Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.24


''မရွှေငု''


သွန်းကထမင်းဟင်းချက်ပြုတ်နေသောမရွှေငုနားသွားပြီး အနားကခုံမှာဝင်ထိုင်လိုက်လေသည်။


''ပြောလေသွန်း''


''မွေးနေ့ပွဲကဘယ်လိုအဝတ်အစားမျိုးနဲ့တက်သင့်လဲဟင် ပြီးတော့ဘာလက်ဆောင်ပေးသင့်လဲ''


''ဘယ်သူ့မွေးနေ့ရှိလို့လဲ''


''သူငယ်ချင်းရဲ့မွေးနေ့ပါ...ဒီညနေကျရင်××××ဟိုတယ်မှာကျင်းပမှာတဲ့''


''ဟိုတယ်ဆိုရင်တော့ အဝတ်အစားကိုပြီးစလွယ်မဝတ်သင့်ဘူး...သွန်းမှာပိုက်ဆံရှိလား''


''ရှိတယ်မရွှေငု''


''အဲဒါဆိုရင် ဒီဟင်းကျက်တာနဲ့ အစ်မတို့နှစ်ယောက်shoppingထွက်ကြမယ်...သွန်းရဲ့ခေါင်းအစခြေအဆုံးပြင်ဆင်မှုကိုအစ်မတာဝန်ယူတယ်''


''တစ်ကယ်လားဟင်မရွှေငု...ကျေးဇူတင်ပါတယ်နော်''


''ရပါတယ်ငါ့ညီမရယ်...အဲဒါဆိုရင်ဒီဟင်းအိုးလေးခဏကြည့်ထားပေး အစ်မရေမြန်မြန်သွားချိုးလိုက်မယ်''


''ဟုတ်ဟုတ်''


မရွှေငုထွက်သွားသည်နှင့်သွန်းကဟင်းအိုးကိုသွားမွှေလိုက်သည်။


ဒီနေ့ကမိုးသင်းသင်းရဲ့မွေးနေ့မို့ သူမတို့သူငယ်ချင်းတွေကထိုပွဲကိုမဖြစ်မနေတက်ရောက်ရမည်ပင်။


သူမကမြန်မာဝတ်စုံတွေကလွဲရင်ဘာမှမဝတ်တတ်သလို ခေတ်ဆန်တဲ့အဝတ်အစားတွေလည်းတစ်ထည်မှမရှိ၍အခက်တွေ့ခဲ့ရ၏။


မရွှေငုကအားကိုးရလို့သာတော်သေးသည်ပြောရမည်။

မဟုတ်ရင်သူမတော့ဒုက္ခများနေတော့မှာ။


***


သွန်းတို့shoppingထွက်ပြီးပြန်လာသည်နှင့် မရွှေငုကသူမကိုမွေးနေ့ပွဲသွားဖို့အတွက် စတင်ပြင်ဆင်ပေးပါတော့သည်။


မရွှေငုကမိတ်ကပ်လည်းလိမ်းပေးပြီး သူမရဲ့ဆံပင်ရှည်တွေကိုခပ်မြင့်မြင့်စည်းကာ စည်းထားတဲ့ဆံနွယ်တွေထဲကနေ ဆံစလေးအနည်းငယ်ကိုခွဲယူပြီး ကျစ်ဆံမြီးပွပွလေးကျစ်၍ ခေါင်းစည်းကြိုးမှာပတ်ပေး၏။


ပြီးတော့ပုလဲတစ်လုံးတည်းပါတဲ့​ဆွဲကြိုးမျှင်လေးကိုလည်းသူမလည်တိုင်မှာဆင်မြန်းပေးသည်။


သူမရဲ့ဝတ်စုံကဆွဲသားလက်ရှည်လေးကိုမှ ပေါင်ကတစ်ဝက်မျှသာရှိသည်မို့ သွန်းအရာအားလုံးကိုစိတ်တိုင်းကျပေမယ့် ဝတ်စုံတစ်ခုကိုတော့စိတ်ထဲမှာအတော်လေးဘဝင်မကျနေ။


