Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.15
ခင်ချူးကစိတ်ထဲမှာမတင်မကျဖြစ်နေတဲ့အရာကို နောက်နေ့မှာပဲသွန်းကိုထိပ်တိုက်မေးခဲ့လေ၏။
''ငါနင့်ကိုမေးစရာရှိတယ်သွန်း...နင်မှန်မှန်ဖြေနော်''
''ဘာမေးမှာလဲ''
သွန်းကဟင်းအိုးမွှေနေ၍ ခင်ချူးကိုလှည့်မကြည့်အားဘဲပြန်မေးလိုက်သည်။
''မနေ့ကနင့်အခန်းထဲကို ဘုန်းခန့်ကဘာလာလုပ်တာလဲ''
''အမ်!''
သူမစကားကြားတော့ သွန်းကနောက်ကိုလှည့်ကြည့်လာ၏။
မနေ့တုန်းက အစ်ကိုသူမအခန်းထဲရောက်လာသည့်အကြောင်းရင်းက...
''သွန်း...မင်းမနက်ဖြန်ကျရင်ကျောင်းစတက်ရတော့မှာမလား...အဲဒါ မင်းလိုချင်တာဝယ်လိုက်''
ဆိုပြီး သူမကိုငါးထောင်တန်တစ်အုပ်ပေးလာ၏။
ကြည့်ရတာတော့ငါးသိန်းအုပ်ထင်ပါတယ်။
''မယူပါဘူး...ခင်ချူးဘာမှမလိုဘူး''
''ယူထားစမ်းပါ ကျောင်းတက်ရင်သူများကြားမှာမျက်နှာမငယ်ဖို့လိုတယ်''
''ဟင့်အင်း သွန်းမယူပါရစေနဲ့...သွန်းစိတ်မသန့်လို့ပါ''
''ယူစမ်းပါဆိုကွာ''
သွန်းကဇွတ်ငြင်း သူကလည်းသွန်းလက်ထဲသို့ပိုက်ဆံဇွတ်ထည့်ပေးနှင့်ပဲ နှစ်ယောက်လက်ထဲကပိုက်ဆံအုပ်ကကြမ်းပေါ်သို့ပြုတ်ကျသွားလေ၏။
သွန်းလည်းကြမ်းပြင်မှာဒူးထောက်ချပြီးပိုက်ဆံကိုအကောက် ဘုန်းခန့်ကလည်းသူမနည်းတူပိုက်ဆံကိုအကောက်နှင့် နှစ်ယောက်သားနဖူးချင်းတိုက်မိသွားခဲ့ရသည်။
''ဒုတ်!''
''အာ့!''
နှစ်ယောက်သား ကိုယ့်နဖူးကိုယ်ပြန်ပွတ်ရင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်လိုက်မိကြ၏။
''နာလိုက်တာအစ်ကိုကလည်း...''
''မင်းသာကောင်းကောင်းလက်ခံရင်အခုလိုဖြစ်မလား''
''သွန်းကသူများအမြင်မှာချူစားတတ်တဲ့မိန်းကလေးဖြစ်နေမှာစိုးလို့ပါ''
''ဒီကိစ္စကမင်းနဲ့ငါပဲသိတာလေ...အကယ်၍မင်းမယူရင် ငါ့ကောင်မလေးဆက်မလုပ်နဲ့တော့''
''ဟင့်အင်း...အဲလိုမလုပ်ပါနဲ့''
''အဲဒါဆိုယူလေ''
သွန်းအတော်လေးစိတ်ညစ်သွားရသည်။
သူမဒီပိုက်ဆံတွေကိုမလိုချင်ပေမယ့် အစ်ကို့ကောင်မလေးအဖြစ်ဆက်မရှိနေတော့မှာကိုလည်းကြောက်နေပြန်သည်။
''သွန်း...သွန်းလက်ခံပါမယ်''
''ဟဲ့!...အမလေး တွေးတယ်နော်''
ခင်ချူးအသံကြားမှပဲသွန်းလည်းသတိပြန်ဝင်လာရလေ၏။
''ငါမေးနေတာမကြားဘူးလား...နင်နဲ့ဘုန်းခန့်ကတွဲနေတာလားလို့''
''မဟုတ်ပါဘူးဟ''
''ငါ့ကိုကူလီကူမာမလုပ်နဲ့သွန်း...နင်ငါ့ကိုအခုချက်ချင်းအမှန်အတိုင်းပြောစမ်းပါ''
သွန်းကစားပွဲမှာဝင်ထိုင်လိုက်တော့ ခင်ချူးကလည်းစားပွဲမှာဝင်ထိုင်လိုက်လေ၏။
''ငါပြောပါမယ်...နင်ဒီကိစ္စကိုတော့ဘယ်သူ့မှမပြောနဲ့နော်''
''အေး...ပြော''
