Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.4
ညရောက်သော်...
ခင်ချူးတစ်ယောက် ဖားတွေထည့်ထားတဲ့ပလိုင်းကိုလွယ်၍ အိမ်ကနေခိုးထွက်လာခဲ့လိုက်၏။
ဘုန်းမြတ်နဲ့ဘုန်းခန့်ကလည်း ခင်ချူးအိမ်ထဲကထွက်သွားသည်နှင့် နောက်ကနေတိတ်တိတ်လေးလိုက်ခဲ့ကြလေသည်။
''ဘုန်းခန့်...ပြန်ရအောင်ကွာ...သူဘာလုပ်လုပ်စိတ်ဝင်စားမနေစမ်းပါနဲ့''
''ကိုကြီးကလည်း...ပျော်စရာတစ်ခုခုတွေ့ရင်တွေ့ရမှာပေါ့...လာစမ်းပါ''
ခင်ချူးကတော့ကိုယ့်အာရုံနဲ့ကိုယ်မို့ နောက်ကလူလိုက်လာတာကိုမသိ။
သူမရဲ့ခြေလှမ်းတွေကသာကျော်တို့အိမ်ရှေ့မှာရပ်သွားတော့ ဘုန်းခန့်က...
''အဲဒါသာကျော်ဆိုတဲ့လူရဲ့အိမ်မလား''
''ဟုတ်တယ်လေ''
သူတို့ကြည့်နေတုန်းမှာပဲ ခင်ချူးကခြံစည်းရိုးကျော်ပြီးထိုအိမ်ထဲကိုဝင်သွားပြီဖြစ်သည်။
''ဟာ...မြန်ချက်ကတော့ မျောက်ကလေးကျနေတာပဲ...လာကိုကြီး အနီးကပ်သွားကြည့်ရအောင်''
ခင်ချူးတစ်ယောက် ခြံထဲကသစ်ပင်မှာထောင်ထားတဲ့လှေကားကိုယူပြီး သာကျော်တို့အခန်းပြတင်းပေါက်နားမှာကပ်ထောင်လိုက်၏။
သူမကတမင်ကြိုတင်ကြံစည်ပြီး တံခါးဂျက်ကိုဖျက်ထားသည်မို့ သူတို့ခမျာပြတင်းပေါက်ပိတ်မရရှာ။
ခင်ချူးကလှေကားပေါ်ခပ်ဖြည်းဖြည်းတက်သွားပြီး ပြတင်းပေါက်နားရောက်သည်နှင့် ပလိုင်းထဲကဖားတွေအား အခန်းထဲသို့လောင်းထည့်ပစ်လိုက်တော့သည်။
''အားးး!!!''
''အားးး!!!''
တိတ်ဆိတ်နေတဲ့အချိန်ကြီး ကြားလိုက်ရတဲ့အော်သံကြောင့် ဘုန်းမြတ်နဲ့ဘုန်းခန့်တို့အထိတ်တလန့်ဖြစ်သွားခဲ့ရလေသည်။
***
''တောက်!...လူကြားလို့မကောင်းကွာ...သူများမင်္ဂလာဦးအခန်းထဲကိုဖားတွေသွားထည့်ရတယ်လို့...ငါတယ်''
ထိပ်တုံးအခတ်ခံထားရတဲ့သမီးဖြစ်သူအား ဦးတက်လူကခေါင်းခေါက်ဖို့လက်တရွယ်ရွယ်ဖြစ်နေပေမယ့် တစ်ကယ်မခေါက်ရက်ပါ။
ဘုန်းခန့်ကသူမကိုမလှမ်းမကမ်းကနေလှမ်းကြည့်ပြီးအသံမထွက်မိအောင်ကြိတ်ရယ်နေသလို ဘုန်းမြတ်ကလည်းပြုံးတုံးတုံးရယ်။
တစ်ကယ့်ဗရုတ်မလေးပါဆို။
''ဒါတောင်မြွေမဖမ်းရဲလို့...မဟုတ်ရင်မြွေထည့်ပေးလိုက်မှာ''
''မိချူး!!''
''ကဲပါတက်လူရာ...ကလေးကိုဆူမနေပါနဲ့တော့...အဲ့ထိပ်တုံးကြီးလည်းဖြုတ်ပေးလိုက်ပါ''
''သူ့ကိုလွှတ်ပေးလိုက်ရင် ရွာသူရွာသားတွေကငါ့ကိုအပြစ်ပြောကြတော့မှာ...နောက်နေ့မနက်ထိ ဒင်းကိုဒီအတိုင်းထားရမယ်...ဒီအတိုင်းပဲနေ''
''နေမယ်''
''နေ''
ဦးတက်လူထွက်သွားတော့ ဒေါ်ဒေဝီကသူမနားလာထိုင်ကာ...