အင်္ကျီကဆွဲသားမို့ မရွှေငုကသူမကိုတော်မတော်ပေးမဝတ်ဘဲ သူမနဲ့ကျိန်းသေပေါက်တော်မှာဆိုပြီး သူ့စိတ်ကြိုက်ရွေးဝယ်လာခဲ့တာမို့ အခုဝတ်ကြည့်မှပဲသွန်းအတွက်ကအတော်လေးတိုနေသည်။


''မရွှေငု...အင်္ကျီကမတိုလွန်းဘူးလားဟင်''


''မတိုပါဘူး သူများတွေဖြင့်ဒီ့ထက်တိုတာတွေပါဝတ်နေကြတာကို''


''ဒါပေမယ့်...''


''သွန်း...ရောမရောက်ရင်ရောမလိုကျင့်ရမှာပဲ ပွဲကိုရောက်ရင်တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာတွေ အင်္ကျီကိုဆွဲချတာတွေလုပ်မနေနဲ့ သရုပ်ပျက်ပြီး အိန္ဒြေလည်းပျက်တယ်...ရဲရဲဝံ့ဝံ့ ယုံကြည်မှုရှိရှိဝင်သွား ကြားလား''


''အင်းပါ''


''ကဲ...ပွဲကစတော့မှာမလား တက္ကစီနဲ့သွားမှာလား''


''သူငယ်ချင်းလာကြိုမှာ''


''ဟုတ်လား...အဲဒါဆိုအရန်သင့်သွားစောင့်နေတော့လေ''


''ဟုတ်ကဲ့...အဲဒါဆိုသွားပြီနော်အစ်မ''


''အေးအေး...အစ်မမှာတာမမေ့နဲ့နော်''


''ဟုတ်ကဲ့ပါ''


ပြောပြီးသည်နှင့် သွန်းကပိုက်ဆံအိတ်နဲ့ဖုန်းကိုယူ၍အခန်းထဲကထွက်လာခဲ့လိုက်သည်။

သူမအောက်ထပ်ကိုရောက်ပြီးသိပ်မကြာခင်မှာပဲ သူမထံသို့ဖုန်းဝင်လာ၏။


ဖုန်းဆက်လာသူကအောင်ကောင်းမြတ်ဖြစ်နေ၍ သူမကိုလာကြိုပြီဆိုတာတန်းသိလိုက်တာမို့ သွန်းကဖုန်းဖြေရင်းနဲ့ပဲအိမ်ထဲကနေထွက်လာခဲ့လိုက်လေသည်။


''ငါထွက်လာပြီ''


''အေးအေး''


အောင်ကောင်းမြတ်ဖုန်းချပြီးသည်နှင့် ခြံတံခါးကပွင့်သွားပြီး အနက်ရောင်body fitလေးဝတ်ထားသောသွန်းကခြံထဲကနေထွက်လာပါတော့သည်။


သူမရဲ့ဝတ်စုံကြောင့် သူမခန္ဓာကိုယ်ကောက်ကြောင်းကအရှိကိုအရှိတိုင်းထင်းထွက်နေပြီး ပေါင်တံဖြူဖြူသွယ်သွယ်တွေကလည်းအတော်လေးဆွဲဆောင်မှုရှိနေတာမို့ သူ့ရင်ထဲမှာအတော်လေးဗြောင်းဆန်သွားရပြီး နေမထိထိုင်မသာပါဖြစ်သွားခဲ့ရလေ၏။


သူကြည့်နေတုန်းမှာပဲသူမကကားထဲသို့ဝင်ထိုင်လိုက်သည်။


''သွန်း...နင်အတော်လှတာပဲဟာ''


''ဟုတ်လား...ငါကတော့မနေတတ်ဘူးဖြစ်နေတာ...စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေသလားလို့''


''နင်ကဝတ်ဖူးဝတ်စမရှိလို့ပါ တစ်ကယ်ဆွဲဆောင်မှုရှိတယ်...နင့်ခန္ဓာကိုယ်ကအမိုက်စားပဲ''


''မဟုတ်တာတွေ...သွားရအောင်''


''အင်း''


အောင်ကောင်းမြတ်ကကားစက်နှိုးလိုက်ပြီး နေရာကနေမောင်းထွက်လာလိုက်တော့သည်။


***


ဘုန်းခန့်အိမ်ပြန်ရောက်သည်နှင့်အရင်ရှာမိတာကသွန်းကိုပင်။


သူဖိနပ်ချွတ်ပြီးအိမ်ထဲဝင်လာတော့ သူ့အမေကအပေါ်ထပ်ကနေဆင်းလာပြီးမှ...


