Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.6
ဒေါ်ဒေဝီတို့အိမ်ပြန်ရောက်တော့ အိမ်မှာဘယ်သူမှမရှိ၍ သူတို့လင်မယားနှစ်ယောက်ကအပေါ်ထပ်သို့တက်လာခဲ့လိုက်ကြလေသည်။
သားတွေကအခန်းထဲမှာများရှိနေကြသလားမသိ။
ဒေါ်ဒေဝီ သားတွေရဲ့အခန်းထဲရောက်တော့ သားအငယ်ကသာအခန်းထဲမှာရှိနေပြီး သားအကြီးကတော့အခန်းထဲမှာရှိမနေ။
''သားငယ်...သားငယ်...ထဦး''
ဘုန်းခန့်လည်းအိပ်ပျော်နေရာမှဆတ်ခနဲလန့်နိုးလာရလေ၏။
''ဖေဖေနဲ့မေမေ''
''သား...သားအစ်ကိုရော''
''မသိဘူးလေမေမေ''
''သားကြီးရဲ့ဖိနပ်ကတော့ရှိနေတာပါ...ဘယ်ရောက်နေပါလိမ့်''
ထိုအခိုက်အခန်းပြင်ဆီမှ...
''အောင်မလေး...ကြားသားမိုးကြိုး ငါ့အိမ်ကမျောက်မသမီးကအိမ်ကပ်နေတယ်ဟေ့''
ဟူသောဦးတက်လူအသံကိုကြားလိုက်ရလေသည်။
ဒေါ်ဒေဝီကအခန်းထဲကထွက်ခဲ့ပြီး...
''ကိုတက်လူ...ရှင့်သူငယ်ချင်းရော''
ဟူ၍မေးလိုက်သည်။
''အောက်ထပ်မှာ''
''သားကြီးကဖိနပ်ရှိနေပြီး လူကဘယ်ရောက်နေမှန်းမသိဘူး''
ဘုန်းခန့်ကလည်းအခန်းထဲကထွက်လာပြီး...
''တစ်နေရာရာမှာရှိမှာပါ''
အချိန်ကိုက်ဆိုသလိုပဲဦးတက်လူကပါအိမ်ပေါ်သို့တက်လာလေ၏။
''ဘာတွေဖြစ်နေကြတာလဲ''
''ရှင့်သားလေ ဘယ်ရောက်နေလဲမသိဘူး''
''ခဏလေး...ကျွန်တော့်သမီးကိုမေးကြည့်လိုက်မယ်''
ပြောပြီး ဦးတက်လူကသမီးဖြစ်သူအခန်းတံခါးကိုဆွဲဖွင့်လိုက်ရာ...
''ဟင်!''
ဦးတက်လူရဲ့ပုံစံကတစ်ခုခုကိုထိတ်လန့်သွားဟန်ကြောင့် ဦးတေဇာကျော်တို့လည်းအခန်းထဲကိုဝင်ခဲ့လိုက်ရာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူတို့ပါမျက်လုံးပြူးသွားခဲ့ရလေသည်။
သားတော်မောင်ကခင်ချူးကိုခြေထောက်နဲ့ခွထားပြီး သူမလည်ပင်းကြားထဲခေါင်းတိုးဝင်ကာအိပ်နေသည်မလား။
''ဘုရားဘုရား''
''ဟေ့ကောင်ဘုန်းမြတ်...မင်းထစမ်း''
''ကိုကြီး...ကိုကြီး...ထစမ်းပါ...ကိုကြီး''
ဦးတေဇာနဲ့ဘုန်းခန့်တို့က ဘုန်းမြတ်ကိုအတင်းလှုပ်နှိုးနေသလို ဦးတက်လူကလည်းခင်ချူးကိုအတင်းလှုပ်နှိုးလေသည်။
''မိချူး...အခုထစမ်း''
ထိုအခိုက် ဦးတက်လူကကြမ်းပေါ်ကတစ်ခုခုကိုသွားတိုက်မိ၍ အောက်ကိုငုံ့ကြည့်လိုက်ရာ အရက်ပုလင်းတစ်လုံးကိုတွေ့လိုက်ရလေသည်။
''အရက်တွေသောက်ပြီးဖြစ်ချင်တိုင်းဖြစ်ထားကြတာပဲ...ငါကွာ!''
