Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.21


နောက်နေ့မှာပဲ သွန်းကသူကတိပေးထားတဲ့အတိုင်း ခင်ချူးထံသို့ရောက်လာခဲ့လေ၏။


သွန်းလာမယ်ဆိုတာသိထားတဲ့ဘုန်းခန့်ကလည်းအိမ်မှာပဲကပ်နေသည်။


''နင်ရောက်လာတာငါအရမ်းအားတက်တာပဲ...နင်ဘာလို့အဆောင်မှာနေတာလဲ''


''ဖြစ်နိုင်ရင်ငါကရွာပါပြန်ချင်တာ ကျောင်းနဲ့မို့လို့''


''ဘာလို့လဲ...နင်နဲ့ဘုန်းခန့်နဲ့ကပြ.တ်သွားပြီလား''


''အေး...အကြောင်းမတိုက်ဆိုင်ကြတော့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့လို့...နင်ကရော ဘာဖြစ်တာလဲ ကိုဘုန်းမြတ်နဲ့စကားများကြတာလား''


''အင်း...ဆိုးဆိုးဝါးဝါးကိုဖြစ်ထားကြတာ...ဒီလိုဟ...''


ခင်ချူးကသွန်းကိုအကြောင်းစုံပြောပြလိုက်လေ၏။

သူမစကားဆုံးတော့သွန်းက...


''ဖြစ်ရလေဟယ်...နင်တို့ကမာနတွေပြိုင်နေကြတာပဲ တစ်ကယ်ဆိုရင်နင်အဲလိုစကားတွေမပြောသင့်ဘူး နင့်ခံစားချက်ကိုသိပေမယ့် ကိုဘုန်းမြတ်ကနင်ထင်သလိုမှမဟုတ်တာ သူနင့်ကိုဂရုစိုက်တယ် အလိုလိုက်တယ် အစစအရာရာမှာအလျှော့ပေးတယ် အခုကလေးရလာတော့ ကလေးကိုလည်းသူချစ်ပေးမှာပေါ့ သူ့သွေးသားကိုသူပစ်ထားပါ့မလား နင်နဲ့လည်းမပြေလည်တဲ့ဆက်ဆံရေးမျိုးကိုသူဘယ်တုန်းကမှမဖန်တီးခဲ့ဘူးလေ''


''ငါ ငါဘာလုပ်သင့်လဲဟင်...လူကြီးကငါ့ကိုတစ်ကယ်ကွာရှင်းမှာထင်တယ် ငါအရမ်းကြောက်တာပဲ မြွေထက်တောင်ကြောက်သေးတယ်''


''နင်သူ့ကိုနင့်အတွေးနဲ့ခံစားချက်တွေကိုပြောပြပြီး ပြန်တောင်းပန်သင့်တယ်လို့ငါထင်တယ်''


''တောင်းပန်ရမယ်...ဟုတ်လား သူလည်းငါ့အပေါ်မှာလွန်ခဲ့တာပဲကို ငါကဘာလို့အရင်တောင်းပန်ရမှာလဲ''


''နင့်ဘက်ကအရင်မှားတာလေ''


''......''


''ထားပါတော့ အဲဒါတွေနောက်မှ​ပြောရအောင်...အခုနင့်ဗိုက်ကိစ္စကိုနင့်အဖေသိပြီးပြီလား''


''ပြောပြီးပြီ...နင်ကရော အဆောင်မှာနေနေတဲ့အကြောင်းနင့်အမေကိုပြောထားလား''


''ပြောထားတယ် အမေကတော့ဘာမှသိပ်မပြောဘူး သူစိမ်းဆီမှာအကြာကြီးမနေတာလည်းကောင်းပါတယ်တဲ့''


''နင်အခုအိမ်မှာပြန်လာနေပါလား...အခုဆိုလူကြီးကလည်းငါ့ကိုဂရုမစိုက်တော့ဘူး ငါ့မှာစကားပြောဖော်အားပေးဖော်ကနင်ပဲရှိတော့တာ မဟုတ်ရင်ငါဒီအိမ်ကနေထွက်ပြေးမိတော့မှာ''


