Sim Card Safety!
ဒစ်ဂျစ်တယ်နဂ္ဂတစ်များဆင်းကဒ် သတိချပ်
===========
အဆင်ပြေတဲ့ ညနေခင်းတစ်ခုမှာ…
ပုရိသတို့ စံပျော်ရာ..ထိုင်နေကျ ".."ဆုံစည်းရာ" ဆိုတဲ့ ယမကာ ဆိုင်လေးထဲသို့ အလုပ်ကအပြန် ကျော်ကြီး ဝင်ခဲ့လေတော့…
ကျောင်းတုန်းက ငနဲတစ်သိုက်နဲ့ တွေ့ပါ့လေရော....

ငနဲ တစ်သိုက်က ကိုယ့်ကို တွေ့တာနဲ့ လွန်ခဲ့တဲ့ (၁၀)နှစ်က ဆယ်လီတွေကို တွေ့သလို...အော်ဟစ်နေလို့ ကျွန်တော့မှာမနည်းထိန်းလိုက်ရတယ်...အော်တိုတွေပါတွေ မထိုးခိုင်းတာ ကျေးဇူးတင်ရမယ်…ပြောလို့ပြောတာမဟုတ်ဘူးဗျ...ပြောရင်လည်း ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်လို့ ပြောတာခံရဦးမယ်ကိုယ့်လူ…
ကျော်ကြီးဆိုတာ တစ်ခေတ်တစ်ခါမယ်...ဖိတ်ဖိတ်တောက် အောင်မြင်ခဲ့တဲ့ နှုတ်ခမ်းနီမ လေးတွေ သဲသဲလှုပ်ဖြစ်ခဲ့ရတယ့်...ဆယ်လီအို ဆိုလည်း မမှားဘူးလေ..အဲ့ဒါကြောင့် ငနဲများက ကျွန်တော့်ကို မြင်တော့ ပြာယာခတ်နေလေရဲ့....
ဟျောင့်....ကျော်ကြီး..မင်းကလည်းပျောက်ချက်သားကောင်းလှချည်းလားငါ့ကောင်ရဖုန်းခေါ်တော့လည်း စက်ပိတ်ထားရတာနဲ့ ..ဖုန်းနံပါတ် တပ်ဆင်ထားခြင်းမရှိရတာနဲ့....
ငါ့ကောင်ရေ...မင်းကို ငါတို့ တွေ့ချင်တာကြာပေါ့…
အခုဆို ၁နှစ်ကျော်...၂နှစ် နီးပါးတောင် ရှိနေပြီမလား…
ကျော်ကြီး.....ဟုတ်ပဗျာ..ငါ့ကောင်တွေ လွမ်းမယ်ဆိုလည်း လွမ်းချင်စရာ...မင်းတို့နဲ့ မတွေ့တာ အဲ့လောက်တောင် ရှိသွားပါကောလား....
ငနဲများ.....အော်..ဒါနဲ့ ငါတို့ ဆယ်လီအိုကြီးရော ဘယ်လိုလဲအခြေအနေ..အိမ်ထောင်ကျသွားပြီးလား?
ကျော်ကြီ... ငါ့ကောင်တွေကလည်း တွေ့လိုက်ရင် Selena Gomez လိုပဲ Same Old Song (ဓါတ်ပြားဟောင်း) ဖွင့်လို့ကို မပြီးတော့ဘူးနော်...အဲ့မေးခွန်းလေးမှ မပါရရင်...ထမင်းစားမဝင်ဘူးနဲ့တူတယ်...မင်းတို့ အကြိုက်သောက် အဲ့မေးခွန်းတော့ မမမေးနဲ့..ဟုတ်ပလား?
ငနဲများ....ဒါနဲ့အခုတလော ဘာတွေလုပ်ဖြစ်နေလဲ? မင်းဖုန်းကတော့ အတည်ကြီး ဆက်သွယ်မရတော့တာနော်...(၄) လုံးစလုံးပဲ....အသစ်ပြောင်းလိုက်တာလား?
ကျော်ကြီး.....အဲ့ဒါရှင်းပြရရင် နည်းနည်းတော့ ရှည်တယ်ကွာ…
မင်းတို့သိတဲ့အတိုင်း ဒီဘီးကျဲကြီးက တစ်ချိန်က ဖိတ်ဖိတ်တောက် အရှိန်အဝါနဲ့သူဆိုတော့ကွာ…ကောင်မလေးတွေက တွေတိုင်း ဖုန်းနံပါတ်တွေ တောင်းထားပြီး…
မပြီးမစီးနိုင်သော ဇာတ်လမ်းတွေ လုပ်လွန်းလို့ကွ…
လက်ရှိလည်း မပြတ်…အချစ်ဟောင်းလည်း ပြန်ဆက်နဲ့......လို့ပြောရင် ယုံလိုက် ကိုယ့်လူတို့..အဲ့ဒါကြောင့်ပါ..ထွေထွေထူးထူးတော့မဟုတ်ဘူးရယ်..
