Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.7


မျက်စိရှေ့မြင်နေရသောအိမ်ကြီးကိုကြည့်ပြီး ခင်ချူးနဲ့သွန်းတို့ မျက်လုံးလေးတွေအရောင်တဖိတ်ဖိတ်တောက်သွားခဲ့ရလေ၏။

အိမ်ကြီးကထင်မထားလောက်အောင်ခမ်းနားလွန်းနေသည်လေ။


''ခင်ချူး...အိမ်ကြီးကအရမ်းမိုက်တာပဲနော်''


''အေး...ခြံကြီးကလည်းအကျယ်ကြီးပဲ ပန်းပင်တွေလည်းအများကြီး သရက်ပင်ကြီးလည်းရှိတယ်ဟ မိုက်လိုက်တာ''


''အေးနော်...သီးတောင်သီးနေပြီ''


''သူဌေးတွေဆီမှာဆိုတော့မြက်ပင်တွေကအစအရောင်အသွေးတောက်ပြောင်ပြီးအဆင့်ရှိနေတာပဲ''


''မြက်ခင်းတုတွေလေ''


သူမတို့ဘေးမှာလာရပ်ပြီးပြောလာတဲ့ဘုန်းမြတ်အား ခင်ချူးကမျက်စောင်းတွေချည်းလှိမ့်ထိုးပစ်လိုက်၏။


ထိုအခိုက် အိမ်ထဲကနေအမျိုးသမီးနှစ်ဦးထွက်လာပြီး သူမတို့ကိုကြိုဆိုကြလေသည်။


''အစ်မတို့ပြန်လာကြပြီလား''


''အေး...ငါခိုင်းထားတာတွေအားလုံးလုပ်ထားတယ်မလား''


''လုပ်ထားပါပြီအစ်မ''


​''လာသမီးတို့''


အန်တီဒေဝီကသူမခါးလေးကိုဖက်ပြီးခေါ်လာလေ၏။


''ထိုင်ကြ...မိတ်ဆက်ပေးမယ်...သူကဒီအိမ်ကအကူအလုပ်သမား ဒေါ်သန်းဆင့်တဲ့ ဒီဘက်ကတော့ရွှေငုတဲ့...မသန်းဆင့်နဲ့ရွှေငု...သူကကျွန်မရဲ့ချွေးမလေး ခင်ချူးချူးခိုင်တဲ့...သူလေးကသွန်းသံသာတဲ့ ခင်ချူးရဲ့သူငယ်ချင်း ဒီမှာအလုပ်လုပ်ရင်းကျောင်းတက်ဖို့လိုက်လာတာ...သူတို့ခိုင်းတာတွေဆိုရင် ကျွန်မကခိုင်းတယ်လို့သဘောထားပြီးစိတ်ပါလက်ပါလေးလုပ်ပေးကြနော်...အထူးသဖြင့်ခင်ချူးခိုင်းတာဆိုရင်''


''ဟုတ်ကဲ့ပါအစ်မ''


ခင်ချူးကအိမ်ရဲ့ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီးမှ...


''အဒေါ်တို့အိမ်ကြီးကအကြီးကြီးပဲနော်...ကျုပ်အရမ်းသဘောကျတာပဲ''


''သမီး...အခုအန်တီ့ကိုအဒေါ်လို့မခေါ်နဲ့တော့လေ...မေမေလို့ခေါ်တော့''


''မေ...မေမေ''


''အဲလိုမှပေါ့...ပြီးတော့ ကိုယ့်ကိုယ်ကိုလည်းကျုပ်လို့မပြောနဲ့...ကျွန်မလို့ပြော ဒါမှမဟုတ်နာမည်ဖြစ်ဖြစ်ပေါ့''


''အဲဒါကြီးကကျ...နည်းနည်းတစ်မျိုးပဲ''


''လူကြီးကပြောနေရင်​ခေါင်းညိတ်လေ''


ပြောလာသူကဘုန်းမြတ်ဖြစ်နေ၍ ခင်ချူးကသူ့ကိုမျက်စောင်းကြီးလှိမ့်ထိုးပစ်လိုက်လေ၏။


ဦးတေဇာက...


