Skillshare - Filmmaking with Blender - Create your own animated Short Film

Skillshare - Filmmaking with Blender - Create your own animated Short Film

Zwe Thukha Min


*** Requested Blender Course ***


" Disney , Pixer ရဲ့ animated movies တွေ ကြည့်ပြီးရင် ကိုယ့်ကိုကိုယ် ပြန်မေးဖြစ်လား .. ? 

မေးခွန်းက animation ရုပ်ရှင်တွေ သူတို့ ဘယ်လိုများ လုပ်ကြလဲ .... ပေါ့။ 

နောက် .. တကယ်လို့ ကိုယ်သာဆို ဘယ်လိုများ လုပ်နိုင်မလဲ ဆိုတာလေးတွေပါဘဲ။ "


" ဟုတ်ပါပြီ .. လောလောဆယ် ကိုယ့် အနေအထားက, နည်းပညာ, ဘတ်ဂျက် စတာတွေကြောင့်

Disney, Pixer quality တွေတော့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ပိုင် animated short film တခု 

လုပ်နိုင်တဲ့ အခွင့်အရေးတော့ ရှိပါသေးတယ် ...  လို့ " အစချီပြီး ...  


ဒီ course instructor ဖြစ်သူ Pascal Ferrère က (၈) လလောက် ကြိုးစားခဲ့ရတဲ့ 

သူ့ကိုယ်ပိုင် short animated movie လေး အကြောင်း မိတ်ဆက်ပါတယ်။ 

(Video ကို လေ့လာကြည့်ပါ)



ဒါကို သူဘယ်လို ဖန်တီးခဲ့တယ်ဆိုတာတွေ 

process တခုလုံး step by step ရှင်းပါတယ်။ 

story & idea စုဆောင်း ရှာဖွေတာ ၊ developing character design, storyboard , 

artistic direction, script writing , environment design, 

project planning လုပ်တာ, စတဲ့ pre-production နည်းနာတွေ ...။

ပြီးတော့ .. Modeling, Texturing, Rigging, Stagging, 

Animation, Lighting, Camera, နောက်ဆုံး .. Rendering, Compositing,

Sound Design , Editing ... စသည်ဖြင့် Pre; to Post; အထိ 

Production Pipeline တလျှောက် 

ဘယ်လို စီမံကျော်ဖြတ်ရလဲ, ဆိုတာတွေ ရှင်းပြသွားပါတယ်။

ပျော်စရာ အားတက်စရာတွေ၊ အခက်အခဲတွေ၊  

လေ့လာ အတုယူစရာတွေနဲ့ ၊ ရှောင်ရန် ဆောင်ရန် စတဲ့   

အဖိုးတန် အချက်အလက်တွေ မျှဝေ‌ပေးထားသလို၊ 

animated movie ဖန်တီးမှု ခရီးတလျှောက် လိုအပ်မဲ့ 

Film Making Tips & Tricks တွေပါ ပြောပြပေးထားပါတယ်။ 

Course အတွက် beginner, intermediate, expert , စသဖြင့် level သတ်မှတ်ချက်မရှိပါ။

ဒါပေမယ့် သတိပြုရမှာက Blender Software နဲ့ 3D Techniques တွေ

သင်ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်ဘက်က အနဲဆုံး blender ဆိုတာဘာလဲ,

သူ့ UI ဖွဲ့စည်းပုံ နဲ့ 3d Functionalities တွေ အပြင်, 

Modeling ...to.. final rendering အကြောင်းတွေ ကြိုသိထားဖို့လိုပါတယ်။ 

အချို့နေရာတွေမှာ workflow ရုတ်တရက် ပြောင်းသွားတာမျိုး ရှိလို့ 

အခြေမခိုင်ရင် လည်ထွက်သွားနိုင်ပါတယ်။  

Blender ကို အခြေခံ ထားပေမယ့် သေချာသိထားရမှာက ဒီ course ဟာ

filmmaking skills အတွက်ဘဲ ဖြစ်ပါတယ်။ 

model ကဘယ်လို , animation က ဘာ .. ဆိုတာတွေ 

အသေးစိပ် မပါ၊ Filmmaking Teaching သီးသန့်ဖြစ်တယ်။

နောက်ဆုံး lesson အပြီးမှာ idea တွေး , scripts ချရေး , 

ကိုယ်တိုင် concept art ဖန်တီးပြီး 

ကိုယ်ပိုင် animated film project တခု စလုပ်နိုင်တဲ့ skills တွေ 

ရသွားဖို့ ရည်ရွယ်တဲ့ course သာဖြစ်ပါတယ်။ 


Instructor သုံးထား, အကြံပေးထားတဲ့ အချို့ hardware spec တွေဟာ 

ကိုယ်လက်လှမ်းမမှီတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ 

နောက် .. software ပိုင်းမှာ blender က free ရပေမယ့် 

graphic editing အတွက် Affinity Photo, Affinity Designer 

သုံးတာမျိုးတွေ တွေ့ပါတယ်။ 

လိုအပ်သူရှိရင် အဲဒီ software တွေ share ပေးပါမယ်။ 

ဒါပေမယ့် ကိုယ်ကျွမ်းကျင်ရာ တခုခု, ဥပမာ 

photoshop နဲ့ Illustrator သုံးလည်း ရပါတယ်။ 

Texturing အတွက်တော့ Substance Painter သုံးတယ်။ 

SP မသုံးတတ်, မသုံးချင်ရင် ဒါလည်း blender နဲ့တင် ပြတ်ပါတယ်။ 

Sound Design & Music အတွက် Creator ကိုယ်တိုင်က မကျွမ်းကျင်ပါဘူးတဲ့။ 

အဲဒါအတွက် သူ၀ယ်သုံးပါတယ်၊ ကိုယ်က မကျွမ်းသလို

သူ့လိုမျိုးလည်း ၀ယ် နိုင်ချင်မှ နိုင်မှာပါ၊ 

ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြည့်လုပ်တတ်ဖို့ လိုတယ်။  

sound and music ဟာ movie အတွက် သိပ်အရေးကြီးတာတော့ သိကြမှာပါ။ 

Editing အတွက် Davinci Resolve ကို recommand လုပ်ပေမဲ့ adobe premiere, 

ဒါမှမဟုတ် blender ထဲမှာဘဲ edit လုပ်နိုင်ရင် ပြီးတာပါဘဲ။ 

ကိုယ့် ရှိတာလေးနဲ့ ရသလောက် သီးခံ ကြိုးစားလုပ်သွားရင် 

own short animated film တခု ဖြစ်ကို ဖြစ်လာမှာပါ။ 

အကြောင်းအရာများပေမဲ့ လိုရင်းထိရောက်မှုရှိလို့ learning လုပ်သင့်တဲ့ 

course တခုအဖြစ် share တာပါ။

Telegram မှာ download လုပ်နိုင်ပါပြီ။ ကျေးဇူးတင်ပါတယ်။ 

Skillshare - Filmmaking with Blender - Create your own animated Short Film (729 MB)


https://drive.google.com/drive/folders/1pPLB4mmm-PrAs0EUIYYVpunqZuxh8dUH?usp=sharing


Z&T Animation and VFX Telegram Channel

https://t.me/zandtanimationandvfxonlineschool


Blender Share Telegram Group

https://t.me/+qJ0vdvhQPWk1ZGQ1

CG Related Content Sharing (Myanmar) Telegram

https://t.me/+--NlJ69IMdNjZmI1


FB Page

https://www.facebook.com/zandt.animation.vfx





Report Page