''ဟော...ပြန်လာပြီလားသား''


''ဟုတ်...ဒါနဲ့သွန်းရော''


''သူ့သူငယ်ချင်းရဲ့မွေးနေ့ကိုသွားတယ်လို့မေမေ့ကိုဖုန်းဆက်တယ်''


''ဪ...မွေးနေ့ကဘယ်မှာကျင်းပတာလဲ''


''×××××ဟိုတယ်မှာဆိုပဲ''


သူမျက်ခုံးတွေတွန့်ချိုးသွားရသည်။


ဟိုတယ်မှာကျင်းပတဲ့မွေးနေ့ကိုသူမကမြန်မာဝတ်စုံနဲ့တော့မတက်လောက်ဘူးမလား။


''သားခဏတဖြုတ်နားပြီးရေချိုးလိုက် ဒီညသားအဖေကသူ့မိတ်ဆွေတွေနဲ့မိတ်ဆုံစားမှာမို့မေမေတို့ကိုသူ့ကိုမစောင့်တော့နဲ့တဲ့...သားအစ်ကိုကလည်းသိတယ်မလား အဲတော့မေမေနဲ့သားပဲထမင်းလက်ဆုံစားရတော့မှာ သားရေချိုးပြီးရင်မေမေတို့ထမင်းစားကြမယ်''


''ဟုတ်မေမေ''


ပြောပြီးသည်နှင့်သူအပေါ်ထပ်သို့တက်လာခဲ့လိုက်၏။


အပေါ်ထပ်ကိုရောက်တော့မရွှေငုကအောက်ထပ်ကိုဆင်းလာသည်နှင့်ဆုံ၍ သူမရွှေငုရှေ့မှာပိတ်ရပ်လိုက်လေသည်။


''မရွှေငု...သွန်းကဘာအဝတ်အစားဝတ်သွားတာလဲ''


''သူလား body fitလက်ရှည်လေးဝတ်သွားတာလေ...ပေါင်တစ်ဝက်လောက်တိုတာလေး...အရမ်းလှတာနော် ကောက်ကြောင်းလေးကဂစ်တာလေးလိုပဲ''


''ဘာ!!...အစ်မကဘာလို့အဲ့ပုံစံအတိုင်းပေးသွားလိုက်တာလဲ''


''အစ်မကိုယ်တိုင်ဆင်ပေးလိုက်တာလေ''


''ဘာပြောတယ်!...ဟားး...အစ်မကပြဿနာပဲဗျာ ​သူကလည်လည်ဝယ်ဝယ်ရှိတာမဟုတ်ဘူး သူ့အဲ့ပုံစံကိုမြင်ပြီး တဏှာရူးတွေကမကောင်းကြံရင်ဘယ်လိုလုပ်မလဲ''


သူ မရွှေငုထံကဘာဖြေရှင်းချက်စကားကိုမှမစောင့်တော့ဘဲ လှေကားအတိုင်းပြန်ဆင်းခဲ့လိုက်တော့သည်။


သူ့စိတ်ထဲမှာလည်းဘာကိုစိတ်ပူနေမှန်းမသိ။


တစ်ဖက်မှာတော့ သွန်းတစ်ယောက်ကသူငယ်ချင်းတွေကောင်းမှုနဲ့မသောက်စဖူးဝိုင်တွေသောက်ပြီး လူကမူးကွဲနေပြီပင်။


မိုးသင်းသင်းရဲ့မွေးနေ့က နှစ်ဖက်မိဘဘက်ကတော်စပ်တဲ့အမျိုးတွေရော သူတို့မိဘတွေရဲ့အသိတွေရော အတန်းထဲကသူငယ်ချင်းတွေနဲ့ရော လူကအတော်လေးများပြီးပွဲကလည်းအတော်ကြီးသည်။


