Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.18
သူတို့ကုမ္ပဏီကိုရောက်တော့ ဘုန်းမြတ်ကခင်ချူးကို သူ့ရုံးခန်းထဲသို့တန်းခေါ်လာလေ၏။
''လူကြီး...ခင်ဗျားရုံးခန်းကအကျယ်ကြီးပဲနော် မိုက်နေရောပဲ အဲလ်ကွန်းကလည်းအေးနေရော''
''နောက်ရက်တွေလည်းကိုယ်နဲ့လိုက်ခဲ့ချင်ရင်အမြဲတမ်းokပဲနော်''
''နေ့တိုင်းတော့မလိုက်ပါဘူး အခုတောင်မှမရောက်ဖူးလို့''
''ဟုတ်ပါပြီ...ကဲ ထိုင်နေဦး ကိုယ်ကတော့အလုပ်စလုပ်ရတော့မယ်''
''အင်း''
ခင်ချူးကဆိုဖာမှာဝင်ထိုင်ပြီး ဖိနပ်တွေကိုချွတ်ကာ ဆိုဖာပေါ်သို့လှဲအိပ်လိုက်လေသည်။
''ဟောဗျာ...ထိုင်နေခိုင်းတာကို''
''ကျုပ်ဘာသာထိုင်ထိုင် လှဲလှဲပေါ့...လျှာရှည်တာ''
သူမကခေါင်းထောင်ပြီး သူ့ကိုမျက်စောင်းတထိုးထိုးနဲ့ဆိုကာ ပိုက်ဆံအိတ်ထဲကဖုန်းကိုဆွဲထုတ်၍ ခေါင်းကိုဆိုဖာမှာပြန်ကပ်လိုက်၏။
ဘုန်းမြတ်လည်းသူမကိုကြည့်ပြီးပြုံးစေ့စေ့နဲ့ပဲ စားပွဲမှာဝင်ထိုင်လိုက်တော့သည်။
ခင်ချူးကသူပြောလို့လည်းရမယ့်သူမှမဟုတ်ဘဲလေ။
***
မြတ်နိုးရိပ်ကသူမရှေ့ကဘုန်းခန့်အား လက်ပိုက်ခြေချိတ်ပြီး မထီတထီရုပ်နဲ့ကြည့်နေလေ၏။
ဘုန်းခန့်ကတော့သူမကိုမကြည့်ဘဲ လက်ထဲကမီးခြစ်ကိုသာဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်။
''ဘာဖြစ်နေတာလဲ...ညကကိစ္စအတွက်အခုထိစိတ်ရှုပ်နေလို့လား''
''မဟုတ်ဘူး...မနေ့ကပဲ ကျွန်တော်နဲ့သွန်းနဲ့ပြတ်သွားပြီ''
''ဘယ်လို''
''သူက ဘယ်တော့မှအရွေးချယ်ခံဘဝနဲ့မနေဘူးတဲ့''
ထိုစကားကြားတော့ မြတ်နိုးရိပ်ကခြေထောက်တွေကိုဖြုတ်ပြီး လက်တွေကိုပါစားပွဲပေါ်တင်လိုက်လေ၏။
''ဆိုလိုတာက သူကမင်းကိုအရင်စွန့်ပစ်သွားတယ်ပေါ့ မင်းကိုသူမလိုချင်လို့ငါရတယ်ပေါ့''
''အဲလိုမဟုတ်...''
''အဓိပ္ပါယ်မရှိလိုက်တာ တစ်ကယ်ဆိုရင်မင်းကအရင်သူ့ကိုဖြတ်ရမှာ...အခုငါကသူများစွန့်ပစ်ထားတဲ့သူကိုလက်ခံနေရသလိုဖြစ်နေပြီ...မာနထိခိုက်လိုက်တာ''
''မြတ်နိုးရိပ်...ခင်ဗျားကတစ်ကယ်ပဲအဲလိုတွေးတာလား''
''ဒါအမှန်တရားပဲလေ''
''အကယ်၍ ကျွန်တော့်ဘက်ကအရင် ခင်ဗျားကိုစွန့်ပစ်မယ်ဆိုရင် ခင်ဗျားဘာပြောမလဲ''
''ဘာပြောတယ်!!...ငါလုံးဝလက်မခံဘူး...လမ်းခွဲရင်တောင်မှ ငါ့ဘက်ကအရင်လမ်းခွဲမှာ''
''လက်မခံချင်လည်းလက်ခံလိုက်...ကျုပ်ခင်ဗျားကိုစွန့်ပစ်လိုက်ပြီ''
''ဘာ!''
