Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.10
ခင်ချူးတို့အိမ်ပြန်ရောက်တော့ ဘုန်းမြတ်ကဆောင့်ကြီးအောင့်ကြီးနဲ့ကားပေါ်ကဆင်းပြီး အိမ်ထဲသို့ခြေလှမ်းကျဲကြီးတွေနဲ့ဝင်သွား၍ ခင်ချူးကသူ့အပြုအမူအားနားမလည်ဟန်နဲ့ပဲ သူ့နောက်ကနေအမီလိုက်လာခဲ့လိုက်သည်။
''ဘိုးတော်...ခင်ဗျားဘာဖြစ်နေတာလဲ''
''.......''
''ဟေ့လူ''
သူကခင်ချူးကိုတစ်စက်မှအရေးမလုပ်ပေ။
အခန်းထဲရောက်သည်နှင့်သူကကိုယ်ပေါ်ကရှပ်အင်္ကျီကိုချွတ်ပြီး ဗီရိုထဲကတစ်ခြားအင်္ကျီကိုဆွဲထုတ်လိုက်လေ၏။
''ဟေ့လူ...လူကိုအဖတ်လေးဘာလေးလုပ်ပါဦး ဘာဖြစ်နေတာလဲလို့''
''ဘာဖြစ်ရမှာလဲ...မင်းကိုစိတ်တိုနေတာ''
''ဘာ...ကျုပ်ဘာလုပ်လို့လဲ''
''ငါတို့အတွင်းရေးတွေကိုမင်းလျှောက်ပြောနေလို့လေ...ဘာ ငါတို့ကအခုထိအတူမအိပ်ရသေးဘူးဟုတ်လား...အဲဒါတွေထိပြောဖို့လိုလို့လား''
''ဟာ...ဒါအမှန်တရားပဲလေ...ခင်ဗျားနဲ့ကျုပ်ကတစ်ကယ့်လင်မယားမှမဟုတ်တာ အဲဒါလေးပြောတာနဲ့ဘာနာစရာရှိလို့လဲ''
သူကဒေါသအပြုံးကြီးပြုံးလိုက်ပြီး လက်ထဲကအင်္ကျီကိုကုတင်ပေါ်ပစ်တင်ကာ ခင်ချူးရဲ့ခါးလေးကိုခပ်ကြမ်းကြမ်းဆွဲဖက်လိုက်လေသည်။
''နောက်ဆိုလည်းမင်းကဒီအကြောင်းတွေကိုလူတကာကိုလိုက်ပြောနေမှာမလား သူများတွေကိုငါတို့ကလင်မယားအစစ်မဟုတ်ဘူးလို့လိုက်ပြောစရာမလိုအောင်လုပ်ပေးမယ်''
''ခင်ဗျားဘာကိုဆိုလိုတာလဲ''
သူကခင်ချူးကိုယ်ပေါ်ကတီရှပ်လေးအားခါးနေဆွဲမြှောက်ကာချွတ်မယ်ကြံလာ၍ ခင်ချူးကသူ့လက်တွေကိုဖယ်ချပြီး အခန်းထဲကထွက်ပြေးဖို့ကြံပါ၏။
ဒါကိုသူကမရမကဆွဲထားပြီး တံခါးကိုပါလော့ခ်ချကာ ခင်ချူးအားကုတင်ပေါ်သို့ပစ်တင်လိုက်လေသည်။
''ဟင့်အင်း...ခင်ဗျားရှေ့တိုးမလာနဲ့နော် ကျုပ်အော်လိုက်မှာ''
''ခဏနေရင်အော်ရမယ်...မင်းအော်အောင် ငါကိုယ်တိုင်လုပ်ပေးမှာ''
ပြောရင်းနဲ့သူကကုတင်ပေါ်တက်လာ၍ ခင်ချူးကအလန့်တကြားနဲ့ကုတင်ပေါ်ကပြေးဆင်းဖို့လုပ်တော့ သူကခင်ချူးရဲ့ခြေထောက်လေးနှစ်ဖက်ကိုဆွဲဆောင့်လိုက်ရာ သူမကအိပ်ရာပေါ်ပက်လက်လေးဖြစ်သွားလေ၏။
''ခင်ဗျားနော်...ကျုပ်ကိုအခွင့်အရေးမယူနဲ့''
''ငါတို့ကလင်မယားတွေပဲလေ လင်မယားသဘာဝအတူနေသင့်တာပေါ့...အခုတောင်မှတော်တော်နောက်ကျနေပြီ...အရင်ကတည်းကငါမင်းအပေါ်တက်ခဲ့သင့်တာ''
''ခင်ဗျားကနှာဘူးပဲတေဇာဘုန်းမြတ်''
သူရှည်ရှည်ဝေးဝေးတွေစဥ်းစားမနေဘဲ သူမအင်္ကျီလေးကိုမရမကဆွဲချွတ်လိုက်လေ၏။
ထိုအခါအနက်ရောင်ဘရာနဲ့အတူ အသားစိုင်ဖြူဖြူလုံးလုံးတွေကသူ့မြင်ကွင်းထဲဘွားခနဲပေါ်လာသည်။
''ခင်ဗျားရှေ့ဆက်တိုးရင်ကျုပ်အဆိုးမဆိုနဲ့နော်''
''လှတယ်''
''ဘာ''
သူကခင်ချူးရဲ့လည်တိုင်လေးကိုတိုးဝှေ့နမ်းလာ၍ သူမကအလန့်တကြားနဲ့ပဲသူ့အားအတင်းတွန်းဖယ်လာလေ၏။
''ဟင့်အင်း...မလုပ်နဲ့!''
