Signal

Signal


  Signal ဟာ ခေါ်သမျှသောဖုန်း ၊ ပို့သမျှစာတွေ အားလုံးကို End-to-End Encryption ခံထားပေးပါတယ်။ ဒစ်ဂျစ်တယ်ငယ်ဘဝကတည်းက Viber တို့ ၊ Messenger တို့ သုံးလာပြီး ဒစ်ဂျစ်တယ်အရွယ်ရောက်လာပြီး ကာကွယ်စရာ အချက်အလက် (Data) တွေ များနေတာတောင် မပြောင်းလဲပဲ ဆက်သုံးနေသေးမယ်ဆိုရင်တော့ တော်လှန်ရေးအတွက်ရော ၊ ခင်ဗျားရဲ့ ဒစ်ဂျစ်တယ်ဘဝအသစ်အတွက်ရော မလုံခြုံပါဘူး။ ပေးပို့သူ နှစ်ဖက်လုံးကို ဘယ်သူမှ ကြားဖြတ်ကြည့်လို့မရအောင် ကာကွယ်ပေးထားတဲ့ Signal ကို မသုံးဖူးသေးဘူးဆိုရင် Install လုပ်ပြီး သုံးပါ။ ကိုယ်တင်မသုံးပါနဲ့ ၊ ကိုယ်နဲ့ ဆက်သွယ်ပြောဆိုမယ့် သူတွေကိုလည်း Signal သွင်းခိုင်းပါ။ ဒစ်ဂျစ်တယ်ဘဝအသစ်က မိတ်ဆွေတွေကိုလည်း သင့်ကြောင့်ပိုမို လုံခြုံပါစေ။

Signal မှာ အားနည်းချက်လို့ ပြောရမယ်ဆိုရင် ဖုန်းနံပါတ်တွေကို Telegram မှာလိုဖျောက်ထားလို့မရတာပါပဲ။ ဒီတော့ ကိုယ့်မှတ်ပုံတင်နံပါတ်နဲ့  မှတ်ပုံမတင်ထားတဲ့ SIM Card နဲ့အကောင့်ဖွင့်ပြီးသုံးလိုက်ပေ့ါဗျာ။ (တစ်ကဒ်မှ ၁၅၀၀ ပဲလေ ) ဟုတ်တယ်ဟုတ်။ ပြီးရင် အဲဒီ  Sim Card  ကို ဖုန်းထဲကပါ  ဖြုတ်ထားပြီး လုံခြုံတဲ့နေရာမှာ သိမ်းထားလိုက်ပါ။ ဒီတော့ Sim ကနေလဲ သင့်ကို တောက်လျှောက် ခြေရာမခံနိုင်သလို အကြောင်းတစ်ခုခုကြောင့် Signal ကို ဖြုတ်ပြီး Install ပြန်လုပ်မယ်ဆိုရင်လဲ ဒီ Sim Card ကို ပြန်ပို့လာမယ့် Code အတွက်က ဒီ Sim Card က ပြန်သုံးဖို့ လိုတဲ့အတွက် မပျောက်စေနဲ့ဗျို့ ။ 


  1. PIN နံပါတ်ကိုမမေ့ပါနဲ့။

Signal ရဲ့ အားသာချက်တစ်ခုကတော့ PIN နံပါတ်ခဏခဏမေးပါတယ်။ သဘောတရားက ဒီဖုန်းနံပါတ်နဲ့ သုံးနေတဲ့သူတစ်ယောက်တည်းလားဆိုတဲ့ Verified လုပ်တဲ့သဘောပဲဖြစ်ပါတယ်။အဲ့ဒါကြောင့် PIN နံပါတ်ကို မမေ့ဖို့အတွက်လိုပါတယ်၊ PIN နံပါတ်ကိုမေ့သွားလို့ ကိုယ့် Signal အကောင့်ကို ပြန်ဖွင့်လို့ မရနိုင်တော့အထိဖြစ်နိုင်ပါတယ်။