ဘုန်းခန့်ကသူမဆီကဘာစကားမှနားမထောင်တော့ဘဲ နေရာကနေထထွက်သွားလေတော့သည်။
နောက်ပါးဆီမှ...
''တေဇာဘုန်းခန့်!...သောက်ကောင်!!''
ဟူသောအသံကိုလည်း သူလုံးဝလျစ်လျူရှုခဲ့လိုက်၏။
တစ်သက်လုံးကမာနတွေတသီတတန်းနဲ့ချေမိုးပြီးနေလာတဲ့မိန်းမက အခုလိုမျိုးမာနရိုက်ချိုးခံလိုက်ရတဲ့အပေါ်မှာ ခံပြင်းဒေါသထွက်နေမှာကိုသူသိသည်။
ဒါပေမယ့်မတတ်နိုင်ပေ။
အရင်ကသူဇဝေဇဝါဖြစ်နေခဲ့တဲ့ကိစ္စက ညတုန်းကသွန်းနဲ့သူ့ကြားမှာဖြစ်ပျက်ခဲ့တာတွေရယ် သူ့ကိုသွန်းပြောလာတဲ့စကားတွေရယ်ကြောင့် သူ့အရာအားလုံးကိုရှင်းရှင်းလင်းလင်းသိသွားခဲ့ရသည်။
သူလိုချင်တာသွန်းကိုဆိုတာ။
***
''ခင်ချူး ဗိုက်ဆာပြီလား''
''........''
သူ,ခင်ချူးကိုမော့မကြည့်ဘဲမေးလိုက်ပေမယ့် သူမထံမှဘာတုန့်ပြန်သံမှမကြား၍ သူခေါင်းမော့ကြည့်လိုက်တော့ ခင်ချူးကအိပ်ပျော်နေသည်ပင်။
သူလည်းစားပွဲကနေထလာလိုက်ပြီး သူမထံသို့လျှောက်လာခဲ့လိုက်သည်။
ဆိုဖာနားရောက်သည်နှင့် သူမနားမှာခြေဖျားထောက်ထိုင်ချကာ ဆံပင်လေးတွေကိုသပ်ပေးပြီး နဖူးလေးကိုခပ်ဖွဖွနမ်းလိုက်လေ၏။
သူမအိပ်ပျော်နေတဲ့အချိန်လေးမှာပဲ သူ့မှာခိုးခိုးနမ်းရသည်။
သူတို့နှစ်ဦးရဲ့ဘာဘာညာညာအချိန်ကလွဲရင် ခင်ချူးကသူ့ကိုအနမ်းမှမခံဘဲ။
အဲတော့အခုလိုပဲခိုးကြောင်ခိုးဝှက်လုပ်ရသည်။
''ဟင်း~~~''
သူကြည့်နေတုန်းမှာပဲ သူမကအကြောတွေဆန့်ပြီးမျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်နဲ့ပဲ အိပ်ရာကနေနိုးလာလေ၏။
''နိုးပြီလားခင်ချူး''
''လူကြီး...ကျုပ်ဗိုက်ဆာပြီ''
''အင်း...အဲဒါဆိုနေ့လည်စာသွားစားကြမယ်လေ...လာ ထ''
သူကခင်ချူးရဲ့လက်ကလေးနှစ်ဖက်ကိုကိုင်ပြီး အိပ်နေရာမှဆွဲထူလိုက်လေသည်။
''ဘာစားချင်လဲ''
''ဘာနေနေရတယ် ဗိုက်ပြည့်ရင်ပြီးရော''
''အဲဒါဆို-ြီးစားမလား''
''ခင်ဗျားနော် ညစ်ပတ်လိုက်တာ''
''ချိစ်လို့ပြောတာပါ လျှာခေါက်သွားတာ''
''ခင်ဗျားကြီးနော် ဟင်းဟင်း''
သူကခင်ချူးရဲ့ခေါင်းလေးကိုအုပ်မိုးကိုင်ပြီး ရုံးခန်းထဲကနေခေါ်ထုတ်လာခဲ့လေ၏။
သူတို့ကုမ္ပဏီကနေထွက်ခဲ့ပြီး အနီးအနားကစားသောက်ဆိုင်ကိုရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ထိုဆိုင်မှာရှင်းသန့်နဲ့လာတွေ့သည်။
