Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.22
နောက်နေ့ရောက်တော့ ရှင်းသန့်ကခင်ချူးကိုအိမ်တိုင်ရာရောက်လာပို့ပေးလေ၏။
ခင်ချူးအနေနဲ့ဒီအိမ်ကိုပြန်မလာချင်ပေမယ့် သူမမှာသွားစရာနေရာမှမရှိဘဲ။
''ခင်ချူး''
သူမအိမ်ထဲဝင်ဝင်ချင်းမှာပဲ ဘုန်းမြတ်ကသူမထံရောက်လာပြီး သူမကိုယ်လေးအားဖက်တွယ်လာလေ၏။
''ကိုယ်အရမ်းစိတ်ပူနေခဲ့ရတာခင်ချူးရယ်...အခုတစ်ခုခုဖြစ်ခဲ့သေးလား''
''မဖြစ်ဘူး''
ဒေါ်ဒေဝီက...
''သား...သမီးကိုအရင်ထိုင်ခိုင်းလိုက်''
ဟုလှမ်းပြောတော့ ဘုန်းမြတ်ကခင်ချူးကိုဆိုဖာဆီသို့ခေါ်လာခဲ့လေသည်။
ရှင်းသန့်ကလည်းသူတို့နောက်ကလိုက်လာပြီး သွန်းရဲ့ဘေးမှာပဲဝင်ထိုင်လိုက်၏။
''မေမေတို့အားလုံးသိပြီးပါပြီ သားကိုလည်းဆုံးမထားတယ် နောက်ကိုအဲလိုထပ်မဖြစ်စေရဘူး''
''ဟုတ်ပါတယ်ခင်ချူးရယ် ကိုယ်ခင်ချူးကိုတောင်းပန်ပါတယ်နော် ကိုယ်တစ်ကယ်ပဲမှားသွားပါတယ် နောက်ဆိုရင်ခင်ချူးလိုချင်တာ ဖြစ်ချင်တာအာလုံးဖြစ်ရစေမယ်လို့ကိုယ်ကတိပေးတယ်နော်''
''.........''
''သမီးကနားချင်ပြီထင်တယ် သမီးကိုအပေါ်ခေါ်သွားပြီးနားခိုင်းလိုက်''
''ဟုတ်မေမေ...လာခင်ချူး သွားရအောင်''
သူကခင်ချူးရဲ့လက်မောင်းလေးနှစ်ဖက်ကိုဆုပ်ကိုင်ကာခေါ်လာလေသည်။
''နင့်ကိုလည်းကျေးဇူးတင်တယ်နော်ရှင်းသန့်''
''ရပါတယ် ခင်ချူးကိုသာသေချာဂရုစိုက်လိုက်''
ဘုန်းမြတ်ကခေါင်းအသာညိတ်ပြပြီး ခင်ချူးကိုအပေါ်ထပ်ကအခန်းဆီသို့ခေါ်လာခဲ့လိုက်၏။
အခန်းထဲရောက်သည်နှင့်ခင်ချူးက သူ့လက်တွေကိုဖယ်ပစ်ပြီးသူ့ရင်ဘတ်ကိုဆောင့်တွန်းလာလေသည်။
''ခင်ဗျားကျုပ်ကိုလာမထိနဲ့''
''ကိုယ့်ကိုစိတ်ဆိုးနေတုန်းလားခင်ချူးရယ်''
''ဆိုးတယ် အရမ်းဆိုးတာ မျက်နှာလည်းမမြင်ချင်ဘူး အသံလည်းမကြားချင်ဘူး ခင်ဗျားနဲ့လည်းမနေတော့ဘူး...ညကကျုပ်အဘကိုဖုန်းဆက်ခေါ်ထားပြီ အဘလာတာနဲ့ကျုပ်ရွာပြန်မှာ''
''မဟုတ်ဘူး...မင်းမပြန်ရဘူးခင်ချူး ကိုယ်ခွင့်မပြုဘူး ကိုယ်တောင်းပန်ပါတယ်ခင်ချူးရယ် ကိုယ့်ဘေးကနေထွက်မသွားပါနဲ့နော် ကိုယ်မင်းကိုပြန်ခွင့်မပြုနိုင်ဘူး''
''ခင်ဗျားဘယ်လိုတားတားအသုံးမဝင်ဘူး...ခင်ဗျားကိုလည်းကွာရှင်းမှာ''
''ခင်ချူး''
''အခုချက်ချင်းအခန်းထဲကထွက်သွား ခင်ဗျားမျက်နှာကိုမမြင်ချင်ဘူး''
''ကိုယ့်လုပ်ရပ်ကအဲလောက်ထိခါးခါးသီးသီးဖြစ်သွားစေတာလား ကိုယ်မှားသွားတာမှန်ပေမယ့် အဲဒါကစိုးရိမ်လို့ဖြစ်သွားတာလေ...ကိုယ်မင်းကိုစိုးရိမ်လို့''
''-ီးစကားတွေလာပြောမနေနဲ့...ခင်ဗျားညတုန်းကပြောတာဒီစကားမဟုတ်ဘူး...ခင်ဗျားကကျုပ်ကိုစိတ်ပူတာမဟုတ်ဘူး ခင်ဗျားရဲ့ကလေးကိုစိတ်ပူနေတာ''
''မဟုတ်...''
