Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.5


ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် ရှက်တာရောဒေါသထွက်တာပါပေါင်းပြီး ဘုန်းမြတ်တစ်ယောက်အခန်းအောင်းနေခဲ့၏။


''သားကြီးကဘာဖြစ်လို့လဲမသိဘူး...ညနေစာမစားတော့ဘူးတဲ့...​ဒေဝီအတင်းခေါ်တာတောင်မှတော်ပြီတဲ့''


''သူဗိုက်မဆာသေးလို့နေမှာပါ''


ဦးတေဇာနဲ့​ဒေါ်ဒေဝီတို့ အပြန်အလှန်ပြောနေကြတာကိုနားစွင့်ရင်း ခင်ချူးမျက်နှာပူမိသလိုရယ်လည်းရယ်ချင်နေသည်။


ဒီကြားထဲဘုန်းခန့်ကသူမကိုလာလာကြည့်ပြီးရယ်နေတာကြောင့် သူမမှာရယ်ချင်စိတ်ကိုမနည်းထိန်းထားခဲ့ရ၏။


အခုလောက်ဆိုဟိုကိုယ်တော်ကသူမကိုထုထောင်းချင်နေလောက်ပြီ။


***


သူမတို့ညနေစာစားပြီးတော့ လူကြီးတွေစကားပြောနေကြတုန်းမှာ ခင်ချူးကအပေါ်ထပ်ကိုတက်ခဲ့ပြီး ဘုန်းမြတ်ရဲ့အခန်းထဲသို့ဝင်ခဲ့လိုက်၏။


ခင်ချူးရောက်သွားတော့ သူကဘေးတစ်စောင်းအနေအထားနဲ့ သူမဘက်မျက်နှာမူပြီးအိပ်ပျော်နေလေသည်။


''ဟိုဟာ''


သူမအသံပေးလိုက်တော့ ကိုယ်တော်ချောကမျက်လုံးဖွင့်ကြည့်လာပြီး သူမကိုမြင်သည်နှင့်သရဲသဘက်တွေ့သလိုနဲ့ အိပ်နေရာမှထထိုင်လိုက်လေ၏။


''မင်း...မင်းငါ့အခန်းထဲဘာလာလုပ်တာလဲ...ဘာလို့အသံမပေးဘဲဝင်လာတာလဲ''


''ကျုပ်ကခင်ဗျားအဆင်မှပြေရဲ့လားလို့လာကြည့်တာပါ...အဆင်ပြေလားဟင်''


''ငါအဆင်ပြေမပြေကမင်းနဲ့ဘာဆိုင်လို့လဲ''


''ဆိုင်တာပေါ့...ကျုပ်ကခင်​ဗျားဥ​လေးကိုညှစ်လိုက်မိတာလေ...ခင်​ဗျားဂျိုးလေးအဆင်မှပြေရဲ့လားလို့''


ပြောလိုက်တဲ့သူမကဘယ်လိုနေလဲမသိပေမယ့် ကြားလိုက်ရတဲ့သူကတော့အတော်လေးရှက်ရွံ့ပြီးမျက်နှာပူသွားရသည်။


''ခင်ချူးချူးခိုင်...မင်းကမိန်းကလေးမှဟုတ်ရဲ့လား...အခုဖြစ်သွားတဲ့အခြေအနေကိုမင်းမရှက်ဘူးလား''


''မရှက်ပါဘူး...ကျုပ်ကအရင်ကတည်းကရွာထဲကကလေးတွေရဲ့ဂွေးဥလေးတွေကိုလိုက်ကိုင်နေကျ...ကလေးတွေကဂျိုးတန်းလန်းလေးတွေနဲ့လေ''


မယ်မင်းကြီးမလေးကလက်ညှိုးလေးကိုဘယ်ညာရမ်းပြီးအမူအရာနဲ့တောင်လုပ်ပြလိုက်သေးတယ်။


ဘုန်းမြတ်ကတော့ရှက်လွန်းလို့ အနားကစောင်ကိုဆွဲယူပြီးကိုယ့်မျက်နှာကိုအုပ်ထားလိုက်ရသည်။


''မင်းသွားလိုက်တော့ခင်ချူးချူးခိုင်...ငါသွေးတက်ပြီး​ေ/သသွားတာမမြင်ချင်ရင်အခန်းထဲကထွက်သွားလိုက်တော့''


''အမလေး...သွားမှာပါ သူအဆင်မပြေမှာစိုးလို့စေတနာနဲ့လည်းလာမေးရသေးတယ်''


သူမစကားဆုံးသည်နှင့် ခြေသံတဒုန်းဒုန်းနဲ့အတူ ကြမ်းပြင်ပါတုန်သွားတာကိုခံစားလိုက်ရသည်။