​အောင်ကောင်းမြတ်ကလည်းသွန်းကိုဘေးကနေထိန်းပေးပေမယ့် သွန်းကဝိုင်သောက်ရသည့်အရသာကိုခံတွင်းတွေတွေ့ပြီး သောက်ပြီးရင်းသောက်ချင်နေတော့မို့ သူပါတားမရဖြစ်နေတာပင်။


''သွန်း...တော်တော့ နင်အရမ်းမူးနေပြီ ငါတို့ပြန်ရအောင်''


''ငါနည်းနည်းလေးပဲမူးတာပါ...ငါထပ်သောက်ချင်သေးတယ်''


''လာစမ်းပါဟာ''


အောင်ကောင်းမြတ်ကသူမလက်ထဲကဝိုင်ခွက်ကိုယူ၍စားပွဲပေါ်တင်ခဲ့ပြီး သူမလက်မောင်းလေးတွေကိုဆုပ်ကိုင်ကာ နေရာကနေထရပ်စေလိုက်လေသည်။


ထိုအခိုက် သွန်းရဲ့ကိုယ်လေးကယိုင်သွားပြီး သူမရင်ဘတ်လေးနဲ့သူ့ရင်ဘတ်ကလာထိတာမို့ သူ့ရင်ထဲမှာအတော်လေးလှုပ်ခတ်သွားရကာ တံထွေးတစ်ချက်မြိုချလိုက်မိ၏။


''ကောင်းမြတ်...မင်းလည်းသောက်ထားတာမလား...ကားမောင်းနိုင်ရဲ့လား''


''အေးဆေးပါ...ငါသောက်ထားတာကအအေးသောက်သလောက်ပဲရှိတာ''


သူကသွန်းရဲ့ပိုက်ဆံအိတ်ကိုသူမကိုယ်ပေါ်မှာသိုင်းလွယ်ပေးလိုက်ပြီး သွန်းကိုပါတွဲခေါ်လာခဲ့လိုက်တော့သည်။


***


လမ်းရောက်တော့အောင်ကောင်းမြတ်ကအိပ်ပျော်နေသောသွန်းကိုလှည့်တကြည့်ကြည့်နဲ့ပဲ သူ့စိတ်သူပြန်ထိန်းနေရသည်။


ဒါပေမယ့် သူမရဲ့ခြေတံတွေနဲ့သူမရဲ့ရင်ဘတ်ကိုကြည့်မိရင် သူစိတ်ရိုင်းတွေဝင်မိတာကတားမရဆီးမရပင်။


ထို့ကြောင့်သူကားကိုလမ်းဘေးတစ်နေရာမှာထိုးရပ်လိုက်ပြီး ကားခါးပတ်ကိုဖြုတ်ကာ သူမနားသို့တိုးကပ်သွားလိုက်သည်။


ထို့နောက် သူမရင်ဘတ်ဆီလက်လှမ်းတော့ လမ်းတစ်ဝက်မှာတင်သူတွန့်ဆုတ်သွားရပြန်၏။

မလုပ်သင့်ဘူး မဖြစ်သင့်ဘူးဆိုတာသိပေမယ့် သူ့စိတ်ကိုသူတားလို့မရဖြစ်နေပြီး သူမကိုတစ်ခါလောက်နမ်းချင်သလို သူမရဲ့ခန္ဓာကိုယ်ကိုလည်းထိချင်သည်။


ထို့ကြောင့်အရဲစွန့်ပြီး သွေးကြောစိမ်းလေးတွေထင်းနေသောသူမပေါင်တံလေးအားခပ်ဖွဖွဆုပ်ကိုင်ပြီး အသာအသာပွတ်သပ်ကာ အပေါ်သို့တဖြည်းဖြည်းတက်လာစဥ်မှာပဲ သွန်းကမျက်ခွံလေးတွေလှုပ်ခတ်လာခဲ့လေ၏။


သူမကိုတစ်ယောက်ယောက်ကထိနေတယ်ဆိုတာသိလိုက်သည်နှင့် သွန်းမျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ အောင်ကောင်း​မြတ်ကသူမပေါင်ကိုလာကိုင်နေတာကြောင့် သွန်း,မူးနေတာတွေတောင်ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရတော့သည်။


''နင်ဒါဘာလုပ်တာလဲအောင်ကောင်းမြတ်!''


