Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.13
''ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေ''
''ပေးတဲ့ဆုနဲ့ပြည့်ပါစေဖေဖေနဲ့မေမေ''
''ပေးတဲ့ဆုနဲ့ပြည့်ပါစေဖေဖေနဲ့မေမေ''
''သမီး ခင်ချူး''
ခင်ချူးကအဖေဖြစ်သူကိုစိတ်ကောက်နေသည့်မျက်နှာလေးနဲ့မော့ကြည့်၏။
''အဘအခုချက်ချင်းကြီးမပြန်ဖို့ဆုံးဖြတ်ထားတယ်...တစ်လတော့အဘမနေနိုင်ဘူးသမီးရယ် လဝက်တော့နေပေးမယ် နော်သမီး''
''အဘ...အဘတစ်ကယ်ပြောတာလားဟင်''
''တစ်ကယ်ပြောတာပေါ့သမီးရယ်''
ခင်ချူးကချက်ချင်းပဲအဖေဖြစ်သူဘေးမှာသွားကပ်ထိုင်ပြီး ခါးကိုသိုင်းဖက်လိုက်လေ၏။
''ကျုပ်ဝမ်းသာလိုက်တာအဘရာ...ကျုပ်သိသားပဲ အဘကကျုပ်ကိုအလိုလိုက်မယ်ဆိုတာ''
''အဘကငါ့သမီးကိုချစ်ပါတယ် ကိုယ့်သွေးကနေဖြစ်လာတဲ့တစ်ဦးတည်းသောသမီးလေးကိုအလိုမလိုက်ဘဲနေမလား''
''ကျုပ်လည်းအဘကိုချစ်တာပါပဲ''
သူတို့သားအဖကိုကြည့်ပြီး ဘေးမှာရှိနေတဲ့သူတွေအကုန်လုံးပြုံးလိုက်မိကြသည်။
ဘုန်းမြတ်ကတော့အားလုံးထက်ပိုတာပေါ့လေ။
''ဒါဆို အမေကရောဒီမှာနေဦးမှာပေါ့နော်''
သွန်းကအမေဖြစ်သူကိုမေးလိုက်ခြင်းပင်။
ဒေါ်နီနီအေးကဦးတေဇာတို့ကိုလှမ်းကြည့်တော့ ဦးတေဇာက...
''နီနီအေး...နင်အဲလိုကြီးမကြည့်စမ်းပါနဲ့...နင်တို့ဒီမှာကြိုက်သလောက်နေလို့ရတယ် ဟုတ်ပြီလား''
''အေးပါဟယ်...ငါကအားနာလို့ပါ''
''ဘာအားနာစရာလိုလဲ...ငါတို့ကသူငယ်ချင်းအရင်းကြီးတွေပါဟ''
ဤသို့ဖြင့်ဦးတက်လူတို့လည်း မြို့မှာဆက်နေဖို့ဖြစ်လာပါတော့သည်။
***
''လူကြီး...ခင်ဗျားကျုပ်ကိုမထိနဲ့နော်''
ခင်ချူးချူးခိုင်တို့စတင်ပြီးရစ်နေပြီပင်။
''ခင်ချူးကလည်း ဒီနေ့ကကိုယ်တို့မင်္ဂလာဦးညလေ လက်ထပ်ပြီးတစ်လကျော်ကြာတဲ့ထိကိုယ်စောင့်ထိန်းခဲ့ပြီးပြီပဲ...ဒီနေ့တော့ကိုယ့်ကိုလိုက်လျောကွာ''
''မသိဘူး...ကျုပ်ခန္ဓာကိုယ်ကိုဘယ်ယောကျ်ားကိုမှထိုးမကျွေးနိုင်ဘူး''
ခင်ချူးကကုတင်မှာခြေချထိုင်နေရင်းမှ နေရာကနေထသွားပြီး ပြတင်းပေါက်နားမှာလက်ပိုက်ကာသွားရပ်လေ၏။
ဒါကိုဘုန်းမြတ်ကသူမနောက်မှာကပ်ရပ်ပြီးပုခုံးလေးပေါ်လက်တင်၍...