''ကဲပါ...အဲဒါတွေကဖြည်းဖြည်းချင်းပဲပြုပြင်ရမှာပေါ့...ကလေးတွေလည်းပင်ပန်းလာကြတာနားချင်လောက်ပြီ...မင်္ဂလာပွဲအတွက်ကိုကမနက်ဖြန်မှစပြီးတိုင်ပင်ကြတာပေါ့...ကဲ သွားနားကြတော့...ရွှေငု သွန်းအတွက်အခန်းလိုက်ပြပေးလိုက်...ကားပေါ်ကသူတို့ပစ္စည်းတွေကိုလည်းယူပေးလိုက်ဦး''


''ဟုတ်ကဲ့လေးလေး''


သူမတို့အားလုံးနေရာကနေထပြီး အပေါ်ထပ်သို့တက်ခဲ့လိုက်ကြလေသည်။


အပေါ်ထပ်ကဘုန်းမြတ်အခန်းထဲရောက်တော့ ခင်ချူးကတစ်ခန်းလုံးကိုဝေ့ဝဲကြည့်၍...


''ဒါကျုပ်နေရမယ့်အခန်းလား''


''ကျုပ်ရဲ့အနောက်မှာ'တို့'ထည့်လိုက်...ဒါငါ့အခန်း...အခုတော့မင်းကိုပါမျှသုံးရတော့မယ်''


''ကျုပ်ကတော့ခင်ဗျားနဲ့တစ်ကုတင်တည်းအတူမအိပ်နိုင်ဘူး''


''အဲ​ဒါဆိုလည်းအောက်မှာဆင်းအိပ်လေ''


သူမကလက်ခလယ်ထောင်ပြပြီးမှ...


''F*ckပဲ...ခင်ဗျားသာဆင်းအိပ်...ကျုပ်ကမွေးကတည်းကမွေ့ယာနဲ့အိပ်လာတာ...ကြမ်းပြင်နဲ့ကျုပ်နဲ့ဆိုတာကမအပ်စပ်ဘူး...ပေါက်တယ်နော်''


''အဲဒါတွေငါမသိချင်ဘူး...ငါကတော့မင်းနဲ့အတူမအိပ်နိုင်ဘူး''


''ကြမ်းပေါ်ဆင်းအိပ်လိုက်လေ''


''မအိပ်နိုင်ဘူး''


''နားညီးလာပြီနော်''


''ဘာဖြစ်ချင်လို့လဲမင်းက''


''သိချင်တယ်ပေါ့''


''.....''


''ဟုတ်ပြီ''


သူမကမှန်တင်ခုံရှေ့ကခုံပုလေးကိုဆွဲယူပြီး သူတို့နှစ်ယောက်ကြားထဲမှာချလိုက်သည်။


​ပြီးတာနဲ့ သူနဲ့ခပ်လှမ်းလှမ်းကိုဆုတ်သွားပြီးမှ လက်တွေကိုရောဇက်တွေကိုပါတစ်ဂျွတ်ဂျွတ်မြည်အောင်ချိုးလိုက်လေ၏။


''မင်းဘာလုပ်မလို့လဲ''


သူမကမ​ဖြေဘဲနဲ့သူ့ဆီကိုအရှိန်နဲ့ပြေးလာပြီး ခုံပေါ်ကိုအရင်တက်ပြီးမှ သူမကိုတအံ့တသြမော့ကြည့်နေတဲ့သူ့မျက်နှာအား​အပေါ်စီးကနေပြီးထ-ိုးပစ်လိုက်ပါတော့သည်။


''အာ့!''


ရုတ်တရက်မို့ကြမ်းပေါ်လဲကျသွားတဲ့သူ့အား ခင်ချူးကဗိုက်ပေါ်တက်ခွပြီးအင်္ကျီရင်ဘတ်ကိုဆွဲကာ မျက်နှာကိုပိတ်ပိတ်ထ-ိုးလာလေ၏။


''ကျုပ်ကိုခင်ဗျားနဲ့ညားအောင်လုပ်လို့...ကျုပ်အဖေနဲ့ခွဲရလို့ ခင်​ဗျားကိုပညာပြတာ...မှတ်ထား''


''ခွပ်!''