သူကလည်တိုင်ကိုနမ်းနေရင်းမှရင်သားလေးတွေကိုဆုပ်ကိုင်လာသည်မို့ ခင်ချူးစိတ်ထဲမှာဒေါသထွက်ရှက်ရွံသလို အားကိုးမရှိတဲ့သူမကိုအနိုင်ကျင့်တယ်ဆိုတဲ့အတွေးနဲ့အတူ ဝမ်းနည်းစိတ်ကပါဒွန်တွဲပါလာခဲ့ပြီး လူကမျက်ရည်တွေကျလာရပါတော့သည်။
''အဟင့်...အီးးဟီးး...ဟင့်''
သူမကငိုချလိုက်မှပဲ ဘုန်းမြတ်လည်းသူ့လှုပ်ရှားမှုတွေအားလုံးကိုရပ်ပစ်လိုက်ပြီး သူမမျက်နှာလေးအားငုံ့မိုးကြည့်လိုက်၏။
''ခင်ချူး...မငိုနဲ့လေကွာ ကိုယ်တောင်းပန်...''
သူ့စကားမဆုံးခင်မှာပဲခင်ချူးကသူ့အားတွန်းလွှတ်၍ အင်္ကျီကိုခပ်မြန်မြန်ကောက်ဝတ်ပြီး အခန်းထဲကပြေးထွက်သွားပါတော့သည်။
''ခင်ချူး''
သူနောက်ကနေပြေးလိုက်ခေါ်ပေမယ့် သူမကအပြေးသန်လွန်းတာကြောင့် သူလှေကားထိပ်ရောက်တုန်းမှာပဲ သူမကအောက်ထပ်ကိုရောက်သွားပါပြီ။
''ဘာဖြစ်လာတာလဲခင်ချူး''
သွန်းကမေးတာလည်းသူမကမဖြေဘဲ အိမ်ထဲကနေပြေးထွက်ခဲ့ပြီး ခြံထဲကသရက်ပင်ပေါ်သို့တက်လာခဲ့လိုက်သည်။
သူမအနေနဲ့အခုနေဘယ်ကိုများထွက်ပြေးတတ်ဦးမှာလဲ။
ဘုန်းမြတ်အိမ်ထဲကထွက်လာတော့ သူမကသရက်ပင်ရဲ့ထိပ်ဆုံးကိုရောက်နေပြီဖြစ်ပြီး သစ်ကိုင်းတစ်ခုကိုဖက်ကာအော်ငိုနေ၍ သူရယ်ချင်သွားရသလိုသနားလည်းသနားသွားရသည်။
သူကသူမကိုအနိုင်ကျင့်သလိုဖြစ်မိသွားသည်မို့ သူကပဲပြန်ချော့ရပေမည်။
''ခင်ချူး...ဆင်းခဲ့နော် လိမ္မာတယ်''
''မဆင်းဘူး...ခင်ဗျားကြီးကိုမုန်းတယ်''
''ခုနကကိစ္စကလူသိသွားရင်ခင်ချူးပဲအရှက်ရရမှာ ဆင်းခဲ့နော် ကိုယ်တောင်းပန်တယ်''
ဘုန်းခန့်နဲ့သွန်းတို့လည်း အိမ်ထဲကနေထွက်လာခဲ့တော့ နှစ်ယောက်ရဲ့အခြေအနေကိုမြင်ပြီး သရက်ပင်ရှိရာဆီသို့ပြေးလာခဲ့လိုက်ကြလေသည်။
''ဘာတွေဖြစ်နေကြတာလဲကိုကြီး''