''ဘုန်းမြတ်''
ရှင်းသန့်ကသူတို့ကိုလက်လှမ်းပြကာခေါ်၍ သူတို့လည်းရှင်းသန့်ထံသို့သွားလိုက်၏။
''ရှင်းသန့်...တစ်ယောက်တည်းလား''
''အေးပေါ့ဟဲ့...ငါကတစ်ကိုယ်တည်းသမားပဲကို''
''သူငယ်ချင်းတွေဘာတွေမပါဘူးလားလို့''
''မပါပါဘူး...နင်တို့ရော နေ့လည်စာလာစားတာလား''
''အေး...ဒီနေ့ခင်ချူးကငါနဲ့ကုမ္ပဏီကိုလိုက်လာတာလေ အဲဒါကြောင့်ငါတို့အတူရှိနေတာ''
''အေးပါ...ဘာမှာမလဲ မှာကြလေ ငါကမှာပြီးပြီ''
''အေး''
လူကြီးကထိုဆရာဝန်မနဲ့ရယ်မောပြောဆိုနေတာကိုကြည့်ပြီး ခင်ချူးစိတ်ထဲမှာဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ။
သူတို့ရဲ့အရမ်းရင်းနှီးနေတဲ့ပုံစံက ခင်ချူးကိုစိတ်အနှောက်အယှက်ဖြစ်စေသည်။
''ခင်ချူးဘာစားချင်လဲ''
''မသိဘူး ကြိုက်တာမှာ''
''ဟုတ်ပြီ''
''ခင်ချူး...မနက်ဖြန်ကျရင် တို့ရဲ့duty offလေ မနက်ဖြန်ခင်ချူးအားရင် တို့တွေလျှောက်လည်ကြမလား''
''နေပါစေ...ပျင်းတယ်''
''လုပ်ပါခင်ချူးရယ် တို့နဲ့လိုက်ခဲ့ပါ...တို့မှာအဖော်မရှိလို့''
ခင်ချူးငြင်းမလို့ပါးစပ်ပြင်နေတုန်းမှာပဲ လူကြီးက...
''ဟုတ်သားပဲခင်ချူးရယ် လိုက်သွားလိုက်ပါ ခင်ချူးလည်းအပျင်းပြေတာပေါ့''
ဟုပြောလာ၍ သူမစကပ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိလေသည်။
''အင်း...သဘောပဲ''
ထိုသို့လက်ခံလိုက်ရတဲ့အပေါ်မှာ သူမဒေါသတွေကတမြည့်မြည့်နဲ့ပူလောင်နေပြီပင်။
တစ်ကယ်စိတ်တိုလိုက်တာဆိုတာလေ။
***
နေ့လည်ကကိစ္စနဲ့ပတ်သက်ပြီး သူမတို့အိမ်ပြန်ရောက်သည်ထိ ခင်ချူးကဘုန်းမြတ်ကိုတစ်စက်မှအဖတ်မလုပ်သလို သူစကားပြောတာတွေကိုလည်းတစ်စက်မှပြန်မပြောပေ။
မျက်နှာကလည်းတင်းမာနေပြီး တစ်ခုခုကိုအမြင်မကြည်သည့်ပုံစံမျိုး။
''ခင်ချူး ဘာဖြစ်နေတာလဲ နေ့လည်စာစားပြီးကုမ္ပဏီကိုပြန်ရောက်ကတည်းကမျက်နှာကမသာမယာဖြစ်နေတာ နေမကောင်းဘူးလား''
''ဒေါင်ဒေါင်မြည်ပဲ''
''ဒါဆိုဘာဖြစ်နေတာလဲ''
''ခင်ဗျားနဲ့ဟိုဆရာဝန်မနဲ့ကအရမ်းရင်းနှီးပုံပဲ''
''ရင်းနှီးတယ်လေ stateကျောင်းကတည်းက''
''အဲဒါဆိုလည်းအဲ့မိန်းမကိုယူခဲ့ပါလား''
''အမ်!''
