Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.20
သွန်းမရှိတော့ကတည်းက ခင်ချူးကအရင်ကထက်ငြိမ်သွားပြီး စကားလည်းနည်းလာ၏။
အမြဲတရှောင်ရှောင်နဲ့လူကမရွှင်လန်းပေ။
သွန်းကလည်းဖုန်းသာဆက်ပေမယ့်လူကတော့သူတို့အိမ်ကိုရောက်မလာပါ။
အခုသွန်းကသူ့ကုမ္ပဏီကထွက်သွားပြီဖြစ်သလို သူမရဲ့အဆောင်လိပ်စာကိုလည်းခင်ချူးကိုပါမပြောပြတဲ့အထိ သူမကဘာကိုစိတ်ခံစားချက်ပြင်းထန်နေလဲမသိချေ။
ဘုန်းမြတ်ရေချိုးပြီး ဗီရိုထဲကအဝတ်အစားထုတ်နေတုန်း ကုတင်ထက်မှာအိပ်ပျော်နေသောခင်ချူးက ကုတင်ကနေပြေးဆင်းပြီး ရေချိုးခန်းထဲဝင်သွား၍ သူလက်ထဲကအင်္ကျီကိုကုတင်ပေါ်တင်ခဲ့ကာ ခင်ချူးနောက်ကနေလိုက်လာခဲ့လိုက်လေသည်။
''ခင်ချူး''
သူရောက်သွားတော့ခင်ချူးကဘေစင်မှာထိုးအန်နေသည်ပင်။
''ခင်ချူး...ဘာဖြစ်တာလဲ ရရဲ့လား''
''အော့...အဟွတ်''
ခင်ချူးရဲ့နောက်ကျောလေးကိုဖိပေးရင်းသူစိတ်ပူစွာနဲ့ သူမကိုသေချာကြည့်နေမိသည်။
''အော့''
''ဖြည်းဖြည်း...ရရဲ့လား''
ခင်ချူးကဘေစင်ကရေကိုဖွင့်ချပြီး ပါးစပ်ကိုပလုတ်ကျင်းလိုက်၏။
''ဘယ်လိုနေသေးလဲခင်ချူး သက်သာလား''
''အင်း''
သူကခင်ချူးကိုရေချိုးခန်းထဲကနေပြီးတွဲခေါ်လာပေးလေသည်။
''ထိုင်လိုက်...ကြည့်ရတာအအေးမိတာထင်တယ် အခုကရော ဘယ်လိုနေသေးလဲ''
''ခေါင်းတွေအရမ်းမူးနေတယ်''
''ဟုတ်လား...အဲဒါဆိုရင်ကိုယ်ဆရာဝန်ခေါ်ပေးမယ်...ခင်ချူးပြန်အိပ်နေလိုက်နော်''
ခင်ချူးကိုကုတင်ပေါ်မှာပြန်အိပ်စေခဲ့ပြီး သူကအင်္ကျီမြန်မြန်ဆန်ဆန်ဝတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
တစ်ချို့သောကံအကျိုးပေးတွေက တစ်ခါတစ်လေကျရင်လူကိုသွေးပျက်သွားစေတတ်တယ်ဆိုတာ ဆရာဝန်ကသူမကိုလာပြီးစစ်ဆေးအပြီးမှာပဲ ခင်ချူးသိခဲ့ရလေ၏။
''စိတ်ပူစရာမရှိပါဘူး...သူ့မှာကိုယ်ဝန်ရှိနေတာပါ''
''ဗျာ!''
''ဟင်!''