''သမီး...ဘာမှမစိုးရိမ်နဲ့နော်...အန်တီတို့ကသမီးအဖေကိုပြောပေးပါမယ်''
''မပြောပါနဲ့အဒေါ်ရယ်...ရပါတယ် ကျုပ်ကရိုးနေပါပြီ...ဒီထိပ်တုံးကကျုပ်အတွက်သီးသန့်လေ...ကျုပ်ပဲဒီထိပ်တုံးကိုသုံးခွင့်ရှိတာ...အဟဲ''
''ငါ့သမီးကတော့လေ...ဒီလောက်ဖြစ်နေတာကိုရယ်နိုင်သေးတယ်နော်''
ငါ့သမီးဆိုသောအသုံးအနှုန်းကြောင့် ခင်ချူးမျက်နှာလေးမသိမသာညှိုးသွားရသည်။
အမေ့ကိုလွမ်းလိုက်တာ။
***
ဒီနေ့တော့ ခင်ချူးနဲ့သွန်းက သူတို့ညီအစ်ကိုနဲ့အတူရွာထဲမှာလျှောက်လည်ရင်း ရွာဦးဘုန်းကြီးကျောင်းကိုလည်းခေါ်သွားပေးလေ၏။
''သွန်းကဆယ်တန်းအောင်ပြီးသားဆို''
ဘုန်းမြတ်ကမေးခြင်းပင်။
''ဟုတ်တယ်ကိုဘုန်းမြတ်''
''တက္ကသိုလ်ဆက်မတက်ဘူးလား''
''သွန်းတို့ဘဝကတက္ကသိုလ်ဆိုတာနဲ့ဝေးပါတယ်...အမေကသွန်းကိုပင်ပင်ပန်းပန်းရှာကျွေးနေရတာလေ...အဲတော့အမေ့ကိုပြန်ကူဖို့ပဲတွေးတယ်''
''ဘွဲ့ရလို့အလုပ်ကောင်းကောင်းရတဲ့အခါကျရင်အမေ့ကိုပိုပြီးပြန်ကူနိုင်မှာပေါ့''
ဘုန်းခန့်ကလည်းခင်ချူးအား...
''မင်းရော...ဆယ်တန်းပြန်မဖြေဘူးလား''
''ဘာလုပ်ဖို့ဖြေရမှာလဲ...ပျင်းလွန်းလို့ အောင်မှာလည်းမဟုတ်တာကို''
''အဲလိုပြောလို့တော့မရဘူးလေ...ထပ်ကြိုးစားကြည့်ရင်းနဲ့အောင်ချင်အောင်မှာပေါ့''
''ဆယ်တန်းမအောင်လည်းအချိန်တန်ရင်ယောကျ်ားလုပ်စာထိုင်စားရမှာပဲ''
သူမစကားကိုကြားတော့ ဘုန်းမြတ်က...
''ကြီးမားလိုက်တဲ့ရည်မှန်းချက်''
ဟုခပ်တိုးတိုးရေရွတ်လေ၏။
ဒါကို ခင်ချူးကနားစွန်နားဖျားကြားဖြစ်အောင်ကြားလိုက်ပြီး သူ့အားမှုန်တေတေလှည့်ကြည့်လာလေသည်။
ဘာမှတော့ရန်မလုပ်။
သူတို့ဘုန်းကြီးကျောင်းထဲရောက်တော့ ခင်ချူးက ကျောင်းထိုင်ဘုန်းကြီးဆီကနေပြီး သရက်သီးခူးချင်ကြောင်းလျှောက်တင်၏။
ဘုန်းကြီးကခွင့်ပြုသည်နှင့် သူတို့လေးယောက်သား သရက်ပင်ရှိရာဆီသို့ထွက်ခဲ့လိုက်သည်။
အပင်ဆီရောက်တော့ခင်ချူးက...
''ခင်ဗျားတို့ထဲကဘယ်သူအပင်ပေါ်တက်မှာလဲ''
ဘုန်းမြတ်နဲ့ဘုန်းခန့် ကိုယ့်ကိုယ်ကိုလက်ညှိုးထိုးကာ...
