Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.16
''လူကြီး...ကျုပ်ပြောစရာရှိတယ်သိလား''
''ဘာများလဲ''
ဘုန်းမြတ်ကညဝတ်အင်္ကျီကိုကြယ်သီးတပ်နေရင်းမှသူမကိုလှမ်းကြည့်လိုက်၏။
''လူကြီးဘယ်သူ့မှပြန်မပြောနဲ့နော် သိလား''
''အင်းပါ ပြောမှာသာပြောပါ''
ဘုန်းမြတ်ကအင်္ကျီလဲပြီးသည်နှင့်သူမဘေးမှာသွားထိုင်လိုက်လေသည်။
''ဘုန်းခန့်နဲ့သွန်းလေ...ချစ်သူတွေဖြစ်နေကြပြီတဲ့''
''ဟမ်!''
''လူကြီးအံ့သြသွားပြီမလား လူကြီးဘယ်သူ့မှပြန်မပြောနဲ့နော် နှုတ်လုံအောင်နေ...သူတို့ကလေ ရွာမှာကတည်းကဘာညာဘာညာချင်နေတာတဲ့...ဒီလည်းရောက်ရောတွဲကြရောတဲ့လူကြီးရဲ့''
''ခင်ချူးကရော ဘယ်လိုသိတာလဲ''
''သွန်းပြောပြတာပေါ့ သွန်းကဘယ်သူ့မှပြန်မပြောနဲ့တဲ့''
''အော် အော်...စကားနားထောင်တယ်နော်''
''လူကြီးကကျုပ်ယောကျ်ားမို့ပြောပြတာပါ''
''ယောကျ်ားပေါ့လေ''
''အင်း...ယောကျ်ားမဟုတ်လို့ဘာလဲ''
''ယောကျ်ားဆိုလည်းအလိုလိုက်ဦး''
ပြောရင်းနဲ့လူကြီးရဲ့လက်ကသူမအင်္ကျီအောက်ထဲဝင်လာ၍ ခင်ချူးသူ့လက်ကိုဖယ်ချပစ်လိုက်လေ၏။
''ခင်ဗျားကြီးနော်...ဒီတစ်ပတ်အတွက်ကပြီးသွားပြီလေ...တစ်ပတ်မှာတစ်ရက်လို့ပြောထားတာကို''
''ကိုယ်တစ်ကယ်ဆာနေလို့ပါ...ကိုယ့်ကိုနည်းနည်းလေးလိုက်လျောပေး နော်...ခင်ချူးကလိမ္မာပါတယ်''
သူ့လက်တွေကခင်ချူးရဲ့အပေါ်ပိုင်းကိုမြန်မြန်ဆန်ဆန်ထိတွေ့လာတော့ ခင်ချူးစိတ်လေးကအနည်းငယ်ယိုင်သွားရ၏။
''လူကြီး''
သူကခင်ချူးကိုအိပ်ရာထက်သို့လှဲချလိုက်ပြီး နှုတ်ခမ်းလေးနဲ့လည်တိုင်လေးကိုအတင်းပဲနမ်းလာတော့သည်။
''အွန်း...''
ကုတင်ကတကျွီကျွီမြည်သံနဲ့အတူ ခင်ချူးရဲ့ခန္ဓာကိုယ်လေးကသူနဲ့အတူစည်းချက်ညီညီနဲ့ပဲလှုပ်ရှားနေခဲ့လေ၏။
***
မနေ့ကမမနဲ့ကတောက်ကဆဖြစ်ခဲ့ပြီးကတည်းက သူနဲ့မမတို့အဆက်အသွယ်မလုပ်ဖြစ်ကြပေ။
သူမဘက်ကလည်းအကြောတင်းစွာနဲ့ပဲ သူ့ကိုမဆက်သွယ်ခဲ့တော့ မနေနိုင်တဲ့သူကပဲ စပြီးဆက်သွယ်ခဲ့လေ၏။
ဒါပေမယ့်သူမဘက်ကဖုန်းမကိုင်ခဲ့ပေ။
ဖုန်းကဝင်နေပေမယ့် တမင်သပ်သပ်မကိုင်ခဲ့တာပါ။
''တောက်!''