''ကျုပ်ကမလိုက်ချင်ဘူးပြောနေတာကိုဘာလို့အတင်းလိုက်ခိုင်းတာလဲ...ကျုပ်မပျင်းအောင်မဟုတ်ဘဲ ခင်ဗျားဟာမမပျင်းအောင်မလား''
''အာ...ဘာစကားတွေပြောနေတာလဲခင်ချူးရာ နားထောင်ရတာနားဝင်မချိုဘူးနော်...သူများကိုလည်းအဲလိုမသုံးနှုန်းရဘူး အဲဲဒါအရမ်းရိုင်းတယ်''
''ခင်ဗျားဟာမကိုထိတော့နာတယ်ပေါ့...အဲဒါဆိုလည်းသူနဲ့ပဲသွားနေလိုက်''
''တော်ပြီခင်ချူး...မင်းမလိုက်ချင်ရင်မလိုက်နဲ့ ငါ့ကိုထပ်ပြီးမပုတ်ခတ်မစော်ကားနဲ့ ငါနဲ့ရှင်းသန့်နဲ့ခင်တာကိုမင်းသိနေတာပဲလေ...ဒါကိုဘာလို့ဒီလိုစကားတွေပြောနေတာလဲ''
''အဲ့မိန်းမကဒီလောက်တောင်လှတာ...ခင်ဗျားသူ့ကိုမကြိုက်ခဲ့ပါဘူးလို့ငြင်းရဲလား''
''ငြင်းရဲတယ်...သူ့ကိုသာကြိုက်ခဲ့ရင် မင်းတောင်ငါ့မယားဖြစ်လာမှာမဟုတ်ဘူး''
''လျှာရိုးမရှိတိုင်းလျှောက်ပြောမနေစမ်းပါနဲ့...ကျုပ်ယုံမယ်ထင်လို့လား''
''နေစမ်းပါဦး အခုကမင်းကိုသူနဲ့လိုက်သွားခိုင်းလို့အခုလိုဖြစ်နေတာလား...မင်းမလိုက်ချင်မလိုက်နဲ့ဟုတ်ပြီလား...ငါဘာမှထပ်မပြောချင်တော့ဘူး''
ပြောပြီးသည်နှင့် ဘုန်းမြတ်ကအခန်းထဲကနေထွက်သွားပါတော့သည်။
''တောက်!''
ခင်ချူးဒေါသတကြီးနဲ့ပဲကုတင်ပေါ်မှာဝင်ထိုင်လိုက်လေ၏။
သူမကဘာလို့အခုလိုသေးသေးမွှားမွှားကိစ္စလေးအတွက်နဲ့ သူ့ကိုဘာလို့ပြဿနာရှာမိနေလဲဆိုတာကိုလည်းကိုယ့်ကိုယ်ကိုမသိချေ။
ခင်ချူးတစ်ကယ်ပဲရူးနေပြီထင်တယ်။
***
ခင်ချူးနဲ့စကားများပြီးကတည်းက သူအောက်ထပ်ကဧည့်ခန်းထဲမှာလာထိုင်နေတာဖြစ်ပြီး ခင်ချူးကလည်းအောက်ထပ်ကိုဆင်းမလာ။
သူမကဘာကိုမကျေနပ်ရတာလဲ။
သူမ,ပျင်းမှာစိုးလို့လျှောက်လည်ဖို့ပြောမိတာက အရမ်းမှားသွားလို့လား။
''ကျစ်!''