''မဟုတ်တာတွေခင်ချူးရယ် အဲလိုစိတ်လိုက်မာန်ပါမလုပ်ရဘူး အရာအားလုံးပြေလည်သွားမှာပါ''


သွန်းကခင်ချူးရဲ့ခေါင်းလေးအားသူမပုခုံးပေါ်မှာမှီစေလိုက်လေသည်။


''ဘာမှစိတ်မကောင်းမဖြစ်နဲ့ နင်စိုးရိမ်နေတာတွေဖြစ်လာမှာမဟုတ်ဘူး''


ခင်ချူးရဲ့မျက်ရည်စတွေကသွန်းရဲ့အင်္ကျီပုခုံးစကိုစိုစွတ်သွားစေခဲ့လေသည်။


ခင်ချူးအိပ်သွားပြီဆိုမှ သွန်းကအခန်းထဲကနေပြန်ထွက်လာခဲ့ပြီး ခင်ချူးစားဖို့တစ်ခုခုစီစဥ်ပေးမယ်အတွေးနဲ့ လှေကားဆီဦးတည်နေတုန်းမှာပဲ သူမလက်ကောက်ဝတ်လေးကခပ်ကြမ်းကြမ်းဆောင့်ဆွဲခံလိုက်ရကာ လူကလည်းတစ်ဖက်ကဆွဲခေါ်ရာနောက်ကိုခလုတ်မတိုက်ရုံတမယ်ပါလာခဲ့လေ၏။


''တေဇာဘုန်းခန့်''


သူကသွန်းကိုသူ့အခန်းထဲခေါ်လာပြီး သူမကျောပြင်လေးအားတံခါးမှာဖိကပ်ပစ်လိုက်လေသည်။


''ရှင်တော်တော်အတင့်ရဲတဲ့သူပဲ''


''သူများကိစ္စတွေကျတော့မှန်တယ်မှားတယ်တွေနဲ့အကြံဉာဏ်တွေပေးနေပြီး ကိုယ့်ကိစ္စကျမှလျစ်လျူရှုထားတာဘာလို့လဲ''


''လျစ်လျူရှုထားတာက ဒီကိစ္စကအကုန်အပြီးသ.တ်ပြီးသားမို့လို့လေ ဘာမှဆက်ပြီးပတ်သက်စရာမလိုတာကိုဘာလို့စဥ်းစားရမှာလဲ''


''မဟုတ်ဘူး...ကိုယ့်ဘက်ကတော့တစ်သက်လုံးအပြီးမသ.တ်ဘူး''


ပြောပြီးသည်နှင့်သူမနှုတ်ခမ်းလေးတွေအား သူကသိမ်းပိုက်ပြန်သည်။


သူမကိုယ်လေးကိုလည်းသူ့ရင်ထဲမှာအတင်းဖက်ထားပြန်သေး၏။


ထိုအခိုက်အခန်းရှေ့ကတံခါးခေါက်သံနဲ့အတူ မရွှေငုရဲ့


''ဘုန်းခန့် မနက်စာပြင်ပြီးပြီနော် လာစားတော့...တော်ကြာအေးကုန်မယ်''


ဆိုသောအသံကိုပါကြားလိုက်ရ၍ သွန်းကိုနမ်းနေရာမှသူလွှတ်ပေးလိုက်၏။


''လာပြီမရွှေငု''


''အေးအေး''


အခန်းရှေ့ကအသံပျောက်သွားပြီဆိုမှ သွန်းကသူ့ရင်ဘတ်ကိုတွန်းလွှတ်ပစ်လိုက်သည်။


''ရှင်ဟာလေ တော်တော်အခွင့်အရေးယူတဲ့သူ...မျက်နှာပြောင်တိုက်တာလည်းလွန်ရော''


''ကိုယ်မင်းကိုချစ်တယ်သွန်း''


''ကျွန်မယုံမယ်ထင်ရင်ရှင်မှားသွားမှာပေါ့''


သွန်းကိုသူ့ကိုနဂါးမျက်စောင်းတွေထိုးပြီး အခန်းထဲကနေထွက်သွားပါတော့သည်။


''ဟူးးး''


***


''အခုမှပဲပေါ်လာတော့တယ်သွန်းရယ်''