''ခင်ချူးချူးခိုင်...မင်း...''


''ခင်ဗျားကိုကျုပ်တစ်စက်မှမကျေနပ်ဘူးသိလား''


ယောကျ်ားရင့်မာကြီးဖြစ်ပြီး မိန်းကလေးသေးသေးလေးဆီကနေအားရပါးကအထိုးခံနေရတဲ့သူ့အဖြစ်ကိုတစ်ကယ်ပဲနားမလည်နိုင်။


''မင်းတော်လိုက်တော့''


သူလည်း ခင်ချူးရဲ့လက်သီးလေးကိုဖမ်းဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ရာ ခင်ချူးကသူ့အောက်ကိုရောက်သွားတော့သည်။


''ဟေ့လူကြီး ခင်ဗျားဖယ်​နော်''


''အော်...ကိုယ့်အလှည့်ကျသိတတ်တယ်ပေါ့''


''အပိုတွေပြောမနေနဲ့မုန်လာဥပျော့ကောင်ရဲ့...အခုချက်ချင်းဖယ်နော်''


''ဟိတ်...ငါကမင်းထက်ရှစ်နှစ်ကြီးတယ်​နော်...ဘာကို'ကောင်'လဲ...ပြီးတော့ ငါပျော့မပျော့မင်းဘယ်လိုသိလဲ''


''ဒီလောက်မြင်နေရတာကိုသိတာပေါ့''


''အပေါ်ယံပဲမဆုံးဖြတ်နဲ့လေ...အတွင်းကျကျသိရင် ငါကပျော့လားမာလားဆိုတာ မင်းသိရမှာပေါ့''


''ခင်ဗျားဘာစကားပြောလိုက်တာလဲ''


''ညအထိစောင့်မနေနဲ့လေ...အခုပဲပြမယ်''


''ဟင်!''


ထိတ်လန့်သွားတဲ့ခင်ချူးရဲ့မျက်နှာလေးကိုကြည့်ပြီး ဘုန်းမြတ်ပိုစချင်လာရကာ သူမမျက်နှာနားလေးသို့တိုးကပ်သွားလိုက်လေ၏။


''ဟင့်အင်း...လူယုတ်မာကြီး...အခုဖယ်နော်...မလာနဲ့!''


သူ့ဆီကနေအတင်းရုန်းကန်နေတဲ့ခင်ချူးကိုကြည့်ပြီး သူဟားတိုက်ပြီးရယ်လိုက်လေ၏။


''ဟားဟား...ငကြောက်မလေး...မင်းကိုငါဘာမှမလုပ်ပါဘူး...အဲလောက်မကြောက်စမ်းပါနဲ့''


ပြောပြီးသူကခင်ချူးပေါ်ကနေထသွား၍ ခင်ချူးကလည်းကြမ်းပြင်ကနေကုန်းရုန်းထကာ သူ့မျက်နှာကိုနောက်ဆုံးအကြိမ်ထိုးပစ်လိုက်တော့သည်။


''မုန်လာဥပျော့လိုလူ''


''ခ,လေးလုံး​ေ-ခွးမ''


''ဘာ!...ငါ''


သူမကလက်သီးထပ်ရွယ်လိုက်တော့ သကောင့်သားကအခန်းတစ်ခုထဲသို့ပြေးဝင်သွားပါတော့သည်။


ဒီလိုလူနဲ့မှဘာလို့ဖူးစာလာဆုံနေရသလဲမသိ။


***


အိပ်ရာအပြောင်းအလဲကြောင့် သွန်းအိပ်မပျော်၍အခန်းထဲကထွက်ခဲ့တော့ ဘုန်းခန့်ကဝရန်တာမှာဖုန်းပြောနေတာကိုတွေ့လိုက်ရလေသည်။


''မင်းနဲ့ငါ့ကိစ္စကဟိုတစ်ခါကတည်းကပြီးပြီလေကွာ...ဘာတွေလာရှုပ်နေသေးတာလဲ...တော် တော်...ငါ့ကိုဘာမှထပ်မပြောနဲ့တော့...မင်းငါ့ဆီကနေဂုန်းဆင်းသွားတာတွေနဲ့တော်တော်တန်နေပါပြီကွာ...အဲလောက်ဆိုကျေနပ်တော့...ငါကဘီလီယံနာသူဌေးမဟုတ်ဘူး...တော်ပြီ ဆက်မပြောနဲ့တော့...ဒါပဲကွာ''


