Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.19
မိသားစုတွေစုံလင်နေသည့်ညအချိန်ဖြစ်သည်။
''ဦးလေးနဲ့အန်တီ့ကို သွန်းပြောစရာရှိလို့ပါ''
အားလုံးရဲ့အကြည့်တွေကသွန်းထံသို့ရောက်လာလေ၏။
''သွန်းအဆောင်မှာပြောင်းနေတော့မယ်''
''ဟင်...ဘာလို့လဲသမီးရဲ့...အိမ်မှာနေရတာအဆင်မပြေလို့လားသမီး''
သူမဆီကထိုစကားကြားတော့ ဘုန်းခန့်ဘာမှမမေးမိခဲ့ပေမယ့်လို့ ရင်ထဲမှာတော့ယောက်ယပ်ခတ်သွားခဲ့ရလေသည်။
''အကုန်အဆင်ပြေပါတယ် သွန်းအားနာလို့ပါ''
''ဘာအားနာစရာလိုလို့လဲသမီးရယ်''
''ဟုတ်သားပဲသွန်းရယ်...နင်ဘာလို့အခုလိုဆုံးဖြတ်ရတာလဲ ငါခွင့်မပြုဘူး နင်အဆောင်မှာမနေရဘူး''
ခင်ချူးကသွန်းရဲ့လက်ကိုကိုင်ပြီးအကြောက်အကန်တားလေ၏။
''ငါဆုံးဖြတ်ပြီးပြီခင်ချူး...ငါမပြင်တော့ဘူး''
''မရဘူး...နင်သွားရင်ငါပါလိုက်မှာ''
''ကဲ ကဲ...နေကြပါဦး''
ဦးတေဇာကဝင်ဟန့်လိုက်မှ အားလုံးအသံတိတ်သွားကြလေ၏။
''သွန်း...သမီးတစ်ကယ်ပဲဆုံးဖြတ်ပြီးပြီလား''
''ဟုတ်ပါတယ်ဦးလေး...သွန်းမနက်ဖြန်ပဲအဆောင်ကိုပြောင်းတော့မှာပါ အားလုံးစီစဥ်ပြီးသွားပါပြီ အဆောင်လခအတွက်လည်းအကုန်ချေပြီးပါပြီ''
''ဟင်!''
''ဟင့်အင်း...မသွားရဘူး နင်မသွားရဘူး နင်သွားရင်ငါပါလိုက်မှာ''
ခင်ချူးကမျက်ရည်တွေကြားကနေ သွန်းကိုဇွတ်တားလေ၏။
''ခင်ချူး...နင်ကလေးမဆန်နဲ့တော့ နင်ကအိမ်ထောင်သည်ဖြစ်နေပြီလေ နင်ငါနဲ့လိုက်လို့ဘယ်ရမလဲ အဲလိုမဆိုးနဲ့''
''မရဘူး...နင်မသွားရဘူး''
သွန်းကဘာမှမပြောတော့ဘဲ နေရာကနေထထွက်သွားပါတော့သည်။
''သွန်း...သွန်း!''
သွန်းအနောက်ကိုလိုက်ဖို့ကြံနေတဲ့ခင်ချူးအား ဘုန်းမြတ်ကမရမကဆွဲထားလိုက်၏။
''ခင်ချူး...စိတ်အေးအေးထား သူ့စိတ်ကိုကိုယ်တို့မှမပိုင်တာ...သူစိတ်ရှုပ်ထွေးအောင်မလုပ်ဘဲ သူ့ကိုသွားခွင့်ပေးလိုက်ပါ''
ဘုန်းခန့်ကလည်းနေရာကနေထလာလိုက်ပြီး အိမ်ပေါ်ကိုဒေါနဲ့မောနဲ့တက်ခဲ့လိုက်သည်။
အပေါ်ထပ်ကသွန်းအခန်းရှေ့ရောက်တော့ အခန်းတံခါးကိုလှည့်ဖွင့်ကြည့်ချိန်မှာ သူမကတံခါးကိုလော့ခ်ျထားသည်တဲ့။
''တောက်!''