ဦးတက်လူကအရက်ပုလင်းကိုကောက်ပြီးရေရွတ်တော့ ဘုန်းခန့်ကနေရင်းထိုင်ရင်းနဲ့လူကသေးသေးလေးဖြစ်သွားရသလိုပင်။
''ထကြစမ်း!''
ဦးတေဇာကခပ်ကျယ်ကျယ်အော်နှိုးလိုက်မှပဲ နှစ်ယောက်သားကအိပ်ပျော်နေရာမှလန့်နိုးလာပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအလန့်တကြားအော်လိုက်ကြတော့သည်။
''အားးး!!!''
''အားးး!!!''
''မင်း...မင်းဘယ်လိုလုပ်ပြီးငါ့အခန်းထဲရောက်နေတာလဲ''
သူမကအခန်းပတ်ပတ်လည်ကိုအရင်ကြည့်ပြီးမှ...
''ဒါကျုပ်အခန်းဗျ...ခင်ဗျားကဝင်လာတာငလူးမရဲ့''
''ဟင်!''
''ဟေ့ကောင်...မင်းအခုမှမသိချင်ယောင်ဆောင်မနေနဲ့...မိဘမျက်နှာအိုးမဲသုတ်တဲ့ကောင်...ငါ့သားကြီးကလိမ္မာတယ်မှတ်တာ...မင်းကပိုဆိုးနေပြီ''
''မဟုတ်ဘူးဖေဖေ...လုံးဝမဟုတ်ဘူး''
ဦးတက်လူက...
''ဘာကိုမဟုတ်တာလဲ...ငါတို့ကိုမျက်နှာမွဲဆိုပြီး ငါ့သမီးလေးကိုကျောရရုံကြံတာလား''
''အို...မဟုတ်တာ...ကျွန်မတို့ကအဲလိုအဖြစ်မခံပါဘူးကိုတက်လူရယ်...သမီးလေးခင်ချူးကိုတာဝန်ယူမှာပါ''
''အာ...မဟုတ်ဘူးနော် ကျွန်တော်တို့ဘာမှမဖြစ်ကြဘူး''
ခင်ချူးကကုတင်ပေါ်ကဆင်းလိုက်ပြီးမှ...
''မဟုတ်ဘူးအဘ...ကျုပ်တို့ဘာမှမဖြစ်ဘူး''
''ဟုတ်လား...အဲ့သွေးကဘာတွေလဲ''
အဖေဖြစ်သူကအိပ်ရာပေါ်ကိုလက်ညှိုးညွှန်ပြပြီးပြောလာ၍ အကုန်လုံးကအိပ်ရာကိုကြည့်လိုက်တော့ ခရမ်းနုရောင်အိပ်ရာခင်းထက်မှာ သွေးကွက်လေးတစ်ခုကထင်းလို့''
''ဟာ''
ခင်ချူးကသူမနောက်ကိုပြန်ကြည့်ပြီးမှ...
''ဒါကရာသီ...''
သူမစကားမဆုံးခင်မှာဘဲ သူမအဖေကအခန်းထဲကနေထွက်သွားလေတော့သည်။
''အဘ...အဘ!''