''ထွက်သွားစမ်းပါ!...ကျုပ်ခင်ဗျားကိုမမြင်ချင်တော့ဘူး...တောက်!''
ခင်ချူးကဆောင့်ကြီးအောင့်ကြီးနဲ့ပဲကုတင်ပေါ်အိပ်လိုက်ပြီး စောင်ကိုပါခေါင်းမြီးခြုံပစ်လိုက်တော့သည်။
ဘုန်းမြတ်လည်းဘာမှထပ်မပြောတော့ဘဲ အခန်းထဲကနေထွက်ခဲ့လိုက်၏။
အခုခင်ချူးကသွေးပူနေတုန်းမို့ဘာစကားမှတိုးမည်မဟုတ်၍ နောက်မှပဲစကားအေးဆေးပြောတော့မည်။
အခုနေစကားပြောရင်လည်း ရန်ဖြစ်ဒေါသထွက်တာအပြင်ပိုမည်မဟုတ်ချေ။
***
အစကခင်ချူးကစိတ်ဆိုးပြီးသူစိတ်ဆင်းရဲအောင်ပြောတာလို့ထင်ထားပေမယ့် ညနေစောင်းတော့ ဦးတက်လူကအိမ်ကိုတစ်ကယ်ကြီးရောက်ချလာ၍ သူခေါင်းနပန်းတွေကြီးသွားခဲ့ရလေသည်။
''မင်းကလာမယ်ဆိုတာကိုကြိုလည်းမပြောဘူးတက်လူရာ''
''ညကခင်ချူးကငါ့ကိုဖုန်းလှမ်းဆက်ပြီး သူ့ဆီကိုချက်ချင်းလာခဲ့ဖို့ပြောလို့''
ဦးတေဇာနဲ့ဒေါ်ဒေဝီတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ဦးတက်လူအိမ်ထဲဝင်လာကတည်းက အပေါ်ကိုတက်လာတဲ့ဘုန်းမြတ်ကလည်း အခန်းထဲရောက်သည်နှင့် အိပ်ပျော်နေသောခင်ချူးအားလှုပ်နှိုးလိုက်၏။
''ခင်ချူး...ထဦး...ခင်ချူး''
ခင်ချူးကသူ့ကိုမျက်လုံးဖွင့်ကြည့်လာပြီးမှ...