သူတောက်ပြင်းပြင်းခေါက်ပြီးနောက်ကိုလှည့်လိုက်တော့ သွန်းကသူ့အနောက်မှာအအေးခွက်လေးကိုင်ကာရပ်နေလေ၏။
''အစ်ကို...အစ်ကို့ကိုကြည့်ရတာစိတ်ပင်ပန်းနေသလိုမို့ သွန်း,အစ်ကို့အတွက်သံပုရာရည်လေးဖျော်လာပေးတယ်''
''ကျေးဇူးပဲ''
သူပြောပြီး သူမလက်ထဲကအအေးခွက်ကိုယူလိုက်သည်။
''အစ်ကိုခြံထဲမှာရှိနေတာကြာပြီနော် အစ်ကို့ပုံစံကလည်းတစ်ခုခုကိုစိုးရိမ်နေသလိုပဲ အစ်ကိုဘာဖြစ်နေတာလဲဟင်''
''ဘာမှမဖြစ်ပါဘူး''
''ဟုတ်ရဲ့လားအစ်ကိုရယ်...သွန်းကိုပြောပြပါ သွန်းကအစ်ကို့ခံစားချက်တွေကိုနားထောင်ပေးမှာပါ''
''ဒီအတိုင်းအလုပ်ကိစ္စပါ မင်းမသိလည်းရတယ်''
''အင်းပါ...အဲဒါဆိုသွန်းသွားပြီနော်''
ပြောပြီးသည်နှင့်သွန်းကသူ့ရှေ့ကနေလှည့်ထွက်သွားလေသည်။
သူ့ရှေ့ကနေထွက်သွားသောသွန်းကိုလိုက်ကြည့်ရင်း သူ့စိတ်တွေကရှုပ်ထွေးသွားရပြန်၏။
မြတ်နိုးရိပ်ကခက်ခဲပြီးမာနကြီးလွန်းလို့သူတပ်မက်မိတာဆိုရင် သွန်းကလည်းသူ့ကိုအရမ်းချစ်ရှာတဲ့မိန်းကလေးမို့သူ့ဘက်ကဂရုဏာသက်နေမိရတာပါ။
အခုဆိုသူ့မှာသူမတို့နှစ်ယောက်ပဲရှိတော့တာဖြစ်ပြီး ဒီနှစ်ယောက်တည်းနဲ့ပဲတိုင်ပတ်နေရတာပင်။
''ဟူးးး''
***
''သမီး ခင်ချူး''
''ဗျာမေမေ''
ဒေါ်ဒေဝီကဖုန်းကြည့်နေသောသူမဘေးမှာလာထိုင်လိုက်၍ ခင်ချူးလက်ထဲကဖုန်းကိုစားပွဲပေါ်လှမ်းတင်လိုက်၏။
''သားနဲ့သမီးတို့အဆင်ပြေကြရဲ့လား''
''ပြေပါတယ်မေမေ လူကြီးကလည်းကျုပ်ကိုဂရုစိုက်ပါတယ်''
''အင်း...မေမေတို့လည်းအဲ့အသံပဲကြားချင်တာ...အဲဒါဆိုရင် နောက်ရက်တွေကျရင်သမီး,မေမေနဲ့ဆိုင်ကိုလိုက်ခဲ့ပါလား...နောက်ဆိုအဲ့ဆိုင်ကိုသမီးပဲဦးစီးပေါ့''
''ဗျာ!...အဲ့ရတနာဆိုင်ကြီးကိုလေ...ဟင့်အင်း မဖြစ်ပါဘူး ကျုပ်မလုပ်ချင်ဘူး ဒီလောက်တာဝန်ကြီးတာကြီးကို''
''သမီးကလည်း ဘာကိုတာဝန်ကြီးတာလဲ သမီးကမေမေတို့ရဲ့သမီးလေ ချွေးမမဟုတ်တဲ့သမီး အဲတော့ ဒီလုပ်ငန်းကိုမေမေတို့အစား သမီးကလုပ်ရမှာ''
''ဘုန်းခန့်လည်းမိန်းမယူဦးမှာပဲကို သူ့မိန်းမကိုကျမှဦးစီးခိုင်းလိုက်လေ''
''အဲ့အခါကျတော့လည်းအဲဒီ့အလျောက်ပေါ့ သမီးကဒီအိမ်ရဲ့ချွေးမကြီးလေ ချွေးမငယ်ရရင်လည်းအတူတူဦးစီးကြလေ''
''........''
