Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.12


ခင်ချူးဆေးရုံကဆင်းပြီးနောက်ပိုင်းမှာ ဘုန်းမြတ်ကသူမကိုအတော်လေးဂရုစိုက်လာ၏။


ရေချိုးမမှားဖို့ အစားမမှားဖို့ အိပ်ရေးမှန်ဖို့ ဘေးကနေပြီးသေချာကြည့်ရှုကြပ်မတ်ပေးသည်။


မင်္ဂလာပွဲနီးကျမှ သူမတစ်ခုခုထပ်ဖြစ်မှာစိုးရိမ်လို့တဲ့။


''လူကြီး''


''ဟင်''


အလုပ်ခန်းထဲမှာစာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေသောသူ့အနားသို့ ခင်ချူးရောက်လာ၏။


''မနက်ဖြန်အဘတို့လာမယ်တဲ့''


''အဲ့ကိစ္စကိုကိုယ်သိပြီးပြီ မနက်ဖြန်ကျရင်ကားဂိတ်မှာဦးလေးတို့ကိုသွားကြိုဖို့ ကိုယ်အားလုံးစီစဥ်ထားပြီးပြီ''


''အင်း...ဟိုလေ...အဘကို ဒီမှာတစ်လလောက်နေဖို့အတွက် လူကြီးကကူပြောပေးပါလား''


''အင်း...ပြောပေးမယ်လေ''


''ကျေးဇူးပဲ''


ပြောပြီးသည်နှင့်ခင်ချူးကသူ့အနားကလှည့်ထွက်သွားတော့ သူခင်ချူးလက်ကိုအမိအရလှမ်းဆွဲပြီး သူ့ပေါင်ပေါ်သို့ထိုင်စေကာ သူမကိုယ်လေးကိုပါသိမ်းကြုံးဖက်ပစ်လိုက်သည်။


''လူကြီး...ခင်ဗျားဘာလုပ်တာလဲ အခုလွှ​တ်နော်''


သူမကရုန်းတော့သူကပိုတိုးကာဖက်လာ၏။


''လွှတ်ပါဆို''


''ကိုယ့်မိန်းမကိုဖက်တာတောင်မှဖက်ခွင့်မရှိဘူးလား''


''မဖက်နဲ့...ကျုပ်ကခင်ဗျားမိန်းမမှမဟုတ်တာ''


''စာချုပ်စာတမ်းနဲ့တရားဝင်လက်ထပ်ထားတာတောင်မှမိန်းမမဟုတ်သေးဘူးလား''


''အင်းလေ...ကျုပ်တို့ကလင်မယားအစစ်မှမဟုတ်တာ''


''ဒါဆိုလည်းအခုပဲဟုတ်လိုက်ကြမလား''


''ဟေ့လူကြီး...ခင်ဗျားနော် ကျုပ်ကိုအခွင့်အရေးလာမယူနဲ့...ကျုပ်ရွာပြန်လိုက်မှာ''


သူမစကားဆုံးသည်နှင့်သူမပါးလေးတစ်ဖက်ကနွေးခနဲဖြစ်သွားလေ၏။


''ခင်ဗျားဘာလုပ်...အွန့်''


ဒီလူကြီး သူမကိုနမ်းပြန်ပြီ။


''အွန်း''


သူကခင်ချူးရုန်းလို့မရအောင် လက်ကလေးတွေကိုပါပူးတွဲဖက်ထားပြီး နှုတ်ခမ်းကိုအတင်းနေသည်ပင်။


စက္ကန့်ပိုင်းမျှကြာပြီးချိန်မှာ သူကခင်ချူးကိုလွှတ်ပေးလာပြီး သူမမျက်နှာကိုစိုက်ကြည့်ကာ...


''မင်္ဂလာဦးညကျရင်တော့ငြင်းလို့မရဘူးနော်...အဲ့ညကျရင် ခင်ချူးဘယ်လိုပဲငြင်းငြင်း ကိုယ်ခင်ချူးကိုမရမကသိမ်းပိုက်မှာပဲ''


သူ့စကားကြားတော့ ခင်ချူးကအောက်နှုတ်ခမ်းလေးကိုမသိမသာကိုက်ကာ မျက်စောင်းလေးထိုးပြီး သူ့ပေါ်ကနေထပြေးသွားပါတော့သည်။


သူမကိုမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း သူ့နှုတ်ခမ်းထက်မှာအပြုံးတွေဖြစ်ပေါ်လာခဲ့ရ၏။


ချစ်ဖို့ကောင်းလိုက်တဲ့ကလေး။


***


နောက်နေ့...