''နင်ထင်နေတာဟုတ်တယ်...သူကရွာမှာကတည်းကငါ့ကိုပိုးပန်းခဲ့တာ ဒီရောက်တော့ချစ်သူဖြစ်သွားတာပဲ''
''ကြည့်စမ်း...နင်ငါ့ကိုဖုံးကွယ်ထားတယ်ဟုတ်လား''
''အဲလိုမဟုတ်ပါဘူးဟာ...အစ်ကိုကအခုလောလောဆယ်မှာဒီကိစ္စကိုဘယ်သူ့မှမသိစေချင်သေးဘူးဆိုလို့ပါ''
''သူကဘာလို့မသိစေချင်ရတာလဲ''
''ငါတို့ချစ်သူဖြစ်တာမှမကြာသေးတာကို''
''သူကရော နင့်ကိုချစ်တယ်တဲ့လား''
ခင်ချူးကမေးလာမှပဲ သွန်းပြန်ပြီးစဥ်းစားမိတော့သည်။
အစ်ကိုကသူမကိုချစ်တယ်လို့မှမပြောခဲ့ဖူးပေ။
ဒီအတိုင်းတွဲရအောင်လို့ပဲပြောခဲ့တာ။
''ဟဲ့...ဒါဘာစဥျးစားစရာလိုလဲ''
''ပြောတာပေါ့...မပြောဘဲနဲ့ချစ်သူဖြစ်မလား''
''အဲဒါဆိုလည်းပြီးရော နောက်တစ်ခါငါ့ကိုဘာမှဖုံးကွယ်ထားဖို့မကြိုးစားနဲ့''
''အေးပါ...ငါတောင်းပန်တယ်နော်...ငါနင့်ကိုတမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး''
''တော်ပါ...လင်ထိပ်ထားစံမ...ငါတို့ကတော့လင်ကိုကြောက်ကိုမကြောက်တာ ရှင်းလား''
ခင်ချူးကစူပုပ်မဲ့ရွဲ့၍သူမရှေ့ကနေထထွက်သွားလေတော့သည်။
သွန်းကတော့ခင်ချူးကိုစိတ်ဆိုးရမည့်အစား ရယ်ပဲမိရယ်မိ၏။
ခင်ချူးကသွက်သွက်လက်လက်နဲ့တစ်ကယ်ကိုချစ်ဖို့ကောင်းသူလေးပင်။
***
မြို့မှာနေရတာကြာတော့ ခင်ချူးအတော်လေးပျင်းလာ၏။
ရွာမှာဆိုရင် ရွာအနှံ့ပတ်မွှေနေရတာနဲ့ကို ပျင်းရတယ်ဆိုတာမရှိ။
သူမကချက်ချင်းပဲtelegramထဲဝင်ပြီး2d channelတွေကိုရိုက်ရှာလိုက်သည်။
''စလောင်းက45နဲ့50ဆိုပါလား...ညီအစ်ကိုနဲ့ပါဝါဆိုရင် 4နာရီဂဏန်းကအပူးပဲ...သေချာတယ် ဟုတ်တယ်''
ခင်ချူးကဖုန်းကိုချပြီးသူမဘောင်းဘီအိတ်ကပ်ထဲကငါးရာတန်တစ်ရွက်ကိုနှိုက်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်လေသည်။
အောက်ထပ်ရောက်သည်နှင့် TVကြည့်နေသောမရွှေငုထံသို့သွားကာ...
''မရွှေငု...ကျုပ်ကိုနှစ်လုံးသွားထိုးပေးစမ်းပါ''
''အမ်...ခင်ချူးကအဲဒါလည်းဝါသနာပါတာလား''
''ဒီအတိုင်းအပျော်ပါ...ငါးရာဖိုးပဲထိုးမှာ...ကျုပ်အပိုင်ရထားလို့''
''ဟုတ်လား...ဘာဂဏန်းလဲ''
''စလောင်း45နဲ့50တဲ့...ညနေကျရင်ကျိန်းသေပေါက်အပူးလာမှာ ကျုပ်က55ကြိုက်နေတာ...ငါးရာဖိုးလောက်သွားထိုးပေး''
''ငါးရာဖိုးလေးနဲ့ခင်ချူးရယ်...ဒိုင်ကသွားရမှာဝေးတယ်''
''အာ မသိဘူး...သွားပါဆို''
''အေးပါ...ပြီးရောပြီးရော''
မရွှေငုကသူမထဲကငါးရာတန်လေးကိုယူပြီး အိမ်ထဲကနေထွက်သွားပါတော့သည်။
''ပေါက်လို့ကတော့ လေးသောင်းတောင်ရမှာ...အဟိ''
သူမကကိုယ့်လက်ဖဝါးလေးတွေကိုပွတ်ရင်း မျက်နှာပိုးမသေနိုင်ဖြစ်နေခဲ့လေ၏။
ညနေရောက်သော်....