''ကိုယ်ကခင်ချူးရဲ့ခင်ပွန်းလေ...အိမ်ထောင်ရေးမှာဒီကိစ္စကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တယ်ခင်ချူးရဲ့''
''အာ...မသိချင်ဘူး...ကျုပ်ကအခုထိအပျိုစစ်စစ်ပဲရှိသေးတာ...ကျုပ်ကိုယ့်ကိုယ်ကိုနှမြောတယ်''
''ကိုယ်လည်းလူပျိုစစ်စစ်ပါပဲ''
''ဒါပေမယ့်ဆုံးရှုံးရတာချင်းမတူဘူးလေ''
''အိမ်ထောင်သည်ဘဝမှာဒါတွေပြောဖို့မလိုဘူးလေ...ဒါမှမဟုတ် ခင်ချူးကြောက်နေတာလား''
''......''
သူခင်ချူးရဲ့ပုခုံးလေးကိုအသာဆွဲလှည့်လိုက်လေ၏။
''ဟုတ်လား...ဒီကိစ္စအတွက်ခင်ချူးကြောက်နေတာလား''
သူမကသူ့ရင်ဘတ်ကိုဆောင့်တွန်းလွှတ်ပြီးမှ သူ့ရှေ့ကနေထွက်သွားပြန်သည်။
''ကျုပ်မလုပ်ချင်ဘူး''
ဘုန်းမြတ်ခေါင်းကိုသာတဗျင်းဗျင်းကုတ်ပြီး ကြမ်းပြင်မှာခြေဆင်းကာအော်ငိုပစ်လိုက်ချင်တော့၏။
စိတ်ရှိတိုင်းသာဆိုသူမအဝတ်အစားတွေကိုအတင်းဆွဲချွတ်ပြီး မရမကယူပစ်လိုက်ချင်ပေမယ့် အဲလိုသာဆိုမယ်မင်းကြီးမကသေအောင်သောင်းကျန်းတော့မှာ။
အဲခါကျရင်အရှက်ဗြန်းဗြန်းကွဲမှာအသေအချာပဲ။
သူ့အနေနဲ့ချော့ပြောမှပဲရမည်။
''ခင်ချူးစိတ်ထဲမှာကြောက်နေတယ်ဆိုရင်လည်း ကိုယ်ညင်သာပါ့မယ်လို့ကတိပေးတယ် အကယ်၍ရှက်နေတယ်ဆိုလည်းမီးပိတ်ပေးမယ်လေ''
''.......''
''ကိုယ်အများကြီးမတောင်းဆိုပါဘူးခင်ချူးရယ်...ကိုယ့်ကိုဒါလေးပဲလိုက်လျောပေးပါ ပုထုဇဥ်ယောကျ်ားတစ်ယောက်အနေနဲ့ ဒီကိစ္စတွေကိုမလွတ်ကင်းနိုင်တာခင်ချူးလည်းသိတာပဲ...ကိုယ့်ဇနီးဆီကတောင်မှမရရင် ကိုယ်ကဘယ်သူ့ဆီကသွားတောင်းရမှာလဲ''
''မသိဘူး ကျုပ်စိတ်ညစ်လာပြီ''
''စိတ်မညစ်ပါနဲ့ခင်ချူးရယ်...ခင်ချူးပျော်သွားအောင်ကိုယ်တာဝန်ယူပေးမယ်လေ...နော်''
သူပြောရင်းနဲ့ သူမညဝတ်အင်္ကျီလေးရဲ့ လည်ပင်းရှေ့မှာချည်ထားတဲ့ဖဲကြိုးမျှင်လေးကိုဖြည်ချလိုက်၏။
ထို့နောက်အပေါ်ဆုံးကကြယ်သီးလေးတစ်လုံးကိုဖြုတ်ဖို့ကြံတော့ သူမကသူ့လက်ကိုလာကိုင်ပြီး သူ့ကိုစိုးရိမ်ကြီးစွာမော့ကြည့်လို့လာလေသည်။
''မကြောက်ပါနဲ့...ကိုယ်ကြမ်းကြမ်းတမ်းတမ်းမလုပ်ပါဘူး ကတိပေးတယ်''
ထိုအခါမှသူမကသူ့လက်ကိုလွှတ်ပေးလာ၏။
သူလည်းသူမရဲ့အင်္ကျီကြယ်သီးလေးတွေအား တစ်လုံးချင်းခပ်မြန်မြန်ဖြုတ်ပြီး ပုခုံးကနေဆွဲချွတ်ချလိုက်ပါတော့သည်။
ခင်ချူးကရှက်နေလို့ထင်ပါရဲ့။
သူ့ကိုပင်မော့မကြည့်ဘဲခေါင်းငုံ့လို့ထားလေ၏။
''ခင်ချူးကလူကောင်သေးသလောက်ပစ္စည်းတွေကကြီးတာပဲ''
''ဘာ!''