ဘုန်းမြတ်အပါအဝင် သူ့အမေကပါဝမ်းသာသွားပေမယ့် ခင်ချူးကတော့အတော်လေးအံ့သြသွေးပျက်သွားခဲ့ရသည်။
''ကိုယ် ကိုယ်ဝန်...တစ်ကယ်လားဒေါက်တာ ကျွန်တော့်အမျိုးသမီးမှာတစ်ကယ်ပဲကိုယ်ဝန်ရှိနေတာလား''
''ဟုတ်ပါတယ်''
''ကျွန်တော်ဝမ်းသာလိုက်တာ...မေမေ မေမေမြေးချီရတော့မယ်...ခင်ချူးလည်းဝမ်းသာတယ်မလား''
သူမကဘာမှပြန်မပြော။
''ကဲ...ဆရာပြန်တော့မယ် ဒီရက်ပိုင်းအတွင်းogနဲ့သွားပြလိုက်နော်''
''ဟုတ်ကဲ့ဒေါက်တာ''
''ကြွပါ''
ဒေါ်ဒေဝီကဒေါက်တာ့ကိုအခန်းထဲကခေါ်သွားပေးလေ၏။
သူမနဲ့ဘုန်းမြတ် နှစ်ယောက်တည်းကျန်ခဲ့ပြီဆိုမှခင်ချူးက...
''ကျုပ်ဒီကလေးကိုမမွေးဘူး''
ဟုပြောလာလေသည်။
''ဘာ ဘာ...ခင်ချူးဘာပြောလိုက်တာလဲ''
''ဒီကလေးကိုမမွေးဘူးလို့...ဖျက်ချပစ်မှာ''
''ခင်ချူးချူးခိုင်!!...မင်းဘယ်လိုမိန်းမလဲ မင်းမှာမိခင်စိတ်လေးနည်းနည်းလေးတောင်မရှိဘူးလား...မင်းမို့လို့ဒီစကားကိုပြောထွက်ရက်တယ်ကွာ...အဲဒါငါ့သွေးသား ငါ့ကလေးကွ...မင်းငါ့ကလေးကိုရန်ပြုဖို့မကြိုးစားနဲ့''
''ကျုပ်ကမွေးရမယ့်သူလေ...မွေးရမလားမမွေးရဘူးလားဆိုတာ ကျုပ်မှာဆုံးဖြတ်ခွင့်ရှိတယ်''
''မင်းပါးစပ်ကိုပိတ်လိုက်တော့!...အရင်ကတော့မင်းကိုကလေးစိတ်နဲ့ဆိုးတယ်မှတ်တာ...အဲဒါကြောင့်မင်းကိုငါကနေရာတကာမှာအလျှော့ပေးအလိုလိုက်ခဲ့တာ...အခုမှပဲမင်းကမုဆိုးတစ်ပိုင်းမိန်းမရိုင်းမှန်းသိတော့တယ်''
''ဘာ!''
''မင်းငါ့ကလေးကိုထိရဲထိကြည့်နော်ခင်ချူးချူးခိုင်...ငါ့ကလေးတစ်ခုခုဖြစ်ရင် မင်းပါအသက်ရှင်နိုင်မယ်မထင်နဲ့...ငါသည်းမခံဘူး''
သူ့ဆီကထိုစကားကိုကြားလိုက်ရချိန်မှာ ခင်ချူးရင်ထဲမှာပြောမပြတတ်လောက်အောင်နာကျင်သွားခဲ့ရပြီး မျက်ဝန်းအိမ်မှမျက်ရည်တွေကပါးပြင်ပေါ်သို့လိမ့်ဆင်းလာပါတော့သည်။
''ခင်ဗျားကကျုပ်ကိုသ.တ်ပစ်မယ်လို့ပြောတာလား''
ခင်ချူးကသူ့ရှေ့မှာလာရပ်ပြီးမေးလေ၏။
သူကမဖြေဘဲသူမဆီကနေမျက်နှာလွှဲထားလေသည်။
''လူကြီး...ခင်ဗျားကအခုကျုပ်ကိုသ.တ်ပစ်မယ်လို့ပြောလိုက်တာလားလို့''
''အေး ဟုတ်တယ်...ငါ့ကလေးကိုမင်းဖျ.က်ချတဲ့နေ့က မင်းလည်းလူ့လောကထဲကနေပျောက်ကွယ်တဲ့နေ့...ငါလည်းထောင်နန်းစံရတဲ့နေ့ဖြစ်မှာ''
ခင်ချူးမယုံနိုင်ခြင်းများစွာနဲ့သူ့ကိုကြည့်လိုက်မိသည်။
ထို့နောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ နှုတ်ခမ်းကိုတင်းတင်းစေ့၍...