''ဒီအတိုင်းစကားများကြတာပါ''
''လက်ထပ်ထားတာမှတစ်လမပြည့်သေးဘူးနော်''
ဘုန်းမြတ်ကညီဖြစ်သူကိုဘာမှမဖြေရှင်းအားသေးပဲ အပင်ပေါ်ကိုမော့ကြည့်ပြီးခင်ချူးကိုထပ်မံချော့မြှူရပြန်၏။
''ခင်ချူး...ကိုယ်ပြောနေတယ်လေ ဆင်းခဲ့လို့ လိမ္မာတဲ့ကလေးမဖြစ်ချင်ဘူးလား''
''မဖြစ်ချင်ဘူး...-ီးပဲ...အီးးး''
''ခင်ချူး သူငယ်ချင်း...နင်တို့ဘာဖြစ်ကြလဲမသိပေမယ့် အခုလိုလုပ်နေမယ့်အစား အေးအေးဆေးဆေးစကားပြောသင့်တယ်လို့ငါထင်တယ်...နင်အရင်ဆုံးအပင်ပေါ်ကနေဆင်းခဲ့''
''မဆင်းဘူး...အဲ့လူကြီးကိုမုန်းတယ်''
''မင်းတို့သွားကြတော့...ငါ့ဘာသာကြည့်လုပ်မယ်''
''ဒါပေမယ့်''
''သွားပါဆို''
ဘုန်းမြတ်ကနှင်လိုက်၍ ဘုန်းခန့်နဲ့သွန်းတို့လည်း အိမ်ထဲသို့ပြန်ဝင်ခဲ့လိုက်ကြလေသည်။
ဘယ်သူမှမရှိတော့ဘူးဆိုမှဘုန်းမြတ်ကခင်ချူးအား...
''ကိုယ်ပြောတာသေချားထောင်နော်...နောက်ဆိုခင်ချူးမကြိုက်ရင်ကိုယ်အဲလိုမလုပ်တော့ဘူး ကိုယ်ကတိပေးတယ်...အဲဒါကြောင့်စိတ်ကောက်ပြေပြီးအဲ့ပေါ်ကနေဆင်းခဲ့နော်...အန္တရာယ်ဖြစ်မှာစိုးလို့ပြောနေတာ...နော်ကလေးလေး''
သူ့ဆီက'ကလေးလေး'ဆိုသောအသုံးအနှုန်းကြောင့် ခင်ချူးမျက်နှာလေးရေနွေးပူနဲ့ပက်ခံလိုက်ရသလိုခံစားလိုက်ရလေသည်။
''ဘာ ဘာကလေးလေးလဲ...အရူးကြီး''
''မင်းဒီလောက်အငိုသန်ပြီးစိတ်ကောက်သန်နေမှတော့ကလေးလေးနဲ့ဘာထူးမှာလဲ...ထပ်မဆိုးနဲ့တော့ ဆင်းလာခဲ့...အောက်ကိုရောက်မှကိုယ့်ကိုရိုက်ရိုက်နှက်နှက်ကွာ...ကိုယ်ခံမယ်...အခုတော့စကားနားထောင်ပြီးအဲ့ပေါ်ကနေဆင်းခဲ့''
သူလက်ကမ်းပေးပြီးခေါ်လိုက်တော့ သူမကအငိုနည်းနည်းစဲသွားပြီး သူ့ကိုသေချာကြည့်လာလေသည်။
''လာနော်...လိမ္မာတယ်''
''........''