''သမီးကအမေ့ကိုလွမ်းနေတာအမေ''


အမေဖြစ်သူရင်ခွင်မှာမှီပြီးတရှုံ့ရှုံ့ငိုရင်း သွန်းကဆို၏။


''အမေလည်းသမီးကိုလွမ်းနေတာပါပဲ...သမီးရော ဒီမှာအဆင်ပြေရဲ့လား''


''ပြေတယ်အမေ...မကြာခင်ကျောင်းလည်းတက်ရတော့မှာ''


''ဟုတ်ပါပြီ...ပညာကိုသေချာသင်ယူနော်''


''ဟုတ်အမေ''


ခင်ချူးကတော့အဖေဖြစ်သူနဲ့ခပ်လှမ်းလှမ်းမှာသာထိုင်နေသည်။


''သမီးခင်ချူး...သမီးရောအဆင်ပြေလား''


''မပြေဘူး...ဒီမှာနေရတာပျင်းလို့​ေ.သတော့မယ်''


သူမစကားကြားတော့ဘုန်းမြတ်က...


''အစပိုင်းတုန်းကပဲအဆင်မပြေတာပါ...အခုကျွန်တော်ချော့ပြောတော့သူကစကားနားထောင်ပါတယ်''


ဟူ၍ရှေ့နေလိုက်ပေးလေ၏။


''အဘ...ဒီမှာတစ်လလောက်နေနော်''


''နေလို့မရဘူးလေသမီးရဲ့...အဘကရွာကိုပစ်ထားခဲ့ရတာ...ကိုယ်ကဘာတာဝန်မှမရှိတဲ့သူဆိုရင်တော့တစ်မျိုးပေါ့...အခုအဘကဥက္ကဌလေ...ရွာမှာအဘကအကြာကြီးပျောက်နေလို့မဖြစ်ဘူး''


''ဒါပေမယ့်ကျုပ်ကအဘနဲ့မတွေ့ရတာကြာပြီလေ''


''ဟုတ်သားပဲတက်လူရာ...ကလေးကမင်းကိုလွမ်းနေတာကို...ဒီမှာကြာကြာလေးနေကြပါလား''


''မင်းလည်းသိရဲ့သားနဲ့ကွာ...ငါဒီမှာကြာကြာနေလို့မဖြစ်ဘူး''


ခင်ချူးက...


''တော်ပါပြီဖေဖေရာ...ပြောမနေပါနဲ့တော့...အဘကကျုပ်ကိုမှသံယောဇဥ်မရှိတာ''


ပြောပြီးသည်နှင့်ခင်ချူးကနေရာကနေဘောက်ဆတ်ဘောက်ဆတ်နဲ့ထထွက်သွားပါတော့သည်။


''သမီး...''


''ခင်ချူး''


''တက်လူ...မင်းကလည်းကွာ''


''ကျွန်တော်လိုက်သွားလိုက်မယ်နော်''


ဘုန်းမြတ်နေရာကထထွက်လာခဲ့ပြီး သူမနောက်ကနေလိုက်လာခဲ့လိုက်လေ၏။


သူအပေါ်ထပ်ကိုရောက်တော့ ခင်ချူးကဝရန်တာမှာရပ်ကာအသံတိတ်ကြိတ်ငိုနေခဲ့သည်။


''ခင်ချူး''


ခင်ချူး မျက်ရည်တွေကိုကမန်းကတန်းသုတ်ပစ်လိုက်၏။


''မငိုပါနဲ့ခင်ချူးရယ်...ခင်ချူးထင်သလိုမျိုး ဦးလေးကခင်ချူးကိုမချစ်တာမဟုတ်ပါဘူး...သူလည်းသူ့အခက်အခဲနဲ့သူလေ သားသမီးကိုမချစ်တဲ့မိဘဆိုတာရှိမှမရှိတာ''