''ကောင်းပြီလေ...ဒီကလေးကိုကျုပ်ခင်ဗျားအတွက်မွေးပေးမယ် ပြီးရင်ကျုပ်ကိုကွာရှင်းပေး...ဒီကလေးကိုခင်ဗျားအတွက်ထားခဲ့ပေးမယ်''
''ဘာ!...ခင်ချူး...မင်းက မင်းကငါ့ကိုထားခဲ့မယ်ဆိုတဲ့သဘောပေါ့ ဟုတ်လား''
သူကခင်ချူးရဲ့လက်မောင်းလေးနှစ်ဖက်ကိုကိုင်ပြီးမေးလာ၏။
''ဟုတ်တယ်''
''မင်းပြောထွက်ရက်လိုက်တာခင်ချူးရာ''
''ခင်ဗျားကအရင်ပြောထွက်ရက်တာပါ ခင်ဗျားအရင်ကျုပ်ကိုရက်ရက်စက်စက်ပြောထွက်တာ...ခင်ဗျားနဲ့ကျုပ်ကဘယ်တော့မှအဆင်မပြေနိုင်တော့ဘူး အချင်းချင်းလည်းချစ်မှမချစ်ကြတာ...အဲတော့ဒီတစ်နည်းပဲရှိတော့တယ်...ဒီကလေးကိုမွေးပေးတဲ့အဖိုးအခအနေနဲ့ ကျုပ်ခင်ဗျားဆီကကွာရှင်းခွင့်လိုချင်တယ်''
သူတို့နှစ်ဦးကြားမှာအချိန်တွေအကြာကြီးနှုတ်ဆိတ်သွားခဲ့ကြလေသည်။
ထို့နောက် သူပြောလာတဲ့စကားက...
''ကောင်းပြီလေ...ကွာရှင်းပေးမယ်''
တဲ့။
ခင်ချူးကိုယ့်နားကိုပင်မယုံနိုင်။သူတစ်ကယ်ပဲအခုလိုလွယ်လွယ်လေးလက်ခံမယ်လို့မထင်ထားမိတာအမှန်ပါ။
''မင်းစိတ်တိုင်းကျဖြစ်နေရမှာမို့လို့ ငါ့ကလေးကိုသာသေချာဂရုစိုက်''
ပြောပြီးဘုန်းမြတ်ကအခန်းထဲကနေထွက်သွားပါတော့သည်။
ထိုအခါမှခင်ချူးလည်းကုတင်မှာအားအင်ပြ.တ်လပ်သွားသူလိုမျိုး အရုပ်ကြိုးပြ.တ်ဝင်ထိုင်လိုက်၏။
သူမအနေနဲ့ရုတ်တရက်ကြီးသိလိုက်ရတဲ့ကိစ္စနောက်မှာ သူမအတွေးထဲချက်ချင်းရောက်လာသည်က'ငါ့ကလေးတော့ငါ့လိုဖြစ်ပါပြီ'ဆိုတာပါပဲ။
အချင်းချင်းမချစ်ကြတဲ့မိဘနှစ်ပါးကြားမှာ သူမကလေးလေးကိုသူမလိုမျိုးပျော်စရာမကောင်းတဲ့ကလေးဘဝကိုမပိုင်ဆိုင်စေလိုပါ။
ဒါကြောင့်သူမနှုတ်ကအခုလိုပြောထွက်မိတာ။
ဒါပေမယ့်လူကြီးကသူမအသက်ကိုပါရန်ရှာချင်တဲ့စကားတွေပြောပြီး သူမကကွာရှင်းမယ်ပြောတာကိုလည်းလွယ်လွယ်လေးလက်ခံခဲ့သည်တဲ့။
သူ့ဘက်ကသူမကိုအရင်လိုမျိုးချော့မြှူမယ်ထင်ခဲ့မိတာသူမအမှားပဲ။
အဲဒါအပြင် ဘယ်သူကမှသူစိမ်းတစ်ယောက်ကိုကြာကြာသည်းခံနိုင်မှာမဟုတ်ဘူးဆိုတာကိုပါ အပိုထပ်ဆောင်းအနေနဲ့သိခဲ့ရပါသည်။