''လူသေးသလောက် စိတ်ကြမ်းကိုယ်ကြမ်းနဲ့ဟာမလေး''


သူလက်ထဲကစောင်ကိုပြန်ချပြီး မျက်နှာကိုခေါင်းနဲ့အပ်ပစ်လိုက်တော့သည်။


ရှက်စရာကောင်းလိုက်တာမပြောနဲ့တော့။


***


ညဘက် ခင်ချူးတစ်ရေးနိုး အပေါ့အပါးသွားဖို့အခန်းထဲကထွက်ခဲ့ပြီး အောက်ထပ်ကိုဆင်းလာချိန်မှာ ဘုန်းခန့်ကအောက်ထပ်ကစားပွဲမှာအရက်ထိုင်သောက်နေသည်ကိုတွေ့လိုက်ရလေသည်။


''ဟင်...ဘုန်းခန့် နင်အရက်တွေသောက်နေတယ်''


ဘုန်းခန့်ကသူမကသုံးနှစ်ပဲကွာတာဆိုတော့ ခင်ချူးကလည်းပေါ့ပေါ့ပါးပါးနဲ့'နင်တွေ ငါတွေ'နဲ့ပဲပြောဖြစ်သည်။


သူမကိုမြင်တော့ဘုန်းခန့်ကblack labelပုလင်းအား သူ့ဘေးကိုဆွဲချလိုက်လေ၏။


''မဟုတ်ပါဘူးဟ...ဘာတွေလျှောက်ပြောနေတာလဲ''


''အံမယ်...ငါ့များတောသူဆိုပြီးငတုံးများမှတ်နေလား အဲ့black labelကအရက်မှန်းငါသိတယ်''


သူမကသူ့နားမှာလက်နှစ်ဖက်ပိုက်ကာလာရပ်ပြီးပြောလေသည်။


''အေး...သိတယ်ဆိုလည်းပါးစပ်လေးပိတ်ထားပေး...ဖေဖေသိရင်ငါ့ကိုဆော်မှာဟ...ဖေဖေကသူကိုယ်တိုင်လည်းမသောက်ဘူး ငါတို့ကိုလည်းအလုပ်သဘောအရကလွဲပြီးမသောက်ခိုင်းဘူး...အခုလိုအရက်ပုလင်းယူလာတာသာသိရင်ငါတော့သွားပြီ''


''အေးပါ...ငါသိပါတယ် ငါတောင်မှထန်းရည်သောက်သေးတာပဲ...နင်ယောကျ်ားလေး အရက်သောက်တာဘာဆန်းလို့လဲ...ဒါနဲ့နင်ကအမြဲသောက်တာလား''


''အမြဲတော့မဟုတ်ပါဘူး...အဲလိုသာဆိုငါလည်းအရက်သမားမဖြစ်ခင် ငါ့အဖေသ/တ်လို့​ေ/သနေလောက်ပြီ''


''အဖေကိုကြောက်လို့သာတော်တော့တယ်''


ပြောပြီးသူမကအိမ်ထဲကနေထွက်သွားလေ၏။


သူလည်းအရက်ပုလင်းကိုပြန်သိမ်းပြီးအိမ်ပေါ်သို့တက်လာခဲ့လိုက်တော့သည်။


ခင်ချူးစိတ်ထဲမှာတေးမှတ်လိုက်သည်က လူလစ်တာနဲ့ဘုန်းခန့်ရဲ့အရက်ကိုခိုးသောက်ဦးမည်ဟု...။


***


မနက်ဖြန်ဆိုရင် သူတို့မိသားစုကမြို့ကိုပြန်တော့မည်မို့ ဒီနေ့မှာပဲသူတို့ကရွာဦးဘုန်းကြီးကျောင်းမှာဝတ္ထုငွေတွေသွားလှူကြသည်။


အဲဒီကပြန်လာတော့ ရွာထဲကသူတို့မိတ်ဆွေတွေကိုလိုက်လံနှုတ်ဆက်လေ၏။


တေဇာညီနောင်ကတော့အိမ်မှာပဲကျန်ခဲ့သည်။

မြို့သားငပျော့ကောင်တွေကလမ်းလျှောက်ရမှာပင်ပန်းလို့တဲ့။


''ကိုကြီး...ကျွန်တော်ရွာထဲခဏသွားဦးမယ်''


''ခုနကတော့မင်းပဲဘယ်မှမသွားချင်ဘူးဆို''


''အခုကလုပ်စရာရှိလို့''


