Study Smarter, Not Harder

Study Smarter, Not Harder


📌 သင်ကအလုပ်မှာပဲဖြစ်ဖြစ်၊ ကျောင်းစာမှာပဲဖြစ်ဖြစ် ဘယ်လောက်ပဲကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ပေမဲ့ ထင်သလောက် အလုပ်မဖြစ်တဲ့အခါ စိတ်ပင်ပန်းမူတွေ စိတ်ဖိစီးမူတွေနဲ့ပဲကြုံနေရတယ်မလား။ ဒါဆို20%လောက်သာအားစိုက်ရ ပြီး80%လောက်ကောင်းမွန်တဲ့ result တွေရဖို့မင်မင်တို့ကနေဘယ်လို smartကျကျလုပ်ဆောင်ရမလဲဆိုတာတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

➡️ စာဖတ်သူတို့ ( " Work smarter, not harder " ) ဆိုတာကိုကြားဖူးကြမှာပါ။

ဒါလေးကိုမပြောခင်မှာ Pareto Principle တစ်နည်းအားဖြင့် 80/20 rule လို့ခေါ်တဲ့ အကြောင်းအရာလေးကိုပြောပြပေးချင်ပါတယ်။အဲ့ဒီ့အကြောင်းအရာလေးကတော့ အပေါ်မှာမင်မင်တို့ပြောခဲ့သလိုပဲ စာဖတ်သူတို့က20%လောက်သာအားစိုက်ထုတ်ရပြီး80% လောက် ကောင်းမွန်တဲ့resultတစ်ခုကိုရရှိသွားမဲ့ rule လေးတစ်ခုဖြစ်ပါတယ်။ဒီတော့ စာဖတ်သူတို့ကသာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုမျိုးမရှိဘူးဆိုရင် 80%လောက်ကောင်းမွန်တဲ့result တွေလည်းရရှိလာမှာမဟုတ်ပါဘူး။ဒါကြောင့် စာဖတ်သူတို့အနေနဲ့လည်းမှန်ကန်တဲ့ကြိုးစားအားထုတ်မှုမျိုးရှိဖို့လိုအပ်ပါတယ်နော်။

➡️ဥပမာပြောရရင် သင်ကစာအရမ်းကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ညလုံးပေါက် textbookတွေ နဲ့လေ့လာနေပေမယ့် အချိန်တန်တဲ့အခါ Grading မကောင်းဘဲကြိုးစားမှုက အရာမရောက်ဖြစ်သွားပြီးစိတ်ပင်ပန်းကာ လက်လျော့မိနိုင်ပါတယ်။ ဒါဆိုရင်လက်မလျော့ဘဲ ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ သင်ရဲ့အရင်တုန်းက အသုံးပြုနေကြစာလေ့လာတဲ့အလေ့အကျင့်ဟောင်းကြီးကို စွန့်လွှတ်လိုက်ပြီး စာလေ့လာမှုပုံစံသစ်တစ်ခုခုနှင့် နောက်တစ်ကြိမ်ပြန်ကြိုးစား ကြည့်လိုက််မယ်ဆို ညလုံးပေါက်အရမ်းခက်ခက်ခဲခဲစာတွေ ကြိုးစားစရာမလိုပဲ grading တွေကလည်းကောင်းမွန်လာမဲ့အပြင် စာလေ့လာတဲ့အခါမှာ သင့်ရဲ့စိတ်ကပေါ့ပါးသွက်လက်နေမှာဖြစ်ပါတယ်။

အောက်မှာတော့ မင်မင့်တို့ရဲ့စာဖတ်သူတိုအတွက် အရမ်းခက်ခက်ခဲခဲကြိုးစားနေစရာမလိုဘဲ Smartကျကျစာလေ့လာမူနည်းလမ်း၆မျိုးကိုပြောပြပေးသွားမှာပါ။


💡1.Answer questions!