''ငါလူးမဘဝ...-ီးတောင်မှထပ်မထိုးဘူး သပ်သပ်မဲ့လန်ကြုပ်တွေ...-ျီး''
ဘုန်းမြတ်အိမ်ပြန်ရောက်တော့ ခြံထဲကိုကားမောင်းဝင်ခဲ့ချိန်မှာပဲ ခင်ချူးရဲ့ဆဲရေးတိုင်းထွာသံလေးကိုကြားလိုက်ရ၏။
သူကားကိုပေါ်တီကိုအောက်ထိမောင်းဝင်ရင်းနဲ့လိုက်ရှာကြည့်တော့ သူမကသရက်ပင်အောက်မှာ ဒူးတစ်ဖက်ထောင်ထိုင်နေပြီးလက်တစ်ဖက်ကိုဒူးပေါ်သို့တင်ရင်း ပွစိပွစိရေရွတ်နေတာပင်။
သူလည်းကားပေါ်ကဆင်းဆင်းချင်း သူမထံသို့လျှောက်လာလိုက်၏။
''ခင်ချူး ဘာတွေဖြစ်နေတာလဲ''
သူနှုတ်ကမေးရင်း လူကလည်းသူမဘေးမှာဝင်ထိုင်လိုက်လေသည်။
''ဘာဖြစ်ရမှာလဲ...ကျုပ်နှစ်လုံးထိုးတာလေ 55ထိုးတာကို 56ထွက်သွားတယ်တဲ့...55ကနေပြောင်းသွားတာ အဲဒါကိုခံပြင်းနေတာ''
''ဟာ...ကောင်းရောကွာ...အတတ်ကောင်းတွေတတ်နေတာပဲ''
''ငါးရာဖိုးပဲထိုးတာပါဗျာ...လေးသောင်းရမယ့်ဟာမရတော့ဘူး...စိတ်ညစ်တယ်''
''လောင်းကစားတွေမလုပ်စမ်းပါနဲ့ခင်ချူးရယ်...ခင်ချူးပိုက်ဆံလိုချင်ရင်ကိုယ်ပေးပါမယ် အခုလည်းကိုယ်ပေးနေတာပဲ''
''မတူဘူး...အဲ့ကရတဲ့ပိုက်ဆံကိုသုံးရတာပိုပြီးအရသာရှိတယ် သိလား''
''မသိဘူး...ကိုယ်သိတာကလောင်းကစားလုပ်တာမကောင်းဘူးဆိုတာပဲ...လောင်းကစားနဲ့ချမ်းသာတဲ့သူဆိုတာမျိုး ကိုယ်တစ်ခါမှမတွေ့ဖူးဘူး...အပျော်အပျော်နဲ့အပျက်ဖြစ်သွားမှာစိုးရိမ်လို့ပါ...နောက်တစ်ခါနှစ်လုံးတွေမထိုးနဲ့နော် နှစ်လုံးမှမဟုတ်ဘူး ဘယ်လောင်းကစားမှမလုပ်နဲ့...ခင်ချူးရဲ့ဘဝအတွက်ပြောနေတာပါ...နော်ခင်ချူး''
''အင်းပါ...ထပ်မလုပ်တော့ဘူး...အခုကငါးရာဖိုးပဲထိုးတာ''
''ထားပါတော့...ထပ်ပြီးတော့တော့အဲလိုမလုပ်နဲ့ ကြားလား''
''အင်းပါဆို''
''ဟုတ်ပါပြီ ကဲလာ...အိမ်ထဲသွားရအောင်''
သူမခင်ချူးလက်ဖဝါးလေးကိုကိုင်ပြီး အိမ်ထဲသို့ခေါ်လာခဲ့လေသည်။
လူကြီးကသူမကိုဘယ်တော့မှမဆူတတ်တာကိုက သူမအတွက်သဘောကျချင်စရာပင်။
***
ကျောင်းတက်တာမကြာသေးခင်မှာပဲ သွန်းကသူငယ်ချင်းတွေရလာပြီဖြစ်သည်။
ထိုထဲမှာ အောင်ကောင်းမြတ်ဆိုသူလည်းအပါအဝင်ပင်။
သူကရုပ်ရည်လည်းချောပြီး ရည်ရည်မွန်မွန်လေးနဲ့စိတ်ရင်းလည်းကောင်းသည်။
သူမတို့ကိုလည်းအရမ်းပဲကူညီတတ်၏။
''သွန်း...ဒီမှာ နင်စားဖို့အတွက်ငါအာလူးကြော်တွေဝယ်လာပေးတယ်''
''ကျေးဇူးပဲကောင်းမြတ်''
''ဟဲ့ သွန်းအတွက်ပဲလား...ငါတို့အတွက်ရော''
သူမရဲ့သူငယ်ချင်းဖြစ်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ အိဖြူစိုးကပြောလိုက်ခြင်းပင်။
''ဟို...အဲဒါကလေ...''