''တေဇာဘုန်းမြတ်...မင်းကိုမေမေအရမ်းစိတ်ပျက်တာပဲ...သူများသမီးပျိုကိုဘာလို့များဖျက်စီးရတာလဲ''
''မဟုတ်ပါဘူးဆိုမေမေရာ''
သူခင်ချူးကိုလှည့်ကြည့်လိုက်တော့ သူမကလည်းသူ့ကိုစားတော့ဝါးတော့မတတ်ကြည့်နေခဲ့လေသည်။
သူ့ကိုဟိုလူတွေကအခန်းထဲထိပို့ပေးခဲ့တာကိုသူသိပါတယ်။
အဲ့အခန်းကခင်ချူးရဲ့အခန်းဖြစ်နေမှန်းသာမသိခဲ့တာ။
အခုသူတို့နှစ်ယောက်ကဘာတွေဆက်ဖြစ်ကြမှာလဲ။
***
''ဗျာ!...လက်ထပ်ရမယ်!''
''ဗျာ!...လက်ထပ်ရမယ်!''
သူရောခင်ချူးရောပြိုင်တူပြောလိုက်ခြင်းပင်။
''မဖြစ်နိုင်ဘူး...ကျွန်တော်တို့ကဘာမှမဖြစ်ပါဘူးဆို''
''မိခင်ချူး...ညည်းကလန်ကဆန်လုပ်ဖို့မစဥ်းစားနဲ့နော်...အခုညည်းဘဝကအဖတ်ဆယ်လို့မရတော့ဘူး...နားလည်လား''
''နားမလည်ဘူး...ဘာမှမဖြစ်တာကိုဘာလို့လက်ထပ်ရမှာလဲ''
''ခင်ချူး...စိတ်အေးအေးထားပါဟာ''
သွန်းကဝင်ပြောလာခြင်းပင်။
အခုသွန်းတို့သားအမိကပါထိုကိစ္စကိုသိသွား၍ခင်ချူးတို့အိမ်ကိုရောက်နေ၏။
''ငါဘယ်လိုစိတ်အေးအေးထားနိုင်မလဲ...ငါယောကျ်ားမလိုချင်ဘူး ငါကမိန်းမပဲလိုချင်တာ''
''မိန်းမချင်းယူပြီးညည်းကဘာလုပ်မှာလဲမိခင်ချူး...သဘာဝတရားကိုလွန်ဆန်ချင်မနေနဲ့''
''အတုတပ်ပြီးချမယ်အဘရာ...ဒီလူ့ကိုတော့မယူနိုင်ဘူး''
''ခင်ချူးချူးခိုင်!!!''
ခင်ချူးစကားကိုကြားပြီး ဘုန်းမြတ်စိတ်ညစ်နေတာတောင်ဘယ်ရောက်သွားလဲမသိ။
''ကဲပါသမီးရယ်...သမီးအခုလိုလုပ်နေလို့လည်း သမီးကနဂိုအတိုင်းဖြစ်မှာမှမဟုတ်တော့တာ အန်တီတို့ကသမီးတို့ကိုရွာမှာရောမြို့မှာပါမင်္ဂလာဆောင်ပေးမှာပါ သမီးကိုလည်းမြို့ကိုခေါ်သွားပြီးကောင်းကောင်းမွန်မွန်နဲ့ သမီးအရင်းလေးလိုချစ်ပေးမှာပါ''
''မြို့ကိုခေါ်သွားမယ်...ဟုတ်လား''
''အင်းလေ''
''ဟင့်အင်း...ပိုတောင်မဖြစ်နိုင်သေးတယ်...ကျုပ်အဘကိုမထားခဲ့နိုင်ပါဘူး...ကျုပ်မှာအဘတစ်ယောက်ပဲရှိတာ အဘနဲ့ခွဲမနေနိုင်ပါဘူး အဘကိုလည်းစိတ်မချဘူး''
ခင်ချူးကအဖေဖြစ်သူဘက်လှည့်ကာ...