သွန်းကခင်ချူးကြောင့် ညနေစောင်းတဲ့အထိအဆောင်ကိုမပြန်ဖြစ်၍ အန်တီဒေဝီတို့ပြန်လာနဲ့ဆုံပြီး စကားပြောဖြစ်ကြသည်။


''အလုပ်ကနေဘာလို့ထွက်လိုက်တာလဲ သမီးအခုဘာတွေလုပ်နေလဲ''


''သွန်းအခုကော်ဖီဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေပါတယ်အန်တီ''


''အေးပါ သမီးအဆင်ပြေတယ်မလား''


''ပြေပါတယ်အန်တီ''


''အိမ်မှာပြန်လာနေပါလားသမီးရယ် အဆောင်လခနဲ့ ကျောင်းစားရိတ်နဲ့ စားတာသောက်တာနဲ့ဆိုရင် သမီးလစာကလောက်လို့လား အလကားသပ်သပ်ငွေကုန်ခံပြီး ဘာလို့အဆောင်မှာနေမှာလဲ''


''ဟုတ်ပါတယ်သွန်းရယ်...ငါနင့်ကိုပြောတယ်လေ ငါ့မှာနင်ပဲရှိတာလို့...ငါနဲ့ပြန်လာနေပါဟာ နော်''


ခင်ချူးကပါဘေးကနေအတင်းနားပူနားဆာပြောလာ၏။


ဘုန်းမြတ်နဲ့ဘုန်းခန့်ကတော့ဘာမှဝင်မပြောကြဘဲအသံတိတ်နှုတ်ဆိတ်လို့နေလေသည်။


''နော် သွန်း...ငါနဲ့ပြန်လာနေနော်''


''အေးပါ ငါပြန်လာပါ့မယ်''


''တစ်ကယ် တစ်ကယ်နော်''


''အေး''


ထိုစကားကြားတော့ဘုန်းခန့်ခမျာ ဟန်မဆောင်နိုင်လောက်အောင်ပျော်သွားရသည်။


ဒါကိုသိနေတဲ့သွန်းက သူ့ကိုမျက်စောင်းလေးလှမ်းထိုး၏။


နောက်​ဆုံးတော့လည်း ဒီအိမ်ကိုနောက်တစ်ကြိမ်ပြန်ရောက်လာရပြန်ပြီပေါ့။


***


''ခင်ချူး...ဆေးသောက်ရအောင်''


အသံနဲ့အတူ ဘုန်းခန့်ကရေခွက်နဲ့ဆေးဗူးကိုယူပြီး အခန်းထဲဝင်လာလေ၏။


သူအခန်းထဲရောက်တော့ ခင်ချူးကအခန်းထဲမှာမရှိပါ။


''ခင်ချူး''


ထိုစဥ် ရေချိုးခန်းထဲကနေခင်ချူးရဲ့အော့အန်နေသံကိုကြား၍ သူလက်ထဲကဆေးနဲ့ရေကို စားပွဲပေါ်တင်ခဲ့ပြီး ရေချိုးခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့ ခင်ချူးကထုံးစံအတိုင်းအန်နေပြန်သည်။


''ခင်ချူး...အဆင်ပြေရဲ့လား''


သူခင်ချူးရဲ့ကျောလေးကိုဖိပေးမယ်ကြံတော့ သူမကသူ့လက်ကိုချက်ချင်းပဲပုတ်ထုတ်ပစ်ပြီး ရေချိုးခန်းထဲကနေထွက်သွားလေ၏။


သူလည်းနောက်ကနေခပ်သွက်သွက်လိုက်ခဲ့လိုက်ခဲ့လိုက်သည်။


''ခင်ချူး...ဆေးသောက်ရအောင်''


သူကဆေးဗူးထဲကဆေးလုံးတစ်လုံးကိုထုတ်ပြီး ရေခွက်နဲ့အတူ သူမလက်ထဲသို့ထည့်ပေးလာလေ၏။

ခင်ချူးကလည်းဘာမှတုံ့ဆိုင်းမနေဘဲ ​​ဆေးကိုမြန်မြန်သောက်ပြီး အိပ်ရာထက်မှာလှဲအိပ်လိုက်သည်။


''အရမ်းနေရခက်နေလား ဘယ်လိုနေသေးလဲ သက်သာလား''