သူလည်းထိုနေရာကနေပြန်ထွက်လာခဲ့လိုက်ပြီး အောက်ထပ်မှာရှိနေတဲ့သော့ပိုတွေထားတဲ့ဆီရောက်လာကာ သော့တွဲကိုယူ၍အပေါ်ထပ်ကိုပြန်တက်လာခဲ့လိုက်ပြန်သည်။
အပေါ်ရောက်သည်နှင့်သူမအခန်းတံခါးကိုသော့ဖွင့်ပြီး အခန်းထဲသို့ဝင်ခဲ့လိုက်၏။
သူအခန်းထဲရောက်တော့ သူမကအိပ်ရာပေါ်ပင်ရောက်နေပါပြီ။
''သွန်း...မင်းထစမ်း''
သူ့အသံကြားတော့သွန်းအိပ်ရာကနေအလန့်တကြားနဲ့ထထိုင်လိုက်မိလေသည်။
''ရှင်ကျွန်မအခန်းထဲကိုဘယ်လိုဝင်လာတာလဲ''
''ဒီအိမ်ကငါ့အိမ်ဆိုတာမေ့နေပြီလား''
ဟုတ်ပါရဲ့။သွန်းဒါကိုဘာလို့မေ့သွားရသလဲမသိ။
''ရှင်အခုချက်ချင်းအခန်းထဲကထွက်သွားပါ''
သူကတစ်စက်မှအရေးမလုပ်ဘဲ သူမလက်ကိုခပ်ကြမ်းကြမ်းဆွဲပြီး ကုတင်ပေါ်ကဆင်းစေကာ လက်မောင်းနှစ်ဖက်ကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်လေသည်။
''မင်းအဆောင်မှာနေရဲနေကြည့်...ငါ့အကြောင်းသိမယ်''
''လဲေ.သလိုက်လေ...ရှင်ကဘာမို့လို့လာတားနေတာလဲ...အခုလွှတ်နော်!''
သူ့ဆီကနေအတင်းရုန်းကန်နေတဲ့သူမကိုယ်လေးအား သူရင်ခွင်ထဲသို့ခပ်တင်းတင်းဆွဲဖက်ပစ်လိုက်လေ၏။
''ရှင်ဒါဘာလုပ်တာလဲ...လွှတ်!''
''ကိုယ်တောင်းပန်ပါတယ်သွန်း...ကိုယ်ကတစ်ကယ်တော့ငတုံးပါ...မင်းကကိုယ့်ရင်ထဲမှာရှိနေရက်နဲ့ကိုယ့်စိတ်ကိုမသိခဲ့ဘူး...မင်းကိုယ့်ကိုထားခဲ့တဲ့နေ့ကျမှပဲ ကိုယ်မင်းကိုချစ်နေမိမှန်းသိခဲ့တာ''
သူ့စကားကြောင့် သွန်းရဲ့စိတ်တွေကလှုပ်ရှားသွားပြီး ရင်တွေပါခုန်သွားပေမယ့်လည်း အရင်ကကိစ္စကိုပြန်သတိရသွားသည်နှင့် သူ့ဆီကနေချက်ချင်းပဲမရမကရုန်းပစ်လိုက်သည်။
''ရှင့်စကားကိုကျွန်မထပ်ယုံမှာမဟုတ်လို့ အခုချက်ချင်းထွက်သွားပါ''
''ယုံပေးပါသွန်းရယ်...ကိုယ်တစ်ကယ်ပဲအချိန်လွန်ခဲ့ပေမယ့် လုံးဝမလိုက်နိုင်တဲ့အထိမဝေးကွာသေးတဲ့အချိန်လေးမှာ ကိုယ်ပြန်ပြီးပြုပြင်ချင်သေးတယ်''
''အဲဒါရှင့်အမြင်လေ...ကျွန်မအနေနဲ့ကတော့ ရှင်နဲ့ကျွန်မကတစ်ယောက်နဲ့တစ်ယောက် ပြေးပြီးလိုက်ရင်တောင်မှမမီတဲ့အနေအထားကိုရောက်သွားပြီ''
''မဟုတ်ဘူး အဲလိုမဖြစ်ရဘူး...မင်းငါ့ဘေးကနေလည်းဘယ်မှထွက်မသွားရဘူး''
''ရှင်ကျွန်မကိုလာပြီးချယ်လှယ်လို့မရဘူးတေဇာဘုန်းခန့်...ဟိုနေ့ညကတည်းကရှင့်ကိုကျွန်မမုန်းလိုက်ပြီ''
''ဘာ!''
