Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.9


ဘုန်းမြတ်ကသူ့ကတိအတိုင်း ခင်ချူးကိုအပြင်လိုက်ပို့ပေးခဲ့၏။


''ဘိုးတော်...ကျုပ်ကိုကစားကွင်းပို့ပေးပါလား...ကျုပ်ဆော့ချင်လို့''


''ကစားကွင်းကကလေးတွေသွားရတာ''


''ခင်ဗျားပြောတော့ကျုပ်ကိုပျော်​အောင်လုပ်ပေးမယ်ဆို...ခင်ဗျားစကားမတည်ဘူးလား...တော်ပြီ အိမ်ပဲပြန်မယ်''


''okok...လိုက်ပို့ပေးပါမယ် စိတ်ချည်းပဲ''


သူကားကိုကစားကွင်းဆီသို့ဦးတည်လိုက်၏။


မယ်စိတ်လက်တစ်ဆစ်ကသူ့စိတ်ချည်း။


သူတို့စကားကွင်းကိုရောက်တော့ မယ်မင်းကြီးမလေးကရိုလာကိုစတာအရင်သွားစီးသည်။

သူကတော့အောက်မှာပဲကျန်နေခဲ့၏။


သူမကိုတော့ သူကခေါင်းမူးတတ်လို့မစီးတာလို့ပြောလိုက်ပေမယ့် တစ်ကယ်ကသူကြောက်လို့ပါ။


''ဟေ့လူ...ခင်ဗျားကတောင့်တောင့်ကြီးပဲလုပ်နေတော့မှာလား...ကျုပ်နဲ့အတူလိုက်မဆော့ဘူးလား''


သူမကကစားစရာတွေတစ်ဝက်လောက်ထိဆော့ပြီးသည့်တိုင် သူကဘေးကနေပဲလိုက်ကြည့်နေလေ၏။


''ငါကကလေးမှမဟုတ်တာ မင်းသာဆော့စမ်းပါ''


''မသိရင်အဖေကသူ့ကလေးကိုလိုက်စောင့်ရှောက်နေတာကျလို့ပဲ''


သူမစကားကိုကြားတော့ သူမသိမသာပြုံးလိုက်မိသည်။


တစ်ကယ်လည်းသူကအဖေ သူမကသမီးနဲ့တူနေသည်လေ။


သူမကလည်းတစ်ကယ်ကိုကလေးလိုမျိုးလွတ်လွတ်လပ်လပ်ပျော်နေခဲ့လေသည်။


***


''မင်းကလည်းနော်...ငါတို့နဲ့လုပ်ငန်းတူလုပ်နေလို့သာတော်တော့တယ် အတော်ကိုဖမ်းယူရတယ်''


ဘုန်းခန့်သူငယ်ချင်းတွေက သူ့အစ်ကို,မိန်းမယူလာတဲ့သတင်းကိုကြားပြီးအခုလိုရောက်လာခြင်းပင်။


''မင်းအစ်ကိုလိုလူချောက တောသူမလေးကိုမယားအဖြစ်ခေါ်လာတယ်ဆိုတော့ငါတို့အတော်အံ့သြနေတာ''


''တောသူဆိုပြီးအထင်မသေးနဲ့...ဖြူဖြူသေးသေးနဲ့ချောချောလေး...ဘယ်နေရာမှတောသူနဲ့မတူဘူး''


''အခုသူကဘယ်မှာလဲ''


''ငါ့အစ်ကိုနဲ့အပြင်သွားနေတယ်''


ထိုစဥ် သွန်းကအအေးနဲ့မုန့်တွေယူပြီး သူတို့ရှိနေတဲ့ခြံထဲကစားပွဲဆီသို့ရောက်လာလေသည်။


''သုံးဆောင်​ကြပါဦး''


''ဘယ်သူလေးလဲ''


အစ်ကို့သူငယ်ချင်းတစ်ယောက်ကမေးလာ၍ သွန်းစိတ်ထဲမှာ အစ်ကိုကသွန်းကိုသူ့ချစ်သူလို့ဖြေမယ်ထင်ထားပေမယ့်...