သူဖုန်းချပြီးနောက်ကိုလှည့်လိုက်တော့ သွန်းကဆံပင်တွေကိုရင်ဘတ်ရှေ့ချပြီး သူ့နောက်မှာရပ်နေ၍ သူအတော်လန့်ဖျန့်သွားရလေသည်။


''ဟ!...သွန်း...ဟား လန့်လိုက်တာကွာ...ဒီမှာဘာလုပ်နေတာလဲ''


''အိပ်ရာကအပြောင်းအလဲနဲ့မို့အိပ်မပျော်လို့ပါ...တစ်ယောက်ယောက်နဲ့ရန်ဖြစ်နေတာလားဟင်''


''ဒီလိုပါပဲ''


သွန်းဘာများဆက်ပြောဦးမလဲလို့ သူစောင့်နေပေမယ့်သူမကဘာမှဆက်မပြော။


''ဘာမှပြောစရာမရှိတော့ရင်သွားတော့မယ်''


''ခဏလေးပါ''


''........''


''ဟို...ရွာမှာပြောတဲ့ကိစ္စလေ''


သူမကထိုသို့အစဖော်လာတော့ သူမျက်ခုံးကိုလက်ညှိုးနဲ့ကုတ်လိုက်၏။


ခက်တော့ခက်ပြီ။အာချောင်မိတဲ့အကျိုးလေ။


''အဲဒါက...ကိုဘုန်းခန့်ကသွန်းကိုပိုးပန်းပြီးပြောတာလားဟင်''


''အမ်!...ဟိုဟာ...အဲဒါကလေ...''


''အစကတော့သွန်းကကိုဘုန်းခန့်နဲ့မတွေ့ရတော့ဘူးထင်ပြီး မစခင်ကတည်းကဆုံးသွားတဲ့သွန်းတို့ကိစ္စအတွက်နဲ့ စိတ်ထဲမှာနေလို့မရဖြစ်နေခဲ့တာ...အခုတစ်အိမ်တည်း တစ်မိုးအောက်တည်းမှာပဲရှိခွင့်ရပြီဆိုတော့...သွန်းအတော်လေးပျော်မိတယ်သိလား''


''ဟင်...အင်း''


''ကိုဘုန်းခန့်ပြောခဲ့တဲ့စကားကို အခုထိတည်သေးတယ်မလား''


အရင်ကဆိုအာသွက်လျှာသွက်နဲ့လူရည်လည်ကောင်က အခုသွန်းဆိုတဲ့တောသူမလေးနဲ့မှပဲ ခွေးအ,ကြီးလိုဖြစ်နေခဲ့ရသည်။


ပုံမှန်လိုသာဆိုရင် သပ်သပ်မဲ့အာချောင်တာလို့ပြောလိုက်မှာပေမယ့် သူမကိုအခုလိုနစ်နစ်နာနာပြောလိုက်ဖို့မဝံ့မရဲဖြစ်နေ၏။


မိန်းမတွေအများကြီးနဲ့ပတ်သက်ဖူးသည်မို့ သွန်းကရိုးသားဖြူစင်တဲ့မိန်းကလေးဆိုတာကို ကြည့်လိုက်ရုံနဲ့သူသိသည်။

သူမကိုနာကျင်အောင်လုပ်ဖို့အတွက်သူတွန့်ဆုတ်နေမိတာတော့အမှန်ပင်။


''ကိုဘုန်းခန့်...ကိုဘုန်းခန့်''


''ဟင်...ပြောလေသွန်း''


''ကိုဘုန်းခန့်ဘာတွေတွေးနေတာလဲဟင်''