ထိုစဥ် သူ့အဖေနဲ့အမေကအိမ်သို့ပြန်ရောက်လာပြီး ဧည့်ခန်းထဲမှာထိုင်နေတဲ့သူ့ကိုတွေ့သည်နှင့် သူ့အမေကဧည့်ခန်းထဲသို့ရောက်လာခဲ့လေသည်။
သူ့အဖေကတော့အိမ်ပေါ်ကိုအရင်တက်သွား၏။
''သား...အဝတ်အစားလည်းမလဲဘဲဘာလုပ်နေတာလဲ''
''ဘာမှမဟုတ်ပါဘူးမေမေ''
ဒေါ်ဒေဝီကသားဖြစ်သူဘေးမှာဝင်ထိုင်ပြီး မျက်နှာမသာမယာဖြစ်နေသောသားတော်မောင်ကိုကြည့်ကာ...
''သား...ဘာဖြစ်နေတာလဲ ခင်ချူးနဲ့စကားများထားတာလား''
''ဟုတ်တယ်မေမေ''
''ဘာဖြစ်ကြတာလဲသားရဲ့''
ဘုန်းမြတ်ကလည်း ရှင်းသန့်နဲ့တွေ့တာကစလို့ ခင်ချူးနဲ့စကားများတဲ့အထိအကုန်ရှင်းပြလိုက်လေသည်။
''အဲဒါပဲမေမေ သူကကျွန်တော်နဲ့ရှင်းသန့်ကိုအလကားနေရင်းနဲ့သမုတ်နေတာ''
''ဪ အဲလိုလား...နားလည်ပေးလိုက်ပါသားရယ် ခင်ချူးလေးကကလေးစိတ်သာသာလေးပဲရှိသေးတာလေ...ပြီးတော့ သူကသားကိုသဝန်တိုနေတာ''
''ဗျာ...သဝန်တိုတာ''
''အင်း...တစ်ခြားမိန်းမနဲ့စွပ်စွဲကတည်းက သူကသားကိုစိတ်မချလို့ သဝန်တိုလို့ပေါ့''
''သဝန်တိုတယ်ဆိုတာချစ်ကြမှ စိတ်ထဲမှာရှိနေမှလေ...ကိုယ်မချစ်တဲ့သူကိုဘယ်သူကမှသဝန်မတိုလောက်ဘူးမလား''
သူ့စကားကြားတော့သူ့အမေကဘာမှပြန်မပြောဘဲ သူ့ကိုပြုံးရုံသာပြုံးပြနေလေသည်။
ဘုန်းမြတ်ကလည်းတစ်ခုခုကိုသဘောပေါက်သွားဟန်နဲ့ မျက်နှာကချက်ချင်းပြုံးသွားပြီး အိမ်ပေါ်ကိုချက်ချင်းပြေးတက်လာခဲ့လိုက်၏။
သူအခန်းထဲရောက်တော့ ခင်ချူးကတရှုံ့ရှုံ့ငိုရင်းနဲ့ပဲ အိတ်တစ်လုံးထဲသို့အဝတ်တွေထည့်နေသည်ပင်။
''ခင်ချူး...ဒါဘာလုပ်နေတာလဲ''
သူပြောပြောဆိုဆိုနဲ့ပဲ သူမလက်ထဲကအိတ်ကိုဆွဲယူလိုက်သည်။
''ပြန်ပေး...ကျုပ်ရွာပြန်မှာ ခင်ဗျားဆီလည်းပြန်မလာဘူး''
ပြောရင်းနဲ့ခင်ချူးကသူ့ထဲကအိတ်ကိုပြန်ဆွဲလု၏။
''မပေးဘူး...ခင်ချူးလည်းဘယ်မှမသွားရဘူး''
''သွားမှာပဲ...ခင်ဗျားမှာဘာအခွင့်အာဏာရှိလို့ကျုပ်ကိုလာတားရဲတာလဲ''
''ကိုယ်ကမင်းရဲ့ယောကျ်ားလေ''
''သွားစမ်းပါ...အလကားလူ ခင်ဗျားကိုယောကျ်ားလို့ကိုမသတ်မှတ်ဘူး''
ပြောပြီးခင်ချူးကကုတင်မှာသွားဝင်ထိုင်လိုက်လေသည်။
ဘုန်းမြတ်ကလည်းသူမဘေးမှာလာထိုင်ပြီး သူမခါးလေးကိုဖက်ကာ...