''ငါ့မရီးရဲ့သူငယ်ချင်းပါ...ကျောင်းတက်ပြီးအလုပ်လုပ်ဖို့လိုက်လာတာ''


ဟုဖြေလိုက်၍ သွန်း,စိတ်မကောင်းဖြစ်ခဲ့ရသည်။


''တောသူ​လေးပဲပေါ့''


''အေး''


''​တောသူနဲ့ဘယ်နေရာမှလည်းမတူဘူး မင်းတို့သာမပြောရင်ငါတို့ကသိမှာတောင်မဟုတ်ဘူး တစ်ကယ်ချစ်စရာလေး ငါတို့နဲ့မိတ်ဆက်ပေးဦးလေဘုန်းခန့်''


သူမကိုဝိုင်းပြီးချီးမွမ်းနေကြ၍ဘုန်းခန့်စိတ်ထဲမှာသိပ်မကြည်ချင်။


''သူကသွန်းသံသာတဲ့...သွန်း သူကရဲမင်းမောင် သူကအောင်ကောင်းမြတ် သူကထွဋ်မြတ်ဦး...ကိုယ့်သူငယ်ချင်းတွေ''


''တွေ့ရတာဝမ်းသာပါတယ်ညီမလေး''


သုံးယောက်သားကတိုင်ပင်ထားသလားထင်ရအောင် ပြိုင်တူပြောလာပြီး သူမရှေ့သို့လက်တွေထိုးပေးလာကြလေသည်။


သွန်းကလည်းယောင်နနနဲ့ပဲ သူတို့လက်တွေကိုပြန်ဆွဲလိုက်၏။


''လက်ကလေးကလည်းနုဖတ်ပြီးလှလိုက်တာ''


''ကျေးဇူးပါနော်''


ပြောပြီးသည်နှင့် သွန်းလည်းအိမ်ထဲသို့ပြန်ပြေးဝင်ခဲ့လိုက်တော့သည်။


ကျန်နေခဲ့တဲ့ဘုန်းခန့်ရဲ့သူငယ်ချင်းတွေက...


''ဒီလောက်လှတဲ့ကောင်မလေးကိုအိမ်မှာခေါ်ထားပြီး မင်းဒီအတိုင်းလွှတ်ပေးထားတယ်လို့မပြောနဲ့နော်ဘုန်းခန့်''


''အေး...အေးပေါ့ကွ ငါကသူ့လိုတောသူကိုကြိုက်စရာလား''


''တောသူသာပြောတာပါကွာ...ဒီလောက်စက်စက်ယိုအောင်လှ​တာကို...ခန္ဓာကိုယ်ကလည်းမိုက်မှမိုက်ပဲ...လက်ကလေးကလည်းနုဖတ်အိစက်နေတာကွာ''


''အဲလောက်လည်းမဟုတ်ပါဘူးကွာ...ပိုကိုပိုတယ်မင်းတို့ကောင်တွေ''


သူမှုန်ကုပ်ကုပ်နဲ့ပဲ သူ့ရှေ့ကအအေးခွက်ကိုယူသောက်လိုက်၏။


သူ့သူငယ်ချင်းတွေပြန်သွားသည်နှင့် သူအိမ်ထဲကိုဝင်ခဲ့ပြီး မီးဖိုခန်းရှေ့ကိုလာခဲ့တော့ သွန်းကမရွှေငုကိုဟင်းကူချက်ပေးနေတာကိုတွေ့လိုက်ရသည်။


''မရွှေငု...ဒီကိုခဏလာဦး''


သူလှမ်းခေါ်တော့မရွှေငုကသူ့ဆီသို့ရောက်လာလေ၏။


''အစ်မကိုဘာခိုင်းမလို့လဲဘုန်းခန့်''


''ဟို...လမ်းထိပ်ကိုသွားပြီး ကျွန်တော့်အတွက်ပီကေသွားဝယ်ပေးစမ်းပါ''


''အင်းအင်း...တစ်ခုတည်းလား''


''အင်း''


မရွှေငုကသူပေးတဲ့ငါးထောင်တန်ကိုယူပြီးသူ့ရှေ့ကနေထွက်သွားလေ၏။


ထိုအခါမှဘုန်းခန့်ကသွန်းအနားရောက်လာပြီး...


