Telegram Ads

Telegram Ads

တယ်လီဂရမ်ရဲ့ ကြေငြာများအကြောင်း

Telegram က အခုနောက်ပိုင်းမှာ Business သမားတွေရော Channel Owner တွေပါ Telegram မှာရှိတဲ့ Channel တွေကို Promote လုပ်နိုင်အောင် ကြေငြာတွေပြပေးတာမျိုးရှိပါတယ်။ ဒီလိုပြပေးတဲ့နေရာမှာ Public ဖွင့်ထားတဲ့ Channel တွေကို ဦးတည်ပြီးပြပေးပါတယ်။ 

Sponsored Messages: ဒါကတော့ Public Channel တွေကိုဦးတည်ပြီးပြပေးတဲ့ ကြေငြာတွေမှာ Sponsored Message တွေဆိုပြီးပေါ်နေတတ်ပါတယ်။ တက်တဲ့ကြေငြာတွေကလည်း Public Channel တွေရဲ့ ရပ်တည်မှုတွေနဲ့ သက်ဆိုင်မှုမရှိပဲ Channel Subscriber တွေရဲ့ စိတ်ဝင်စားမှုတွေကို အခြေခံထားတယ်လို့ဆိုပါတယ်။ 


Targeting: Channel တွေကို ကြေငြာထည့်မယ့်သူတွေကတော့ သူတို့သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို Channel တွေကို ပစ်မှတ်ထားပြီးကြေငြာနို်င်ပါတယ်။ အဲ့ထဲမှာ ဘာတွေပါဝင်လဲဆိုရင် Channel ထဲမှာရှိတဲ့ Subscriber တွေရဲ့ စိတ်ဝင်စားမှု၊ Channel မှာရှိတဲ့ လူဦးရေ အရေအတွက်  နဲ့ Channel အမျိုးအစားတွေပါဝင်ပြီး ကြေငြာမဲ့သူက ရွှေးချယ်ပြီး Ads ထည့်နို်င်ပါတယ်။ 


Cost Structure: အဲ့ထဲမှာ ထပ်ပြီးပါဝင်တာကတော့ Telegram က CPC လို့ခေါ်တဲ့ Cost-Per-Click (Click လုပ်တဲ့ အရေအတွက်၊ CPM လို့ခေါ်တဲ့ Cost-Per-Impression ( Channel ရဲ့ အားကောင်းမှု) တွေအပေါ်မှုတည်ပြီး Ads တွေထည့်တယ်လို့ နားလည်လို့ရပါတယ်။ 

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်တော့ Telegram Ads တွေက Public Channel တွေအတွက် ရွေးချယ်ခွင့်မရှိပါဘူး။ Channel Owner တွေက ဘယ် Ads တွေကိုတော့ ပြပေးပါဆိုပြီး တောင်းဆိုတာမျိုးမဟုတ်ပဲ  Telegram က သူနဲ့ သူ့ဆီမှာ ကြေငြာထည့်မယ်သူနဲ့ ကိုက်တဲ့ ကြေငြာတွေကို ပြချင်တဲ့ Channel မှာပြပေးတာပါ။ ရွေးချယ်လို့မရသလို Ads တွေကို ပိတ်ချလို့လည်း မရတာကြောင့် နွေဦးလုံခြုံရေး Channel Subscriber တွေအနေနဲ့ Channel က တင်ထားတဲ့ Content Link တွေမဟုတ်ပဲ ကျန်တဲ့တစ်ခြားသူတွေမျှဝေတဲ့ Link တွေ၊ Ads Link တွေကို သတိကြီးကြီးထားပြီး မနှိပ်ပါနဲ့ လို့ သတိလေးပေးချင်ပါတယ်ဗျို့...


Report Page