***
ဘုန်းခန့်ရဲ့ကားလေးသည် သွန်းတို့ကျောင်းရှေ့မလှမ်းမကမ်းမှာရှိနေ၏။
အရှောင်ကောင်းလွန်းတဲ့သူမကို အခုလိုကျောင်းဖွင့်ရက်မှာပဲအမိဖ.မ်းနိုင်မည်မို့သူအခုလိုရောက်လာရခြင်းပင်။
တွေ့ပါပြီ။
နံ့သာရောင်ဝမ်းဆက်လေးနဲ့ ဆံပင်လေးကိုနှစ်ဖက်ခွဲစည်းထားသောသူမ။
ပါးမို့မို့လေးထက်မှာလည်းသနပ်ခါးပါးကွက်လေးတွေကမပြယ့်တပြယ်နေရာယူထားပြန်သေး၏။
မတွေ့ရတဲ့ရက်ပိုင်းအတွင်းမှာ သူမမျက်နှာလေးကချောင်ကျသွားတာမို့ သူမစိတ်ထဲမှာလည်းအရမ်းကိုခံစားနေရမယ်ဆိုတာသူသိနေသည်။
ပြီးတော့သူမဘေးမှာလည်းဟိုကောင်ကပါနေသေး၏။
''သွန်း...နင်အဆောင်ကိုပဲတန်းပြန်မှာမလား...ငါလိုက်ပို့ပေးမယ်လေ''
''ရပါတယ်ကောင်းမြတ်ရယ် ငါ့အဆောင်နဲ့နင့်အိမ်ကဆန့်ကျင်ဘက်အရပ်တွေမှာရှိနေတာကို နင်ဒုက္ခမခံပါနဲ့''
''သွန်း...ငါ့ကိုအိဖြူတို့ပြောတာ နင်အခုနင့်ကောင်လေးနဲ့ပြ.တ်သွားပြီဆို''
''အင်း...ဟုတ်တယ်''
''အဲဒါဆိုရင်ငါ...''
''ငါသွားပြီနော်ကောင်းမြတ်...မနက်ဖြန်မှတွေ့မယ်''
သွန်းကစကားစအမြန်ဖြ.တ်ပြီးနေရာကနေလှည့်ထွက်လာခဲ့လိုက်တော့သည်။
ကောင်းမြတ်ကတော့ခေါင်းကုတ်ရင်းကျန်ခဲ့လေ၏။
သူမကသူ့ကိုဘယ်သောအခါမှအခွင့်အရေးပေးမလဲမသိချေ။
သူပြောမယ်ကြံတိုင်း သွန်းကအမြဲရှောင်ထွက်သွားတတ်၏။
သူ့မှာဘာလိုအပ်ချက်များရှိနေလို့ပါလဲ။
သွန်းတစ်ယောက်ကတော့ သူမအနောက်မလှမ်းမကမ်းကနေကားတစ်စီးကခပ်ဖြည်းဖြည်းချင်းလိုက်လာနေတာကိုမသိတဲ့ထိအတွေးတွေလွန်နေခဲ့၏။
သူမရဲ့အဆောင်က ကျောင်းကနေခြေလျင်ပြန်ရင်အနည်းဆုံးတစ်နာရီတော့ကြာတတ်သည်။
သူမYBSမစီးဘဲလမ်းလျှောက်ပြန်ရသည့်အကြောင်းက အခုလိုတစ်ယောက်တည်းလမ်းလျှောက်ပြန်ရင်းနဲ့တွေးရတောရတာကဘာနဲ့မှမတူလို့ပါ။
စိတ်ကူးယဥ်လို့လည်းကောင်းပြီးကြေကွဲလို့လည်းကောင်းတယ်လေ။
သွန်းတရွေ့ရွေ့သွားနေရင်း အဆောင်လမ်းကြားထဲအချိုးမှာပဲ သူမလက်မောင်းလေးတစ်ဖက်ကဆွဲခံလိုက်ရ၍ အလှည့်တကြားလှည့်ကြည့်လိုက်တော့...