ဘုန်းခန့်ကစပ်ဖြီးဖြီးပြော၍အိမ်ထဲကနေထွက်သွားလေ၏။

အပေါ်ထပ်မှာရှိနေတဲ့ခင်ချူးကလည်း ကြမ်းပြင်မှာဝမ်းလျားမှောက်လှဲပြီး နားကိုကြမ်းပြင်မှာကပ်ကာ အောက်ကစကားတွေကိုနားစွင့်ရင်းနဲ့ပြုံးလိုက်သည်။


''ဟင်းဟင်း...ငါ့အတွက်ဂွင်ပဲ''


ခင်ချူးကချက်ချင်းပဲနေရာကထပြီး တေဇာညီနောင်တို့အခန်းထဲကိုဝင်ကာ သူတို့ရဲ့ခရီးဆောင်အိတ်တွေကိုလိုက်ဖွင့်ကြည့်ပါတော့သည်။


သူမ,ရှာနေတဲ့အရာကလည်းသိပ်ပြီးမရှာလိုက်ရပါ။


''တွေ့ပြီ...ငါ့ရဲ့black labelလေး''


သူမကအရက်ပုလင်းကိုရင်ဘတ်မှာပိုက်၍အခန်းထဲကထွက်လာကာ သူတို့နဲ့မျက်​စောင်းထိုးကသူမအခန်းထဲသို့ဝင်ခဲ့ပြီး အရန်သင့်ယူထားသောခွက်ထဲသို့အရက်တွေကိုလောင်းထည့်လိုက်တော့၏။


တစ်ဖက်မှာလည်း ဘုန်းမြတ်တစ်ယောက် အိမ်ရှေ့ကစားပွဲမှာဖုန်းထိုင်ကြည့်နေတုန်း ရွာသားသုံးယောက်ကသူ့ဆီသို့ရောက်လာပြီး...


''မြို့သားလူချော...ဘာလုပ်နေတာလဲ''


''ပျင်းလို့ဖုန်းကြည့်နေတာပါ''


''အော်...ပျင်းရင်ငါတို့နဲ့လိုက်ခဲ့လေ''


''ဘယ်လဲဗျ''


''ရောက်ရင်သိမှာပေါ့...လိုက်ခဲ့စမ်းပါ''


''မဟုတ်...''


သူတို့သုံးယောက်ကဘုန်းမြတ်ကိုဘာမှအပြောမခံတော့ဘဲအတင်းဆွဲခေါ်လာကြပါတော့သည်။


ခင်ချူးအမွှေမကလည်းအရက်တွေသောက်ပြီးအိပ်ရာပေါ်မှာဝမ်းလျားထိုးကြီးအိပ်ပျော်နေခဲ့လေ၏။


***


မြို့သားတို့ကပြန်တော့မယ်ဆိုတော့ သွန်းတစ်ယောက် စိတ်မပျော်နိုင်ရှာပေ။


သူမစိတ်ထဲမှာလေးလံထိုင်းမှိုင်းနေပြီး တစ်နေကုန်ဘာလုပ်လုပ်စိတ်ကမပါ။


''ဟင်းးး''


''ဘာတွေသက်ပြင်းချနေတာလဲ''


''ဟင်''


ရင်းနှီးပြီးသားအသံကြောင့် သွန်းနောက်ကိုကပြာကယာလှည့်ကြည့်လိုက်တော့ ဘုန်းခန့်ကသူမကိုပြုံးပြီးကြည့်နေတာနဲ့လာဆုံ၍ သူမရင်ထဲမှာအေးခနဲဖြစ်သွားရသည်။


မိန်းကလေးတွေကိုကစားတတ်တဲ့အကျင့်ဆိုးလေးကြောင့် ဘုန်းခန့်ကသူမြို့ကိုမပြန်ခင်မှာ သွန်းရဲ့စိတ်ကိုဆွထားခဲ့ချင်တာမို့ အခုလိုသူမထံရောက်လာရခြင်းပင်။


''ကိုဘုန်းခန့်...အိမ်ထဲကိုဘယ်လိုလုပ်ပြီးဝင်လာတာလဲ''


သွန်းကနေရာကနေထပြီးမေးလိုက်၏။


''တံခါးကနေဝင်လာတာပေါ့...အန်တီမရှိဘူးလား''


''မရှိဘူး...ဈေးဆိုင်သွားတယ် ကိုဘုန်းခန့်ကသွန်းဆီဘာကိစ္စရှိလို့လဲဟင်''


''ကိုယ်ကမနက်ဖြန်ကျရင်ပြန်တော့မှာလေ...အဲဒါ မင်းကိုတွေ့သွားချင်လို့''


''........''