''ကဲပါသမီးရယ် ရှည်ရှည်ဝေးဝေးတွေတွေးမနေပါနဲ့တော့...ဒီရက်ပိုင်းအတွင်း သမီးကမေမေနဲ့အတူလိုက်ခဲ့ရမယ်နော်''
''ကျုပ်,လူကြီးကိုပြောကြည့်ဦးမယ်''
''အမလေး သဘောပါရှင်''
ခင်ချူးကဒေါ်ဒေဝီ့ကိုခပ်ပြုံးပြုံးကြည့်လိုက်၏။
လူကြီးပြန်လာတော့ခင်ချူးထိုကိစ္စကို လူကြီးအားပြောပြလိုက်သည်။
''လူကြီး...ကျုပ်ပြောစရာရှိတယ်''
''ဘယ်သူ့အတင်းလဲ''
''ကျုပ်အတင်း''
''ဘာလဲ နှစ်လုံးထိုးပြန်ပြီလား မပေါက်ပြန်ဘူးမလား လောင်းကစားတွေလုပ်ပြန်ပြီလား...အဲ့လောင်းကစား...''
''ကဲ!''
သူမကစူပုပ်ပုပ်နဲ့ပိတ်ဟောက်လိုက်မှပဲ လူကြီးကငြိမ်ကျသွားလေ၏။
''မေမေကကျုပ်ကိုခင်ဗျားတို့မိသားစုပိုင်တဲ့ရတနာဆိုင်ကိုဦးစီးခိုင်းမယ်တဲ့''
''ကောင်းတာပေါ့''
''မကောင်းပါဘူး...ကျုပ်ပျင်းတယ် ကျုပ်ကဆယ်တန်းတောင်အောင်တာမဟုတ်ဘူး ဒီဆိုင်နဲ့ဒီဝန်ထမ်းတွေကိုဘယ်လိုအုပ်ချုပ်မလဲ''
''ဒါကတော့အလုပ်ကသင်ပေးသွားမှာပေါ့ခင်ချူးရဲ့''
''ကျုပ်ပျင်းတယ်လို့ပြောနေတယ်လေ''
''မပျင်းရဘူး...အဲလိုသာဆိုခင်ချူးကအိမ်ထဲအောင်းပြီးပဲနေတော့မှာလား ယောကျ်ားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် ကိုယ်အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့အတွက် အလုပ်လုပ်ရမယ် လုပ်ရဲရမယ်...ကဲ ထားပါတော့ တစ်နေ့နေ့များကိုယ်သေသွားခဲ့ရင်...''
သူ့စကားမဆုံးခင်မှာပဲ ခင်ချူးကသူ့ပါးစပ်ကိုလှမ်းပိတ်လိုက်လေ၏။
''ဘာတွေပြောနေတာလဲလူကြီး...ဘာကိုသေမှာလဲ ခင်ဗျားမသေရပါဘူး...နမိတ်မရှိတာတွေ''
သူကခင်ချူးလက်ကလေးကိုဆွဲဖယ်ပြီး သူ့ရင်ဘတ်ပေါ်တင်ကာ လက်ဖမိုးလေးပေါ်သို့အုပ်မိုးကိုင်လိုက်လေသည်။
''ကိုယ်ကသဘောကိုပြောပြတာပါ''
''မပြောနဲ့''
''ကိုယ့်ကိုဆုံးရှုံးရမှာကြောက်လို့လား''
''ဟုတ် ဟုတ်မနေပါဘူးနော်...ကျုပ်မုဆိုးမမဖြစ်ချင်လို့''
ခင်ချူးကသူမလက်လေးကိုပြန်ဆွဲဖြုတ်ပြီး သူ့ကိုကျောပေးကာရပ်လိုက်၏။
ဒါကိုသူကခင်ချူးခါးလေးကိုနောက်ကနေသိုင်းဖက်ပြီး...
