Super Pumped 2022

Super Pumped 2022

ကြည့်..ကြည်..ကြည့်..

Uber ဆိုတာ ဖုန်းကနေ ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ကားငှားလို့ရတဲ့ ဝန်ဆောင်မှုကို စတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Travis Kalanick နဲ့ Garrett Camp တို့နှစ်ယောက် ၂၀၀၇ ခုနှစ်က ကျင်းပတဲ့ LeWeb ဆိုတဲ့ Conference ကအပြန် ကားငှားရခက်ရာကနေ “ ဖုန်းကနေသာ ကားငှားလို့ရရင် ကောင်းမှာပဲ ဆိုတဲ့ အိုင်ဒီယာကနေ ပေါ်ပေါက်လာခဲ့တဲ့ ဒီကုမ္ပဏီဟာ အငှားကားဝန်ဆောင်မှုကို တစ်ဆင့်မြှင့်လိုက်ပြီး လမ်းပန်းဆက်သွယ်ရေးကို ပြောင်းလဲပစ်လိုက်နိုင်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကို ပြောင်းလဲနိုင်ခြင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခြင်းပဲလို ယုံကြည်တဲ့ Travis ဟာ နောင်မှာ Uber ရဲ့ CEO ဖြစ်လာပြီး နည်းပညာကုမ္ပဏီအကြီးကြီးတွေဖြစ်တဲ့ ၊​ကမ္ဘာကြီးကိုအရင် ပြောင်းလဲနိုင်ခဲ့တဲ့ Apple တို့ Google တို့ကို အမြဲယှဉ်ပြိုင်နေခဲ့ပါတယ်။​ ကားအငှားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပေမယ့် Travis ဟာ နည်းပညာကုမ္ကဏီတစ်ခုလိုပဲ မြင်တဲ့အတွက် UberCap ကနေ Uber ဆိုပြီးတဲ့အထိအောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီ Serie မှာ Uber ရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ သူ့ရဲ့ သမိုင်းကို ထည့်သွင်းရိုက်ကူးထားပေမယ့် ကျွန်တော်တို့ လေ့လာနိုင်တာထဲမှာ နည်းပညာဟာ မမှန်ကန်တဲ့လက်ထဲ ရောက်သွားရင် ဖြစ်နိုင်တာတွေ၊ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ ဘာလဲ ဆိုတာတွေလဲ ပါပါတယ်။

နှစ်အနည်းငယ်အတွင်း တရှိန်ထိုး အောင်မြင်လာတဲ့ Startup ကုမ္ပဏီ Uber ဟာ နှစ်အနည်းငယ်ကြာတဲ့အခါမှာပဲ နာမည်ဆိုးတွေနဲ့ ပြန်လည်ကျဆုံးလာပါတယ်။ ကုမ္ပဏီအတွင်းက Whistleblower တွေရဲ့ ပြောကြားချက်တွေအရ Uber ရဲ့ အလုပ်ခွင်တစ်ခုလုံးဟာ အမျိုးသမီးတွေအပေါ်ဖိနှိပ်မှုတွေရှိနေပြီး အဆိုးဆုံးကတော့ Uber အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခွင့်ပြုချက်တောင်းခံတာမျိုးမရှိပဲ အသုံးပြုနေခြင်းပါပဲ။ သတင်းထုတ်ဖော်ချက်တွေအရဆိုရင် Uber မှာ God View ဆိုတဲ့ Feature ရှိပြီး Uber အသုံးပြုသူတွေရဲ့ ဘယ်ကိုသွားတယ်၊ ဘယ်ကိုလာတယ် ဆိုတဲ့ Location တွေ၊​ ကင်မရာတွေ၊​Microphone တွေကို User က မသိရှိပဲ အသုံးပြုနေနိုင်ပါတယ်။ နေရာမြင့်တဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကြီး Celebirity တွေနဲ့ သူတို့ Target ထားတဲ့ သူတွေကို စောင့်ကြည့်၊ မှတ်တမ်းတင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ Uber ရဲ့ ဝန်ထမ်းတွေကိုယ်တိုင်ကလည်း သူတို့ရဲ့ ရည်းစားတွေ၊​ရည်းစားဟောင်းတွေ ဘယ်သွားလည်း ၊ ဘာလုပ်လည်းဆိုတာကို ဘာအကြောင်းပြချက်မှ ပေးစရာမလိုပဲ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနေနိုင်ပါတယ်။ ပြိုင်ဖက်တွေ နဲ့ မြူနီစီပယ်အာဏာပိုင်တွေကို အသာစီးရဖို့ကြိုးစားတဲ့နေရာမှာလည်း Greyball ဆိုတဲ့ သတ်မှတ်ထားတဲ့သူတွေကားငှားမရအောင်လုပ်တဲ့နည်းပညာကို အသုံးချတာတွေတွေ့ရပါတယ်။ ကျန်တဲ့ အသုံးပြုသူအချက်အလက် ပေါက်ကြားတာတွေ၊ Apple နဲ့ ပြဿနာတက်တွေကိုတော့ Seire မှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ စိတ်ဝင်စားဖို့ကောင်းပြီး ကိုယ်တိုင်စီးမျောသွားနိုင်တဲ့ ဇာတ်ကားလေးပါ..

ကြည့်ရှုရန် Link: https://moviesjoy.to/tv/super-pumped-77674

မှာ အခမဲ့ ကြည့်ရှုလို့ရနိုင်ပါတယ်။ ကြည့်ပြီးသွားရင်လည်း တွေ့မိတာတွေ လာရောက်မျှဝေဖို့ ဖိတ်ခေါ်လို်က်ပါတယ်ဗျို့။

Report Page