''ဘာလဲ...ဘာဖြစ်နေတာလဲ''
ဟုဦးစွာရန်ထောင်သည်။
''မင်းအဖေကိုမင်းတစ်ကယ်ခေါ်ထားတာလား''
သူ့စကားကြားတော့ခင်ချူးကချက်ချင်းပဲအိပ်ရာကနေထလိုက်လေ၏။
''အဘရောက်နေပြီလား''
ပြောပြောဆိုဆိုနဲ့သူမကကုတင်ပေါ်ကနေဆင်းလိုက်ပြီး အခန်းတံခါးဆီဦးတည်လိုက်ရာ ဘုန်းမြတ်ကသူမလက်မောင်းလေးကိုဆောင့်ဆွဲပြီး သူ့ရှေ့သို့ပြန်ခေါ်လိုက်လေသည်။
''မင်းမနက်ကပြောခဲ့တာတွေကတစ်ကယ်လားခင်ချူး ဟမ်...မင်းတစ်ကယ်ပဲငါ့ကိုထားခဲ့ဖို့ဆုံးဖြတ်ပြီးပြီလား''
''ဟုတ်တယ်...ခင်ဗျားလည်းကျုပ်နဲ့နေရတာစိတ်ချမ်းသာမှာမှမဟုတ်တာ အဲဒါကြောင့်ကျုပ်ကပဲထွက်သွားပေးလိုက်တော့မလို့ ကလေးကိစ္စကမွေးပြီးမှပဲပြောကြမယ်''
ပြောပြီးသည်နှင့်ခင်ချူးကအခန်းထဲကနေထွက်သွား၍ သူနောက်ကနေခပ်သွက်သွက်ပဲလိုက်လာခဲ့လိုက်သည်။
''အဘ''
အောက်ထပ်ရောက်သည်နှင့် ခင်ချူးကအဖေဖြစ်သူဘေးမှာဝင်ထိုင်လိုက်ပြီး ခါးကိုသိုင်းဖက်လိုက်လေ၏။
''ငါ့သမီးကတော့မြို့ရောက်ပြီးကတည်းကပလီတတ်လာတာပဲ''
''အဘ...ကျုပ်တို့ရွာပြန်ကြမယ် အဘနဲ့အတူကျုပ်လည်းလိုက်မယ်''
''ဘယ်လိုသမီး...သမီးဘာပြောလိုက်တာလဲ''
ဒေါ်ဒေဝီကပြန်မေးလာသည်။
''ကျုပ်ဒီမှာမနေချင်တော့လို့...အဲ့လူနဲ့ပါတစ်ခါတည်းကွာရှင်းမှာ''
''အာ...မဟုတ်သေးပါဘူး ဘာကိုကွာရှင်းမှာလဲ ကွာရှင်းတာကလွယ်တဲ့ကိစ္စမှမဟုတ်တာ''
''ဟုတ်သားပဲသမီးရယ်...ညတုန်းကကိစ္စကကွာရှင်းဖို့ထိမလိုပါဘူး''
''မဟုတ်ဘူးမေမေ...ဒီကိစ္စကအရင်ကတည်းကပြောထားကြတာ...အဲ့လူကိုမေးကြည့်လိုက်''
အကုန်လုံးရဲ့အကြည့်တွေကဘုန်းမြတ်ထံသို့စုပြုံသွားလေသည်။
နောက်နေ့သူတို့ရဲ့ပြဿနာအစကို လူကြီးတွေအားသေချာရှင်းပြလိုက်၏။
''ကျစ်!...ကောင်းရောကွာ''
''ဒီကိစ္စကမင်းတို့နှစ်ယောက်လုံးမှားတယ်...အထူးသဖြင့်မင်းကပိုမှားတယ်ဘုန်းမြတ်...မင်းကအသက်ပိုကြီးပြီးစဥ်းစားဆင်ခြင်ဉာဏ်တစ်စက်မှမရှိဘူး ပြီးတော့မင်းကယောကျ်ားလေး ခင်ချူးနဲ့တုပြီးဖြစ်စရာအကြောင်းကိုမရှိတာ''
''ငါ့သမီးလည်းမှားတာပဲ...ဘာလို့ကလေးကိုဖျ.က်ချမယ်ပြောရတာလဲ''
ခင်ချူးကမျက်ရည်တွေကျနေရင်းမှ...