''ဟင့်အင်း...အဘကကျုပ်ကိုမချစ်ပါဘူး...အဘကအမေ့ကိုမချစ်တဲ့အတွက် အမေနဲ့မွေးထားတဲ့ကျုပ်ကိုလည်းမချစ်ဘူး''


သူခင်ချူးပုခုံးလေးကိုဆွဲလှည့်ပြီး မျက်ရည်စတွေကိုသုတ်ပေးလိုက်၏။


''အဲဒါကခင်ချူးစိတ်ထင်လို့ပါ...အဖေတွေရဲ့အသည်းကသမီးတွေတဲ့...ဦးလေးကသူချစ်တာကိုမဖော်ပြတတ်လို့ပါ...မိဘကိုအဲလိုအပြစ်မမြင်နဲ့နော်''


''ဟင့်!''


''ကဲ...မငိုနဲ့တော့''


သူကခင်ချူးကိုယ်လေးအား သူ့လက်မောင်းထဲမှာထွေးပွေ့လို့လာလေသည်။


''တိတ်တော့...ဝမ်းမနည်းနဲ့တော့နော်...ရွာနဲ့ဒီကဘာမှလည်းမဝေးဘူးလေ...တစ်လတစ်ခါဖြစ်​ဖြစ်ရွာပြန်လို့ရတယ်''


''မပြန်ဘူး...အဘကိုအမြင်ကပ်လို့''


''ကဲ...အဲလိုမပြောရဘူးလေ ကိုယ်အခုပဲပြောနေတာကို မိဘကိုအဲလိုအပြစ်မတင်ရဘူးလို့ ငရဲကြီးလိမ့်မယ်...မိဘကိုစိတ်နဲ့တောင်မပြစ်မှားရဘူး''


''ခင်ဗျားဘုန်းကြီးဝတ်လိုက်ပါလား အဲလောက်တရားဟောကောင်းနေတာ''


''မဝတ်ပါဘူး''


သူကခင်ချူးနားနား​လေးတိုးကပ်ကာ...


''ကိုယ်ကအခုထိ...တဏှာစိတ်လည်းမကုန်သေးဘူး''


ဟူ၍နှစ်ကိုယ်ကြားလေသံနဲ့ပြောလာ၏။


''နှာဘူးကြီး''


ခင်ချူးကသူ့ရင်ဘတ်ကိုထုရိုက်လို့လာလေသည်။


မျက်နှာလေးကတော့ စိတ်ဆိုးတဲ့အရိပ်အယောင်အစား ပြုံးရိပ်လေးတွေသာသမ်းနေခဲ့လေ၏။


***


ညရောက်တော့ ဘုန်းမြတ်နဲ့ဦးတက်လူတို့ ခြံထဲမှာစကားပြောဖြစ်ကြသည်။


''ခင်ချူးကဦးလေးကိုအရမ်းစိတ်ဆိုးနေတာလား''


''သူကအခုမှကလေးစိတ်ပဲရှိသေးတာမို့ပါ...ကျွန်တော်သေချာချော့ပြောထားပါတယ်''


''အင်းးး...သူ့စိတ်ထဲမှာဦးလေးကသူ့ကိုမချစ်ဘူးလို့အခုထိထင်နေတုန်းထင်ပါရဲ့''


''ဦးလေး...ဖြစ်နိုင်ရင်သူ့ဆန္ဒကိုလိုက်လျောပေးပါလား...ကျွန်တော်အတင်းမတောင်းဆိုပါဘူး ဦးလေးအဆင်ပြေမှပါ...သူ့စိတ်ထဲမှာ ဦးလေးကသူ့အမေကိုမချစ်ခဲ့လို့ သူ့ကိုပါမချစ်ဘူးလို့ထင်နေတာ...သူ့ရဲ့ခံစားချက်တွေကိုဒီ့ထက်ပိုပြီးအစွန်းဘက်မရောက်စေချင်ဘူး ခင်ချူးကဦးလေးပြောသလိုပဲ စိတ်ထားနူးညံ့တဲ့ကလေးတစ်ယောက်ပါ...ကျွန်​တော့်အထင်က​တော့ သူစိတ်ထဲမှာဝမ်းနည်းရင်တောင်မှ သူ့ကိုနှစ်သိမ့်ပေးမယ့်သူ နားလည်ပေးမယ့်သူမရှိဘူးအထင်နဲ့ သူဝမ်းနည်းလည်းအပိုပဲဆိုပြီး ပေပေတေတေပုံစံနဲ့​နေနေတာပဲဖြစ်မှာ...ကျွန်တော့်ရှေ့မှာဆိုရင်တော့ သူကငိုဖို့လည်းဝန်မလေးသလို အရမ်းလည်းမဆိုးပြပါဘူး''