''ငါတို့လား''
''ငါတို့လား''
ဟူ၍ပြိုင်တူမေးလာလေ၏။
''အင်းလေ...ကျုပ်ကအပင်တက်ကျွမ်းတယ်...ဒါပေမယ့်အခုကဘုန်းကြီးကျောင်းထဲမှာမို့မသင့်တော်ဘူး...အဲတော့ခင်ဗျားတို့တက်ကြ''
''ငါတို့မှအပင်မတတ်တတ်တာ''
''ဟား...ပြဿနာပဲ''
''တံချူနဲ့ပဲခူးတာပေါ့ဟာ''
သွန်းကပြောခြင်းပင်။
''ငါတို့အရပ်နဲ့မှမမီတာ...တံချူအဖျားကနေကိုင်တာတောင်မှ အပင်ဆီရောက်ဖို့လိုနေတာကို''
''ကဲပါ...တံချူယူခဲ့...ငါတို့ခူးပေးပါမယ်''
ဘုန်းမြတ်ကပြောလာသည်။
''တံချူကရောကိုင်တတ်လို့လား''
''ယူသာယူခဲ့စမ်းပါ''
''ကျွန်မယူခဲ့ပေးမယ်''
ပြောပြီးသွန်းကနေရာကနေအပြေးလေးထွက်သွားလေ၏။
ခဏကြာတော့သူမကတံချူလေးကိုင်ပြီး နေရာကိုပြန်ရောက်လာလေသည်။
''ရပြီ''
ဘုန်းမြတ်ကတံချူကိုအပေါ်မြှောက်ပြီး သရက်သီးတွေကိုစတင်ပြီးခူးပေးလေ၏။
တစ်လုံး တစ်လုံးရဖို့ကလည်းမနည်း။
''ဟိုဘက်ကအလုံးကိုခူး...ပြောင်တင်းနေတာပဲ''
သူမလက်ညှိုးညွှန်ပြတဲ့အလုံးတွေကို ဘုန်းမြတ်ကမရမကခူးပေးရှာသည်။
ထိုအခိုက်...
''ဟင်!''
တံချူထိပ်မှာမြွေစိမ်းတစ်ကောင်ကရစ်ပတ်လိမ်ခွေနေတာကိုမြင်ပြီး ခင်ချူးတစ်ယောက်မျက်လုံးတွေပြူးကျယ်သွားရလေ၏။
''မြွေ...မြွေ...အား!''
''အု''
ခင်ချူးကအလန့်တကြားထအော်ပြီး တစ်ခုခုကိုကြောက်အားလန့်အားနဲ့ဆွဲညှစ်ပစ်လိုက်တော့သည်။
ဘုန်းခန့်နဲ့သွန်းလည်း ခင်ချူးတို့ကိုလှည့်ကြည့်လိုက်ရာ ဘုန်းမြတ်မျက်နှာကြီးကနီရဲနေတာမို့ သူတို့နှစ်ယောက်အောက်ကိုငုံ့ကြည့်လိုက်တော့...
''ဟာ''
သွန်းကမျက်နှာကိုလက်နဲ့ကွယ်ပြီးသူတို့ကိုကျောပေးလိုက်သလို ဘုန်းခန့်ကလည်းခင်ချူးလက်ကိုမရမကဆွဲဖယ်ပစ်လိုက်လေ၏။
ထိုအခါမှပဲခင်ချူးလည်းသူမ,ညှစ်ပစ်လိုက်တဲ့အိစိအိစိကြီးကဘာလဲဆိုတာသေချာသဲသဲကွဲကွဲသိတော့သည်။
''ကိုကြီး...ရရဲ့လား''
မြေကြီးပေါ်ဒူးထောက်ကျသွားသောအစ်ကိုဖြစ်သူအား ဘုန်းခန့်ကဘေးကနေထိန်းထားလိုက်ရ၏။
''ငါ့...ဟာ...လေး''
''တောင်းပန်ပါတယ်ဗျာ...ကျုပ်ဆေးလိမ်းပေးပါမယ်''
''ဘာ!!...အာ့...6သပါပြီ''
ပေါင်နှစ်ဖက်ကိုဖိညှပ်ပြီးအော်နေသောသူ့အား ခင်ချူးအားတုံ့အားနာ စိတ်မသက်မသာနဲ့ကြည့်လိုက်မိသည်။
သူကလည်းဒီနေ့မှပုဆိုးဝတ်လာရတယ်လို့။
ကံကောင်းလို့ဥမကြေတာ။
***
C.5ဆက်ရန်