Solo Leveling { Mmsub }

Solo Leveling { Mmsub }

BLACK3R

Review- 

ဒီ Anime ကတော့ Review တောင်ရေးဖို့ လိုမယ်မထက်ဘူးဗျ Manhwa မဖတ်ဖူးရင်တောင်မှ နာမည်နဲ့ကရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ် ။ 


Anime တွေထဲမှာ Manhwa တွေနဲ့ Korea base Anime တွေက တော်တော်ကိုကြည့်ကောင်းတယ် ဥပမာ The God Of Highschool လိုကားတွေပေါ့ ဒါကြောင့် Manhwa ဖတ်ပြီးတဲ့ သူတွေလဲ Anime မှာ ဘယ်လိုမတူတာတွေပါလာမလဲဆိုတာ ကျွန်တော်တို့ Page ကနေ စောင့်ကြည့်နိုင်ပါတယ် ။


ဇာတ်လမ်းကတော့ ကမ္ဘာတစ်ဝှမ်းမှာ The Gate လို့ခေါ်တဲ့ Monster တွေပေါ်ထွက်လာတဲ့ Gate တွေ ပေါ်ပေါက်လာတာ ၁၀ စုနှစ်တစ်ခုလောက်ရှိပါပြီ ။ ထို Gate တွေပေါ်ပေါက်လာတာနဲ့ အတူ လူသားတွေမှာလဲ သဘာဝလွန် စွမ်းအားတွေ တိုးတက်လာခဲ့ပါတယ် ။ ဒီလို သဘာဝလွန်စွမ်းအားတွေ ရရှိထားတဲ့ သူတွေကိုတော့ Hunter တွေလို့ ခေါ်ဝေါ်ကြပါတယ် ။ ထို Hunter တွေထဲကမှ Sung Jiwoon လို့ခေါ်တဲ့ အသက် ၂၀ ဝန်းကျင် ကောင်လေးတစ်ယောက်ကတော့ တစ်ကမ္ဘာလုံးက Hunters တွေထဲမှာ စွမ်းအား အနည်းဆုံး ပဲဖြစ်ပါတယ် ။ တစ်နေ့ Jiwoon တစ်ယောက် အဆိုးဆုံးသော Monster တွေ ရှိတဲ့ Gate တစ်ခုထဲမှာ ရောက်ပြီး သေခါနီးဖြစ်နေချိန်မှာ သူ့ရှေ့မှာ Level တင်လို့ရတဲ့ System တစ်ခုပေါ်ပေါက်လာပြီး ထို System နဲ့အတူ အနုဆုံး Hunter ကနေ အကြမ်း ဆုံး Hunter ဖြစ်အောင် Sun Jiwoon တစ်ယောက် ကြိုးစားတဲ့ အခါမှာတော့....

Report Page