Sunset In My Hometown (2018)
By ArielIMDb – 6.5/10, MyDramaList - 8.1
“ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ” မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြိုကိုပြောင်းခဲ့ပါတယ်
ဒီဇာတ်လမ်းလေးမှာတော့ “Show Me The Money” ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။
ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း မွေးရပ်မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။
အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Shin Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။