''ကျုပ်က ကျုပ်ကလေးကိုကျုပ်လိုဖြစ်မှာကြောက်လို့...အခုတောင်မှဒီလောက်စကားများနေတာကြည့်ပါလား...အရင်ကအဘကြောင့်အမေရောကျုပ်ပါစိတ်ဆင်းရဲခဲ့ရတာလေ...ကျုပ်ရှေ့မှာတောင်မရှောင်ဘဲနေ့တိုင်းရန်ဖြစ်နေကြတာ ကျုပ်ဘယ်လောက်တောင်မှစိတ်ဆင်းရဲခဲ့ရလဲသိလား...အဲ့လူကလည်းကျုပ်ကိုချစ်မှမချစ်တာ''
ဘုန်းမြတ်ကခင်ချူးရဲ့လက်ကလေးကိုဆွဲယူပြီး မတ်တပ်ရပ်စေကာ သူမပါးလေးနှစ်ဖက်ကိုကိုင်၍...
''ကိုယ်တောင်းပန်တယ်ခင်ချူးရယ် ခင်ချူးရဲ့စိတ်ခံစားချက်တွေကိုကိုယ်တစ်ကယ်မသိခဲ့လို့ပါကွာ...ခင်ချူးစိုးရိမ်နေရတာတွေတစ်ကယ်မဖြစ်စေရဘူးလို့ကိုယ်ကတိပေးတယ်လေ...ခင်ချူးရောကိုယ်တို့ကလေးလေးရောစိတ်မဆင်းရဲစေရဘူးလို့ကိုယ်ကတိပေးပါတယ် ကိုယ့်ကိုခွင့်လွှတ်ပါကွာ နော်...ကိုယ်တို့ပြန်ပြီးပြေလည်ကြရအောင်လေ''
ဦးတေဇာက.....
''ဒီကိစ္စကိုငါဆုံးဖြတ်မယ်...မင်းတို့ကိုငါတို့ကပြေလည်နေတယ်လို့ထင်ခဲ့မိတာ အခုမင်းတို့ကြားကအစိုင်အခဲတွေကြီးမားနေမှပဲ ငါတို့ကအကြောင်းစုံသိခဲ့ရတော့တယ်...အဲတော့ ဒီနေ့ကစပြီး မင်းတို့သုံးလတိတိခွဲနေရမယ်''
''ဗျာ!''
''ဟုတ်တယ်...အဲ့သုံးလအတွင်းမှာအချင်းချင်းတိုက်ရိုက်မဆက်သွယ်ရဘူး...ပြီးတော့ ကိုယ့်ကိုယ်ကိုလည်းပြန်သုံးသပ်ကြ...တစ်ယောက်ကိုတစ်ယောက်မလိုအပ်တော့ဘူးဆိုတာသေချာရင် မင်းတို့ကိုကွာရှင်းခွင့်ပြုမယ်''
''ဖေဖေ...ဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ...ဘာလို့ကျွန်တော်တို့ကအဲလိုလုပ်ရမှာလဲ...ခင်ချူး ပြောလိုက်လေ လက်မခံနိုင်ဘူးလို့ပြောလိုက်လေ ကိုယ်နဲ့ခွဲပြီးမနေနိုင်ဘူးလို့ပြောလိုက်''
ခင်ချူးကသူ့မျက်နှာကိုစိုက်ကြည့်လာပြီးမှ...