''အဘ...ကျုပ်သူနဲ့မယူပါရစေနဲ့အဘရယ်...ကျုပ်အဘနဲ့မခွဲနိုင်ဘူး...ရှိတာမှသားအဖနှစ်ယောက်တည်းကို ကျုပ်ကအဘကိုဘယ်လိုလုပ်ထားခဲ့နိုင်မှာလဲ...အဘထမင်းစားတဲ့အခါလည်းတစ်ယောက်တည်းဖြစ်နေမှာ ပျင်းတဲ့အခါလည်းစကားပြောဖော်မရှိဘူး ဒီအိမ်မှာအဘတစ်ယောက်တည်းအထီးကျန်ပြီးနေခဲ့ရမှာကိုမလိုချင်ပါဘူး...ကျုပ်ဘယ်မှမသွားနိုင်ဘူး...ကျုပ်ကအဘနဲ့ပဲတစ်သက်လုံးအတူနေချင်တာအဘရဲ့...အီးဟီး ဟီး''
အဖေဖြစ်သူကိုဖက်ပြီးငိုနေသောခင်ချူးကိုကြည့်ပြီး သွန်းကလည်းမျက်ရည်တွေကျလာသလို ကျန်တဲ့သူတွေကလည်းစိတ်မကောင်းကြပေ။
''အဘကလည်းငါ့သမီးနဲ့ဘယ်ခွဲချင်ပါ့မလဲ ဖြစ်ပြီးသားကိစ္စကလည်းပြုပြင်လို့မှမရတော့တာ''
''ကျုပ်တို့ကဘာမှ...''
''တော်တော့သမီး...တစ်ရှက်ကနေနှစ်ရှက်ဖြစ်အောင်မလုပ်ချင်စမ်းနဲ့...အဘစကားကိုနားထောင်စမ်းပါ''
''အဲဒါဆိုအဘပါကျုပ်နဲ့လိုက်ခဲ့''
''အဘကဒီရွာမှာမွေးပြီးဒီရွာမှာကြီးလာတာ ဒီရွာကနေဘယ်ကိုမှမသွားနိုင်ဘူး...သမီးကိုပဲအဘကကောင်းကောင်းမွန်မွန်ဖြစ်စေချင်တာငါ့သမီးရဲ့''
သူတို့ဘယ်လိုပြောပြောမရသည်မို့ လူကြီးတွေကိုသူတို့ထင်ချင်သလိုပေးထင်ဖို့ကလွဲလို့။
***
သူတို့ရဲ့မင်္ဂလာဆွမ်းကျွေးကြောင့် သူတို့မိသားစုတွေရန်ကုန်ကိုပြန်ဖို့ကကြန့်ကြာသွားခဲ့၏။
ခင်ချူးကလည်းသူ့ကိုတစ်စက်ကလေးမှမကြည်။
သူကလည်းထိုအခြေအနေကိုလက်မခံချင်ပါဘူး။
ဒါပေမယ့်လက်ခံခဲ့ရတာပဲလေ။
ရှေ့လျှောက်သူနဲ့ခင်ချူးကဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာတွေးပင်မတွေးရဲ။
သူတို့မင်္ဂလာဆွမ်းကျွေးအပြီးမှာပဲ ခင်ချူးက..
''ကျုပ်,သွန်းကိုပါခေါ်ခဲ့လို့ရလား''
ဟုမေးလာ၏။
အနားမှာရှိနေတဲ့သွန်းက...
''မလိုက်ပါဘူး...ငါ့အမေကိုဘယ်လိုလုပ်မလဲ''
''ငါ့အဘရှိနေတာပဲ...တစ်ယောက်နဲ့တစ်ယောက်ဖေးမကြပါစေပေါ့''
''အမ်!''
