SoulMate NetJames
netsiraphopmyanmarအဲတော့ soulmate ဆိုတာဘာလဲ ? တို့တွေပတ်ဝန်းကျင်မှာကော ဒီဘက်ခေတ်မှာပါတွင်တွင်ကျယ်ကျယ်သုံးနေကြားနေကြတဲ့ စကားလုံးက soulmate( ဝိညဥ်ဖက် ) ဆိုတာပါပဲ။ soulnate တွေက သူငယ်ချင်းတွေလည်းဖြစ်နိုင်တယ် ညီအစ်ကိုမောင်နှမတွေလည်းဖြစ်နိုင်သလို ချစ်သူတွေလည်းဖြစ်နိုင်ကြတယ်။ " soulmate ဆိုတာကမ္ဘာပေါ်မှာ မင်းကို တခြားသူတွေထက် ပိုသိတဲ့လူတစ်ယောက်ပဲ။ Soulmate ဆိုတာမင်းနဲ့အတူအမြဲတမ်းရှိနေတဲ့သူ ရှိနေမဲ့သူ။ မင်းကိုသေချာသိတဲ့သူ မင်းကိုလက်ခံပြီး မင်းကိုဘယ်သူယုံယုံမယုံယုံ မင်းကိုယုံကြည်ပေးတဲ့သူ၊ ပျောက်ဆုံးနေတဲ့အပိုင်း၊ စိတ်ရဲ့ချိတ်ဆက်မှုနဲ့အတူခြွင်းချက်မရှိ၊ အပြည့်စုံဆုံးလို့ ခံစားရတဲ့လူ ကိုယ့်ကိုငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုတို့ကို ယူဆောင်လာပေးတဲ့ ကံကြမ္မာကတွေ့ဆုံဖို့ကိုဖန်တီးပေးလာတဲ့သူ စတာတွေကို soulmate လို့သတ်မှတ်လို့ရတယ်။
NET နဲ့ JAMES က SOULMATE လို့ဘာလို့သတ်မှတ်လို့ရတာလဲ ?
တစ်ယောက်အကြောင်းတစ်ယောက်ကြိမ်ဖန်များစွာဖတ်ဖူးထားတဲ့စာအုပ်လို နောကျေနေအောင်သိကြတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့် တစ်ယောက်မျက်လုံးထဲတစ်ယောက်ကြည့်ရုံနဲ့ ရင်ထဲမှာဘာဖြစ်နေကြလဲ ဘာပြောချင်နေကြလဲ တန်းသိကြတယ်။ နှစ်ယောက်လုံးက ဘာပဲဖြစ်နေပါစေ အဆုံးထိတူတူရှိနေကြတယ် တစ်ယောက်အတွက်တစ်ယောက်ရှိနေပေးကြတယ်။ ပျောက်ဆုံးနေတဲအပိုင်းကို ဆက်လိုက်ရသလို ပြီးပြည့်စုံသွားစေတဲ့ခံစားမှုကတော့ INTROVERT နဲ့ EXTORVERT ဆိုတဲ့သူတို့နှစ်ယောက်ရဲ့ မတူကွဲပြားတဲ့ PERSONALITY ပါ။ မတူတာကပဲ YINYANG လို ပြီးပြည့်စုံသွားစေတယ်။ တစ်ယောက်ကိုတစ်ယောက် ငြိမ်းချမ်းမှုတွေပျော်ရွှင်မှုတွေ ယူလာပေးကြတယ်။
တစ်ယောက်နဲ့တစ်ယောက်အတူရှိနေရင် စနောက်ပြီး ပျော်ရွှင်နေကြတယ်။ အချင်းချင်း ကတွေ့ဖို့ကံပါလာတယ်ဆိုတာကလည်းဒီလို။ NET အတွက် က ပိုင်းလော့ဖြစ်ဖို့က အိပ်မက်တစ်ခု ဖြစ်ခဲ့တာ။ သူ acting industry ထဲပြန်ဝင်ဖြစ်ခဲ့တယ်ဆိုတာ JAMES နဲ့တွေ့ဖို့ကိုကံကဖန်လာသလိုဖြစ်လာတာ။ ခုချိန်ထိ ၃ နှစ်တာကာလ အတွင်းတစ်ယောက်ကိုတစ်ယောက် ပိုကောင်းအောင်ပြုပြင်ခဲ့ကြတယ်။ ဟန်ဆောင်နေစရာမလိုဖူးအရှိအတိုင်းနေလို့ရတယ်။ အခုလို JAMES ကိုယ်တိုင်ကိုက သူတို့ကိုယ်သူတို့ SOULMATE လို့ခံယူထားတာကိုကြည့်ခြင်းအားဖြင့်တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးကဘယ်အတိုင်းအတာထိလေးနက်နေသလဲဆိုတာမြင်နေရတယ်။