''ဦးလေးကသူ့အမေနဲ့အဆင်မပြေခဲ့ရင်တောင်မှ သူ့ကိုတော့ချစ်ပါတယ်...အခုချိန်ထိဆူတာငေါက်တာကလွဲရင် ဘယ်တုန်းကမှအသားနာအောင်လုပ်ရက်ခဲ့တာမဟုတ်ဘူး...တော်ပါသေးရဲ့ မင်းကသမီးအပေါ်မှာကြင်နာပေးလို့ သမီးအတွက်ဦးလေးစိတ်ချထားလို့ရပြီ''


''........''


''မချစ်တဲ့သူချင်းပေါင်းဖက်ရင် အိမ်ထောင်ရေးအဆင်မပြေဘူးဆိုနဲ့အတွေးမျိုး သမီးစိတ်ထဲမှာသံမှိုစွဲမသွားအောင် မင်းကပဲကြိုးစားပေးပါ...သမီးကိုမချစ်ရင်တောင်မှ အကြင်နာတော့မပျက်ပါနဲ့နော်''


''ဟုတ်ကဲ့ပါဦးလေး...စိတ်ချပါ...ဦးလေးမတောင်းဆိုရင်တောင်မှ ကျွန်တော်ကခင်ချူးကိုအမြဲဂရုစိုက်မှာပါ''


သူထိုကတိကို ဦးတက်လူကိုရောသူ့ကိုယ်သူပါပေးထားလိုက်သည်။

ခင်ချူးနဲ့အနီးကပ်နေရမှသူမစိတ်ကိုသိလာရပြီး သူမကိုလည်းပျော်အောင်လုပ်ပေးချင်သည်။


သူမစိတ်ထဲကခံစားချက်တစ်ချို့ကိုလည်းပျောက်ပျက်အောင်လုပ်ပေးချင်သည်။


ဒါကသူ့ရဲ့စိတ်ရင်းအမှန်ပါ။


***


မျက်စိတစ်မှိတ်အတွင်းဆိုသလိုပဲ ဘုန်းမြတ်နဲ့ခင်ချူးရဲ့မင်္ဂလာပွဲကကျရောက်လို့လာလေ၏။


ငွေမင်ရောင်ထိုင်မသိမ်းလေးရယ် သဇင်ပန်းတွေရယ်နဲ့ခင်ချူးက အရင်ကနဲ့မတူအောင်အလှကြီးလှနေသည်ပင်။


''အရမ်းလှတာပဲခင်ချူးရယ်...ကိုဘုန်းမြတ်တော့မသိဘူး ငါတော့ကြည့်လို့ကိုမဝဘူး''


''အဲလူကဘာဆိုင်လို့လဲ''


ထိုစဥ် သူမတို့အခန်းတံခါးကပွင့်သွားပြီး ဘုန်းမြတ်ကအခန်းထဲသို့ဝင်လာလေ၏။


''ပြီးပြီလားခင်ချူး''


နှုတ်ကမေးရင်းနဲ့ သူမကိုသေချာကြည့်မိတော့ သူခဏတော့မှင်သက်ငေးမောသွားရသည်။

သူလူမှားသလားလို့ထင်မိသည်ထိ ခင်ချူးကနူးနူးညံ့ညံ့လေးလှနေသည်လေ။


''ပြီးပြီ''


ခင်ချူးမျက်နှာကခပ်တည်တည်နဲ့ မထုံတထေးလေးဖြစ်နေ၏။

သူမကမတတ်သာလို့ဒီမင်္ဂလာပွဲကိုလက်ခံလိုက်ရပြီး အရွဲ့တိုက်ချင်​နေပါတယ်ဆိုပြီး မျက်နှာအမူအရာနဲ့ပြနေသလိုပင်။


''အဲဒါဆိုသွားရအောင်လေ...ပွဲစတော့မှာ''


''အွန်း''


''မပျော်ဘူးလားခင်ချူး''


''ဘယ်သူကပျော်မှာလဲ...ကိုယ့်ဘက်ကလိုလားတဲ့မင်္ဂလာပွဲမှမဟုတ်တာ''


ဘုန်းမြတ်ကသွန်းဘက်လှည့်ပြီး...