သွန်းကတောသူဆိုပေမယ့် ရုပ်ရည်ကအတော်လေးလှပြီးအနေအထိုင်အပြောအဆိုကလည်းသိမ်မွေ့သည်။


မြန်မာဝတ်စုံလေးတွေသာဝတ်တတ်ပြီးအတော်လေးလည်းမဟာဆန်၏။

သူမကသာမပြောရင် ဘယ်သူကမှသူမကိုတောကနေလာတဲ့သူဆိုတာသိမည်မဟုတ်။

သူမရဲ့အလှကမြို့သူတွေနဲ့ပါယှဥ်နိုင်တဲ့ထိပါပဲ။


''ကိုယ်တို့တွဲကြမလား''


''ရှင်!...ကိုဘုန်းခန့် အခုဘာပြောလိုက်တာလဲဟင်''


''ကိုယ်နဲ့တွဲမလားလို့''


သူမကသူ့ကိုမျက်လုံးဝိုင်းလေးတွေနဲ့စိုက်ကြည့်လာ၏။

ရည်းစားတွေထည်လဲတွဲနေတဲ့သူ့အတွက်က သွန်းလိုကောင်မလေးတစ်ယောက်ကိုထပ်တိုးလိုက်လို့လည်းဘာမှထူးခြားပြီးပြောင်းလဲသွားမှာမဟုတ်သည့်အတွက် သူအခုလိုပြောလိုက်ခြင်းပင်။


''ကိုဘုန်းခန့်က သွန်းလိုတောသူတစ်ယောက်ကို ချစ်သူရည်းစားအဖြစ်နဲ့တစ်ကယ်ပဲလက်တွဲချင်တယ်ပေါ့''


''အဲလိုမှမဟုတ်ဘဲနဲ့ ကိုယ်ကဒီစကားပြောပါ့မလား''


သွန်းကရှက်သွေးဖြာသွားတဲ့မျက်နှာနဲ့ သူ့ကိုကျောပေးသွားလေ၏။


ပြီးတော့အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးမှ...


''သွန်းလက်ခံပါတယ်...ကိုဘုန်းခန့်ကို သွန်းလည်းချစ်ပါတယ်''


ဘုန်းခန့် သက်ပြင်းတွေသာကြိတ်ချပစ်လိုက်ပါ​တော့သည်။


ရှိစေတော့။


ခဏလောက်တွဲပေးလိုက်ပြီးမှ အကြောင်းအမျိုးမျိုးပြပြီးဖြ.တ်လိုက်မည်။


သွန်းကတော့ သူ့ကိုစိတ်ရင်းမှန်နဲ့ထင်ပြီးအတော်လေးပျော်နေခဲ့တာပေါ့လေ။

နှစ်ဦးနှစ်ဖက်လုံးကမေတ္တာသက်ဝင်နေတာမို့ အခုလိုအဖြေတန်းပေးလိုက်တာကို မှားတယ်လို့လည်းမထင်မိပေ။


သူမကဘုန်းခန့်ကိုစတွေ့ကတည်းကသဘောကျရသူမို့။


***


နောက်နေ့မနက်မိုးလင်းတော့မယ်မင်းကြီးမလေးခင်ချူးက သူ့ကိုခြေထောက်နဲ့ခွထားပြီး ကောင်းကောင်းကြီးအိပ်ပျော်နေလေ၏။


သူလည်းခင်ချူးရဲ့ခြေထောက်တွေကိုဆွဲဖယ်ပြီးအိပ်ရာကနေထလိုက်သည်။


''အိပ်နေပုံကိုကခြေကားယားလက်ကားယားနဲ့...မိန်းမမဆန်လိုက်တာ''


သူတီးတိုးရေရွတ်ပြီး ကုတင်ပေါ်ကဆင်း၍ ရေချိုးခန်းထဲဝင်ကာ ရေပါတစ်ခါတည်းချိုးလိုက်လေသည်။


သူရေချိုးပြီးလို့အခန်းထဲကထွက်လာပြီး အဝတ်အစားလဲပြီးသည်ထိ ခင်ချူးကအိပ်ရာကနေမနိုးလာပါ။


အခုနေသူတစ်ယောက်တည်းအောက်ထပ်ကိုဆင်းသွားရင်လည်းသူ့မိဘတွေကပြောနေဦးမည်မို့ သူခင်ချူးကိုနှိုးမှဖြစ်မည်။