''စကားနားထောင်ရင်လိုချင်တာအကုန်ဝယ်ပေးမယ် ဆင်းခဲ့''
ခင်ချူးကသစ်ကိုင်းလေးကိုခပ်ဖြည်းဖြည်းနင်းပြီးအောက်ကိုပြန်ဆင်းလာ၍ ဘုန်းမြတ်ကလက်နှစ်ဖက်ဆန့်တန်းပြီးသူမကိုဆီးကြိုထားလိုက်သည်။
''ဖြည်းဖြည်း ဖြည်းဖြည်း...ပြုတ်ကျမယ်''
ခင်ချူးကသူလက်နဲ့မီတဲ့နေရာထိရောက်လာချိန်မှာတော့ ဘုန်းမြတ်ကသူမခါးလေးနှစ်ဖက်ကိုကိုင်ပြီး အောက်ကိုအသာဆွဲချလိုက်၏။
ပြီးတော့သူမခေါင်းပေါ်ကသစ်ရွက်တွေကိုဖယ်ပေးပြီး ရှုပ်ပွနေတဲ့ဆံပင်တွေကိုလည်းလက်နဲ့အသာသပ်ပေးလေသည်။
''မငိုနဲ့တော့...မျက်နှာကကြောင်ချီးအိုးရုပ်ပေါက်နေပြီ...နောက်မဖြစ်စေရဘူး ဟုတ်ပြီလား''
သူမကသူ့ကိုခေါင်းအသာညိတ်ပြလာ၏။
''ကိုယ့်ကိုဘာမှပြန်မလုပ်တော့ဘူးလား''
''ဘာလုပ်စေချင်သေးလို့လဲ''
''ထိုးတာတို့ ရိုက်တာတို့ပေါ့''
''လုပ်စေချင်ရင်လုပ်ပေးမယ်လေ''
ပြောပြောဆိုဆိုနဲ့သူမကသူ့ကိုလက်သီးနဲ့ရွယ်တော့ ဘုန်းမြတ်ကသူမလက်သီးဆုပ်လေးကိုအမိအရဖမ်းထားလိုက်လေသည်။
''မလုပ်ပါနဲ့ဗျာ ခင်ဗျားလေးလက်သီးကိုကြောက်လို့ပါ''
''နောက်တစ်ခါဆိုရင်ကျုပ်ရွာကိုပဲပြန်မှာ''
''ဟုတ်ပါပြီ...ခင်ချူးမကြိုက်ရင်ကိုယ်ထပ်မလုပ်ဘူးနော် ခင်ချူးကလည်းကိုယ်တို့အကြောင်းတွေကိုသူများကိုလိုက်မပြောရဘူး ကိုယ်တို့အတွင်းရေးကိစ္စတွေကိုကိုယ်နဲ့ခင်ချူးကြားမှာပဲထားရအောင်...နော်''
''အွန်း''
''လိမ္မာတယ်''
သူကခင်ချူးရဲ့ခေါင်းလေးကိုအုပ်မိုးကိုင်လာ၍ သူမရင်ထဲမှာအေးခနဲဖြစ်သွားရလေသည်။
သူမဘဝမှာအခုလိုတစ်ခါမှမခံစားရဖူးပါ။
အခုကျမှထူးထူးဆန်းဆန်းနဲ့ရင်ခုန်သလို ရင်တုန်သလိုခံစားနေရ၏။
ဒါကဘာအဓိပ်ပါယျလဲ။
***
မနက်ဖြန်ဆိုရင် သွန်းကဘုန်းမြတ်ရဲ့ကုမ္ပဏီမှာအလုပ်စဝင်တော့မှာဖြစ်သည်။
သူမကျောင်းတက်ဖို့ကလည်းအကုန်အဆင်သင့်ဖြစ်နေပါပြီ။
''နင်ကအလုပ်လည်းဝင်မယ် ကျောင်းလည်းတက်မယ်ဆိုတော့ တစ်ပတ်လုံးမအားတော့ဘူးပေါ့နော်...ငါတော့ပျင်းနေတော့မှာပဲ''
ခင်ချူးကပဲတောင့်ရှည်တွေကိုချိုးရင်းနဲ့ညီးညူလာ၏။
''ကျောင်းကတစ်နေကုန်တက်ရမှာမှမဟုတ်တာ''