''အမလေး...ဖြေရခက်နေရင်လည်းမဖြေပါနဲ့ဟယ်...ငါတို့လည်းအဲလောက်တော့အထာနပ်ပါတယ်...ဟုတ်တယ်မလား''
''ဟုတ်တယ်''
''ဟုတ်တယ်''
ကျန်တဲ့နှစ်ယောက်ကပါထောက်ခံကြလေ၏။
''နင်တို့ကလည်း သူငယ်ချင်းအချင်းချင်းကိုဘာတွေပြောနေတာလဲ''
''တစ်စုံတစ်ကောင်း...အဲလေ တစ်စုံတစ်ယောက်ကအဲ့ထက်ပိုချင်နေလို့လေ''
နှင်းသီရီကပြောလိုက်တော့ အောင်ကောင်းမြတ်ကရှက်ကိုးရှက်ကန်းနဲ့ပဲ နေရာကနေထွက်သွားပါတော့သည်။
''နင်တို့ကလည်း အရမ်းစတာပဲ...နောက်တစ်ခါအဲလိုမစကြပါနဲ့ ငါ့မှာလည်းချစ်သူရှိတာနင်တို့သိနေတာပဲ''
''ငါတို့ကအချင်းချင်းမို့ပါ...အဲဒါထက် နင့်ကောင်လေးနဲ့လည်းငါတို့ကိုမိတ်ဆက်ပေးဦးလေ''
''အေးပါ...လောလောဆယ်အစ်ကိုကမအားဘူးဟ''
''သူကဘာအလုပ်လုပ်တာလဲ''
''××××ကိုရီးယားစားသောက်ဆိုင်လေးကို သူ့သူငယ်ချင်းတွေနဲ့စပ်တူဖွင့်ထားတာ''
''ဘာ ဘာ''
နှင်းရတီနဲ့ သူမဘေးကမိုးသင်းသင်းတို့ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေသည်။
''မဟုတ်မှ...သူကတေဇာဘုန်းခန့်များလား''
''ဟယ်...နင်တို့ကအစ်ကို့ကိုသိနေတယ်ပေါ့''
''နင်တော့သွားပြီသွန်း...သူကငါတို့နဲ့သိရုံတင်မကဘူး ငါတို့နဲ့ပါပတ်သက်ဖူးတာ...ငါနဲ့မိုးသင်းသင်းနဲ့ ဘယ်ကနေဘယ်လိုဖြစ်ပြီးသူငယ်ချင်းဖြစ်သွားလဲသိလား''
''........''