''အင်း''


သူကခင်ချူးကိုယ်လေးပေါ်သို့စောင်လေးလွှားခြုံပေးလာ၏။


''တစ်ခုခုစားချင်သေးလား''


''ဟင့်အင်း''


သူမကသူ့ကိုမကြည့်ဘဲ အင်းနဲ့ဟင့်အင်းကလွဲလို့ဘာမှပြန်မပြော။


''အဲဒါဆိုရင် ကိုယ်အလုပ်လေးတွေလက်စသွားသ.တ်လိုက်ဦးမယ်''


''အင်း''


သူထွက်သွားသည်နှင့် ခင်ချူးကအိပ်ရာကနေထလိုက်ပြီး အံဆွဲထဲမှာထည့်ထားတဲ့သရက်သီးစိမ်းပန်းကန်နဲ့ငရုပ်သီးမှုန့်ပန်းကန်လေးကိုယူကာ သရက်သီးကိုငရုပ်သီးနဲ့တို့စားဖို့ပြင်လိုက်၏။


ထိုအချိန်မှာပဲ သူမလက်ထဲကစားစရာတွေကပုတ်ချခံလိုက်ရပါတော့သည်။


''ဟင်''


ခင်ချူးမော့ကြည့်လိုက်တော့ တရားခံကဘုန်းမြတ်ဖြစ်နေ၍ သူမဒေါသလေးတွေကဦးမော့သွားရပြီးမျက်ရည်တွေပါဝဲတက်လာခဲ့ရလေသည်။


''ခင်ဗျားဒါဘာလုပ်တာလဲ''


''မင်းကသာဘာလုပ်တာလဲ...မင်းမှာကိုယ်ဝန်နဲ့ဆိုတာမသိဘူးလား ဒီအစပ်တွေကိုစားစရာလား''


''ဟာ...ဒါကျုပ်သွေးတောင်း...''


''တော်တော့...မင်းကလွှတ်ထားလို့ကိုမရဘူး မင်းငါ့ကလေးကိုတမင်ထိခိုက်အောင်လုပ်နေတာလား''


''ဘာ!...ခင်ဗျား ခင်ဗျားကျုပ်ကိုတမင်သက်သက်အငြှိုးနဲ့လုပ်နေတာပဲ!...ခင်ဗျားကအရမ်းရွံမုန်းစရာကောင်းတဲ့လူ''


ခင်ချူးကသူ့ကိုတွန်းလွှတ်ပြီး အခန်းထဲကနေပြေးထွက်သွားပါတော့သည်။


''ခင်ချူး...ခင်ချူး''


သူခင်ချူးနောက်ကနေအမီပြေးလိုက်လာပေမယ့် သူမကအောက်ထပ်ကိုရောက်သွားပြီဖြစ်ပြီး အိမ်ထဲကပါပြေးထွက်သွားပါပြီ။


''ခင်ချူး''


သူ့အသံကြားတော့ သူတို့တစ်အိမ်သားလုံးပါနိုးလာကြပြီး အပေါ်ထပ်ကလူတွေကလည်းအောက်ထပ်ကိုရောက်လာကြသလို ဒေါ်သန်းဆင့်နဲ့ရွှေငုကပါအခန်းထဲကထွက်လာကြလေ၏။


''ခင်ချူး''


သူနောက်ကနေအမီလိုက်ခေါ်တာတောင်မှ ခင်ချူးကိုမမီလိုက်ဘဲ သူမကခြံထဲကနေပါထွက်သွားပြီဖြစ်သလို သူမရဲ့အရိပ်အယောင်ကိုပါမတွေ့ရတော့ပါချေ။


''သား...သား ဘာဖြစ်တာလဲသားရယ်''


သူ့အဖေနဲ့အမေရော ဘုန်းခန့်နဲ့သွန်းတို့ပါအိမ်ထဲကနေအကုန်ပြေးထွက်လာပြီးမေးလေ၏။


''ခင်ချူး ခင်ချူးထွက်ပြေးသွားပြီမေမေ...ကျွန်တော့်ကိုစိတ်ဆိုးသွားတာ''