''မသိဘူး...ငါ့မှာအဖော်မရှိတော့တာပဲသိတယ်''
ထိုအခိုက် အိမ်ရှေ့ကနေကားသံကြား၍ ခင်ချူးကလက်ထဲကပဲသီးတွေချပြီး မီးဖိုခန်းထဲကနေ အိမ်ရှေ့ဆီသို့ပြေးထွက်လို့လာလေသည်။
သူမအခုလိုပြေးထွက်လာတာတစ်ခြားကြောင့်တော့မဟုတ်။
ဘုန်းမြတ်ကသူမအတွက်လက်ဆောင်ဝယ်လာမယ်ဆိုလို့ပါ။
ဒါပေမယ့်အခုခင်ချူးတွေ့ရသလောက်ကတော့သူ့လက်ထဲမှာဘာမှမတွေ့ရပေ။
''ဘိုးတော်...ကျုပ်အတွက်လက်ဆောင်ဝယ်ခဲ့မယ်ဆို ဘယ်မှာလဲ''
''အာ...ဟုတ်သားပဲ မေ့သွားတာကြည့်စမ်း''
သူမကချက်ချင်းပဲမျက်နှာလေးတည်သွားပြီး သူ့ရှေ့ကနေချာခနဲလှည့်ထွက်သွားပါတော့သည်။
''ခင်ချူး''
သူမကခြေထောက်မှာမော်တာတပ်ထားသလားထင်ရအောင် အိမ်ပေါ်သို့လှစ်လှစ် လှစ်လှစ်နဲ့ပြေးတက်သွားလေ၏။
သူလည်း ကားထဲကဗူးလေးတစ်ခုကိုယူ၍ ခင်ချူးနောက်ကနေခပ်ဖြည်းဖြည်းလိုက်ခဲ့ပြီး အပေါ်ကိုတက်လာခဲ့လိုက်သည်။
သူအပေါ်ထပ်ကအခန်းထဲရောက်တော့သူမကအိပ်ရာပေါ်မှာစောင်ခေါင်းမြီးခြုံကာအိပ်နေ၏။
''ခင်ချူး''
''.........''
''ကိုယ့်ကိုစိတ်ကောက်နေတာလား''
''.........''
''ကလေးကျနေတာပဲကွာ...ထစ်ခနဲရှိစိတ်ကောက်နေတာပဲ''
''.........''
''အငိုကလည်းသန်တာမပြောနဲ့တော့...တစ်ခါတစ်လေကျရင်ငါကမိန်းမယူထားတာလား ကလေးတစ်ယောက်ကောက်ရထားတာလားလို့ပါတွေးယူရတယ်''
''.........''
သူမကသူ့ကိုဘာမှခွန်းတုံ့မပြန်၍ ဘုန်းမြတ်ကသူမဘေးနေရာလွတ်မှာဝင်ထိုင်ပြီး စောင်ကိုဆွဲဖယ်ဖို့လုပ်တော့ သူမကစောင်ကိုအတင်းပြန်ဆွဲထားလေ၏။
''ခင်ချူး...ကိုယ့်ကိုကြည့်ပါဦး''
''ခင်ဗျားကြီးကကတိလည်းမတည်ဘူး...ကျုပ်ကအများကြီးမျှော်လင့်ထားတာကို အခုမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပဲသိလား''
''ကဲပါကလေးဆိုးလေးရာ...ကိုယ်ထင်ရာပြောပြီးစိတ်တွေကောက်မနေပါနဲ့...ကိုယ်ကခင်ချူးကိုစတာ...ခင်ချူးအတွက်လက်ဆောင်ကိုကိုယ်ဝယ်လာတယ်''
ထိုအခါမှသူမကစောင်ကိုချက်ချင်းဆွဲဖယ်ပြီး အိပ်ရာကနေထလိုက်လေ၏။
''ဘယ်မှာလဲ''
သူကသူ့လက်ထဲကဗူးလေးအား ခင်ချူးရှေ့ကိုထိုးပေးလိုက်လေသည်။
သူမကဗူးလေးကိုကြည့်ပြီးတအံ့တသြဖြင့်...