2. Registration Lock လုပ်ထားပါ။ 

အပေါ်က PIN ထားမှာပဲ Registration Lock ထားလို့ရပါတယ်။ အဲ့ (၂) ခုကတွဲပြီး အလုပ်လုပ်တဲ့ သဘောပဲဖြစ်ပါတယ်။ အကယ်၍သင်က Signal App  ကိုအကြောင်းအမျိုးမျိုးကြောင့် ဖျက်မိလိုက်ပြီး အသုံးပြုဖို့ နောက်တစ်ခေါက် Installed လုပ်တဲ့အခါမှာ Registration Lock  ထားထားခဲ့ပါက PIN နံပါတ်ကို ပြန်ရိုက်ထည့်လိုပါလိမ့်မယ်။ PIN နံပါတ်မမှန်တာ (သို့) မေ့သွားတာမျိုးဖြစ်မယ်ဆိုရင်တော့ Registration Lock On ထားတဲ့အတွက် အကောင့်က မပွင့်တော့ပဲ (၇) ရက်လောက် Lock လုပ်ခံရမှာဖြစ်ပါတယ်။

3. Notification

နောက်တစ်ချက်ကတော့ Notification ပါပဲ။ တစ်ခါတလေကျရင် ဖုန်း Screen ပေါ်မှာ တစ်စုံတစ်ယောက်က Message ပို့တဲ့အခါမှာ ဘယ်သူက ဘယ်ကိစ္စက ပို့တယ်ဆိုတာက အစ Notification ပေါ်မှာ လာပေါ်နေတာမျိုး သင်ကြုံဖူးပါသလား။ ကိစ္စသေးသေးလေးလို့ ထင်ရပေမယ့် တကယ့်အရေးကြုံတဲ့ အခြေအနေမျိုးမှာ ကိုယ့်ဆီကို ပို့တဲ့ Message မှာ ဘယ်သူပို့တယ်ဆိုတာနဲ့ ဘာအကြောင်းအရာပို့တယ်ဆိုတာ ပေါ်နေတာက အန္တရာယ်များပါတယ်။ အဲ့ဒီ Setting လေးကိုချိန်ညှိချင်တယ်ဆိုရင်တော့ 

  • Setting ထဲက Notification ကိုဝင်ပါ
  • Show မှာ (No Name or Content) ကိုရွှေးဖို့လိုပါလိမ့်မယ်။ အဲ့ဒါမှာသာ Signal က Message တစ်ခုဝင်ခဲ့ပါက Signal မှာ Message တစ်စောင်ရောက်နေကြောင်းပဲသိရမှာပါ..ပို့တဲ့သူနဲ့ ပို့ထားတဲ့ အကြောင်းအရာကို တွေ့ရတော့မှာမဟုတ်ပါဘူး။

4. Disappearing Message

Disappearing Message ဆိုတာကတော့ အချိန်တစ်ခုသတ်မှတ်ပြီး ပို့ထားတဲ့ စာတွေကို အလိုအလျောက်ဖျက်ပေးတဲ့ စနစ်ပါ။ Signal မှာ ကိုယ်နဲ့ ပြောနဲ့သူတိုင်းကို အချိန်တစ်ခု သတ်မှတ်ပြီး ဖျက်ပစ်လိုက်လို့ရပါတယ်။ တစ်ယောက်ချင်းစီတိုင်းကိုလည်း အဆင်ပြေသလို အချိန်သတ်မှတ်ပြီး ပို့ထားသမျှတွေကို အလိုအလျောက် ဖျက်ခိုင်းလို့ရပါတယ်။ အဲ့လို လုပ်ထားတာကြောင့် ကိုယ်ပို့ထားတာတွေကို Record မကျန်စေတဲ့အပြင် ထိရှိလွယ်တဲ့ အကြောင်းအရာတွေ ပို့မယ်ဆိုရင်လည်း ဖွင့်ပြီး အသုံးပြုသင့်ပါတယ်။ ဒစ်ဂျစ်တယ်ဘဝမှာ ခြေရာလက်ရာ အမြဲဖျောက်ထားပါ။