''ကိုယ်တောင်းပန်ပါတယ်ခင်ချူးရယ်...ကိုယ့်အမှားပါ ကိုယ်ကခင်ချူးကိုအပျင်းပြေပါစေဆိုပြီးပြောမိတာ...တစ်ကယ်ဆို ခင်ချူးကမသွားချင်ဘူးပြောကတည်းကကိုယ်နားထောင်သင့်တာကို...ကိုယ်တစ်ကယ်တောင်းပန်ပါတယ်နော် နောက်ဆိုခင်ချူးမကြိုက်တာတွေကိုကိုယ်ထပ်မလုပ်တော့ဘူးလေ ကိုယ့်ကိုခွင့်လွှတ်ပေးပါ ကိုယ်မှားပါတယ်...ကိုယ့်ကိုတော့မထားခဲ့ပါနဲ့နော်''
''........''
''ခင်ချူး...ကလေး''
''အရူး...ထိုင်ထအခါတစ်ရာသွားလုပ် သွား...အဲဒါဆိုခွင့်လွှတ်မယ်''
''တစ်ကယ်ကြီးလား...အခါတစ်ရာကတစ်ကယ်ကြီးလုပ်ရမှာလား''
''ရွာပဲပြန်တော့မယ်''
ပြောရင်းနဲ့ခင်ချူးကထိုင်နေရာမှထဖို့လုပ်နေ၍ သူအမိအရပြန်ဆွဲထားလိုက်ရသည်။
''ကဲ ကဲ...လုပ်ပါမယ်ကွာ...အဲလိုတော့မခြိမ်းခြောက်ပါနဲ့''
သူမကခပ်တည်တည်ရုပ်လေးနဲ့ခါးလေးကိုမတ်ထိုင်ကာ လက်နှစ်ဖက်ကိုပိုက်ထားလိုက်လေ၏။
ဘုန်းမြတ်သည်လည်း မျက်နှာကြီးရှုံ့မဲ့၍ သူမရှေ့တည့်တည့်မှာလာရပ်လိုက်သည်။
''ကိုယ်လုပ်တော့မယ်နော်''
''မြန်မြန်''
သူလည်းနားရွက်နှစ်ဖက်ကိုဆွဲ၍ထိုင်ထစလုပ်ပါတော့သည်။
''တစ် နှစ် သုံး လေး ငါး''
''.........''
''နှစ်ဆယ်''
''.........''
''သုံးဆယ့်ကိုး''
''.........''
''ငါးဆယ့်ရှစ်''
''.........''
''ခြောက်ဆယ့်ငါး''
သူကထိုနေရာမှာပဲရပ်လိုက်၍ ခင်ချူးကသူ့ကိုမှုန်ကုပ်ကုပ်နဲ့ကြည့်လာ၏။
''ဆက်လုပ်လေ''
''လုပ်မယ်...ခင်ချူးကို''
သူ့စကားဆုံးသည်နှင့် သူမကိုယ်လေးကမွေ့ယာထဲနစ်ဝင်သွားပြီး ဘုန်းမြတ်ကသူမကိုယ်လေးပေါ်သို့အုပ်မိုးလိုက်ပါတော့သည်။
''ဟေ့လူကြီး!!!''
ခင်ချူးအသံလေးကသူ့နားစည်တွေကွဲမတတ်ပါပဲ။
ဒါပေမယ့်လည်း သူမလေးကိုရယူဖို့သာသူဇောကပ်နေခဲ့လေသည်။
***
C.19ဆက်ရန်