''ကိုယ်ကတော့ခင်ချူးကိုစိတ်ပူတယ်နော် ကိုယ်လေ အရင်ကကိုယ့်မိသားစုကိုပဲစိတ်ပူတတ်ခဲ့တာ...ဖေဖေနဲ့မေမေ ပြီးတော့ညီလေး သူတို့အတွက်ပဲပူခဲ့တာ...အခုတော့ခင်ချူးကိုပါစိတ်ပူတတ်နေပြီ''
ဟုခပ်တိုးတိုးပြောလာလေ၏။
''ဘယ်သူကပူခိုင်းလို့လဲ...အပိုတွေ''
''အပိုတွေမဟုတ်ဘူးဆိုတာသက်သေပြမယ်လေ''
''အာ...တော်သင့်ပြီ''
ပြောပြောဆိုဆိုနဲ့ခင်ချူးကသူ့လက်တွေကိုဆွဲဖယ်ပစ်လိုက်ပြီး သူနဲ့ခပ်ဝေးဝေးမှာသွားရပ်လိုက်လေသည်။
''ခင်ဗျားကလည်းရလေလိုလေ အိုတစ္ဆေပဲ''
''သောက်လေသောက်လေ ငတ်မပြေပါခင်ချူးရယ်''
''F*ck!''
''မရဘူးလား''
''ဆောရီးပဲ''
ခင်ချူးကစူအောင့်အောင့်နဲ့ပဲ စာကြည့်စားပွဲဆီသွားပြီး အံဆွဲထဲကဆေးကဒ်လေးကိုထုတ်ကာ တစ်လုံးဖောက်လိုက်၏။
ပြီးတာနဲ့စားပွဲပေါ်ကရေကရားထဲကရေအား ဖန်ခွက်ထဲလောင်းထည့်ပြီး ဆေးလုံးလေးကိုပါးစပ်ထဲထည့်ကာ ရေနဲ့မျှောချလိုက်လေသည်။
''ခင်ချူး...တားဆေးတွေသောက်နေတာလား''
''ဟ...သောက်ရမှာပေါ့ ကျုပ်ဗိုက်ကြီးသွားရင်ဘယ်လိုလုပ်မလဲပြော''
''အဲဒါကစိုးရိမ်ရမယ့်ကိစ္စမဟုတ်ဘူးထင်တယ်''
''စိုးရိမ်ရတာပေါ့ ကျုပ်ကလေးမလိုချင်ဘူး ဘယ်တော့မှလည်းကလေးမမွေးဘူး''
''ကိုယ်ကလိုချင်တယ်ဆိုရင်ရော''
''ကိုယ့်ဘာသာမွေးလေ...ကျုပ်ကတော့နိုးပဲ''
''!!!''