''ဟင်!...ရှင် တေဇာဘုန်းခန့်''
သွန်းတအံ့တသြဖြစ်နေတုန်းမှာပဲ သူကသွန်းကိုသူ့ကားနောက်ခန်းထဲသို့အတင်းဆွဲခေါ်လာခဲ့လေသည်။
''ရှင်ဒါဘာလုပ်တာလဲ...အခုလွှတ် ကျွန်မအော်လိုက်မှာ''
သူကအတင်းရုန်းကန်နေသောသွန်းရဲ့ကိုယ်လေးအား သူ့ရင်ခွင်ထဲအတင်းဆွဲဖက်လာလေသည်။
''လွှတ်လို့ပြောနေတယ်လေ''
''မလွှတ်ဘူး...မင်းကိုအပြစ်ပေးရဦးမယ်''
ပြောပြောဆိုဆိုနဲ့ သူကသွန်းကိုသူ့လက်မောင်းကြားထဲမှာထွေးပွေ့ထားရင်းမှ နှုတ်ခမ်းလေးတွေအားငုံ့မိုးနမ်းလာပါတော့သည်။
''အွန်း''
သူ့ကိုထုရို.က်တွန်းဖယ်နေတဲ့သူမလက်ကလေးကိုလည်း သူချုပ်ကိုင်လိုက်ပြီး သူမကိုယ်လေးနဲ့ပူးတွဲဖက်ထားလိုက်လေ၏။
သွန်းရဲ့သိစိတ်ထဲမှာ သူ့အနမ်းတွေကိုလက်မခံသင့်ဘူးလို့တွေးမိပေမယ့် မသိစိတ်ထဲမှာတော့ သူ့အနမ်းတွေကိုအရမ်းခုံမင်မက်မောနေမိသည်ပင်။
သွန်းကိုအမျိုးမျိုးပြုစားနေတဲ့သူ့ကိုလည်း တစ်ကယ်ပဲမုန်းပစ်လိုက်ချင်သည်။
မုန်းပစ်ဖို့ကြိုးစားပေမယ့် ကြိုးစားသမျှအရာမထင်ဘဲ သူ့ကိုမုန်းဖို့ကြိုးစားတိုင်းသူမနှလုံးသားကပဲနာကျင်ခဲ့ရ၏။
စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူကသွန်းကိုလွှတ်ပေးလာပြီး မျက်ရည်ကြည်လေးတွေဝေ့နေသောသူမမျက်ဝန်းတွေကိုစိုက်ကြည့်လို့လာလေသည်။
''ကိုယ့်ကိုရို.က်ချင်သေးလား''
သွန်းကသူ့ကိုတွန်းဖယ်လိုက်ပြီး သူမဘက်ကကားတံခါးကိုဆွဲဖွင့်ဖို့ကြိုးစားစဥ်မှာပဲ ဘုန်းခန့်ကသူမလက်ကိုဆွဲ၍ သူမကိုယ်လေးအားသိုင်းဖက်လာပြန်သည်။
''ကိုယ်တောင်းပန်ပါတယ်သွန်းရယ် ကိုယ့်ကိုတစ်ခါလောက်ခွင့်လွှတ်ပြီး ကိုယ့်ဘေးနားကိုပြန်လာခဲ့ပေးပါလား''
''မဖြစ်နိုင်ဘူး...ကျွန်မရှင့်ကိုထပ်ယုံဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး...ရှင့်ကြောင့်ထပ်ပြီးနာကျင်ရမှာကိုကြောက်တယ်...ကျွန်မကိုထပ်ပြီးမနှောက်ယှက်ပါနဲ့တော့ ကျွန်မကိုယ့်ဘဝနဲ့ကိုယ်ပဲနေပါရစေ ကျွန်မရှင့်ကိုအရမ်းကြောက်လို့ပါ''
''ကိုယ်အမှားထပ်မလုပ်ဘူး ထပ်မညာဘူးလို့ကတိပေးတယ်သွန်းရယ်...သွန်းရဲ့မျက်နှာကိုပဲကြည့်ပြီး သွန်းတစ်ယောက်တည်းကိုပဲချစ်သွားမယ်လို့ပါကတိပေးတယ်...အခုကိုယ့်မှာဘာဇယားမှမရှိတော့ဘူး ကိုယ့်နှလုံးသားထဲမှာသွန်းပဲရှိတော့တယ် သွန်းမှမဟုတ်ရင် ဘယ်မိန်းမကိုမှကိုယ့်အနားကိုအကပ်ခံမှာမဟုတ်တော့ဘူး ကိုယ့်ကိုဒီတစ်ခါပဲထပ်ယုံပေးပါသွန်းရယ်''
သွန်းကသူ့ဆီကနေအတင်းရုန်းထွက်ပြီးမှ...