ခင်ချူး သူ့ကိုရန်လုပ်ဖို့မော့ကြည့်လိုက်စဥ်မှာပဲ သူမနှုတ်ခမ်းလေးကစုပ်ယူခံလိုက်ရပါတော့သည်။
ဒီတစ်ခါတော့ခင်ချူးမငြင်းမိပေ။
သူ့အနမ်းတွေကိုမတုံ့ပြန်တတ်ပေမယ့် သူနမ်းတာကိုတော့ငြိမ်ခံနေမိ၏။
ထို့နောက် သူမခန္ဓာကိုယ်ကတင်းကြပ်နေတဲ့အရာကလျော့ကျသွားကာ လေတွေတိုက်ရိုက်ထိတွေ့ခံလိုက်ရတာကြောင့် တစ်နေရာတည်းကွက်ကာကြက်သီးတွေထပြီး ရုန်းကြွလို့လာလေသည်။
ပြီးတော့သူမခါးကဘောင်းဘီကလည်းအောက်ကိုပုံကျသွားပြီး သူမကျောပြင်လေးကမွေ့ယာနဲ့ထိကပ်သွားခဲ့၏။
သူမနှုတ်ခမ်းလေးတွေကထူပူနေပြီး သူမအသားစိုင်လေးတွေထဲမှာလည်း လက်သွယ်သွယ်တွေကနူးညံ့စွာနစ်ဝင်နေတာကြောင့် တစ်စုံတစ်ရာကအလိုက်မသိစွာနဲ့ပဲ သူ့လက်တွေကိုသဘောကျနေသည့်အလား ချက်ချင်းပဲမာခဲလာခဲ့လေသည်။
မိခင်နို့ကိုသိနေတဲ့ကလေးတစ်ယောက်ကသူ့အမေနို့ကိုအငမ်းမရစို့နေသလိုမျိုး လူကြီးကလည်းသူမအပေါ်မှာထိုသို့ပြုမူလာလေ၏။
''ဟင့်~~''
သူမခြေချောင်းလေးတွေကအိပ်ရာခင်းမှာကုပ်တွယ်နေပြီး သူမလက်တွေကလည်း လူကြီးရဲ့ဆံပင်တွေထဲတိုးဝှေ့မိနေပြန်သည်။
နှစ်ယောက်လုံးရဲ့ပထမဆုံးအကြိမ်တွေမို့ နှစ်ယောက်လုံးစိတ်လှုပ်ရှားနေပေမယ့် ခင်ချူးကတော့ကြောက်စိတ်ကြောင့်ပိုပြီးစိတ်လှုပ်ရှားနေမိတာပင်။
ဒါကိုသိနေတဲ့ဘုန်းမြတ်ကလည်း အရမ်းအဆင့်မကျော်ဘဲ သူမကိုတစ်ဆင့်ချင်းထိတွေ့ရင်းနဲ့ လိုချင်တဲ့ဆီကိုခပ်ဖြည်းဖြည်းချင်းသွားနေခဲ့၏။
သူလိုချင်တဲ့ဆီရောက်တော့လည်း သူဇွတ်မတိုးရဲဘဲ အတော်လေးတွန့်ဆုတ်နေခဲ့ရပြန်သည်။
တော်ကြာခင်ချူးကသူ့ကိုကန်ချပစ်မှ သူဆန့်ငင်ဆန့်ငင်ဖြစ်နေဦးမည်။
''ဟေ့လူ...အရမ်းမတိုးနဲ့''
''ကိုယ်သိပါတယ် ကိုယ်ဖြည်းဖြည်းချင်းပဲတိုးပါ့မယ် ခဏလေးတော့သည်းခံဦးနော်''
ခင်ချူးရဲ့လက်သည်းတွေကသူ့ကျောပြင်ထဲကိုစိုက်ဝင်တော့မလိုပါပဲ။