သွန်းကသူ့ကိုတွန်းဖယ်ပစ်ပြီး ပါးကိုပါဖြ.တ်ရို.က်ကာ ကားပေါ်ကနေပြေးဆင်းဖို့ကြံစဥ်မှာပဲ အောင်ကောင်းမြတ်ကသူမကိုဆွဲထားပြီး အတင်းနမ်းဖို့ကြိုးစားလာလေ၏။


''လွှတ်!...လူယုတ်မာကောင်''


''ငါနင့်ကိုတစ်ကယ်ချစ်တာပါသွန်းရာ...ငါနင့်ကိုပြောဖို့ကြိုးစားနေခဲ့တာကြာလှပြီ ငါ့ကိုလက်ခံပေးပါသွန်းရယ်''


''လက်မခံဘူး...ငါ့ကိုလာမထိနဲ့ တစ်ကယ်ချစ်တဲ့သူဆိုတာ အခုလိုအောက်တန်းကျတဲ့လုပ်ရပ်တွေကိုမလုပ်ဘူး!...ငါ့ကိုလွှတ်ပေး''


သွန်းဒီလောက်ထိရုန်းကန်နေတာတောင်မှ သူကအတင်းအကြပ်ကြိုးစားနေတုန်းပင်။


ထိုအချိန်မှာပဲ အောင်ကောင်းမြတ်ဘက်ကကားတံခါးကပွင့်သွားပြီး လူကလည်းပုခုံးကနေဆွဲလှည့်ခံရကာ ကားပေါ်ကနေပါဆွဲချခံလိုက်ရတော့သည်။


သွန်းသေချာကြည့်လိုက်တော့ အောင်ကောင်းမြတ်ကိုဆွဲခေါ်သွားသူကအစ်ကိုဖြစ်နေ၍ သူမမျက်လုံးလေးတွေဝိုင်းစက်သွားခဲ့ရလေ၏။


''အစ်ကို''


ဘုန်းခန့်ကလည်းအောင်ကောင်းမြတ်ကိုစိတ်တိုတိုနဲ့အပေါ်စီးကနေပြီးမျက်နှာကိုအဆက်မပြတ်ထိုးပစ်လိုက်သည်။


သူ့မိန်းကလေးကိုဒီကောင်ကရာရာစစလာထိသည်လေ။


''တော်ပါတော့အစ်ကိုရယ်...လက်လွန်ကုန်မယ်''


သွန်းကသူ့ခါးကိုဖက်ပြီးမနည်းတားလိုက်ရ၏။


''ဟေ့ကောင်...မင်းမြဲမြဲမှတ်ထား ဒါငါလက်ထပ်မယ့်မိန်းကလေး မင်းလက်ဖျားနဲ့တောင်လာထိလို့မရဘူး...နောက်တစ်ခါဆိုမင်းအ​ေ.သပဲ...သွားစမ်းကွာ!''


အောင်ကောင်းမြတ်ကလည်းသူ့အမှားကြောင့်အခုလိုအထိုးခံရတဲ့အပေါ်မှာမကျေလည်တာမျိုးမဖြစ်မိဘဲ ချက်ချင်းဆိုသလိုကားပေါ်တက်ပြီး နေရာကနေမောင်းထွက်သွားတော့သည်။


ထိုအခါမှ ဘုန်းခန့်ကသွန်းရဲ့လက်မောင်းလေးနှစ်ဖက်ကိုဆုပ်ကိုင်လာပြီး...