''အဲဒါဆိုလိုက်ရှာမှဖြစ်မှာပေါ့...ဘုန်းခန့် သွား ကားသော့တွေသွားယူလာခဲ့ ခင်ချူးကိုလိုက်ရှာရမယ်...မြန်မြန်သွား''


''ဟုတ်ဖေဖေ''


ပြောပြီးသည်နှင့်ဘုန်းခန့်ကအိမ်ထဲပြန်ပြေးဝင်သွားလေသည်။


''နေပါဦး ခြံတံခါးကိုသော့မခတ်ကြဘူးလား...ဟမ်ရွှေငု''


''ခတ်ပါတယ်လေးလေး...ဒါပေမယ့် သေချာမခတ်မိတာထင်တယ်''


''ငါလေ...ခေါင်းပိတ်ခေါက်လိုက်ရ''


ဦးတေဇာကခြံထဲပြန်ဝင်လာပြီး ဘုန်းခန့်ကပါအိမ်ထဲကထွက်လာ၍ သူတို့အကုန်လုံးကားတစ်စီးစီနဲ့လူစုခွဲပြီး ခင်ချူးကိုလိုက်ရှာခဲ့ကြသည်။


ဘုန်းမြတ်ကသူ့ဘာသာကားတစ်စီးနဲ့သွားပြီး ဘုန်းခန့်နဲ့သွန်းကတစ်စီး ​ဦးတေဇာနဲ့ဒေါ်ဒေဝီကတစ်စီးဖြင့် အိမ်ကနေအလျှိုလျှိုထွက်လာကြ၏။


သွန်းကလည်းခင်ချူးကိုအရမ်းစိုးရိမ်နေပြီး မျက်ရည်တွေပါကျလာရသည်။


''ဟင့်...ခင်ချူးဘာမှမဖြစ်ပါစေနဲ့...ခင်ချူးကိုပြန်တွေ့ပါစေ''


''ဘာမှမဖြစ်ပါဘူးသွန်းရယ်...စိတ်ကိုအေးအေးထားနော် ခင်ချူးဘာမှမဖြစ်လောက်ပါဘူး...သူ့ကိုပြန်တွေ့မှာပါ ဘာမှမစိုးရိမ်နဲ့နော်''


သူကသွန်းလက်ကလေးကိုဆုပ်ကိုင်ထားပြီး ဘေးကနေနှစ်သိမ့်ပေးနေလေခဲ့လေ၏။


ဘုန်းမြတ်ကလည်းသူ့လုပ်ရပ်အတွက်ကိုယ့်ကိုယ်ကိုပဲဒေါသထွက်ရသည်။

ခင်ချူးသာတစ်ခုခုဖြစ်သွားရင်သူဘယ်လိုလုပ်ရမလဲ။


***


ခင်ချူးကဖိနပ်လည်းမပါဘဲ လမ်းမဘေးမှာငိုယိုရင်းတဲ့ခြေဦးတည့်ရာလျှောက်သွားနေမိသည်။


လူကြီးကသူမကိုဘာလို့အခုလိုလုပ်ရက်ရတာလဲ။

သူမကိုအရမ်းမုန်းနေလို့လား။


''အီးဟီး ဟီး...အီးးး...ဟင့်''


​ရှင်းသန့်dutyပြီးလို့ဆေးရုံကပြန်အလာမှာ မိန်းကလေးတစ်ဦးကလမ်းဘေးမှာခြေဗလာနဲ့လျှောက်သွားနေတာကိုတွေ့လိုက်ရသည်။

ပြီးတော့သူမကငိုပါငိုနေသလားပင်မသိ။


သူမလည်းထိုမိန်းကလေးဘေးကနေဖြတ်မောင်းလာခဲ့ပြီးမှ backမှန်ကနေပြီးနောက်ကိုပြန်ကြည့်လိုက်တော့ ထိုမိန်းကလေးကခင်ချူးဖြစ်နေ၍ သူမကားကိုနေရာမှာပဲထိုးရပ်ပစ်လိုက်၏။


ပြီးတော့ချက်ချင်းပဲကားပေါ်ကဆင်းကာ သူမထံသို့ပြေးသွားလိုက်ပြီး သူမနားရောက်သည်နှင့်လက်နှစ်ဖက်ကိုလှမ်းဆွဲယူလိုက်လေသည်။