အကုန်လုံးကခင်ချူးကိုအထူးအဆန်းသဖွယ်ကြည့်လာကြလေ၏။
''သမီး''
''အဘကမှကျုပ်နဲ့မလိုက်တာ...အဘကိုတစ်ယောက်တည်းအထီးကျန်နေမှာမျိုးမလိုလားဘူး...အခုအဘကိုကိုယ်ချင်းစာတတ်ပြီ...ကိုယ်မချစ်တဲ့သူနဲ့ယူရတာဘယ်လိုလဲဆိုတာ''
ခင်ချူးကဘုန်းမြတ်ကိုကြည့်ပြီးခပ်ရွဲ့ရွဲ့ပြောလာခြင်းပင်။
''အဘလည်းအဘချစ်တဲ့သူနဲ့အတူရှိချင်မှာပဲ...မချစ်တဲ့သူနဲ့ယူရတာငရဲကျရသလိုပဲဆိုတာသိပြီ...အဲဒါကြောင့်အဘကိုမတားတော့ဘူး''
''ငါ့သမီးတစ်ကယ်ပြောတာနော်''
''အွန်း''
ဒေါ်နီနီအေးကလည်းမျက်နှာပူနေပုံရသည်။
ခေါင်းကိုငုံ့ထားလိုက်တာများဇက်ကျိုးကျမတတ်။
''အဲဒါဆိုရင် သမီးသွန်းလည်းရန်ကုန်ကိုလိုက်ခဲ့...သားကြီးရဲ့ကုမ္ပဏီမှာအလုပ်ဝင် အဲ့ကနေကျောင်းဆက်တက်ချင်ရင်လည်းတက်ပေါ့ အမေ့ကိုလည်းလစာထဲကပြန်ထောက်ပံ့လို့ရတယ်...နေတာစားတာကတော့အန်တီတို့အိမ်မှာပဲအတူနေပြီး အန်တီတို့ဆီကပဲစား...ဘယ်လိုပဲ''
သွန်းကအမေဖြစ်သူအား ခွင့်ပြုချက်လိုချင်နေဟန်နဲ့လှည့်ကြည့်လိုက်တော့ သူမအမေကလည်းခေါင်းညိတ်ပြသည်။
''သွားပါ...အဲဒါမှလည်းသမီးဘဝကတိုးတက်မှာပေါ့ ပညာကိုသေချာသင်ယူ...အမေ့ကိုမပူနဲ့''
''ကျေးဇူးတင်ပါတယ်အမေ...ကျေးဇူးတင်ပါတယ်အန်တီ''
ဘုန်းခန့်ကတော့ခေါင်းကိုဂေါ်ဇီလာအန.င်းခံလိုက်ရသလိုပါပဲ။
ထပ်မတွေ့ရတော့ဘူးထင်ပြီးအာသွားချောင်ထားမိတာ။
အခုတော့တစ်အိမ်တည်းနေရတော့မတဲ့။
သူပြောထားတဲ့ကိစ္စကိုဘယ်လိုရှင်းရပါ့။
***
သူမတို့ဒီနေ့ရန်ကုန်ကိုလိုက်သွားတော့မည်မို့ မိဘများကိုကန်တော့ကာအပြန်အလှန်နှုတ်ဆက်နေခဲ့ကြသည်။
ဒီကြားထဲဘုန်းမြတ်ကပါအစစ်ပါလိုက်သေး။
''သာဓု...သာဓု...သာဓု...ငါ့သမီးလေးဘဝအဆင်ပြေချောမွေ့ပြီး သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်ပါစေ''
''ပေးတဲ့ဆုနဲ့ပြည့်ပါစေ''
အသံကစိတ်မပါလက်မပါနဲ့ခပ်တိုးတိုးရယ်။
''ဟိုရောက်ရင်လိမ်လိမ်မာမာနေနော်သမီး...မဒေဝီတို့စကားကိုနားထောင်...ရွာမှာလိုဂေါ်လီမလုပ်နဲ့...ကြားလား''
''ဟုတ်ကဲ့ပါအဘ''
''မောင်ဘုန်းမြတ်ကိုလည်း ဦးလေးသမီးကိုဂရုစိုက်ပေးဖို့အပ်ပါတယ်...ဦးလေးမှာတာလေးတွေနဲ့မမေ့ပါနဲ့ကွာ နော်''
''စိတ်ချပါဦးလေး...ကျွန်တော်သေချာနားထောင်ပါမယ်''
သူ့စကားကြားတော့ ခင်ချူးကသူ့ကိုဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်လာ၏။
အဘကဘာတွေများမှာထားလို့လဲ။
သွန်းကလည်းသူမအမေကိုကန်တော့ပြီးသည်နှင့်...