''ရှင်နားမကောင်းတော့ဘူးလား...ရှင့်ကိုကျွန်မမုန်းတယ်လို့ပြောတာ...မုန်းတယ် အရမ်းမုန်း...အွန့်''
သူမစကားမဆုံးခင်မှာပဲ သူမနှုတ်ခမ်းလေးတွေကပူနွေးသွားခဲ့ရတော့သည်။
သူ့အနမ်းတွေကို သွန်းမလိုချင်ဘူး။
''အွန်း...''
သူကသွန်းကိုရုန်းမရအောင်ချုပ်ထားပြီး သူမနှုတ်ခမ်းလွှာလေးတွေကိုအတင်းစုပ်ယူနေခဲ့လေသည်။
နောက်တော့ သွန်းလည်းလုံးဝမရုန်းတော့ဘဲနှုတ်ခမ်းကိုတင်းတင်းစေ့ရင်းနဲ့ ငြိမ်ငြိမ်လေးဘဲနေလိုက်ရာ သူကသွန်းကိုခပ်ဖြည်းဖြည်းချင်းလွှတ်ပေးလာခဲ့၏။
သူ့ဆီကလွတ်သွားသည်နှင့် သူမလက်ဝါးကသူ့ပါးပေါ်ဖြန်းခနဲပင်။
နာကျင်စပ်ဖျင်းသွားတဲ့ပါးကိုကိုင်ရင်း သူကသွန်းကိုတအံ့တသြကြည့်လာလေ၏။
''သွန်း...မင်းကိုယ့်ပါးကိုရိုက်တယ်...မင်းအဲလောက်ထိကိုယ့်ကိုခါးခါးသီးသီးဖြစ်နေပြီလား''
''ကိုယ်နဲ့ဘာမှမပတ်သက်တဲ့ယောကျ်ားကလာနမ်းတာကိုငြိမ်ခံနေရအောင်က ကျွန်မကအဲလောက်ထိအညှာမလွယ်ဘူး ကျွန်မဒီ့ထက်ပိုပြီးမတုန့်ပြန်မိခင်မှာ ရှင်အခန်းထဲကထွက်သွား''
''ဟုတ်ပြီ ကိုယ်သွားမယ်...ဒါပေမယ့်ဒါကအရှုံးပေးတာမဟုတ်ဘူး...ကိုယ်မင်းကိုလွယ်လွယ်လေးလက်မလျှော့ဘူး''
ပြောပြီးသည်နှင့်သူကအခန်းထဲကထွက်သွားပါတော့သည်။
သူထွက်သွားတော့မှသွန်းလည်းကုတင်မှာအရုပ်ကြိုးပြ.တ်ဝင်ထိုင်လိုက်ပြီး မျက်ရည်တွေကျလာခဲ့ရလေ၏။
ဘယ်လိုပဲမုန်းတယ်ပြောပြော သူမရင်ထဲမှာသူ့အတွက်အချစ်တွေကမကုန်ခမ်းသေးဘူးဆိုတာကိုယ့်ကိုယ်ကိုပဲသိသည်။
သူသာမလှည့်စားခဲ့ရင် သူနဲ့သွန်းရဲ့ချစ်သူဘဝကအခုချိန်မှာပျော်စရာကောင်းနေမှာပဲ။
အခုတော့...။
***
နောက်နေ့မနက်မှာပဲ သွန်းကအဝတ်အိတ်ကိုလက်ကဆွဲပြီး အိမ်ပေါ်ထပ်ကနေဆင်းလာကာ အောက်ထပ်မှာရှိနေတဲ့ဦးတေဇာတို့ဆီသွား၍ သူတို့ရှေ့မှာပုဆစ်တုပ်ထိုင်ကန်တော့လိုက်သည်။
''သာဓု သာဓု သာဓု...အစစအရာရာအဆင်ပြေပါစေကွယ်...တစ်ကယ်ဆိုရင်သမီးကိုမသွားစေချင်ဘူး သမီးကမနေချင်တော့မှတော့ အန်တီတို့လည်းဆွဲမထားတော့ပါဘူး သမီးအိမ်ပြန်လာချင်တဲ့အချိန်ကျရင်အချိန်မရွေးပြန်လာခဲ့နော်''