✅️Study smarter not harder နည်းလမ်းတွေထဲက ပထမတခုကတော့ မေးခွန်းဖြေခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့ မှတ်စုတွေကို ထပ်ခါထပ်ခါဖတ်နေတာက အကောင်းဆုံးအရာတခု မဟုတ်သလို နည်းလမ်းကျကျ smart ကျကျ စာလေ့လာနေတာမဟုတ်ပါဘူး။ ဒီနည်းလမ်းက ကောင်းပြီး ကူညီနိုင်ပေမဲ့လည်း တခြားမတူညီတဲ့ smart ကျတဲ့နည်းလမ်းတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။ အရင်နှစ် စာမေးပွဲများက မေးခွန်းအဟောင်းတွေ onlineကမေးခွန်းတွေ ဖြေဆိုနိုင်တဲ့အပြင် ကိုယ့်ရဲ့မှတ်စုစာအုပ်၊ textbook ကနေ မေးခွန်းထုတ်ပြီးလည်း ဖြေဆိုနိုင်ပါတယ်။ ဒါကတကယ်ကို ကျောင်းစာတွေနဲ့ သင့်ရဲ့ဦးနှောက်ကို မြန်မြန်ချိတ်ဆက်နိုင်မှာဖြစ်ပြီး ထပ်ခါထပ်ခါ စာဖတ်နေတာထပ်စာရင် ဒီနည်းလမ်းက သင်စာမေးပွဲဖြေဆိုရာမှာလည်း လွယ်ကူစေနိုင်မှာဖြစ်ပါတယ်။


💡2.Organize your note to study smarter

✅ဒုတိယမြောက်နည်းလမ်းကတော့ ကိုယ့်အတွက်လိုအပ်နိုင်မဲ့ အချက်အလက်တွေကို noteရေးထားဖို့ပဲဖြစ်ပါတယ်။ 

ဥပမာအနေနဲ့ ကျောင်းမှာ ဆရာမစာသင်တဲ့အခါ မှတ်သားထားသင့်တဲ့အချက်အလက်တွေ textbook တွေ ကနေ ကိုယ်အဓိကလိုအပ်တဲ့ အကြောင်းအရာတွေကို မှတ်သားဖိုအတွက် study note၊ class note တွေ ရေးခြင်းကလည်း သင့်ရဲ့ စာလေ့လာမှုအပိုင်းမှာ အကူအညီဖြစ်စေနိုင်ပါတယ်။

noteရေးတဲ့အခါမှာလည်း

သင်ဟာဘယ်ဘာသာမှာအားသာချက်ရှိလဲ။

ဘယ်ဘာသာမှာအားနည်းလဲ။

ဘယ်topicsတွေကိုသဘောကျလဲ။

ဘယ်လိုအရာတွေက သင့်အတွက်လွယ်ကူနိုင်စေလဲ။ စတာတွေကိုလည်းမှတ်သားနိုင်တဲ့အတွက်ကြောင့် noteရေးပြီးမှတ်သားခြင်းကလည်း ကိုယ့်ရဲ့smartကျကျစာလေ့လာတဲ့အပိုင်းမှာ နည်းလမ်းကောင်းတစ်ခုအနေနဲ့ ကူညီပေးပါတယ်။


💡3.Set a strict routine to study smarter, not harder

✅တတိယနည်းလမ်းလေးတစ်ခုကတော့ မင်မင်တို့အဓိကအကြံပြုချင်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။စာဖတ်သူတို့အနေနဲ့ သင်တို့ရဲ့တစ်နေ့တာလုပ်ငန်းစဥ်တွေဖြစ်တဲ့ မနက်အိပ်ယာထချိန်၊ စာလုပ်ချိန်၊ စားချိန်၊ အလုပ်လုပ်ချိန်၊ အိပ်ချိန်တွေကို အချိန်တစ်ခုတိတိကျကျသတ်မှတ်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်တင်းကြပ်ထားသင့်တဲ့န ည်းလမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး ။ဥပမာသင်ဟာ နံနက်၈နာရီအိပ်ယာထပြီး ၁၀နာရီမှာစာလေ့လာတယ်ဆိုပါစို့ ဒီအတိုင်းသာသင်ဟာနေ့စဥ်အချိန်တစ်ခုသတ်မှတ်ပြီး ပြုလုပ်သွားတဲ့အခါနေ့စဥ်အလေ့အကျင့်ကောင်း တစ်ခုဖြစ်လာပါတယ်။ဒီလိုအလေ့အကျင့်ကောင်းတစ်ခုက သင့်ရဲ့စာလေ့လာမှုနေရာမှာကော အလုပ်လုပ်တဲ့နေရာမှာကော လွယ်လွယ်ကူကူနဲ့အချိန်ကို အကျိုးရှိရှိအသုံးချနိုင်မှာဖြစ်ပြီး နေ့တိုင်းအချိန်ကို အကျိုးရှိရှိအသုံးချမယ်ဆိုရင် သင့်ရဲ့gradingတွေကောင်းမွန်လာမဲ့အပြင် စာလေ့လာတဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေးလေ့လာလို့ရမှာပဲဖြစ်ပါတယ်။