''ကျုပ်လက်ခံမှဖြစ်မယ်...ကိုယ့်စိတ်ကိုလည်းပြန်ပြီးသိချင်တယ် ခင်ဗျားအပေါ်မှာထားတဲ့ကျုပ်ရဲ့စိတ်ကိုသိချင်သလို ခင်ဗျားရဲ့စိတ်ကိုလည်းရှင်းရှင်းလင်းလင်းသိချင်တယ်''
''မဟုတ်ဘူး...ကိုယ်ကတော့လက်မခံနိုင်ဘူး...ကိုယ်မင်းနဲ့မခွဲနိုင်ဘူးခင်ချူးရဲ့''
ခင်ချူးကသူ့ဆီကနေအကြည့်လွှဲသွားလေသည်။
''ကဲ...လက်ခံတာတွေလက်မခံတာတွေမသိချင်ဘူး ငါ့ရဲ့ဆုံးဖြတ်ချက်ကအတည်ပဲ''
သူတို့ကြားထဲမှာဘာအသံမှမကြားရတော့ဘဲ ပကတိတိတ်ဆိတ်လို့။
***
ခင်ချူးတို့သတင်းကိုကြားတော့ သွန်းကချက်ချင်းပဲ အလုပ်ကနေအိမ်သို့ပြန်ရောက်လာ၏။
''ခင်ချူး...ခင်ချူး''
သူမကအသံပေးရင်းနဲ့ ခင်ချူးတို့အခန်းထဲသို့ဝင်ခဲ့လိုက်တော့ သူမကအဝတ်တွေသိမ်းနေပြီဖြစ်သည်။
''ခင်ချူး''
''သွန်း''
''ဘယ်လိုဖြစ်ရတာလဲဟာ...ဘာတွေဖြစ်ကုန်တာလဲ''
''နင်သိပြီးသားပဲမလား''
''နင်မသွားပါနဲ့ဟာ နင်တို့ချင်းသာအဆင်ပြေသွားရင် လူကြီးတွေကဆုံးဖြတ်ချက်ကိုချက်ချင်းပြောင်းမှာပါ''
''ဟင့်အင်း ငါသူနဲ့ခွဲနေကြည့်ချင်တယ် သူမရှိဘဲငါနေနိုင်လားဆိုတာသိချင်တယ်''
''နင်သွားရင်ငါကဘယ်လိုလုပ်ရမှာလဲခင်ချူးရဲ့''
''ဘာလုပ်ရမှာလဲ ဒီမှာပဲကျောင်းဆက်တက်ပေါ့ သုံးလဆိုတာခဏလေးပါဟာ''
''နင်တစ်ကယ်မတရားဘူး ငါ့ကိုကျတော့နင့်အနားအတင်းပြန်ခေါ်ပြီး အခုကျနင်ကငါနဲ့ပိုဝေးတဲ့ဆီကိုသွားတော့မယ်''
''ငါတောင်းပန်ပါတယ် ငါနင့်ဆီပြန်လာမှာပါ''
ထိုအချိန်မှာပဲ ဘုန်းမြတ်ကအခန်းထဲဝင်လာ၍ သွန်းကမျက်ရည်တွေကိုသုတ်ပြီးအခန်းထဲကနေထွက်သွားပေးလေသည်။
ခင်ချူးကဘုန်းမြတ်ကိုမကြည့်ဘဲမျက်နှာသာလွှဲထား၏။
''ခင်ချူး...တစ်ကယ်ပဲဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား''
''ကျုပ်ပြောပြီးပြီလေ ကျုပ်စိတ်ကိုရောခင်ဗျားစိတ်ကိုပါသေချာသိချင်တယ်လို့...အခုနည်းလမ်းကပဲအသုံးဝင်မှာ''
''မင်းကပြတ်သားနိုင်ပေမယ့်ငါကတော့မပြတ်သားနိုင်ဘူး...ငါမင်းကိုလက်မလွှတ်နိုင်ဘူးခင်ချူး''
သူကခင်ချူးရဲ့ကိုယ်လေးအားခပ်တင်းတင်းပွေ့ဖက်လို့လာလေသည်။
''ငါမင်းနဲ့တစ်ကယ်မခွဲနိုင်ဘူး သုံးလစောင့်နေဖို့တောင်မလိုဘူး''
''ကျုပ်အတွက်ကလိုတယ်...ကျုပ်ကိုလွှတ် ကျုပ်သွားတော့မယ်''
သူ့ဆီကနေရုန်းနေတဲ့သူမကိုယ်လေးအား သူလွှတ်ပေးလိုက်၏။
သူမကသူ့ကိုငိုချတော့မည့်မျက်နှာလေးနဲ့ကြည့်ပြီး အဝတ်ထုပ်ကိုဆွဲကာအခန်းထဲကနေထွက်သွားပါတော့သည်။
နှစ်ယောက်လုံးဘယ်နေရာမှာစပြီးမှားသွားလဲမသိပေမယ့် အခုတော့နှစ်ယောက်လုံးတကွဲတပြားဖြစ်ခဲ့ရပြီ။
နှစ်ယောက်လုံးရဲ့ရင်ထဲမှာလည်းခံစားချက်ကိုယ်စီဖြင့်။
***
C.23ဆက်ရန်