''ဟုတ်ကဲ့အန်တီ...ဦးလေးနဲ့အန်တီလည်းကျန်းမာရေးဂရုစိုက်ပါ သွန်းအမြဲလာလည်ပါ့မယ်''
''ဟုတ်ပါပြီ''
''သွန်းကိုခွင့်ပြုပါဦး''
ပြောပြီးသည်နှင့်သွန်းကအဝတ်အိတ်ကိုဆွဲ၍ ဧည့်ခန်းထဲကထွက်လာခဲ့ရာ လှေကားကနေဆင်းလာတဲ့ဘုန်းခန့်နဲ့ထိပ်တိုက်လာဆုံ၏။
သွန်းကသူ့ကိုတစ်ချက်သာကြည့်ခဲ့ပြီး အိမ်ထဲကနေထွက်လာခဲ့လိုက်တော့သည်။
ဘုန်းခန့်လည်းသူမကိုဆွဲထားချင်ပေမယ့်သူ့မှာဘာအခွင့်အာဏာမှမရှိသည့်အတွက် ဒီအတိုင်းပဲရပ်ကြည့်နေခဲ့ရ၏။
သူမအခုလိုဖြစ်သွားတာသူ့ပယောဂအများကြီးပါသည်လေ။
သူကတစ်ကယ်မကောင်းတဲ့ကောင်။
ကိုယ်ချစ်တဲ့သူကိုနာကျင်အောင်လုပ်ခဲ့မိတဲ့သူ။
သူပြန်ပြီးကြိုးစားရင် သွန်းကသူ့ကိုပြန်ပြီးလက်ခံလောက်မှာပါလို့ထင်ထားပေမယ့် သူ့စိတ်ထဲမှာတော့စိတ်ဓာတ်ကျလုနီးပါးဖြစ်နေပါပြီ။
အပေါ်ထပ်ကအခန်းထဲမှာရှိနေတဲ့ခင်ချူးကလည်း သူငယ်ချင်းဖြစ်သူကိုစိတ်ဆိုးဒေါသထွက်ကာ ငိုကြီးချက်မ,ဖြစ်နေသည်မို့ ဘုန်းမြတ်ကပဲမနည်းချော့နေရလေ၏။
''အီးးး...မိသွန်း ကောင်မစုတ် တစ်သက်လုံးမခေါ်ဘူးကြည့်ထား...အီးဟီး ဟီးးး''
''မငိုပါနဲ့တော့ခင်ချူးရယ်...သွန်းကအဝေးကြီးကိုသွားတာမှမဟုတ်တာ လွမ်းရင်သွားတွေ့လို့ရတာပဲ''
''သွားမတွေ့ဘူး အဲ့ကောင်မစုတ်ကိုအရမ်းအမြင်ကပ်တယ်...အီးးးဟီးးး...လူကြီး သွန်းကိုပြန်ခေါ်ပေး...အခုပြန်ခေါ်ပေး''
သူစိတ်ညစ်စွာနဲ့ ခေါင်းကိုသာတဗျင်းဗျင်းကုတ်ပစ်မိတော့သည်။
အခုပဲအမြင်ကပ်တယ်ပြောလိုက် အခုပဲပြန်ခေါ်ပေးပြောလိုက်နဲ့ သူကဘာလုပ်ပေးရတော့မှာလဲ။
''ကိုယ်ပြန်ခေါ်ပေးမယ်ဟုတ်ပြီလား...မငိုနဲ့တော့နော်''
''ကျုပ်အရမ်းဒေါသထွက်တယ်သိလား...အီးးး''
''ဟုတ်ပါပြီကွာ ကိုယ်နားလည်ပါတယ် စိတ်လေးကိုလျှော့နော် သွန်းကလည်းသူ့အကြောင်းနဲ့သူရှိမှာပါ အဲဒါကြောင့်သူ့ကိုလည်းသိပ်ပြီးအပြစ်တင်မနေပါနဲ့ခင်ချူးရယ် နော်''
သူမကသူ့ကိုဘာမှပြန်မပြောပေမယ့် အငိုတော့မတိတ်ခဲ့ပေ။
သူမတို့နှစ်ယောက်ကြားကသံယောဇဥ်ကညီအစ်မအရင်းလိုသံယောဇဥ်မျိုးဆိုတာကိုသူသိသည်။