💡4.Be in it for the long run

✅လေးခုမြောက်နည်းလမ်းကဆိုရင် စာဖတ်သူတို့အနေနဲ့ ရေရှည်အတွက် လေ့လာသင်ယူခြင်းပဲဖြစ်ပါတယ်။ ကျောင်းစာတွေပဲဖြစ်ဖြစ် တခြားသင်ယူသင့်တဲ့နေရာတွေကနေပဲဖြစ်ဖြစ် ကိုယ့်အနာဂတ်အတွက် ကောင်းမွန်တဲ့နေရာတွေမှာ တစ်ဖန် ပြန်လည်အသုံးချနိုင်ဖို လေ့လာသင်ယူခြင်းပဲဖြစ်ပါတယ်။ သင်ရဲ့ ဘဝအတွက် လေ့လာရင်း ဒီလေ့လာထားတဲ့အရာတွေက ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်လာမယ်ဆိုတာကို နောက်ဆုံးမှာ သင်သိရှိနိုင်ပါလိမ့်မယ်။ စာမေးပွဲမဖြေခင်တစ်ညမှကိုယ်က အသည်းအသန်လုပ်နေတာမျိုးမဟုတ်ဘဲ နေ့စဉ်နေ့တိုင်းပုံမှန်လေးလုပ်သွားဖို့လိုအပ်ပါတယ်။မင်မင်တို့ကလည်းကျောင်းသား ကျောင်းသူတွေပဲဖြစ်ကြတာဆိုတော့ တစ်ခါတစ်လေ စိတ်ဓာတ်ကျပြီး စာမလုပ်ချင်တော့တဲ့အခါ လက်လျော့ချင်လာကြတာမျိုးရှိကြတဲ့အတွက် ကိုယ်ချင်းစာပါတယ်🥹။ စာမေးပွဲဖြေဖို့အတွက်သာစာလေ့လာနေရမှာမဟုတ်ပါဘူး။ကိုယ်ကအနာဂတ်မှာအသုံးချနိုင်ဖို့အတွက်လည်းလေ့လာနေရမှာဖြစ်ပါတယ်။စာဖတ်သူတို့ကကျောင်းသား၊ကျောင်းသူတွေဆိုရင်အခုချိန်မှာကျောင်းသားတစ်ယောက်ရဲ့တာဝန်တစ်ခုတည်းသောထမ်းဆောင်နေရတာဖြစ်တဲ့အတွက်အသစ်အသစ်သောအရာတွေကိုသင်ယူနိုင်မဲ့အရွယ်လည်းဖြစ်ပြီးသင့်ဘဝရဲ့နောက်ထပ်အဆင့်တက်လမ်းတွေ အသက်မွေးဝမ်းကြောင်းတွေ စတာတွေအတွက်ကိုဆုံးဖြတ်ရမဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့လေ့လာတဲ့အခါမှာright mindsetရှိဖို့အရေးကြီးပါတယ်။Right mindset နှင့်လေ့လာသင်ယူမှသာ သင့်ကို study smart not harderဖြစ်အောင်ကူညီပေးမှာလည်းဖြစ်ပါတယ်။


💡5.Set realistic goal

✅၅ချက်မြောက်အချက်လေးကတော့goalတစ်ခုသတ်မှတ်တာပဲဖြစ်ပါတယ်။goalတစ်ခုသတ်မှတ်တယ်ဆိုတာ ဥပမာပြောရရင်ကိုယ်က weight ချဖို့လိုအပ်တဲ့သူတစ်ယောက်ဆိုရင် weight ကျမှဖြစ်မယ်။ ဒီအတွက် မကျကျအောင် ချမယ်ဆိုတဲ့ goalတစ်ခုထားလိုက်ပါ။  Weight ကျဖို့အတွက် နေ့စဉ်နေ့တိုင်း YouTube workout videoတွေကြည့်ပြီး နာရီဝက်လောက် တစ်နေ့နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပြီး ကိုယ်လိုချင်တဲ့ goalကိုမဖြစ်မနေသွားဖို့ လိုအပ်ပါတယ်။ ငါ weight ကျမှဖြစ်မယ်ဆိုပြီး goalသတ်မှတ်ထားပေမဲ့ ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