''သူသွန်းကိုဘာလုပ်သေးလဲ ဘယ်နားထိသေးလဲ ကိုယ့်ကို​ပြော''


ဟူ၍ စိုးရိမ်တကြီးမေးတော့ သူမကငိုနေရင်းမှခေါင်းရမ်းပြပြီး သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့လေ၏။


''ဘယ်သူမှမကူနိုင်တော့ဘူးထင်နေတာ သူ့လက်ထဲမှာသွန်းဘဝပျက်တော့မယ်လို့ထင်ခဲ့တာ...အီးဟီး ဟီးး''


''အဲလိုအဖြစ်ခံစရာလား...ကိုယ်ကသွန်းကိုကာကွယ်ပေးမှာပေါ့ ဘယ်သူကမှသွန်းကိုမထိစေရဘူး ထိတဲ့သူကကိုယ့်လက်ထဲမှာအ​ေ.သပဲ''


''ဒါနဲ့...အစ်ကိုကဘယ်လိုလုပ်ပြီးရောက်လာတာလဲဟင်''


''အရင်ဆုံးကားထဲဝင်ရအောင်''


ပြောပြီးဘုန်းခန့်ကသူမကိုကားတံခါးဖွင့်ပေးပြီး ကားထဲဝင်ထိုင်စေလိုက်လေသည်။


နှစ်ယောက်လုံးကားထဲရောက်သည်နှင့် ဘုန်းခန့်ကသူ့အပေါ်ထပ်ကိုချွတ်ကာသူမပေါင်ပေါ်သို့လွှားခြုံပေးလာ၏။


''ကိုယ်အိမ်ပြန်ရောက်တော့ သွန်းဘယ်ကိုသွားတယ် ဘာဝတ်သွားတယ်ဆိုတာကို မေမေနဲ့မရွှေငုဆီကနေတစ်ဆင့်သိခဲ့တယ်...မရွှေငုက သွန်းကအရမ်းလှနေတယ်တဲ့ ကိုယ့်စိတ်ထဲမှာလည်းတစ်ခုခုကိုစိုးရိမ်နေလို့ချက်ချင်းလိုက်လာတာ...ကိုယ်ဟိုတယ်နဲ့မလှမ်းမကမ်းကိုရောက်တော့ ဟိုကောင်ကသွန်းကိုကားထဲထည့်လိုက်တာတွေ့လိုက်တယ် ကိုယ်လည်းအမီလိုက်လာပါသေးတယ်...ဒါပေမယ့်သူကမီးပွိုင့်နဲ့ကပ်သီးလေးလွတ်သွားပြီး ကိုယ်ကတော့မီးပွိုင့်မိသွားလို့နည်းနည်းလွတ်သွားတာ''


သွန်းကသူပြောသမျှကိုမျက်ရည်စက်လက်နဲ့နားထောင်နေလေ၏။


''ဒါကသွန်းရဲ့အမှားပါ...သွန်းအသုံးမကျလို့ အယုံလွယ်လို့အခုလိုဖြစ်တာ''


''မဟုတ်တာ...ဘာလို့သွန်းရဲ့အမှားဖြစ်ရမှာလဲ သွန်းဘာမှမမှားဘူး...အဲလိုကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေမမွေးနဲ့...လာ''


ဘုန်းခန့်ကသူမလက်ကလေးကိုဆွဲယူပြီး သူ့ခါးကိုဖက်စေကာ သူ့လက်တွေကလည်းသူမကျောပြင်လေးပေါ်သို့ရောက်လာပါတော့သည်။


''တိတ်တော့နော်...မငိုနဲ့တော့ နောက်ဆိုရင်သွန်းဒီလိုအဖြစ်မျိုးထပ်မရောက်စေရဘူးလို့ကိုယ်ကတိပေးတယ်''


သူကသွန်းကိုကတိတွေအထပ်ထပ်အခါခါပေးကာချော့မြှူရင်း သူမကိုပိုတိုးကာဖက်လာလေ၏။


ထိုအချိန်မှာသိလိုက်ရတာက သွန်းအတွက်သူ့ရင်ခွင်ကလုံခြုံနွေးထွေးစေတယ်ဆိုတာပါပဲ။

သူနဲ့သာအတူရှိနေရင် အန္တရာယ်မှန်သမျှကိုအလိုလိုကာကွယ်ပြီးသားလိုမျိုးခံစားရစေ၏။


ပြီးတော့ သူ့ကိုသွန်းဘက်ကဒုတိယအကြိမ်ယုံကြည်မှုပြန်ပေးချင်စိတ်တွေကလည်းတဖွားဖွားပေါ်လာခဲ့လေတော့သည်။


***


''ဟင်းးး''


