Spycraft
ကြည့်..ကြည်..ကြည့်Spycraft ကတော့ အပိုင်း (၈) ပိုင်းပါဝင်တဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ်။ ကိုယ်ကိုတိုင်က Spy ဖြစ်ဖို့ စိတ်မဝင်စားရင်နေမယ်..ဒါပေမယ့် ဒီကားလေးကြည့်တော့ မတူညီ Data တွေကိုစုဆောင်းပြီးတော့ စောင့်ကြည့်မှုတွေဘယ်လိုလုပ်လဲ...မဖမ်းမိအောင်လုပ်နည်းတွေကို စိတ်ဝင်စားဖွယ်တွေ့ရှိရမှာမို့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီ Series ထဲမှာတော့ မတူညီတဲ့ နိုင်ငံတစ်ခုချင်းစီက မတူညီတဲ့ နည်းလမ်းတွေနဲ့ အချင်းချင်းစောင့်ကြည့်မှုတွေ နှစ်ပေါင်းများစွာ ဘယ်လိုလုပ်လဲ ကိုမြင်တွေ့ရမှာပါ။

ပထမဆုံး Episode မှာမြင်တွေ့ရမှာတော့ အမေရိကန်..တရုတ်နဲ့ ရုရှားတို့မှာ နှစ်အတော်ကြာသုံးလားတဲ့ "High-Tech Surveillance” လို့ဆိုနိုင်တဲ့ အဆင်မြင့်နည်းပညာဖြင့် စောင့်ကြည့်မှုတွေကို “bugging device” တွေလို့ခေါ်တဲ့ ဖုန်းခေါ်ဆိုတွေကို ကြားဖြတ်နားထောင် စောင့်ကြည့်မှုတွေကို အသေးစိတ်လေး လေ့လာကြည့်လို့ရနိုင်မှာပါ။
နောက် Episode တွေမှာတော့ "Eye in the sky” လို့ဆိုပါတယ်။ Drone တွေကနေစောင့်ကြည့်တာပါ။ ဒါကိုတော့ တရုတ်နိုင်ငံမှာရဲ့ အထင်ရှားဆုံး Surveillance တစ်ခုထဲမှာပါဝင်ပါတယ်။ ဒရုန်းများ ပိုမိုခေတ်မီလာတာနဲ့အမျှ Drone ကင်မရာများက ယခင်ကထက် ပိုမို ကြည်လင်ပြတ်သားမှုပို ရှိလာပြီး Censor စနစ်များအရ အတိအကျ လူတွေနောက်သို့ လိုက်နိုင်လာပါတယ်။ တရုတ်နိုင်ငံရဲ့ လမ်းမပေါ်များတွင် တပ်ဆင်ထားသော ကင်မရာများကနေ သူ့ရဲ့ နိုင်ငံသားတိုင်းရဲ့ လှုပ်ရှားမှုကို ခြေရာခံနိုင်ပါတယ်။ အဲ့လိုနည်းနဲ့လည်း နိုင်ငံသားတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
အဲ့လိုပဲ Episode .အပိုင်းတစ်ခုချင်းစီတိုင်းမှာ ဇာတ်လမ်းဇာတ်ကွက် မြန်မြန်လေးနဲ့ စောင့်ကြည့်မှု နည်းပညာလေးတွေကို တင်ဆက်ထားလို့ တော်တော်လေးကိုစိတ်ဝင်စား စရာကောင်းပါတယ်။ ဒစ်ဂျစ်လောကရဲ့ မြန်ဆန်တဲ့ သတင်းအချက်အလက်...စုဆောင်းမှုနဲ့ စောင့်ကြည့်မှုတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာမို့...ဒီပိတ်ရက်အတွက် မလွတ်ပဲကြည့်သင့်တဲ့ Series လေးပါလို့ပဲ ညွှန်းဆိုပါရစေဗျာ.....
ကြည့်ရှုရန် Link: https://moviesjoy.to/tv/spycraft-67406