ငနဲများ ....မင်းကအရင်တုန်းကဟုတ်ပေမယ့်...အခုတော့ ဆယ်လီတောင် (၁၁)နှစ်လောက် အိုသွားပြီဟုတ်.,... ဟုတ်မှလည်း လုပ်ကွ ငါ့ကောင်ရ…
ထိုအချိန်တွင် ကျော်ကြီးတို့ ရေချိန်လည်း ကောင်းလာတာက တစ်ကြောင်း အခြေအနေအရ ဒီကောင်တွေ လက်ချာရိုက်ချင်တာက တစ်ကြောင်း ဆိုတော့ " ပစ္စုပ္ပန်မှာ Sim Card သတိချပ်" ဆိုတဲ့ တရားကိုဟောတော်မူတယ်…
သားကြီးတို့ရေ....Sim Card က အခုလက်ရှိမှာဘယ်လောက် အရေးကြီးလဲမင်းတို့သိလို့လားကွာ...?
ငနဲများ....သိသင့်သလောက်တော့သိတာပေါ့ကွ…
ကျော်ကြီး.....ဟုတ်လို့လား? စတာပါ..ငါပြောမယ်ကွာ..အခုမင်းတို့လည်း ကြားမှာပေါ့ ဖုန်းပြောသံတွေ ခိုးနားထောင်တို့...Sim Card အပွါးခံတယ်တို့ ဖုန်းပြောရင် မလုံခြုံဘူးတို့ဘာတို့"
ငနဲတစ်သိုက်.. ကြားပါ့ကွာ....သေချာတော့သိဘူးဟ..
ကျော်ကြီး...မင်းတို့ အင်တာနက်ပိတ်ထားရင် တောင် အနီးစပ်ဆုံးတာဝါတိုင် (၃)ခုကနေ ချိတ်ဆက်ပြီး မင်းတို့ “Location” တည်နေရာတွေ ခန့်မှန်းလို့ရနိုင်တာ သိတယ်ဟုတ်…
ငနဲများ...ဟုတ်လားကွ…ဖုန်းထဲက Location တွေပိတ်ထားရင်တောင်လား…
ကျော်ကြီး....ဟုတ်တယ်ကွ,,,အဲ့လိုလုပ်ဖို့....သူတို့မှာ IMEI လို့ခေါ်တဲ့ (စက်နံပါတ်ရယ်) IMSI လို့ခေါ်တဲ့ (ဆင်းကဒ်နံပါတ်ပဲ) ရှိဖို့လိုတာ...ကွ အဲ့ဒါတွေကလည်း စက်တိုင်းမှာမတူညီတဲ့ IMEI နံပါတ်ရှိသလို...ဆင်းကဒ်မှာလည်း IMSI နံပါတ်တွေ ရှိတာလေ..ကွာ…
ကျော်ကြီး...မင်းတို့အခုထိ မင်းတို့ နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းကဒ်လုပ်ထားတဲ့ ဆင်းကဒ်သုံးနေတုန်းလား?
ငနဲတစ်သိုက်....သုံးတယ်လေကွာ...၂ ကဒ်တော့ရှိတယ်....
ကျော်ကြီး...မှတ်ပုံတင်တုန်းက ဘာတွေပေးလိုက်ရလဲ?
ငနဲတစ်သိုက်........မှတ်ပုံတင်..အိမ်လိပ်စာ...ဖုန်းနံပါတ်လေကွာ.....
ကျော်ကြီး....အဲ့တော့ တစ်ခုခုဆို မင်းအိမ်ရှေ့ရောက်လာမယ်ကွာ..ရှင်းလား?
ကျော်ကြီ ...ပြီးတော့ Kpay တို့ Mobile banking တို့က ဘာနဲ့ချိတ်ထား?
ငနဲတစ်သိုက်...ငါကတော့ လက်ရှိကိုင်နေတဲ့ဖုန်းကွ....ဘာလို့လဲ?
ကျော်ကြီး....အဲ့တော့ မင်း ဘဏ်အကောင့်ထဲက တွေက တစ်ခုခုဖြစ်ပြီဆို?
ငနဲတစ်သိုက်..လိုက်လာမှာပေါ့...