''ဖုန်းလား''
ဟူ၍မေးလာ၏။
''အင်း...ခင်ချူးရဲ့ဖုန်းကမှန်ကွဲနေပြီး သိပ်လည်းမကောင်းတော့တာကိုတွေ့လို့လေ အဲဒါအသစ်ဝယ်လာပေးတာ''
သူမကဖုန်းဗူးလေးကိုဖျက်ခနဲဆွဲယူပြီးမြန်မြန်ဆန်ဆန်ပဲဖွင့်ကြည့်လိုက်လေသည်။
''ဝါးးး...မိုက်လိုက်တာ iphoneကြီး''
''ကြိုက်လား''
''ကြိုက်တယ်ကြိုက်တယ်...ဟီးးး''
သူမကဖုန်းလေးကိုကြည့်ပြီးသဘောတွေကျနေ၍ သူပါလိုက်ပြီးပြုံးမိသည်ထိပင်။
သူမရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရရုံနဲ့တင် သူကဘာလို့ကျေနပ်နေမိလဲမသိ။
လူတစ်ယောက်အရမ်းပျော်သွားအောင်ဖြည့်ဆည်းပေးရရုံနဲ့တင်သူကကြည်နူးနေသည်တဲ့။
ထူးဆန်းချက်ကတော့။
***
''ဒေါက်...ဒေါက်''
ဘုန်းခန့် ,သွန်းရဲ့အခန်းတံခါးကိုလာခေါက်ပေမယ့် အခန်းထဲကဘာတုံ့ပြန်သံမှမကြား၍ သူအခန်းတံခါးကိုလှည့်ဖွင့်ပြီး သူမအခန်းထဲသို့ဝင်ခဲ့လိုက်သည်။
သူမကမနက်ဖြန်ဆိုရင်အလုပ်ဝင်တော့မှာမို့ သူ့မိဘတွေရဲ့ဆိုင်ကနေ စိန်နဲ့လုပ်ထားတဲ့ရင်ထိုးလေးကို သူ့သူငယ်ချင်းနာမည်နဲ့ဝယ်ယူခဲ့ပြီး သူမအတွက်လက်ဆောင်အနေနဲ့ပေးဖို့ရည်ရွယ်ခဲ့တာပါ။
သူဘာလို့များအခုလိုလုပ်မိလဲဆိုတာကိုယ့်ကိုယ်ကိုပင်မသိချေ။
သူအခန်းထဲဝင်လာချိန်မှာ သွန်းကအခန်းထဲမှာမရှိ၍ သူအသံပေးလိုက်သည်။
''သွန်း...သွန်း''
သူ့အသံအဆုံးမှာပဲ သူမကရေချိုးခန်းထဲကကနေထွက်လာ၍ နှစ်ယောက်သားအကြည့်ချင်းဆုံပြီးအသံတိတ်သွားကြလေ၏။
''ဟို''
သူမကအခုမှသတိဝင်သွားပုံနဲ့ အဝတ်တန်းပေါ်ကတဘက်လေးကိုယူ၍ သူမရင်ဘတ်လေးပေါ်ကိုလွှားခြုံလိုက်လေသည်။
''အစ်ကို...ဘာ ဘာလာလုပ်တာလဲ''
''ဟိုဟာ...မင်းဘာလို့ညကြီးအချိန်မတော်ကျမှရေချိုးနေတာလဲ''
''သွန်းကအိပ်ရာမဝင်ခင်တိုင်းရေချိုးနေကျရယ်''
''အော်...ရော့ ဒီမှာမင်းအတွက်''
သူကသွန်းထံလျှောက်သွားပြီးအနီရောင်ကတ္တီပါဗူးလေးကိုသူမထံကမ်းပေးလာ၏။
''ဘာလဲဟင်''
''မင်းအတွက်လက်ဆောင်''
သွန်းကထိုဗူးလေးကိုယူပြီးဖွင့်ကြည့်လိုက်ရာ စိန်ပွင့်လေးတွေနဲ့လုပ်ထားတဲ့ခတ္တာပန်းပုံလေးနဲ့ရင်ထိုးလေးဖြစ်နေသည်ပင်။
''လက်မခံလို့ရလားဟင်''
''ဘာလို့လဲ...မကြိုက်လို့လား''
''မဟုတ်ပါဘူး ကြိုက်ပါတယ်...ဒါပေမယ့်သွန်းကဒါမျိုးတွေလက်ခံရမှာအားနာလို့ပါ...ပြီးတော့ဒါကဈေးကြီးလောက်မှာကို''
''မကြီးပါဘူး...အစစ်မှမဟုတ်တာ''
''အော်...အစစ်မဟုတ်ဘူးလား...သောင်းဂဏန်းလောက်ပဲတန်မှာပေါ့''
''အင်း''