ခင်ချူးကသက်ပြင်းရှည်ကြီးချပြီး ခြံတံခါးပေါက်ကိုအကြောင်းမဲ့သပ်သပ်ထိုင်ကြည့်နေ၏။


ခြေတစ်ဖက်ကိုကွေးပြီး ​​​ခြေတစ်ဖက်ကိုထောင်ကာ လက်နှစ်ဖက်ကလည်းထောင်ထားတဲ့ခြေသလုံးကို ယှက်တင်ပွေ့ပိုက်ထားသေးသည်။


''82ရက်တောင်လိုသေးတယ်...အကြာကြီးပဲ ရီမုခ်ရှိရင်ရစ်ပစ်လိုက်ချင်တယ်...အင်းးး...အခုနေများပုစွန်ကင်လေးနဲ့သံပုရာရည်အချဥ်လေးနဲ့သာစားလိုက်ရရင်ဘယ်လောက်ကောင်းမလဲ...ပုစွန်လေးကိုအခွံအရန်သင့်ခွာပြီး သံပုရာရည်လေးရယ် ငရုပ်သီးစိမ်းကြက်သွန်ဖြူလေးနဲ့ အချဥ်ရည်ကိုကောင်းကောင်းလေးစပ်ပြီး ငါ့ကိုလာကျွေးတဲ့သူရှိရင်သိပ်ကောင်းမှာပဲ...ငါ့ကလေးကလည်း သိပ်ပြီးအကောင်းမကြိုက်ရှာဘူး''


သူမကဗိုက်ကလေးကိုပုတ်ပြီးမှ...


''အဲလောက်မပူဆာနဲ့ကလေးရဲ့...မင်းအဖေကငါ့အနားရှိတာမဟုတ်ဘူး အခုလောက်ဆိုငါမရှိတာနဲ့မျက်စိနောက်သက်သာတယ် နားအေးတယ်ဆိုပြီးပျော်နေတော့မှာ...အီးးး''


သူမကနေရင်းထိုင်ရင်း အကောင်းကြီးကနေငိုချပြန်သည်။


''ဒီမျက်ရည်ကကျလာပြန်ပြီ...မုန်းလိုက်တာ...တေဇာဘုန်းမြတ်အစုတ်ပလုတ် ငါ့ကိုတစ်ခါမေ့တိုင်း တစ်ခါခလုတ်တိုက်ပါစေတော်''


''အဟင်း''


''အင်...''


သူမနားထဲရယ်သံသဲ့သဲ့ကြားလိုက်ရ၍ ငိုနေရာကနေပြီးအသံလာရာကိုလှည့်ကြည့်လိုက်၏။


''ဘယ်သူလဲ...ဘယ်သူရှိနေတာလဲ''


ခင်ချူးကနှုတ်ကနေမေးရင်း လူကလည်းနေရာကနေထလာပြီး အသံလာရာအိမ်ဘေးဘက်သို့ဦးတည်နေစဥ်...


''ခင်ချူး''


နောက်ပါးဆီမှအသံကြောင့် ခင်ချူးနောက်ကိုလှည့်ကြည့်လိုက်တော့ ဒေါ်နီနီအေးဖြစ်နေလေသည်။


''အဒေါ်...အဘမရှိဘူး''


''အ​ဒေါ်ကသမီးဆီလာ​တာ...အိမ်မှာဗမာကြက်လေးချက်ထားလို့ သမီးများစားချင်မလားဆိုပြီးအဒေါ်ကလာခေါ်တာ''


''အဲဒါများအဒေါ်ရယ်...ပန်းကန်လေးနဲ့ယူခဲ့လိုက်ပေါ့ ကျုပ်ကိုတကူးတကလာခေါ်နေရသေးတယ်''


''အဒေါ်ကဒီနားကိုကိစ္စရှိလို့လာရင်းနဲ့သမီးကိုသတိရလို့တစ်ခါတည်းဝင်ခေါ်တာ သမီးလိုက်မယ်မလား''


''လိုက်မှာပေါ့...သွားမယ်လေ''


''ဟုတ်ပြီ...လာ''