''အရင်တုန်းက ငါတို့ကိုယောကျ်ားတစ်ယောက်ကတစ်ပြိုင်တည်းတွဲဖူးတယ်...အဲ့ယောကျ်ားကတေဇာဘုန်းခန့်ပဲ''
''ဟင်!...မ မဖြစ်နိုင်တာ''
''ဟုတ်ပြီ...အဲဒါဆိုငါတို့သိတဲ့တေဇာဘုန်းခန့်ကို နင့်ကိုပြမယ် ဟုတ်မဟုတ်နင်ပဲကြည့်ပေါ့''
ပြောပြီးသည်နှင့်နှင်းရတီကသူမဖုန်းထဲကပုံတစ်ပုံကိုပြလာလေ၏။
''သူပဲ''
''ဟင်''
နှင်းရတီပြလာတဲ့ပုံက တစ်ကယ်ပဲအစ်ကို့ပုံဖြစ်နေ၍ သွန်းမျက်လုံးလေးတွေပြူးကျယ်သွားခဲ့ရသည်။
''တစ်ကယ်သူပဲမလား...နင်တော့လူရွေးမှားပြီသွန်း သူကငပွေငရှုပ်ကောင်...မိန်းကလေးတွေကိုအပျော်လိုက်ကစားနေတာ အခုနင့်အပြင်နောက်ထပ်ဘယ်နှစ်ယောက်လောက်ရှိနေဦးမလဲမသိဘူး''
''အစ်ကိုက အစ်ကိုကငါ့ကိုတစ်ကယ်ချစ်တာပါ...သူအဲလိုမလုပ်လောက်ပါဘူး''
''အဲဒါဆိုလည်းနင့်ဘာသာစုံစမ်းပေါ့ ငါတို့ကတော့သတိပေးပြီးပြီ...ရှေ့ဆက်တိုးရင်နင့်ထိုက်နဲ့နင့်ကံပဲ...သူကဘယ်မိန်းကလေးကိုမှငဲ့ညှာတတ်တဲ့သူမဟုတ်ဘူး နင်သတိတော့ထား''
သွန်းရဲ့မျက်ဝန်းမှာ မျက်ရည်ကြည်လေးတွေဝေ့သီလာရလေ၏။
အစ်ကိုကတစ်ကယ်ပဲသူမကိုအပျော်တွဲနေတာလား။
***
ဘုန်းခန့် သူ့ရှေ့အမဲသားစတိခ်အား ဓားနဲ့သေချာလှီးပြီး မြတ်နိုးရိပ်ရှေ့ကပန်းကန်နဲ့လဲယူလိုက်လေ၏။
''ကျေးဇူး''
သူမထံမှဝတ်ကျေတန်းကျေကျေးဇူးတင်စကားကသူ့ကိုအတော်လေးစိတ်ပျက်စေသည်။
''မင်းလည်းစားလေ''
ထိုစဥ် ယောကျ်ားတစ်ဦးကသူတို့ဝိုင်းကိုရောက်လာပြီး...
''အဝေးကကြည့်နေကတည်းကတူပါတယ်မှတ်တာ...တစ်ကယ်ပဲမြတ်နိုးရိပ်ကိုး''
''ဟာ...သူရိယ...ဘယ်လာတာလဲ''
''ဒီနေ့ငါ့မွေးနေ့မို့ ငါ့မိတ်ဆွေတွေကိုဒီဆိုင်မှာလာပြီးကျွေးမွေးနေတာ...ဒါနဲ့သူက...''
ထိုလူကသူ့ကိုမေးလာ၍ မမဘယ်လိုများဖြေမလဲလို့သူနားစွင့်နေခဲ့မိ၏။
''ငါ့မိတ်ဆွေပါ''
သူမဆီကအဖြေကိုကြားလိုက်ရတော့ သူစိတ်တိုရုံကလွဲပြီး ဘာမှဖြေရှင်းချက်မပေးမိပေ။
''နင်တို့တွေငါတို့ဝိုင်းနဲ့လာပေါင်းပါလား''
''နေပါစေ...ရပါတယ် ငါတို့ကအလုပ်ကိစ္စပြောနေကြတာမို့လို့''
''okလေ...အဲဒါဆိုနောက်မှတွေ့မယ်''
''အင်း''
ထိုလူထွက်သွားတော့မှဘုန်းခန့်က...
''ဘာကိုမိတ်ဆွေလဲ...ဘာကိုအလုပ်ကိစ္စလဲ''
''မင်းကဘယ်လိုဖြေစေချင်လို့လဲ''
''ဟ...ကျွန်တော်ကမမကောင်လေးလေ''
''ဘုန်းခန့်ရယ်...မင်းလည်းအရင်ကဒီအချိုးပဲဟာ...ဘာတွေသောကနေတာလဲ စားနေသောက်နေချိန်မှာအာရုံလာမနောက်နဲ့''
''အဲဒါဆိုလည်းခင်ဗျားအာရုံမနောက်အောင်ကျုပ်ပြန်ပေးမယ်...ခင်ဗျားဘာသာပဲနေခဲ့လိုက်တော့''
သူ့အပြုအမူနဲ့အပြောအဆိုကြောင့် မြတ်နိုးရိပ်မှာ ဒေါသတွေထွက်သွားရပေမယ့် ပတ်ဝန်းကျင်ကြောင့်ပဲနှုတ်ဆိတ်နေလိုက်ရလေသည်။
သူကဘာတွေများမှန်ကန်နေလို့ သူမကိုအခုလိုပြုမူရဲရတာလဲ။
မြတ်နိုးရိပ်ကိုသွေးတိုးလာစမ်းရဲရတယ်လို့။
***
C.16ဆက်ရန်