''အမေ...ကျန်းမာရေးကိုသေချာဂရုစိုက်နော် တစ်ခုခုဆိုသမီးကိုချက်ချင်းအကြောင်းကြား...သမီးလည်းတစ်လတစ်ခါတော့ရွာပြန်ခဲ့မယ်...ခင်ချူးတို့ရန်ကုန်မှာမင်္ဂလာထပ်ဆောင်တဲ့အခါကျရင် အမေပါဦးလေးနဲ့လိုက်ခဲ့နော်အမေ''
''အေးပါ...ဒီရွာကအမေမွေးကတည်းကနေလာတာ တစ်ရွာလုံးကလူတွေကဆွေမျိုးတွေလိုပဲ အချင်းချင်းဖေးမကူညီတတ်ကြပါတယ်...သမီးသာဟိုမှာအစစအရာရာဂရုစိုက်...အလုပ်ကိုသေချာလုပ်ပြီးပညာကိုလည်းသေချာသင်ယူ...ကြားလားသမီး''
''ဟုတ်ကဲ့ပါအမေ''
''ကဲကဲ...သွားကြတော့ နောက်ကျနေမယ်''
သူမတို့တွေနေရာကထလိုက်ပြီးအိမ်ထဲကနေအလျှိုလျှိုထွက်လာခဲ့လိုက်ကြသည်။
သူမတို့တွေကကိုယ့်မိဘတွေကိုလှည့်တကြည့်ကြည့်နဲ့စိတ်မချဖြစ်နေရင်းဖြင်း ကားပေါ်သို့ရောက်မှန်းမသိရောက်သွားခဲ့ကြလေ၏။
''ငါတို့သွားပြီနော်တက်လူ''
''အေး...ငါ့သမီးလေးကိုအပ်တယ်နော်''
''ငါ့သမီးကိုရောပဲတေဇာ''
''အေးပါ...မင်းတို့သမီးတွေကိုငါတို့ကသမီးအရင်းလေးတွေလိုချစ်ပေးမှာပါ မင်းတို့စိတ်ချလက်ချသာနေကြ''
''အေးပါ...သွားကြတော့''
ဦးတေဇာနဲ့ဒေါ်ဒေဝီပါကားပေါ်တက်လာတော့ စက္ကန့်ပိုင်းအတွင်းမှာပဲကိုယ့်မိဘတွေနဲ့ခွဲခွာရတော့မည်မို့ ခင်ချူးနဲ့သွန်းရဲ့ခေါင်းလေးတွေက ကားတံခါးပေါက်နေပြူထွက်လို့လာခဲ့လေ၏။
''အဘတာ့တာ''
''တာ့တာသမီး''
''အမေ''
''အမေမှာတာတွေမမေ့နဲ့သမီး''
ခွဲခွာရဖို့အချိန်နီးကပ်လာတော့ သူမတို့ရင်ထဲမှာဝမ်းနည်းစိတ်တွေလှိုက်တက်လာရလေ၏။
မိဘနဲ့အခုလိုမျိုးတကွဲတပြားနေရလိမ့်မယ်လို့မထင်ထားရိုးအမှန်ပင်။
ခင်ချူးကသျှောင်နောက်ဆံထုံးပါခဲ့ရသလို သွန်းကလည်းအလုပ်လည်းရကျောင်းလည်းဆက်တက်လို့ရပြီး အမေ့ကိုပါနှမ်းစေ့လောက်ပေးပဲဖြစ်ဖြစ်ကျေးဇူးဆပ်ခွင့်ရချင်လို့ဒီလမ်းကိုရွေးလိုက်တာပါ။
တစ်ကယ်ဆိုရင် သူမတို့ကမိဘနဲ့ပဲအတူနေချင်တဲ့ကလေးလေးတွေပါပဲ။
***
Chapter.7ဆက်ရန်