ဒေါ်နီနီအေးက ခင်ချူးရဲ့ခါးလေးကိုဖက်ပြီးခေါ်လာလေ၏။

ခင်ချူးတို့ကလည်းသိပ်ပြီးအစားအသောက်မမက်ရှာတော့နှစ်ခါပင်ခေါ်စရာမလို။


ကိုယ်ဝန်ရှိလာမှပဲ ကြားသမျှအစားအစာအကုန်စားချင်နေ၏။

မနေ့ကလည်းဘေးအိမ်ကချဥ်ပေါင်ကြော်နေတဲ့အနံ့ကအိမ်ဘက်ထိရောက်လာ၍ စားချင်လွန်းလို့​သွားတောင်းစားခဲ့သေးသည်။


သူများဆီကတောင်းစားသမျှကလည်းအရသာရှိနေလိုက်တာမပြောပါနဲ့တော့။

ကြည့်ရတာအလကားရလို့နဲ့တူပါရဲ့။


အခုလည်းဒေါ်နီနီအေးဆီသွားပြီး ကြက်သားချက်နဲ့ထမင်းကိုနှစ်ဇလုံလောက်တွယ်ခဲ့၏။

​ဒေါ်နီနီအေးကလည်းဟင်းချက်လက်ရာကောင်းမှကောင်း။


ထမင်းစားသောက်ပြီးတော့လည်း ဒေါ်နီနီအေးကသူမကိုသွန်းအကြောင်းစနည်းနာနေ၍ သူ့အိမ်မှာကိုအချိန်အတော်ကြာသွားခဲ့၏။


ဒေါ်နီနီအေးဆီကအပြန် သူမအိမ်သို့ပြန်ရောက်လာချိန်တွင် အိမ်ရှေ့စားပွဲခုံပေါ်မှာအုပ်ဆောင်းအသေးလေးကိုမြင်လိုက်၍ ခင်ချူးထိုစားပွဲဆီသို့ခပ်သွက်သွက်လျှောက်လာကာ ထိုအုပ်ဆောင်းကိုလှပ်ကြည့်လိုက်ရာ...


''ဟင်!''


စားပွဲပေါ်ကအရာကိုမြင်ချိန်မှာတော့ ခင်ချူးလက်ထဲကအုပ်စောင်းလေးအားလွှတ်ချလိုက်မိလေ၏။


''အိုးမိုင်ဂေါ့ဒ်...ပုစွန်ကင်''


ခင်ချူးကဝမ်းသာလုံးတွေဆို့သွားပြီးမှ မျက်နှာလေးကိုချက်ချင်းပြန်တည်လိုက်သည်။


''ဒီပုစွန်ကဘယ်သူ့ဟာလဲ...ပိုင်ရှင်မရှိရင်ငါစားပစ်မှာနော်...ငါ့ခြံထဲရောက်နေရင်ငါ့ဟာပဲ...ငါမေးတယ်နော် နင်တို့မဖြေတာ...ငါစားပြီ တစ်ကယ်စားပြီသိလား...ပြီးရင်ငါကပြန်လျော်မပေးဘူးနော် ချန်လည်းမချန်ဘူး အကုန်စားပစ်မှာ''


တုံ့ပြန်သံဆိုလို့ငှက်သံလေးပင်မကြားရ၍ ခင်ချူးကတစ်ခစ်ခစ်ရယ်ကာ စားပွဲမှာဝင်ထိုင်လိုက်ပြီး အခွံခွာထားပြီးသားပုစွန်ကင်တွေကို အချဥ်နဲ့မြိန်ရေယှက်ရေစားပစ်လိုက်တော့သည်။


အစားအသောက်မီးလိုတောက်နေတဲ့ခင်ချူးအတွက်က ခုနကသူမ,တောင့်တနေတဲ့အရာကဘာလို့သူမရှေ့ကိုတစ်ထပ်တည်းကျအောင်ရောက်လာသလဲဆိုတာကိုရှည်ရှည်ဝေးဝေးစဥ်းစားမနေအားပေ။


သူမ,သိတာကဒီပုစွန်ကိုကုန်အောင်စားပစ်ဖို့တစ်ခုတည်း။


***


C.25ဆက်ရန်

Report Page