''ဒီမှာတေဇာဘုန်းခန့်...ပထမတစ်ကြိမ်တုန်းက ကျွန်မကတောသူမမို့ကျွန်မကိုလိမ်ညာလှည့်စားခဲ့တယ်ဆိုရင် ရှင်အောင်မြင်တယ်...ဒါပေမယ့်ဒုတိယအကြိမ်တော့ရှင်အောင်မြင်မှာမဟုတ်ဘူး...ကျွန်မကရှင်ထင်သလောက်တုံးချာမနေဘူး...ကျွန်မကိုထပ်ပြီးမနှောက်ယှက်ပါနဲ့''
ပြောပြီးသည်နှင့် သွန်းကကားပေါ်ကနေဆင်းသွားပါတော့သည်။
ယုံကြည်မှုတစ်ခုကပျက်စီးသွားရင် ပြန်ပြီးတည်ဆောက်ဖို့ဆိုတာကလွယ်ကူမည်မဟုတ်ဘူးဆိုတာ သူကောင်းကောင်းကြီးသိပေမယ့် သူ့ထပ်ပြီးကြိုးစားကြည့်ချင်သေးသည်။
သွန်းကသူ့ကိုတစ်ချိန်ချိန်မှာပြန်ပြီးလက်ခံလာမယ်ဆိုတာကိုသူ့စိတ်ထဲမှာအလိုလိုသိနေ၏။
အဲဒါကလည်းသူ့ရဲ့ဇွဲလုံ့လအပေါ်မှာမူတည်သည်။
သွန်းကိုသူလက်မလျှော့ခဲ့ရင် သွန်းကသူ့အပေါ်ပြန်ပြီးစိတ်ယိုင်လာမှာပါ။
***
ခင်ချူးတို့ကြားကပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ သူမနဲ့ဘုန်းမြတ်ကသူစိမ်းတွေလိုဖြစ်သွားခဲ့သည်။
အရင်လိုစကားများတာလေးတွေလည်းမရှိတော့ဘဲနှစ်ယောက်လုံးကအေးတိအေးစက်ဖြစ်နေခဲ့လေ၏။
သူကခင်ချူးကိုဆေးတိုက်တာ နွားနို့တိုက်တာနဲ့ သူမရဲ့ဝေယျာဝစ္စအားလုံးကိုလုပ်ပေးပေမယ့်လည်း ဒါဟာဝတ္တရားကြောင့်ဖြစ်ပြီး သူမကိုစကားသိပ်မပြောပေ။
ရေချိုးတဲ့အခါအဝတ်အစားအရန်သင့်ထုတ်ပေးထားပြီး ဗိုက်ဆာတဲ့အခါထမင်းပွဲကအရန်သင့်။
သူမ,စားချင်တာတစ်ခုခုရှိလို့ပါးစပ်က'တ'လိုက်တာနဲ့ နာရီဝက်အတွင်းသူမရှေ့ရောက်ပြီးသား။
ဒီလိုတွေဂရုတစိုက်လုပ်ပေးနေပေမယ့်လည်း သူ့ရဲ့မျက်နှာမှာသွေးအေးခြင်းအရိပ်အယောင်တွေကလွဲပြီးဘာမှမရှိ။
ထိုအကြောင်းတွေကိုရင်ဖွင့်စရာလူကသူမမှာသွန်းအပြင်မရှိချေ။
သွန်းကိုဖုန်းဆက်ပြီးသူမကိုယ်ဝန်အကြောင်းကိုပြောပြတော့သွန်းကအရမ်းဝမ်းသာသွားပုံပါပဲ။
မမြင်ရပေမယ့်သူမအသံကြားရုံနဲ့တင်ခင်ချူးသိနိုင်သည်။
