Slam Dunk

Slam Dunk

BLACK3R

Slam Dunk { Mmsub }


Episode - 101 + 4 Movies


တစ်ပတ် တစ်ပိုင်းနှုန်းနဲ့တင်ဆက်ပေးသွားပါမယ်။ အစအဆုံးကို Paid မှာကြည့်ရှုနိုင်ပါတယ်


Review-

 ဆံပင်နီကြောင်ကြောင် လူကောင်ထွားထွားနဲ့ Hanamichi Sakuragi ဟာစိတ်အရမ်းဆတ်ပြီးရန်ဖြစ်လွန်းလို့နာမည်ဆိုးနဲ့ကျော်ကြားသူပါ။သူဟာစော်ပစ်ခံရဖို့နေနေ ငြင်းခံရတာချည်းအခါ ၅၀ ရှိနေပါပြီ။ဒီလိုနဲ့ သူဟာရည်စားရှာပုံတော်ဖွင့်ဖို့ Shohoku ကျောင်းရွေးချယ်ကာ ဘဝသစ်စခဲ့ပါတယ်။သူရဲ့အတိတ်ကိုချန်ရစ်ပြီး စိတ်ထဲမှာအတွေးနှစ်ခုနဲ့ကျောင်းကိုလာခဲ့လေရဲ့။ပထမတစ်ခုက ဘတ်စကတ်ဘောကိုမုန်းတယ် နဲ့ ဒုတိယကတော့ချစ်သူတစ်ယောက်ရရမယ်ဆိုပြီးတော့ပါ။ဒါပေမဲ့ သူရဲ့အတိတ်ကကျော်ကြားမှုကြောင့် လူတိုင်းကဝေးဝေးရှောင်ကြပါတော့တယ်။ဒါပေမဲ့ တစ်နေ့မှာ သူ့ရာဇဝင်ကိုမသိဘဲ Haruko Akagi ဆိုတဲ့ကောင်မလေးတစ်ယောက်က “ဘတ်စကတ်ဘောကစားတာကြိုက်လား”လို့လာမေးပါတယ်။မြင်မြင်ချင်းသဘောကျသွားတဲ့ Sakuragi ကကြိုက်တယ်လို့ပြန်ဖြေရင်း ကောင်မလေးတောင်းဆိုတဲ့ Slam Dunk သွင်းပြဖို့လုပ်ပါတော့တယ်။Slam Dunk သွင်းရင်းတလွဲဖြစ်ခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်းကိုသိသွားတဲ့ဘတ်သကတ်ဘောအသင်းခေါင်းဆောင်က သူ့ကိုကစားဖို့ခေါ်ရာကနေ Sakuragi ဟာ သူမုန်းတဲ့ဘတ်စကတ်ဘောကို ကစားဖြစ်သွားပြီး ရှေ့ဆက်ဘာတွေကြုံရဆုံရဦးမလဲဆိုတာကိုကြည့်ရှုရင်း ရသမျိုးစုံခံစားကြရမှာပါ။

 ဒီထဲမှာပါတဲ့ Slam Dunk ဆိုတာဟာ ဘတ်စကတ်ဘောသွင်းနည်းတစ်မျိုးပါ။ဂိုးပစ်သွင်းတာမဟုတ်ဘဲ ခြင်းတောင်းထဲအနီးကပ်ထည့်တာပါ။ဘောလုံးကိုသယ်သွားပြီ ခြင်းတောင်းကိုခုန်ထည့်ရင်း ခြင်းတောင်းမှာခိုမိရပ်သားဖြစ်နေတာမျိုးမြင်ဖူးကြမယ်ထင်ပါတယ်။Slam Dunk ဆိုတာဒါကိုပြောတာပါ။


ရသမျိုးစုံပေးစွမ်းနိုင်တဲ့ Sport Anime လေးတစ်ခုဖြစ်ပြီး ဇာတ်ကောင်တစ်ဦးချင်းစီဟာလည်း ဇာတ်လမ်းအတွက်တကယ်ကိုအသက်ဝင်လှပါတယ်။ပထမစကြည့်တုန်းက Art Style ကိုအသားမကျပေမဲ့ တစ်ပိုင်းပြီးသွားတာနဲ့နောက်တစ်ပိုင်းဆက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မှုအားကောင်းတဲ့ Anime လေးတစ်ခုဖြစ်ပြီး ရွေးချယ်လို့မမှားတဲ့စီးရီးလေးမို့ ကြည့်ကြည့်ကြဖို့အကြံပေးပါရစေ။


Translate - J


Encode - BLACK3R


- အစအဆုံး ကို Paid VIP ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

Report Page