Goalထားပြီးရင်လည်း ဖြစ်မြောက်အောင်လုပ်ဖို့ကအရေးကြီးတယ်နော်စာဖတ်သူတို့ရေ။

အဲ့ဒီလိုမျိုးပဲ ကိုယ်က စာလုပ်တဲ့နေရာမှာလည်း မနက်​ဖြန် အတွက် ကိုယ်လေ့လာမဲ့ခေါင်းစဉ်တစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့ တွေးထားရင် မဖြစ်မနေ ဖြစ်မြောက်အောင်လုပ်ရမယ်။ နံနက် ၆ နာရီလောက်အိပ်ယာစောစော ထပြီး အနည်းဆုံး တစ်နာရီလောက်လုပ်မယ်၊ နေ့လည် အားတဲ့အချိန်မှာ တစ်နာရီလောက်ထပ်လုပ်မယ်၊ အလိုမျိုးအချိန်ပေးပြီးလုပ်သွားရင် သင့်အတွက် ကျောင်းစာမှာ လေ့လာရလွယ်ကူသွားမှာဖြစ်တယ်။ အရေးကြီးဆုံးကတော့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ goal ကိုထားပါ။ မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့လုပ်ပါ။ ဒီလိုနည်းလမ်းက သင့်ကို study smarter and not harder ဖြစ်ဖို့ ကူညီပေးမဲ့နည်းလမ်းကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။


💡 6.Work on one new habit at a time 

✅️ ဘာလိုလိုနှင့်မင်မင်တို့study smart နည်းလမ်းလေးတွေပြောလာတာ နောက်ဆုံး ၆ ခုမြောက် နည်းလမ်းလေးပဲ ကျန်ပါတော့တယ်။ ဒါလေးကတော့ habit အသစ်တစ်ခုကို အချိန်အတိုင်းအတာတစ်ခုမှာ လုပ်ယူတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဥပမာပြောရရင် မနက်စောစောထတဲ့ habit ကိုလုပ်မယ်၊ နံနက်စောစောထပြီးပြေးတဲ့habitကိုလုပ်မယ်၊ နံနက်စောစောထပြီးလေ့ကျင့်ခန်းလုပ်တဲ့habitကိုလုပ်မယ်။

အခုလို ၃ခုလုံးပေါင်းလုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ကိုယ်ဟာအချိန်တစ်ခုမှာ habit တစ်ခုချင်းစီလုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။ ဒါမှသာကိုယ်ကstressပိစရာမလို အလုပ်ရူပ်စရာလည်းမလိုတော့ပါဘူး။ ဒီလို habitအသစ်တွေတစ်ခုချင်းစီပြုလုပ်တဲ့အခါအကျိုးရှိပြီးပင်ပန်းစရာလည်းမလိုတော့ပါဘူး။ဒါ့ကြောင့်မလို့ဒီလိုအလေ့အကျင့်အသစ်တစ်ခုကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပြုလုပ်ခြင်းက habitအသစ်တွေကိုလွယ်လွယ်ကူကူရရှိနိုင်တဲ့အပြင် study smartနည်းလမ်းကောင်းတွေထဲကတစ်ခုလဲဖြစ်ပါတယ်။

☑️မင်မင်တို့အခုပြောပြပေးခဲ့တာတွေကတော့ "study smart not harder"ဆိုတဲ့smartကျကျစာလေ့လာနိုင်ဖိုနည်းလမ်းကောင်း၆မျိုးကိုပြောပြပေးသွားတာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးဖတ်ရှု့ပြီး knowledge တွေအများကြီးရသွားမယ်လို့မျှော်လင့်ပါတယ်🙆🏻🙆🏻‍♀️

ဒီနည်းလမ်းလေးတွေကိုလည်းအသုံးပြုကြည့်ဖိုမမေ့ပါနဲ့နော်🥰

နောက်ပိုင်းမှာလည်းမင်မင်တို့အစီအစဉ်အသစ်တွေနဲ့တင်ဆက်ပေးသွားအုံးမှာမလို့ pageလေးကိုမပြတ်စောင့်ကြည့်ပေးကြပါဦးနော်👀🫶🏻


#study 

#tips 

#students 

#littlelighthouse

Report Page