သူမတို့အိပ်ရာနဲ့တည့်တည့်ကမျက်နှာကြပ်မှာတပ်ထားတဲ့နံရံကပ်မီးလုံးကလည်း အပေါ်အောက်ယိမ်းထိုးနေပြန်၏။
တစ်ကယ်ကမီးလုံးကမဟုတ်ဘဲ သူမကသာယိမ်းထိုးနေခဲ့တာပါလေ။
***
ဘုန်းမြတ်အိပ်ရာနိုးတော့မိုးစင်စင်လင်းနေပါပြီ။
သူ့ဘေးကိုကြည့်လိုက်တော့ ခင်ချူးကသူ့ကိုကျောပေးပြီးအိပ်နေ၏။
ညကဖြစ်ရပ်လေးတွေကိုပြန်မြင်ယောင်မိတော့ သူ့စိတ်တွေကအတိုင်းအဆမဲ့စွာလှုပ်ရှားလာခဲ့လေသည်။
ညတုန်းကသူမကိုချော့မြှူရင်းသူအတော်လေးခရီးပေါက်ခဲ့သည်လေ။
''ဟင်းးး''
သူမဆီမှအသက်ရှူသံပြင်းပြင်းကြောင့် သူဘေးကိုပြန်လှည့်ကြည့်လိုက်တော့ သူမခန္ဓာကိုယ်လေးကလှုပ်ရွလာပြီး ကိုယ်တစ်စောင်းအနေအထားကနေ ပက်လက်အနေအထားသို့ပြောင်းလိုက်လေသည်။
''နိုးပြီလားခင်ချူး''
သူ့အသံကြားတော့သူမကမျက်လုံးဖွင့်ကြည့်လာပြီး သူ့ကိုမြင်သည်နှင့်ရင်ဘတ်ကစောင်ကိုဆွဲ၍ မျက်နှာကိုအုပ်လိုက်လေ၏။
''ခင်ချူး''
''နားညီးတယ်''
သူစောင်ကိုဆွဲဖယ်တော့သူမကစောင်ကိုအတင်းပြန်ဆွဲထားသည်။
''ကိုယ့်ကိုကြည့်ပါဦး''
''မကြည့်ဘူး...ခင်ဗျားကြီးကိုအမြင်ကပ်တယ်''
ဘုန်းမြတ် ကိုယ်တစ်စောင်းအနေအထားပြောင်းလိုက်ပြီး လက်ကိုနားထင်မှာထောက်ကာသူမကိုငုံ့မိုးကြည့်နေရင်းမှ...
''အမြင်ကပ်တဲ့သူကလည်း ညတုန်းကမလွတ်တမ်းဖက်ထားပြီး''
သူ့စကားကြားတော့ခင်ချူးကသူ့ကိုရန်လုပ်မလို့ စောင်ကိုဆွဲဖယ်လိုက်ပြီးသူ့ကိုမော့ကြည့်လိုက်ရာ သူမ,ဖယ်လိုက်တဲ့စောင်ကဗိုက်ထိရောက်သွား၍ သူမရဲ့မမြင်သင့်မမြင်အပ်တာလေးတွေကဘွားခနဲပေါ်လာတော့သည်။
''ဟာ''
ခင်ချူးကချက်ချင်းပဲစောင်ကိုရင်ဘတ်ထိပြန်ဆွဲဖုံးပြီး သူ့ကိုဂြိုဟ်တွေပေးလာ၏။
''ကိုယ့်ယောကျ်ားကိုပြလို့လည်းငရဲအိုးမှာဂျိုးမကပ်ပါဘူး...ပြီးတော့မြင်ဖူးပြီးသားပဲ ရှက်မနေပါနဲ့''
''နှာဘူးကြီး...ခင်ဗျားကြီးကိုမုန်းတယ် ခင်ဗျား,ကျုပ်ကိုအနိုင်ကျင့်တယ် လူယုတ်မာ''