''ကိုယ်တော့မြို့ကိုပြန်ရောက်ရင်မင်းကိုအရမ်းလွမ်းနေတော့မှာပဲ''


''ရှင်!...ဘာ ဘာကိုပြောတာလဲ''


''ဒီလောက်ပြောနေတာကိုသဘောမပေါက်သေးဘူးလား...ကိုယ့်စိတ်ထဲမှာမရှိနေတဲ့သူကို ဘယ်သူကသတိရမှာလဲ''


သူ့စကားကြားတော့ သွန်းကရှက်ရွံ့သွားဟန်နဲ့ခေါင်းငုံ့သွားလေ၏။


''ကိုယ်ပြောတာကိုသဘောပေါက်ပြီမလား''


''သွန်းတို့ကကိုဘုန်းခန့်တို့လိုလူတွေနဲ့အလှမ်းဝေးလွန်းပါတယ်...ပြီးတော့ပြန်တွေ့ဖို့ကလည်းဖြစ်နိုင်ပါဦးမလားမသိဘူး''


''ကိုယ်သိပါတယ်...ဒါပေမယ့် ကိုယ်မင်းကိုအမြဲသတိရနေမယ်ဆိုတာတော့သိစေချင်တယ်...ကိုယ်သွားတော့မယ်''


ပြောပြီးတာနဲ့ဘုန်းခန့်ကနေရာကနေလှည့်ထွက်လာခဲ့လိုက်လေသည်။


''အဲဒါက သူ့ရင်ထဲမှာငါအမြဲရှိနေမယ်လို့ပြောသွားတာပဲ...ဟိဟိ...ရှက်လိုက်တာ''


သွန်းကကိုယ့်ဘာသာတီးတိုးရေရွတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ်ရှက်ရွံ့ရင်ခုန်နေခဲ့လေ၏။


ဘုန်းခန့်ကတော့သူ့လုပ်ရပ်သူသဘောကျကာပြုံးဖြီးဖြီးရယ်။


***


ရွာသားသုံးယောက်ကဘုန်းမြတ်ကိုထန်းတောဆီခေါ်လာပြီးထန်းရည်ဝိုင်းတိုက်ကြတာပါ။


သူတို့ကဂုန်းဆင်းဖို့ခေါ်လာတာပေမယ့် သူတို့ဂုန်းမဆင်းရသေးခင်မှာပဲမြို့သားကခေါင်းမထောင်နိုင်လောက်အောင်မူးပြဲသွားလေ၏။


သူကထန်းတောကိုရောက်တော့မသောက်ဘူးဇွတ်ငြင်းပေမယ့် သူတို့ကအတင်းဝိုင်းတိုက်ခဲ့တော့ကိုယ့်အ​ပြစ်နဲ့ကိုယ် မြို့သားလူပျော့ကိုတွဲပြီးအိမ်သို့ပြန်ခေါ်လာခဲ့ပေးရလေသည်။


သူတို့တစ်ချိန်လုံးကသူများကပဲသူတို့ကိုတွဲခေါ်သွားပေးရတာ။

အခုရာဇဝင်ရိုင်းစွာနဲ့ပဲ သူတို့ကသူများကိုပြန်တွဲပေးနေရပြီပင်။


''ဟေ့လူတွေ...ကျွန်တော့်ကို အ​ပေါ်ထပ်ထိပို့ပေးနော်...အေ့''


''အေးပါကွာ''


သူတို့အုပ်ကြီးအိမ်ရောက်သည်နှင့် မြို့သားကိုအပေါ်ထပ်ခေါ်ခဲ့လိုက်ပြီး ကြုံရာအခန်းထဲသို့တွန်းထည့်ပေးကာ သူတို့လည်းနေရာကနေလှည့်ပြန်လာခဲ့လိုက်ကြ၏။


သူတို့ကအခန်းထဲထိမပို့ဘဲ အခန်းပေါက်ဝကနေသာတွန်းပို့ပေးလိုက်တာမို့ ထိုအခန်းမှာခင်ချူးရှိနေတာကိုမသိလိုက်ကြပေ။


ဘုန်းမြတ်ထက်အရင်အိမ်ပြန်ရောက်ပြီး အိပ်ပါပျော်နေပြီဖြစ်သောဘုန်းခန့်လည်း ခြေသံတွေကြားပေမယ့် လူကြီးတွေပြန်လာတယ်ထင်ပြီးဒီအတိုင်းပဲပေပေတေတေဆက်အိပ်နေခဲ့လိုက်လေ၏။


ဒါကပဲပြဿနာကြီးတစ်ခုကိုယူဆောင်လာပေးတာဆိုရင်...။


***


Chapter.6ဆက်ရန်

Report Page