သူဘာမှမပြောရသေးခင်မှာပဲ ခင်ချူးကအိပ်ရာထက်မှာလှဲအိပ်လိုက်ပြီဖြစ်သည်။
တစ်ကယ်ဆိုရင်သူ့အနေနဲ့ခင်ချူးနဲ့သူ့ရဲ့ရင်သွေးလေးကိုလိုချင်မိတာအမှန်ပင်။
သူမဘက်ကအတိအလင်း တရားဝင်ကြေညာလိုက်ပြီဆိုတော့ သူ့နည်းသူ့ဟန်နဲ့ပဲအကြံထုတ်ရတော့မည်။
***
ဘုန်းခန့် သူ့မမနဲ့မတွေ့ရတာတစ်ပတ်ကျော်သွားပါပြီ။
ဖုန်းလည်းဆက်လို့မရဘဲ သူမကသူ့ကိုရှောင်နေခဲ့၏။
သူမရဲ့အိမ်ကိုအသိမိတ်ဆွေပုံစံနဲ့လိုက်သွားတော့လည်း သူ့ကိုထွက်မတွေ့ပေ။
ထို့ကြောင့်သူလည်းခြေဦးတည့်ရာလျှောက်သွားရင်း သွန်းရဲ့ကျောင်းရှေ့သို့ရောက်လာခဲ့လေသည်။
သူဘာလို့ဒီကိုရောက်လာလဲဆိုတာကိုယ့်ကိုယ်ကိုလည်းမသိ။
သူရောက်သွားပြီးခဏအကြာမှာပဲ ကျောင်းသားတစ်ချို့ကကျောင်းထဲကနေထွက်လာကြပြီး ထိုထဲမှာသွန်းလည်းအပါအဝင်ပါပဲ။
သူမကဘေးမှာကောင်လေးတစ်ယောက်နဲ့အတူရယ်မောပြီးထွက်လာတာပါ။
ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ သူ့စိတ်ထဲမှာအတော်လေးဒေါသထွက်ခဲ့ရသည်။
သူ့အပိုင်အရုပ်လေးကို တစ်ယောက်ယောက်ကလာယူသွားသလိုခံစားချက်မျိုး။
သွန်း,အောင်ကောင်းမြတ်နဲ့စကားတွေပြောကာရယ်မောရင်း ကျောင်းထဲကထွက်လာနေစဥ် ကျောင်းရဲ့လမ်းထောင့်မှာအစ်ကို့ကားကိုရော သူမကိုကားပေါ်ကနေလှမ်းကြည့်နေသောအစ်ကို့ကိုပါတွေ့လိုက်ရလေသည်။
''ဟာ...အစ်ကို''
သွန်းဝမ်းသာအားရဖြစ်သွားပြီးမှ အောင်ကောင်းမြတ်ဘက်လှည့်ကာ...
''ကောင်းမြတ်...ငါတို့ဒီကနေပဲလမ်းခွဲလိုက်ရအောင်လေ...ငါ့ကိုလာကြိုလို့''
''okလေ...bye''
ကောင်းမြတ်ကဘယ်သူဘယ်ဝါလာကြိုတာလဲဆိုပြီးမေးခွန်းထုတ်မနေဘဲ သူမရှေ့ကနေလှည့်ထွက်သွားခဲ့လေသည်။
ထိုအခါမှသွန်းကအစ်ကို့ကားလေးထံသို့ပြေးသွားပြီး ကားပေါ်သို့တက်လိုက်၏။
''အစ်ကို...သွန်းကိုလာကြိုတာလား''
''အင်း...ခုနကကောင်ကဘယ်ကကောင်လဲ''
''သွန်းရဲ့သူငယ်ချင်းပါ''
''ငါမကြိုက်ဘူး...မင်းသူနဲ့မပတ်သက်နဲ့''
''ဘာလို့လဲအစ်ကိုရယ်...သူနဲ့ကဒီအတိုင်း...''
''မပတ်သက်နဲ့ဆိုမပတ်သက်နဲ့ကွာ...သူကမင်းကိုငါ့ဆီကနေလာလုမလို့ကြံနေရင်ဘယ်လိုလုပ်မလဲ''
သူထိုစကားကိုဘယ်လိုဦးနှောက်နဲ့များပြောလိုက်မိလဲမသိ။
''အစ်ကိုကသဝန်တိုနေတာလားဟင်''
''.......''
''အစ်ကိုစိတ်ချနော်...သွန်းကအစ်ကိုမှအစ်ကိုပဲ သွန်းကဘယ်သူကပဲလာပိုးပန်းပါစေ သွန်းကအစ်ကို့ကိုပဲချစ်မှာ...ပြီးတော့ သွန်းမှာရည်းစားရှိတာလည်းသူသိပါတယ်''
သူမကထိုသို့ဖြေရှင်းချက်ပေးလာတော့ သူရင်ထဲမှာကျေနပ်ပျော်ရွှင်သွားခဲ့ရသည်။
သူမရဲ့ဒီလိုပုံစံတွေကြောင့်ပဲ သူဖြတ်ရခက်နေတာပေါ့။
သူမစိတ်ထားကသူ့အတွက်တစ်ကယ့်စိတ်သောကနဲ့ဝန်ထုပ်ဝန်ပိုးတွေပဲ။
***
C.17ဆက်ရန်