5. Signal Back Up လုပ်ပါ။

 Signal ဟာ လုံခြုံရေး အတွက် အဓိက ပြုလုပ်ထားတဲ့အတွက် app ဖြစ်တာကြောင့် အရေးကြုံလို့ application ကိုဖျက်ရမယ်ဟေ့ ဆိုရင် signal ထဲက Data တွေ ဘာမှကျန်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် လုပ်လို့ရတာ တစ်ခုရှိပါတယ် အဲ့ဒါက Signal မှာ Data Back up လုပ်လို့ရတာပါပဲ။  Andriod ဖုန်းတွေမှာသာ ပြုလုပ်နိုင်တာဖြစ်ပါတယ်။ Data Backup လုပ်ထားတယ်ဆိုရင် ကိုယ်ဟာ အရေးကြုံလာလို့  application ဖျက်ရမယ်ဆိုရင်တောင် Backup File ကိုပြန်ယူပီး ကိုယ်ပြောထားတဲ့  Chat History  တွေ Group  တွေကို ပြန်ရမှာပဲဖြစ်ပါတယ်။  Backup လုပ်ချင်တယ်ဆိုရင် Setting ထဲက Chat Setting မှာ Backup ဆိုတဲ့နေရာကို နှိပ်ပြီး ကိုယ့်ဖုန်း Local Storage ထဲမှာ File တစ်ခုတည်ဆောက်ပြီးရင်  Signal က ပေးတဲ့  Passphrase (လျို့ဝှက်နံပါတ် အလုံး ၃၀) ကိုမှတ်ထားပြီး သိမ်းဆည်းထားဖို့လိုအပ်ပါတယ် ။ ပြန်ဝင်ရင် local storage  က သိမ်းထားတဲ့ File ကိုပြန်ရွေးယူပီး   အဲ့ဒီ passphrase ကို မဖြစ်မနေ ပြန်လည်ရိုက်ထည့်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် ဒီ passphrase က တကယ်ကို အရေးကြီးပါတယ်။  လျို့ဝှက်နံပါတ် (၃၀) ကိုရှိမှ Signal backup file ကိုပြန်ဖွင့်လို့ရမှာပါ။


6. Screen Lock ခံထားပါ။

ဖုန်းဖွင့်ထားပြီး Toilet ထသွားရင်တော့ ကိုယ့်ဖုန်းထဲက Signal ကို ဝင်လို့မရအောင် Screen Lock ခံထားပါ။ ( ဖုန်းဖွင့်ပြီး Toilet ထသွားခြင်းကို ဒစ်ဂျစ်တယ်ဘဝတွင် ရှောင်ကြဉ်ပါ။Signal မှာတော့ ဝင်လို့မရအောင် ခံထားတဲ့ Password က ဖုန်းကို ခံထားတဲ့ Password ကိုပဲယူသုံးထားပါတယ်။ ဒါကိုတော့ မဖြစ်မနေလုပ်ထားသင့်ပါတယ်။


Signal ကို သုံးစွဲလိုက်တာနဲ့ အလုံးစုံ လုံခြုံသွားတယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆက်သွယ်ပြောဆိုမှု လုံခြုံဖို့ ဆိုတာ ကိုယ့်ရဲ့ လုံခြုံရေးအလေ့အထပေါ်လည်း အများကြီး မူတည်ပါတယ်။ နှစ်ဖက်လုံး ပြောဆိုဆက်သွယ်မှု လုံခြုံအောင် End-to-End Encryption ခံထားပေမယ့်လည်း ဖုန်းကို Password မခံထားရင် ဘာဆိုဘာမှမထူးပါဘူး။ ဖုန်းကိုလည်း လုံခြုံအားကောင်းတဲ့ Password တွေမသုံးထားဘူး၊ ကိုယ့်ရဲ့ ဖုန်း Password ကို တခြားသူတွေက သိနေတယ်ဆိုရင်လည်း မထူးပါဘူး။ ဒါ့အပြင် Signal ကို ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကိုလည်း Sim Card ထုတ်ထားပါ။ အရေးပေါ်အခြေအနေ ဖြစ်ပြီဆိုရင်လည်း အချိန်ရတာနဲ့ Signal ကို Uninstall သာ လုပ်ချလိုက်ပါ။ ကိုယ့်အကောင့်ထဲ ဘယ်သူမှ ပြန်ဝင်လို့မရပါဘူး။ 


ကဲ လုံခြုံတဲ့ဒစ်ဂျစ်တယ် ဘဝသစ်ကို ရရှိဖို့ ၊ ကိုယ့်တစ်ကိုယ်လုံးရှာ ဘာဒေတာမှ ထွက်မလာဖို့ ဒါတွေ လိုက်လုပ်ထားကြပါဦး။ ဘယ်သူတွေ လိုက်လုပ်ဖြစ်ကြပြီလဲလည်း ပြောပေးသွားကြပါဦး။

တော်လှန်ရေးကာလမှာ လုံခြုံသော ဒစ်ဂျစ်တယ်ဘဝသစ်ကို စပါ။ ကိုယ်ကိုယ်တိုင် လုံခြုံပြီး တခြားသူကို ကာကွယ်ပါ။ 

#Spring_Rev_Sec

#Reload_your_Digital_Life

#Digital_Reset

#Be_Like_Phoenix










Report Page