''ငါအရမ်းဝမ်းသာတယ်ခင်ချူးရယ်...ငါလည်းနင့်ဆီလာခဲ့ဦးမယ်''
''လာရင်လည်းအပြီးလာပါလားဟာ...ငါအခုအရမ်းနာကျင်နေရတယ် ငါနင့်ကိုရင်ဖွင့်ချင်တယ် မဟုတ်ရင်ငါ့ရင်ဘတ်ကြီးတစ်ခုလုံးတင်းကြပ်နေတာနဲ့ပဲငါရူးသွားတော့မှာ ငါ့အနားမှာနင့်ကိုရှိစေချင်တယ်''
''ဘာတွေဖြစ်လို့လဲခင်ချူးရယ် ငါ့ကိုသေချာပြောစမ်းပါ''
''လူကြီးလေ လူကြီးအရမ်းရက်စက်တာပဲ...သူငါ့အပေါ်မှာရက်စက်တယ်...အီးဟီး ဟီး''
ပြောရင်းနဲ့ခင်ချူးကငိုချလေ၏။
''မငိုနဲ့လေခင်ချူးရယ်...ဟုတ်ပြီ ငါမနက်ဖြန်ကျရင်နင့်ဆီလာခဲ့မယ်နော်...နင်ဘာမှအားမငယ်နဲ့ကြားလား...မငိုနဲ့တော့''
''မြန်မြန်လာနော် ငါနင့်ကိုအရမ်းလွမ်းတယ်သိလား''
''အေးပါ စိတ်ချနော်...မနက်ဖြန်မနက်မိုးလင်းတာနဲ့ငါနင့်ဆီအရောက်လာခဲ့မယ်''
''အေးပါ...ဒါပဲနော်''
သွန်းနဲ့ဖုန်းပြောပြီးသည်နှင့်ခင်ချူးကခေါင်းအုံးထက်မှာလှဲချပြီး ရှိုက်ကြီးငိုမိပြန်လေသည်။
သူမလူကြီးနဲ့အရင်လိုပြန်ပြီးအဆင်ပြေချင်သည်။
သူမရဲ့ရင်ထဲကခံစားချက်တွေကို လူကြီးကိုပြောပြချင်သည်။
ဒါပေမယ့်သူမရဲ့မခံချင်စိတ်ကသူမရဲ့နှုတ်ခမ်းတွေကိုချိတ်ပိတ်ထားခဲ့လေ၏။
သူမကအခန်းတံခါးကိုကျောပေးပြီးအိပ်နေတာမို့ ဘုန်းမြတ်ကသူမကိုလာကြည့်နေတာကိုခင်ချူးမသိလိုက်ပေ။
သူမကိုအခုလိုမျက်ရည်မကျစေချင်ပေမယ့် ကိုယ့်ကလေးကိုပြန်သ.တ်ဖို့တွေးရက်ပြီး နောက်ဆုံးကလေးကိုခုတုံးလုပ်ကာ သူလိုချင်တာကိုရအောင်ယူသွားတဲ့ထိအသည်းမာရက်တဲ့သူမကို သူဘယ်လိုစိတ်နဲ့များမျက်ရည်တွေသုတ်ပေးပြီးချော့မြှူရမလဲ။
အရင်အချိန်တွေတုန်းက စကားများတာတောင်မှကြည်နူးစရာကောင်းခဲ့တာမို့ သူတို့ကြားမှာအဆင်ပြေလာပြီ သံယောဇဥ်ကြိုးလေးတွေသွယ်လာပြီထင်ခဲ့မိတာ။
သူထင်ခဲ့တဲ့သံယောဇဥ်ကြိုးဆိုတာက သူ့ဘက်ကတစ်ဖက်သ.တ်ဖြစ်ခဲ့တာတွေချည်းပါပဲ။
***
C.21ဆက်ရန်