''ခင်ချူးချူးခိုင်...ဟိတ်...ခင်ချူးချူးခိုင် ထတော့''


''ဘာလဲကွာ...အာရုံနောက်တာ...-ီးလိုပဲ''


''ဟ!...အရိုင်းစိုင်းမလေး...သူ့မှာအဲဒါပါတာကျနေတာပဲ...ဟေ့ ခင်ချူးချူးခိုင်...ထတော့လို့...နေဖင်ထိုးနေပြီကွ''


သူမကမျက်လုံးကိုလက်နဲ့ဖိပွတ်ပြီးမှ သူ့အားပြူးပြဲကြည့်လာလေ၏။


''ဟေ့လူ...ခင်​ဗျားလူလိုနားမလည်ဘူးလား...သူများအိပ်နေတာကိုဘာလို့လာနှိုးနေတာလဲ''


''ရှစ်နာရီထိုးနေပြီ...ထတော့''


''ကျုပ်အိပ်ရေးမဝသေးဘူး''


''မလိုချင်ဘူး...အခုထ မေမေတို့တွေမနက်စာစားဖို့ငါတို့ကိုစောင့်နေလောက်ပြီ...မျက်နှာသစ်ချေ ပြီးရင်အဝတ်အစားလဲ...သွားသွား''


သူကခင်ချူးကိုအိပ်ရာကနေအတင်းဆွဲထူပြီး ရေချိုးခန်းထဲသို့တွန်းပို့ပေးလာလေ၏။


''မြန်မြန်လုပ်''


''သိတယ်''


ခင်ချူးကစူအောင့်အောင့်နဲ့ပဲ သွားတိုက်မျက်နှာသစ်ပြီးအခန်းထဲကပြန်ထွက်ခဲ့လိုက်လေသည်။


''ပြီးပြီ...သွားမယ်''


သူမကမျက်နှာကိုအင်္ကျီနဲ့ဆွဲသုတ်လိုက်၍ ဘုန်းမြတ်ကသူမအားရှုံ့မဲ့ကာကြည့်ပြီး...


''မင်းတော်တော်စုတ်ပဲ့တဲ့ကလေးမပဲ...တဘက်နဲ့မသုတ်ဘဲနဲ့''


''မရှည်နဲ့...သွားမယ်''


''အဝတ်အစားလဲပြီးမင်းရဲ့ငှက်သိုက်လိုဆံပင်ကိုအရင်ရှင်း''


''ဟားးး...မပြီးတော့ဘူး''


''ဒီမှာခင်ချူးချူးခိုင်...မိန်းကလေးဆိုတာမနက်မိုးလင်းတာနဲ့ကိုယ့်အိပ်ရာကိုသိမ်း မျက်နှာသစ် ဆံပင်ကိုသေချာသပ်သပ်ဖြီးရမယ်...ဒါမှကျက်သရေရှိတဲ့မိန်းမကောင်းဖြစ်မှာ''


''ကျစ်!''


သူမကမှုန်ကုပ်ကုပ်နဲ့ပဲ မှန်တင်ခုံရှေ့မှာသွားထိုင်ပြီး ဆံပင်တွေကိုသေချာဖြီးလိုက်လေသည်။


''မျက်နှာကအမြဲစူချိတ်လို့''


''ဘာဖြစ်လဲ...ခင်ဗျားအပူပါလား''


''ပါတာပေါ့...ငါကမင်းယောကျ်ားလေ''


ခင်ချူးကသူ့ကိုလှည့်ကြည့်လာပြီး လက်ထဲကဘီးနဲ့လှမ်းပေါက်လေ၏။

လက်တည့်ချက်ကတော့ သူသာအရှောင်မမြန်ရင် သူ့မျက်ခွက်တော့မနက်စောစောမှာကျက်သရေရှိနေတော့မှာသေချာသည်။


''မင်းတော့နော်...လက်ပါခြေပါနဲ့''


''ထပ်ပြောရင်ပစ္စည်းပျံတွေထပ်လာမယ်...အဲ့ဘီးလာပေး''


သူဘာမှထပ်မပြောတော့ဘဲ သူမကိုဘီးပြန်ပေးပြီး ကုတင်မှာဝင်ထိုင်ကာ သူမကိုထိုင်စောင့်နေလိုက်၏။


ခင်ချူးက​ဆံပင်ကိုသေချာဖြီးပြီး ခပ်မြင့်မြင့်စည်းလိုက်လေသည်။

ပြီးတာနဲ့ ​​ဗီရိုထဲကသူမရဲ့အဝတ်အစားတစ်စုံကိုယူပြီး...