သွန်းကလည်းကောက်ခါငင်ခါကြီးအခုလိုဆုံးဖြတ်ခဲ့ကတည်းကအကြောင်းအရင်းတစ်ခုခုကရှိကိုရှိရမည်လို့သူတွေးမိ၏။
အဲ့အကြောင်းအရင်းကသူ့ညီနဲ့ပတ်သက်နေတာသာဆိုရင်တော့...။
***
အခုဆိုသူတို့မိသားစုထမင်းဝိုင်းက တစ်ခုခုလစ်ဟာနေသလို အထီးကျန်နေသလိုနဲ့ ဘာလိုလို့လိုနေမှန်းမသိချေ။
''သွန်းမရှိတာပျင်းဖို့ကောင်းသလိုပဲနော်...ဒီကလေးမလေးကဘာလို့အခုလိုဆုံးဖြတ်လိုက်ရတာလဲမသိဘူး''
ဒေါ်ဒေဝီကခပ်တိုးတိုးညီးတွား၏။
''ဒါကတော့သူ့အကြောင်းနဲ့သူရှိမှာပေါ့ ဒီကိစ္စကိုသူ့အမေသိပြီးပြီလား မသိသေးဘူးလားမသိဘူး...ဘာပဲဖြစ်ဖြစ် မင်းကနီနီအေးကိုလှမ်းပြောထားလိုက်ဦး...တစ်ခုခုဆိုငါတို့ခေါင်းပေါ်လာမှာစိုးရတယ်''
''အင်းပါ...ပြောထားလိုက်ပါမယ်''
ဘုန်းခန့်ကလက်ထဲကဇွန်းကိုချပြီး...
''ကျွန်တော်ဗိုက်ဝပြီ''
ဟုဆိုကာ နေရာကနေထထွက်လာခဲ့လိုက်သည်။
အခန်းထဲရောက်တော့ ခေါင်းအုံးအောက်ကရင်ထိုးဗူးလေးကိုယူပြီး အဖုံးလေးဖွင့်ကြည့်လိုက်လေ၏။
သွန်းကိုသူပထမဆုံးပေးခဲ့တဲ့လက်ဆောင်လေး တန်ဖိုးကြီးမှာပဲဆိုပြီးငြင်းခဲ့တဲ့လက်ဆောင်လေး အတုပါလို့ပြောမှပေးခွင့်ရခဲ့တဲ့လက်ဆောင်လေး...
နောက်ဆုံးတော့သူ့လက်ထဲကိုပြန်ရောက်လာခဲ့ရှာသည်ပဲ။
''မင်းရဲ့ပိုင်ရှင်ကမင်းကိုရက်ရက်စက်စက်ထားခဲ့တယ်...ဒါပေမယ့်စိတ်ချပါ မင်းရဲ့ပိုင်ရှင်ကိုပြန်ခေါ်ခဲ့ပေးမယ်''
သူဗူးလေးကိုပြန်ပိတ်ပြီး စားပွဲအံဆွဲထဲသို့ထည့်ထားလိုက်သည်။
သွန်းကိုသူတစ်စက်လေးမှအပြစ်မတင်ပါဘူး။
သူ့အမှားအတွက်သူဒီရလာဒ်ကိုရတာထိုက်တန်ပါတယ်။
အရင်ကမိန်းကလေးတွေကိုလှည့်စားခဲ့သမျှက သူတစ်ကယ်ချစ်ခဲ့မိချိန်မှာပြန်ပြီးဝဋ်လည်ခဲ့တာ။
သူမိန်းကလေးတစ်ယောက်ကိုတစ်ကယ်ချစ်မိသွားလိမ့်မယ်ဆိုတာကိုယ့်ကိုယ်ကိုမသိလိုက်ခင်မှာပဲ သူ,သွန်းကိုချစ်မိခဲ့သည်။
သူကိုယ့်ကိုယ်ကိုသိတဲ့အချိန်မှာတော့ သွန်းကသူ့ဘေးကနေထွက်သွားခဲ့ပါပြီ။
ဘာပဲဖြစ်ဖြစ် သွန်းကိုသူ့ဘေးနားပြန်ခေါ်ရမည်။
သွန်းက သူပထမဆုံးချစ်မိတဲ့မိန်းကလေးမို့။
***
C.20ဆက်ရန်