမှာပါ။
- ရက်စွဲတစ်ခုခုကိုနှိပ်ကြည့်ပါ
- Select လုပ်ပါ
- မိမိဖျက်လိုသော ရက်စွဲများကိုရွှေးပါ
- Clear History For This Day ကိုရွှေးပြီးဖျက်နိုင်ပါတယ်။
Prevent Content Group (Group ထဲမှာမျှဝေထားသော ဓါတ်ပုံများ၊ Video များအား Download ဆွဲလို့မရအောင် ကာကွယ်ခြင်း)
အရင်တုန်းက Setting ထဲမှာဆိုရင် Telegram Group ထဲမှာပို့ထားတဲ့ ပုံတွေ၊ video တွေကို Group ထဲမှာရှိတဲ့ Member တွေအနေနဲ့ Save ထားလို့ရပါတယ်။ အခုအသစ်ထွက်လာတဲ့ Setting မှာတော့ Admin က Group ထဲမှာပြောနေတဲ့ Content တွေကို သူများတွေ သိမ်းလို့မရအောင် ထိန်းချုပ်နိုင်ပါတယ်။ သို့ပေမယ့် သင်က Group Owner ဖြစ်မှ ထိန်းချုပ်မှုတွေ ပြုလုပ်နိုင်မှာပါ။
- Group ထဲဝင်ပါ။
- Group Type ကိုနှိပ်ပါ
- Edit ကိုနှိပ်ဖို့လိုမယ်..
- အောက်ဆုံးလေးမှာ Restrict Saving Content ကို On ထားဖို့လိုမယ်ဗျို့....
Manage Connected Devices (ချိတ်ဆက်ခဲ့သော Device များအားစီမံခန့်ခွဲခြင်း)
Telegram ကိုသုံးတဲ့အခါမှာ အကောင့်တစ်ခုတည်းကို ဖုန်းနဲ့ရော ကွန်ပျူတာနဲ့ပါ Log in ဝင်ထားနိုင်သလို လိုအပ်တဲ့အခါမှာလည်း Setting ထဲကနေ Device ထဲကိုဝင်ပြီး Terminate Session လုပ်ပြီး ဝင်ထားခဲ့သမျှ Device တွေဆီကနေ Log out လုပ်လို့ရပါတယ်။ ဒီတစ်ခေါ့က် Update Setting မှာထူးထူးခြားခြားလေးပါလာတာကတော့ အကောင့်တစ်ခုကို Device တွေအများကြီးနဲ့ဝင်ထားရင်တောင် လှမ်းပြီး အဝင် Call တွေမဝင်ဖို့နဲ့ Secret Chat အသစ်တွေ လုပ်လို့မရအောင် Device တစ်ခုချင်းဆီကို ခွင့်ပြုချက် ပေး/မပေးကို ပါ တစ်ခါတည်းလုပ်လို့ရတဲ့ Setting ပါလာပါတယ်။
ဉပမာ-ရောင်းရင်းက Telegram အကောင့်ကို ဖုန်းကလည်းဝင်ထားမယ်..ကွန်ပျူတာကလည်းဝင်ထားမယ်ဆိုပါစို့...
အဲ့တော့ ဖုန်းထဲက Device ထဲမှာ ရောင်းရင်းရဲ့ ကွန်ပျူတာကိုရွှေးပြီး New Secret Chat နဲ့ Incoming Call ကိုပိတ်ထားလိုက်ရင် Telegram အကောင့်ဝင်ထားတဲ့ ကွန်ပျူတာမှာ ဖုန်းခေါ်ဆိုမှုတွေ ဝင်လာမှာမဟုတ်သလို၊ ဖုန်းနဲ့အသစ်လုပ်မယ့် Secret Chat ကိုလည်း ကွန်ပျုတာကနေ တွေ့ရတော့မှာမဟုတ်တော့ဘူးဗျို့....
Global Chat Themes (နောက်ခံအရောင်အမျိုးမျိုးပြောင်းလဲနိုင်ခြင်း)
Global Chat Themes ကတော့ နောက်ခံ Background အရောင်လေးတွေ မိမိစိတ်ကြိုက်ထားလို့ရခြင်းပဲဖြစ်ပါတယ်။
- ကိုယ်ပြောနေကျလူတစ်ယောက်ရဲ့ Chate ထဲဝင်ပါ။
- သူ့ Profile ကိုနှိပ်ပါ။
- More ကိုနှိပ်ပါ။
- Change Colour ကိုနှိပ်ပြီးရင် သင်ကြိုက်နှစ်သစ်ရာ အရောင်ကိုပြောင်းလဲသုံးစွဲနိုင်ပါပြီဗျို့…
- Android မှာဆိုရင် Chat Setting ထဲကနေ Change background ကနေ ပြောင်းလဲလို့ရပါတယ်…
Anonymous Posting (မိမိနာမည် မပေါ်ပဲ Post တင်လို့ရအောင် Admin မှချိန်ညှိလို့ရခြင်း)
ပုံမှန်အားဖြင့် Group တစ်ခုမှာ Group ကို စထောင်တဲ့ Owner ရယ် Admin ရယ် နဲ့ Member ရယ်ဆိုပြီးရှိပါတယ်။ အဲ့ထဲမှာမှ Owner က Group နဲ့ပက်သတ်တဲ့ အရာအားလုံးကို ထိန်းချုပ်နိုင် ချိန်ညှိလုပ်ဆောင်နိုင်ပါတယ်။ Owner ကနေပြီးတော့မှ Admin တွေအပါအဝင် အဖွဲ့ထဲမှာရှိတဲ့သူ အားလုံး ကို Remain Anonymous ဖွင့်ပြီး နာမည် မပေါ်အောင်လုပ်ထားမယ်ဆိုရင်တော့ အဖွဲ့ထဲမှာ ပြောဆိုဆက်သွယ်မှုတွေက တစ်ယောက်ချင်းစီရဲ့ အကောင့်နာမည်ပေါ်နေမှာမဟုတ်တော့ပဲ Group ရဲ့ နာမည်နဲ့ပဲပေါ်နေမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဒီ Setting ကို Group Owner တစ်ယောက်ထဲကပဲလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်၊
- မိမိက Group Owner ဖြစ်လျှင် Group Setting ကိုဝင်ပါ။
- Administrators ထဲကိုဝင်ပါ ။
- Group ထဲက လူတွေ တစ်ယောက်စီရဲ့ Profile ကိုနှိပ်ပါ ။
- သူ့အတွက် permission ပေးလို့ရတဲ့ Setting မှာ Remain Anonymous ကိုနှိပ်ပါ။
App ကို Update လုပ်ဖို့ မမေ့နဲ့ ဦးနော်ကိုယ့်လူတို့ရေ..Update Setting လေးတွေကိုလည်း ချိန်ညှိသုံးရင်း ပိုလုံခြုံကြပါစေဗျို့….