''ဟောဗျာ...ညတုန်းကခင်ချူးခွင့်ပြုမှကိုယ်ရှေ့တိုးတာပါ''
''ခင်ဗျားကခွင့်မပြုမချင်းနားပူနေတာကိုး...ခင်ဗျားကြောင့် ခင်ဗျားကြောင့်ကျုပ်အပျိုရည်ပျက်သွားပြီ...အီးးး လူယုတ်မာ နှာဘူးကြီး''
''အဲ့အပျိုရည်ကကိုယ်ရခဲ့တာလေ ကိုယ်ကတစ်ခြားသူမှမဟုတ်တာ ခင်ချူးရဲ့ယောကျ်ားလေ''
''မသိဘူး မသိဘူး...ခင်ဗျားကြီးကိုမုန်းတာပဲသိတယ်''
''တစ််ကယ်မုန်းတာဟုတ်လို့လား''
''တစ်ကယ်မုန်းတာ''
''ဟုတ်မဟုတ်စမ်းသပ်ကြည့်ရမှာပေါ့''
သူကပြောပြောဆိုဆိုနဲ့စောင်အောက်ထဲဝင်လာပြီး သူမကိုယ်လေးအားသူ့ခန္ဓာကိုယ်နဲ့နီးကပ်စေကာ လူကိုအတင်းပဲနမ်းပါတော့သည်။
ခင်ချူးရုန်းလည်းရုန်းလို့မရဘဲ အချည်းနှီးသာပင်။
ခင်ချူးကသူ့အားကိုယှဥ်မှမယှဥ်နိုင်တာပဲ။
ဒါကိုသိလို့ဒီလူကြီးသူမကိုအမြဲတမ်းချုပ်ချုပ်ပြီးနမ်းနေတာ။
တစ်ကယ့်လူညစ်ကြီး။
***
ကန်ရေပြင်ကိုဖြတ်တိုက်လာသောလေနုအေးတွေက သူ့ကိုတိုက်ရိုက်ထိတွေ့နေပေမယ့် ဘုန်းခန့်ရင်ထဲမှာတော့ပူမြဲပူဆဲပင်။
''ဟူးးး''
''သက်ပြင်းတွေချလှချည်လားကွ''
ဘုန်းခန့် ဘေးကိုလှည့်ကြည့်တော့ မမကသူ့ကိုပြုံးပြီးကြည့်နေသည်။
သူ့မမနာမည်ကမြတ်နိုးရိပ်တဲ့။
သူ့ထက်သုံးနှစ်မျှကြီးပြီး အတော်လေးလည်းရင့်ကျက်၏။
သူတို့ချစ်သူဖြစ်တာတစ်ပတ်မျှသာရှိပါသေးသည်။
ဒါပေမယ့်သူမအချစ်ကိုရဖို့တော့သူအတော်ကြိုးစားခဲ့ရ၏။
မမကတည်ငြိမ်သလောက်မာနကခပ်ကြီးကြီးရယ်။
သူကလည်းအဲဒါကြောင့်မရမကလိုက်ခဲ့မိတာထင်ပါတယ်။
ယောကျ်ားဆိုတာမျိုးကခက်ခဲတာကိုမှပိုလိုချင်တာသဘာဝပဲလေ။
သူတို့ချစ်သူဖြစ်တာတစ်ပတ်ရှိနေပြီဖြစ်တာတောင် မမကလက်ကိုင်ရုံပုခုံးဖက်ရုံကလွဲရင် ပါးလေးပင်အနမ်းမခံသောအမျိုးသမီးပင်။
''ဘာတွေစိတ်ညစ်နေတာလဲ''
''ဘာမှမဟုတ်ပါဘူးမမရယ်''
''ပြောပါဘုန်းခန့်ရယ်...ဘာလဲ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ချိန်းထားသေးလို့လား''
''ဗျာ!''