''အာ့ဆိုယူထားလိုက်မယ်...ကျေးဇူးပါနော်အစ်ကို''
''အဲဒါဆိုသွားတော့မယ်''
''ဟုတ်''
သူကပါးစပ်ကသာသွားတော့မယ်ပြောနေပေမယ့် အကြည့်ကသူမထံကနေမခွာပေ။
အခုမှရေချိုးပြီးခါစသူမမျက်နှာလေးကဖြူဥနေပြီး ဝင်းမွတ်မွတ်လေးဖြစ်နေ၏။
သူမနှုတ်ခမ်းလေးဆီကိုသူအကြည့်ရောက်သွားတော့ သူတံထွေးတစ်ချက်မြိုချပြီး လည်ဂုတ်ကိုပွတ်လိုက်လေသည်။
''သွားတော့မှာဆို''
''အင်း...သွားမှာ''
သူ,သွန်းရှေ့ကနေလှည့်ထွက်သွားသည်နှင့် သွန်းကလည်းသူ့ကိုကျောပေးလိုက်ပြီး ရင်ဘတ်ပေါ်ကတဘက်ကိုဆွဲဖယ်လိုက်စဥ်မှာပဲ သူမလက်ကောက်ဝတ်လေးတစ်ဖက်ကဆောင့်ဆွဲခံလိုက်ရပြီး သူမကျောလေးနဲ့နံရံကဖိကပ်ခံလိုက်ရတော့သည်။
''အစ်ကို...အွန့်''
ထင်မထားတဲ့ဖြစ်ရပ်ကြောင့်သွန်းရဲ့မျက်လုံးလေးတွေဝိုင်းစက်သွားရပြီး လူကအသွေးအသားတွေပါပြောင်းပြန်ဖြစ်သွားရသလိုပင်။
အစ်ကိုကသူမကိုနမ်းနေသည်လေ။
''ဟင့်အင်း''
သွန်း ဘယ်လိုပဲရုန်းကန်နေပါစေ အစ်ကိုကသူမအားမလွတ်တမ်းနမ်းနေတုန်း။
နောက်တော့သွန်းလည်းအစ်ကို့အနမ်းတွေကြားမှာမွေ့လျော်လာရပြီး လူကလည်းသူ့ရင်ပြင်ကျယ်ထဲမှာနစ်မြှုပ်ရင်း အသံတိတ်ငြိမ်ကျသွားရတော့သည်။
ခဏကြာတော့အစ်ကိုကသူမကိုလွှတ်ပေးလာပြီးမှ...
''ပါးစပ်ဟ''
''အမ်''
''ပါးစပ်နည်းနည်းဟပေးလို့''
သွန်းလည်းယောင်နနနဲ့ပဲ ပါးစပ်လေးကိုအနည်းငယ်ဟပေးလိုက်ချိန်မှာ အစ်ကိုကသူမကိုနောက်တစ်ကြိမ်ထပ်နမ်းလာပြီး သူမလျှာကို သူ့လျှာနဲ့ရစ်ပတ်စုပ်ယူလိုက်လေ၏။
ဒါကဘယ်လိုအနမ်းကြီးလဲ။
အချိန်အတော်ကြာသည်အထိအနမ်းချင်းဖလှယ်အပြီးမှာပဲ ဘုန်းခန့် ,သူမကိုလွှတ်ပေးလိုက်သည်။
သူမနှုတ်ခမ်းလေးကတစ်ကယ်ကိုနူးညံ့လွန်းပြီးသူ့ကိုလည်းအတော်လေးညှို့ယူနိုင်စွမ်းရှိ၏။
သူနမ်းခဲ့ဖူးသမျှနှုတ်ခမ်းတွေထဲမှာ သူမနှုတ်ခမ်းကသာလျှင် သူ့ကိုရင်ခုန်မှုတွေပေးစွမ်းနိုင်တာပင်။
''နမ်းရင်လျှာချင်းထိရတာလား''
''အဲဒါကfrench kissလို့ခေါ်တယ်...မင်းအခုမှနမ်းဖူးတာလား''
''ဟုတ်...အစ်ကိုကသွန်းရဲ့အချစ်ဦး ရည်းစားဦးလေ...နမ်းတာကလည်း ဒါပထမဆုံးပဲ''
''အော်''
''........''
''ကဲပါ...ငါသွားပြီ''
''ဟုတ်''
သူမရှေ့ကနေဟန်မပျက်ထွက်လာတဲ့သူက သူမအခန်းရှေ့ရောက်သည်နှင့် ခြေထောက်တွေကညွတ်ကျမတတ်ဖြစ်သွား၍ ကိုယ့်ကိုယ်ကိုမနည်းထိန်းလိုက်ရသည်။
သူကဘာလို့အခုလိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလဲ။
play boyသိက္ခာကျလိုက်တာ။
***
C.11ဆက်ရန်