''ဟေ့လူ...အပြင်ထွက်''


ဟုပြောလိုက်တော့ သူကချက်ချင်းပဲအခန်းထဲကထွက်သွားပေး၏။


ထိုအခါမှခင်ချူးကအဝတ်အစားလဲပြီး အခန်းထဲကထွက်လာခဲ့လိုက်သည်။


''ပြီးပြီ''


''သွားမယ်''


သူမရှေ့ကနေထွက်သွားသောဘုန်းမြတ်အား ခင်ချူးမျက်စောင်းတွေချည်းလှိမ့်ထိုးပစ်လိုက်သည်။


တစ်ကယ်မုန်းစရာလူ။


ခင်ချူးတို့အောက်ထပ်ကိုရောက်တော့ သွန်းအပါအဝင်အားလုံးလူစုံနေကြပါပြီ။


''သားတို့လာပြီလား...လာထိုင်ကြ''


''မေမေတို့စောင့်နေရတာကြာသွားပြီလား...ကျွန်တော်ဒီနေ့အိပ်ရာထနောက်ကျသွားတာ''


ဘုန်းမြတ်ကသူ့အမှားလိုပုံစံနဲ့ပြောလိုက်၍ခင်ချူးမျက်ခုံးလေးတွေပင့်တက်သွားရပြီး သူ့ကိုလှည့်ကြည့်လိုက်မိသည်။


သူကအခုလိုကာကွယ်ပေးတတ်တယ်တဲ့လား။


''မကြာသေးပါဘူး''


သွန်းကထိုင်ရာမှထပြီး မုန့်ဖတ်တွေအရန်သင့်ထည့်ထားသောပန်းကန်လုံးလေးတွေထဲသို့ မုန့်ဟင်းခါးဟင်းရည်တွေထည့်ပေးလာလေ၏။


''ကျေးဇူးနော်သမီး...သွန်းကလည်းအတော်လေးအောက်သက်ကြေတာပဲ...မသန်းဆင့်တို့ကိုလည်းမနက်အစောကြီးထပြီး မနက်စာကူပြင်ပေးခဲ့တာဆို''


''ဟုတ်အန်တီ...သွန်းကစောစောထတာအကျင့်ပါနေလို့ပါ''


''သမီးသွန်းကအနေအေးပြီးအိမ်ထောင်မှုနိုင်တယ်ဆိုတာ ရွာမှာကတည်းကအန်တီသိခဲ့ပြီးသားပါ...အင်း...သမီးကိုလည်းချွေးမတော်မှထင်တယ်''


''ရှင်''


အမေဖြစ်သူစကားကိုကြားတော့ ဘုန်းခန့်ကမျက်ကလူးစံပြာနဲ့ပဲ သွန်းကိုလှမ်းကြည့်လိုက်ရာ သူမကလည်းသူ့ကိုပြန်လာကြည့်နေသည်နှင့်အကြည့်ချင်းလာဆုံလေ၏။


သူမကရှက်ရွံ့သွားဟန်နဲ့ပြုံးပါပြုံးနေသည်မို့ သူ့ကျောထဲမှာစိမ့်ခနဲပင်။


သူတော့တစ်ကယ်မှားသွားပြီထင်တယ်။


သူ့အကျင့်ဆိုးနဲ့ဟောင်ဖွာဟောင်ဖွာလုပ်တတ်တဲ့​ဗီဇကြောင့် သူတော့ခေါင်းကိုဂေါ်ဇီလာန.င်းခံရပြီ။


သွန်းကဖြ.တ်ရလွယ်တဲ့သူဖြစ်ဖို့မျှော်လင့်ရတာပဲ။


***


Chapter.8ဆက်ရန်

Report Page