''အဟင်း...မင်းလည်တာလောက်ကတော့ တို့အိပ်နေသလောက်ပဲရှိတယ်ဘုန်းခန့်ရဲ့''
''ဒါဆိုဘာလို့ကျွန်တော့်အချစ်ကိုလက်ခံခဲ့တာလဲ''
မြတ်နိုးရိပ်ကထိုင်ရာကနေထသွားပြီး ကန်ရေပြင်တစ်ဆုံးကိုလှမ်းကြည့်လိုက်၏။
သူမရဲ့ဆံနွယ်တွေကလည်း လေတစ်ချက်အဝေ့မှာ ကဗျာဆန်ဆန်ဝဲလွင့်နေသေးသည်။
''အချစ်ကိုလက်ခံတယ်ဆိုတာ ဘဝတစ်ခုလုံးရင်းလိုက်ရတာမှမဟုတ်တာပဲကွာ...မင်းအချစ်ကိုလက်ခံရုံနဲ့ မင်းနဲ့တစ်ဘဝလုံးလက်တွဲသွားမယ်လို့မှမဆိုလိုတာ...မင်းကတို့ရဲ့လက်တွဲဖော်ဖြစ်ဖို့စံချိန်စံညွှန်းမကိုက်ညီဘူးဘုန်းခန့်''
''ဆိုလိုတာက မမကကျွန်တော့်ကိုအပျော်တွဲတာလား''
သူ့စကားကြားတော့မြတ်နိုးရိပ်ကသူ့ကိုလှည့်ကြည့်လာပြီးမှ...
''မင်းလည်းမိန်းကလေးတွေကိုအပျော်တွဲတာပဲမလား တို့အပါအဝင်ပဲလေ...မင်းနဲ့တို့ကတူတူပါပဲဘုန်းခန့်ရာ...အဲတော့ တို့တွေအချိန်တွေအကြာကြီးတွဲသွားဖို့အတွက်အဆင်ပြေတယ်လေ ဟုတ်တယ်မလား''
''မမ...မမကကျွန်တော်နဲ့ဘယ်အချိန်ထိတွဲဖို့စိတ်ကူးထားတာလဲ''
''တို့မပျင်းမချင်းပေါ့''
သူမစကားကသူ့ကိုဒေါသထောင်းခနဲထွက်စေ၏။
''ကဲပါ...မင်းနဲ့အဲဒါတွေပြောနေဖို့အချိန်မရှိဘူး...တို့ကရည်းစားနဲ့အချိန်ကုန်ပြီးလေလွင့်နေရတာမျိုးဝါသနာမပါဘူး...မင်းလည်းနောက်ထပ်ချိန်းထားတဲ့သူရှိရင်သွားလေ...တို့သွားပြီနော်''
သူ့ရှေ့ကနေထွက်သွားသောသူမအား ဘုန်းခန့်မျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။
သူမကသူ့မာနကိုအကြိမ်ကြိမ်အခါခါထိပါးနေသည့်တိုင် သူ,မမကိုလက်လွှတ်ဖို့မတွေးမိသေးပေ။
သူမရဲ့ပုံစံက သွန်းနဲ့တူသည်။
သွန်းကသူ့ဆီကဘယ်လိုပစ္စည်းမျိုးကိုမှမမက်မောသလို မမကလည်းထိုနည်းတူပင်။
သွန်းကသူ့ကိုမချုပ်ချယ်သလို မမကလည်းလွတ်လပ်ခွင့်တွေအမြဲပေးထား၏။
မတူတာက သွန်းကသူ့အပေါ်မှာဆိုရိုကျိုးပြီးနူးညံ့သိမ်မွေ့သလို စကားပြောတာလည်းဘယ်တုန်းကမှမာရေကျောရေမရှိခဲ့ပေ။
မမကတော့အမြဲတမ်းချေမိုးပြီးမာနတလွှားလွှားနဲ့ သူ့ကိုဆိုလည်းရည်းစားလို့ပင်မြင်ရဲ့လားမသိ။
အရင်မိန်းကလေးတွေတုန်းက သူစိတ်ကုန်လာရင်လွယ်လွယ်ဖြတ်တတ်ပေမယ့် အခုသူမတို့နှစ်ယောက်ကိုကျမှ သူအတော်တွန့်ဆုတ်နေ၏။
သွန်းကိုလည်းလမ်းခွဲဖို့မပြောရက်သလို မမကိုလည်းလက်မလွှတ်နိုင်ပေ။
သူ့စိတ်တွေကတစ်ကယ်ပဲဝေခွဲရခက်နေသည်။
သူရှေ့ဆက်ပြီးဘာလုပ်ရမလဲဆိုတာ တစ်ကယ်ကိုမသိတော့ချေ။
***
C.14ဆက်ရန်