''ခင်ချူး...ညကြီးအချိန်မတော်ကိုဘယ်သွားမလို့လဲ''


''မရှင်းသန့်...အီးးး''


ခင်ချူးကသူမကိုတွေ့သည်နှင့် လူကိုဖက်ကာငိုပါတော့သည်။


''ဘာဖြစ်လာတာလဲခင်ချူးရယ်''


''ကျုပ်အိမ်ကထွက်ပြေးလာတာ''


''အယ်...ဘာဖြစ်လို့လဲ''


သူမကဘာမှပြန်မပြောဘဲငိုပဲငိုနေလေ၏။


''ကဲကဲ...မငိုနဲ့တော့ တို့နဲ့လိုက်ခဲ့လိုက် ညကြီးအချိန်မတော်အန္တရာယ်များတယ် ဖိနပ်ကလည်းမပါဘူး လာလာ''


သူကခင်ချူးလက်ကိုဆွဲပြီးသူမရဲ့ကားထံသို့ခေါ်လာလေသည်။


ခင်ချူးကလည်းမငြင်းဘဲသူမနဲ့အတူလိုက်လာခဲ့လိုက်၏။


ရှင်းသန့်ကခင်ချူးကိုသူမရဲ့ကွန်ဒိုကိုခေါ်လာခြင်းဖြစ်သည်။


''လာခင်ချူး...ဝင်''


ခင်ချူးကရှင်းသန့်ရဲ့ကွန်ဒိုထဲဝင်လာရင်းမှ အခန်းပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်၏။

အခန်းရဲ့အပြင်အဆင်ကအဖြူရောင်နဲ့ခဲနုရောင်တွေချည်းပဲမို့ ကြည့်လိုက်တာနဲ့မျက်လုံးထဲမှာအေးခနဲဖြစ်သွားပြီးရှင်းသန့်ကြည်လင်နေသည်။


''ထိုင်ဦးနော်ခင်ချူး...ခင်ချူးအတွက်ရေယူပေးမယ်''


ခင်ချူးကခေါင်းအသာညိတ်ပြပြီး ဆိုဖာမှာဝင်ထိုင်လိုက်လေ၏။


ရှင်းသန့်ကမီးဖိုခန်းထဲဝင်သွားပြီး ခင်ချူးအတွက်ရေတစ်ခွက်ကိုယူ၍ ဧည့်ခန်းဆီသို့ပြန်ရောက်လာသည်။


''ရေသောက်လိုက်ဦး...ဘာတွေဖြစ်ခဲ့တာလဲဆိုတာတို့ကိုပြောပြ''


ခင်ချူးကရေအရင်သောက်ပြီးမှ...


''ဒီလိုပါ...အခုကျုပ်မှာကိုယ်ဝန်ရှိနေတယ် အဲဒါသရက်သီးနဲ့ငရုပ်သီးကိုအရမ်းစားချင်နေလို့စားမိတာကို ဟို​ကောင်ကကျုပ်ကိုရန်လုပ်တယ်''


''ဘယ်ကောင်လဲ''


''တေဇာဘုန်းမြတ်ဆိုတဲ့ကောင်ပေါ့''


''အော်''


''ကျုပ်မကျေနပ်ဘူး...ကျုပ်မှာစားချင်တာတောင်မစားလိုက်ရဘူး ကျုပ်အရမ်းစိတ်တိုပြီးလူပါသ.တ်ချင်နေတယ်သိလား''


''တို့နားလည်ပါတယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတစ်ခုမဟုတ်တစ်ခုတော့ချဥ်ခြင်းတက်ကြတာပဲ...ဘုန်းမြတ်ကလည်း ခင်ချူးကိုအစပ်တွေမစားစေချင်လို့ စိတ်ပူလို့နေမှာပါ''


''အလကား အာပလာကောင်...ကျက်သတုံး ဒင်းကိုအရမ်းမုန်းတာပဲ''