''သွန်း...ခဏရှောင်ပေးပါလား''


ဟုပြောလိုက်တော့ သွန်းကချက်ချင်းပဲအခန်းထဲကထွက်သွားပေးလေသည်။


သွန်းမရှိတော့ဘူးဆိုမှဘုန်းမြတ်က ခင်ချူးရဲ့ပုခုံးလေးနှစ်ဖက်ကိုကိုင်ပြီး


''ခင်ချူး...ကိုယ်ပြောတာသေချာနားထောင်နော်...ခင်ချူးပဲပြောတယ်လေ ခင်ချူးမိဘတွေကအိမ်ထောင်ရေးအဆင်မပြေဘူးလို့ အဲဒါကလည်းခင်ချူးရဲ့အဖေဘက်ကမလိုလားလို့ သွေးအေးခဲ့လို့ဆို''


''.......''


''အခုကိုယ်တို့ကလည်းအချစ်ကစခဲ့ကြတာမဟုတ်ဘူး ဒါပေမယ့်ကိုယ့်ဘက်ကနေခင်ချူးအပေါ်မှာအလျှော့ပေးပြီး ဒီအိမ်ထောင်ရေးကိုသာယာစေချင်နေတဲ့အချိန်မှာ ခင်ချူးဘက်ကလိုလိုလားလားရှိပေးစေချင်တယ်...အခုခင်ချူးကဒီလိုမျိုးအေးတိအေးစက်ဖြစ်နေရင် မကြာခင်မှာကိုယ်တို့အိမ်ထောင်ရေးကခင်ချူးရဲ့မိဘတွေလိုဖြစ်လာလိမ့်မယ် အဲဒါအသေအချာပဲ...ကိုယ်ကတော့အဲလိုအဖြစ်မခံနိုင်ဘူး ခင်ချူးကရော အရင်ကဖြစ်ရပ်တွေကိုပြန်လိုချင်လို့လား''


သူမကသူ့ကိုမျက်ရည်တွေဝေ့သီနေတဲ့မျက်ဝန်းတွေနဲ့မော့ကြည့်ရင်းမှ ခေါင်းရမ်းကြလေ၏။


''အဲဒါဆိုလည်းခင်ချူးရယ်...ကိုယ်နဲ့လိုက်လျောညီထွေနေပေးပါလား...ကိုယ်တောင်းဆိုပါတယ်...ကိုယ်တို့တွေပျော်စရာကောင်းတဲ့အိမ်ထောင်ရေးကိုဖန်တီးရအောင်လေ...နော်''


''အင်း''


''အဲဒါဆိုပြုံး''


''.......''


''ပြုံးပါဆို''


သူမကမျက်ရည်တွေကိုမျက်တောင်နဲ့ပုတ်ထုတ်ရင်း သူ့ကိုပြုံးပြလာလေ၏။


''အဲလိုလိမ္မာမှပေါ့...ကဲ သွားကြစို့''


သူတံတောင်ဆစ်ကွေးပေးလိုက်တော့ သူမကသူ့လက်ကိုချိတ်ဆွဲလာသည်။


အိမ်ထောင်ရေးတစ်ခုကအချစ်လိုလားမလိုလားဆိုတာသူအတိအကျမသိချေ။

သူ့ရင်ထဲမှာလည်းသူမအတွက်အချစ်တွေရှိနေလားမရှိနေဘူးလားဆိုတာလည်းသူမသိ။


သူသိတာ​က သူမအပေါ်မှာခင်ပွန်းကောင်းပီသပြီး သူတို့အိမ်ထောင်ရေးလေးသာယာချမ်းမြေ့ဖို့ သူဖန်တီးမယ်ဆိုတာပါပဲ။


***


C.13ဆက်ရန်

Report Page