''သွန်း...မင်းလက်ပြစမ်း''


''ရှင်...ဘာလုပ်ဖို့လဲအစ်ကို''


သူကစိတ်မရှည်ဟန်နဲ့ပဲ သူမလက်နှစ်ဖက်ကိုဆွဲယူလိုက်လေ၏။


သူမလက်သည်းလေးတွေကလုံးဝရှည်မနေဘဲကြည်ကြည်ပြောင်ပြောင်လေးဖြစ်နေပြီး လက်ထိပ်လေးတွေနဲ့လက်ဖဝါးလေးတွေကနီရဲနေသည်။

လက်လေးတွေကဖောင်းဖောင်းသွယ်သွယ်လေးနဲ့ဖြူလည်းဖြူ၏။


''ဟင်း...ဟိုကောင်တွေပြောလည်းပြောချင်စရာပဲ''


''သူတို့ကအစ်ကို့သူငယ်ချင်းတွေဆိုတော့ ခင်တာကြာပြီလားဟင်''


''ကြာပြီ...ဘာလို့မေးတာလဲ''


''သူတို့ကိုရော သွန်းတို့အကြောင်းမပြောဘူးပေါ့''


''သွန်း...ငါမင်းကိုပြောပြီးသားလေ အချိန်တန်ရင်ပြောမယ်လို့ ငါ့ကိုစိတ်ရှုပ်အောင်မလုပ်နဲ့...ဘာလဲ မင်းကငါနဲ့ပြတ်ချင်တာလား''


သူကထိုသို့ပြောလာတော့ သွန်းရဲ့စိတ်ထဲမှာအတော်လေးစိုးရိမ်ထိတ်လန့်သွားခဲ့ရလေသည်။


''ဟင့်အင်း မဟုတ်ပါဘူးအစ်ကိုရယ်...အစ်ကိုမကြိုက်ရင် သွန်းနောက်ထပ်မပြောတော့ပါဘူး...သွန်းကိုစိတ်မဆိုးပါနဲ့နော်''


သူမကအသည်းအသန်တောင်းပန်လာ၍ သူပဲစိတ်ကိုလျှော့လိုက်ရလေသည်။


''ထားပါတော့ မင်းမကြာခင်မှာကိုကြီးရဲ့ကုမ္ပဏီမှာအလုပ်ဝင်တော့မှာမလား''


''ဟုတ်''


''ကောင်းတယ်...အကယ်၍မင်းကျောင်းပြီးသွားရင်ရွာကိုတန်းပြန်မှာလား''


''ဟုတ်..​.တန်းပြန်မှာ အစ်ကိုကဘာလို့မေးတာလဲဟင်...ဒါမှမဟုတ် သွန်းကိုမပြန်စေချင်လို့လား''


သူမကမျှော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းလေးတွေနဲ့ သူ့ကိုသေချာကြည့်ပြီးမေးလာလေ၏။


''ဟင်..အင်း..ဆိုပါတော့...မင်းဟင်းချက်နေတာမလား...ဆက်ချက်လေ''


သူကသွန်းဆီကဘာစကားကိုထပ်နားထောင်မနေတော့ဘဲ သူမရှေ့ကနေလှည့်ထွက်လာခဲ့လိုက်တော့သည်။


သူမကိုလိမ်ညာနေရတာကို သူဘာလို့စိတ်ပင်ပန်းနေမိလဲမသိ။


***


''စိတ်မှချမ်းသာရဲ့လားဒေါ်ခင်ချူး''


သူတို့ကစားကွင်းကအပြန် အအေးဆိုင်တစ်ဆိုင်မှာအအေးဝင်သောက်ခဲ့ကြသည်။


သူမကတော့ရေခဲမုန့်ပဲမှာလေ၏။


''နည်းနည်းလေးပဲ''


''ဟော...ဒီလောက်ထိမူးနောက်နေအောင်ကမြင်းခဲ့တာတောင်မှ နည်းနည်းလေးပဲစိတ်ချမ်းသာတာပေါ့''


''ဟုတ်တယ်''


''အေးပါကွာ''


''ရေခဲမုန့်ကဒီလောက်လေးနဲ့မဝဘူး...နောက်တစ်ခွက်ထပ်မှာထားပေး''


''ဟုတ်ပါပြီ...အဲဒါလေးအရင်ကုန်အောင်စား''


ထိုစဥျ...