''ကဲပါ...ဒေါသထွက်မနေပါနဲ့တော့ ခင်ချူးအခုထွက်ပြေးလာရတာနဲ့ ငိုရတာနဲ့တင်ကိုအရမ်းပင်ပန်းနေရောပေါ့...တို့မှာအခန်းပိုရှိတယ် မင်းအဲမှာခဏအိပ်နေလိုက်နော် မနက်ကျမှပဲခင်ချူးကိုအိမ်ပြန်လိုက်ပို့ပေးမယ်...လာ''


ရှင်းသန့်ကခင်ချူးကိုသူမအခန်းနဲ့ကပ်ရပ်ကအခန်းဆီသို့ခေါ်လာပေးပြီး ခေါင်းအုံးနဲ့ဖက်လုံးတွေအပြင် စောင်တွေပါယူလာပေးလေ၏။


''စိတ်အေးလက်အေးအိပ်နော်...ဘာကိုမှစိတ်ပင်ပန်းခံပြီးတွေးမနေနဲ့တော့''


''ကျေးဇူးတင်ပါတယ်မရှင်းသန့်''


''ရပါတယ်...ဂွတ်နိုက်''


ပြောပြီးသည်နှင့်ရှင်းသန့်ကအခန်းထဲကပြန်ထွက်လာပြီး ဧည့်ခန်းစားပွဲပေါ်မှာတင်ထားတဲ့သူမပိုက်ဆံအိတ်ထဲကဖုန်းကိုယူကာ ဘုန်းမြတ်ထံသို့ဖုန်းဆက်လိုက်သည်။


''ဟဲလို''


''ဟဲလိုရှင်းသန့်...ဘာကိစ္စလဲ''


''ခင်ချူးကိုလိုက်ရှာမနေနဲ့​​တော့လို့ပြောမလို့''


ဘုန်းမြတ်ချက်ချင်းပဲကားကိုနေရာမှာထိုးရပ်ပစ်လိုက်၏။


''နင်ဘယ်လိုသိတာလဲ''


''သူအခုငါ့ဆီမှာ''


''ဟုတ်လား...ငါအခုနင့်ဆီလာခဲ့မယ်''


''မလာနဲ့...သူ့ဆီကနေငါကြားပြီးပြီ နင်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့စိတ်အပြောင်းအလဲတွေ စိတ်ခံစားချက်တွေကိုသိအောင်အရင်လုပ်သင့်တယ်...သူတို့စိတ်တွေကဟော်မုန်းအပြောင်းအလဲကြောင့်အတက်အကျလည်းမြန်တယ်...သူတို့သွေးတောင်းတဲ့အစားအစာတွေရှိလာရင်လည်း သူတို့ကအဲဒါကိုစားလိုက်ရမှကျေနပ်တာ...ထားပါ အခုသူ့စိတ်အခြေအနေကနင့်ကိုတွေ့ဖို့အဆင်ပြေမှာမဟုတ်ဘူး မနက်မှပဲငါသူ့ကိုပြန်လာပို့ပေးမယ် နင်တို့စိတ်ဖြောင့်လက်ဖြောင့်နဲ့သာအိပ်တော့''


ပြောပြီးသည်နှင့်ရှင်းသန့်ကဖုန်းချပစ်လိုက်တော့သည်။


ထိုအခါမှပဲဘုန်းမြတ်ရင်ထဲကအလုံးကြီးကပြုတ်ကျသွားခဲ့လေ၏။


သူ့ရဲ့စိုးရိမ်စိတ်ကနည်းလမ်းမှားသွားခဲ့တာသူဝန်ခံသည်။


ခင်ချူးရဲ့နှုတ်ကနေထွက်လာတဲ့ သူ့ကိုတမင်သပ်သပ်အငြှိုးနဲ့လုပ်နေတာပဲဆိုတဲ့စကားက သူ့ကိုအတော်လေးစိတ်ထိခိုက်စေ၏။


သူမကသူ့ကိုအကြီးအကျယ်အထင်လွဲနေရှာသည်ထင်ပါရဲ့။


သူမကိုပြန်တွေ့တဲ့အခါကျရင် သူမရဲ့စိတ်ထဲမှာအခုလိုထပ်ပြီးမခံစားစေရအောင် အရင်ကထက်ပိုပြီးကြင်ကြင်နာနာ နွေးနွေးထွေးထွေးဆက်​ဆံပေးမှာပါ။


***


C.22ဆက်ရန်

Report Page