ကျော်ကြီး....အေ...အဲ့ဒါပဲငါ့ကောင်ရေ,,,အဲ့ဒါကြောင့် ငါ Sim Card ခဏခဏ ပြောင်းသုံးတာကွ.
ငနဲတစ်သိုက်.......ငါတို့ဉာဏ်မမှီလို့ မေးပါဦးမယ်....ဒါနဲ့ မင်း Sim Card ပြောင်းသုံးတာနဲ့ ဘာဆိုင်လဲလို့....
ကျော်ကြီး....ဟာကွာ...ငါ့အဆက်ဟောင်း ယဉ်ယဉ်ကို မင်းတို့သိတဲ့ဟုတ်....သူက ငါ့ကိုတမ်းတမ်းဆွဲဆိုတော့ တော်ကြာ ငါ့ဖုန်းတွေခိုးနားထောင်...ငါ့ မက်ဆေ့(ချ်)တွေ ဝင်ဖတ် ပြီး..ငါ့အိမ်ကို ခြေရာခံလာမှာစိုးလို့ ငါ့ကောင့်ရ.....ပြောလို့ရတာ မဟုတ်ဘူးသူက ငါ့ကိုအရှင်ရရ....,အသေရရ ဆိုပြီး ဖြစ်ခဲ့တော့ ကိုယ့်လုံခြုံရေးအတွက် စိတ်ပူရတယ် ကိုယ့်လူရေ…
သူက အခုလည်း Mobile Operator မှာ GM (General Manager )မှတ်လား..ပူရတယ် ကိုယ့်လူရ…တော်ကြာ တစ်ချိန်က ပျော်ရွင်ခဲ့ဘူးတဲ့ အမှတ်တရဆိုပြီး လွန်ခဲ့ (၂)နှစ် ပို့ခဲ့တဲ့ မတ်ဆေ့(ချ်) တွေကို ထိုင်ဖတ်နေမှဖြင့်...ငါ့ဖုန်းနံပါတ်ကိုလည်း သိနေတော့...အပျင်းပြေဆိုပြီး Call Log တွေ ဝင်ကြည့်သွားရင်ဖြင့်...ဘုရား..ဘုရား....
ငနဲတစ်သိုက်...... ဟ အဲ့လိုကြည့်လို့ရလို့လားငါ့ကောင် ရ
ကျော်ကြီး ...... ဟီး မပြောတတ်ဘူးကွ ရနေရင်ဆိုပီး တွေးကြည့်ရတာလေကွာ သူတို့ ကုမ္ပဏီတွင်း ဥပဒေမှာတော့ ဘယ်လိုရှိတယ် မသိနိုင်ပေမယ့် ဖြစ်လာနိုင်တာတွေကို ကြိုတွေးထားရမယ်လေကွာ ...
ငနဲတစ်သိုက်....စောင်ရေးထဲ..သေနာကောင်က ဘဝင်လေဟပ်နေသေးတယ်..အိုသာ အိုတာ..မာန်က အခုထိတော့မကျသေးဘူးရယ်....နွားအိုကြီး မာန်ဖီနေသလိုပဲ...ဈာန်နဲ့မာန် ကတော့မလျော့သေးဘူးလား...
ကျော်ကြီး....စတာပါငါ့ကောင်တွေရာ...တော်လှန်ရေးကြီးမယ် မင်းတို့လည်း တစ်ခုခု ပါဝင်နေတယ်ဆို သတိထားလို့ရအောင် မြင်သာအောင် ပြောပြရတာပါကွာ...ဆင်းကဒ် သတိချပ် တရားတော် ပြီးဆုံး၏....
ဝိုင်းပြီးလေသော်.....
ငနဲများ .....ငါ့ကောင်ရေ နောက်တစ်ခေါက်ဆုံရင် ခေါ်ရအောင် အတည်တကျ ဖုန်းနံပါတ်လေးပေးခဲ့ဦး
ကျော်ကြီး.....သောက်မှတ်မရှိကွာ....ငါမင်းတို့ကို ဖုန်းနံပါတ်ဖျောက်ပြီး ဆက်သွယ်လို့ရတဲ့ Telegram က ဆက်သွယ်မယ်ကွာ...ဒါမှမဟုတ် အရေးပေါ်ဆိုတာ နဲ့ ဖျက်လိုက်လို့ရတဲ့ Signal ကနေဆက်သွယ်မယ်ကွာ...ဖုန်းခေါ်မယ်ဆိုရင်တော့ နိုးပါနော်....အသေသာ သတ်ပစ်လိုက်...သွားပြီ ကိုယ့်လူတို့......