''ဘုန်းမြတ်''


အသံကြား၍သူတို့နှစ်ယောက်ပြိုင်တူမော့ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရလေ၏။


အဖြူရောင်style pantကို အနက်ရောင်ရှပ်နဲ့တွဲဝတ်ထားပြီး အင်္ကျီလက်တွေကိုလက်ကောက်ဝတ်အပေါ်နားထိခေါက်တင်ကာ ရင်ဘတ်ကကြယ်သီးကိုနှစ်လုံးလောက်ဖြုတ်ဝတ်ထားသောသူမ။


လက်ညှိုးမှာကဖန်စီလက်စွပ်ကိုဝတ်ထားပြီ လည်ပင်းမှာလည်းဆွဲကြိုးမျှင်မျှင်လေးကိုဝတ်ထားသေးသည်။


နက်မှောင်နေတဲ့​ဆံပင်တွေကကျောလည်ထိရှည်ပြီး ဖြောင့်စင်းနေတာလည်းမဟုတ်သလို ကောက်ကွေးနေတာလည်းမဟုတ်ဘဲ ခပ်ပြေပြေလေးနဲ့အတော်လေးလှ၏။


ဒီအမျိုးသမီးကအရမ်းလှတာပဲဟု ခင်ချူးစိတ်ထဲကနေရေရွတ်မိသည်ထိပါပဲ။


ထိုအမျိုးသမီးကလည်းခင်ချူးကိုပြုံးရိပ်သမ်းနေတဲ့မျက်ဝန်းတွေနဲဲ့ပြန်ကြည့်နေသည်။


''ရှင်းသန့်...လာလေ...ထိုင်''


သူကနေရာဖယ်ပေးလိုက်တော့ သူမကဘုန်းမြတ်ဘေးမှာဝင်ထိုင်လိုက်လေ၏။


''နင်ဘယ်ကပြန်လာတာလဲ''


''ငါ့အသိအိမ်ကပါ...သူဘယ်သူလဲ မိတ်ဆက်ပေးဦးလေ''


''ခင်ချူး သူကကိုယ့်သူငယ်ချင်း ရှင်းသန့်ရူပါတဲ့ သူကဆရာဝန်လေ...ရှင်းသန့် သူကငါ့ဇနီး ခင်ချူးချူးခိုင်တဲ့''


''ဘာ ဘာ...နင့်ဇနီး''


''အေး...မင်္ဂလာပွဲကတော့စီစဥ်တုန်း ငါနင့်ကိုဖိတ်လိုက်မယ်နော်''


ထိုအမျိုးသမီးကခင်ချူးကိုလှည့်ကြည့်လာပြီးမှ...


''တွေ့ရတာဝမ်းသာပါတယ် မင်းကိုသူ့ဇနီးလို့မထင်ထားမိဘူး''


''ဇနီးဆိုတာကလည်းဒီအတိုင်းသပ်သပ်မဲ့ပြောတာပါ...ကျုပ်တို့ကချစ်လို့ယူတာလည်းမဟုတ်ဘူး အခုထိလည်းအတူမအိပ်ရသေးဘူး''


''တစ်ကယ်''


''တစ်ကယ်ပေါ့''


သူမကပွင့်ပွင့်လင်းလင်း​​ပြောလိုက်တာဆို​ပေမယ့် သူမစကားကဘုန်းမြတ်ကိုအတော်လေးမျက်နှာပူကာနေရခက်သွားစေ၏။


ဒီလိုကိစ္စတွေထိပြောဖို့မလိုတာကို။


***


Chapter.10ဆက်ရန်

Report Page