Shoot Interview
netsiraphopmyanmarNetJames နှင့်ချဲ့ထွင်ဖို့လိုအပ်သော အကျိုးခံစားခွင့်ရှိသော သူငယ်ချင်း ဆက်ဆံရေး ?

စိတ်ရှုပ်သွားမဲ့သူတွေအများကြီးရှိလောက်တယ်။ NetJames နှင့် Friends with Benefits ဆက်ဆံရေးဆိုသည်မှာ"Bed Friend the Series (2023)" စီးရီးမှ ဇာတ်ကောင်နှစ်ဦးကြား ဆက်ဆံရေးဖြစ်သည်။ မကြည့်ရူရသေးရင်အခုပဲ သွားကြည့်သင့်ပါတယ်။
ကျေးဇူးပြု၍ ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါဦး။
Net:ကျွန်တော့်နာမည်က Net Siraphop Manittikhun ပါ
James: ကျွန်တော့်နာမည်ကJames Supamongkol Wongwisut ပါ
ပထမဆုံး မေးပါရစေ။ FWB ဆက်ဆံရေးကိုဘယ်လိုထင်ပါသလဲ။
“အကျိုးအမြတ်များနှင့် မိတ်ဆွေသဘောပါပဲ။ ရလဒ်တစ်ခုအတွက် အကျိုးရှိတဲ့သဘောတူညီမှုပဲ အပြန်အလှန်အကျိုးခံစားခွင့်ရှိပြီး အခြားတိုက်ရိုက်ဆက်ဆံရေးမျိုးရှိပါဖူး။ “
သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်တွေဟာကိုယ်နဲ့ ကွဲပြားသလားတူတယ်ထင်သလား
Net: တော်တော်ဆင်တူပါတယ်။ ဇာတ်ညွှန်းကိုဖတ်ရင်း တူညီတာတွေ အများကြီးရှိတာတွေ့ရတယ်။ တစ်ခုတည်းသော ကွာခြားချက်ကတော့ကင်းက အသက်ကြီးတယ်
James: ကျွန်တော့်အနေနဲ့ကတော့ "အူးအ" ဇာတ်ကောင်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်လိုက်ပြီး ကျွန်တော်နဲ့ကွဲပြားမှုတွေ အများကြီးရှိနေတယ်လို့ ခံစားရတယ်။ အပြောအဆို၊ အတွေး၊ အမူအရာတွေပဲဖြစ်ဖြစ်၊ ဇာတ်ကောင်နဲ့ ပိုတူအောင် လေ့ကျင့်ရတယ် အူးအရဲ့ စရိုက်က ကျွန်တော်နဲ့ ယှဉ်ရင် အတော်လေး ရင့်ကျက်ပြီး သူ့ရဲ့ လူမှုစရိုက်လက္ခဏာတွေက ကွဲပြားတဲ့ အပြောအဆိုနဲ့ အနေအထိုင်မျိုး လိုအပ်တယ်။
လူတော်တော်များများစိတ်ရှုပ်နေကြတာကို တွေ့ရတယ်။ ဘယ်သူက အရင်ကြိုက်တာလဲ။
Net: King ကအရင်စိတ်ဝင်စားတယ်ထင်တယ်
James : ပထမတော့ King က အရင်ကြိုက်တယ်ထင်ခဲ့တယ်၊ ဒါပေမယ့် ကလပ်ထဲကပုံအရနှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် သဘောကျခဲ့ပုံရတယ်။
သရုပ်ဆောင်သင်တန်းတွေ ထပ်တက်ရသေးလားဒီစီးရီးကို မရိုက်ကူးခင်မှာ။
Net: ကျွန်တော့်အတွက်ဒါက ကိုယ်တိုင် နက်နက်နဲနဲ လုပ်ရတဲ့ ပထမဆုံး စီးရီးပါ။ သရုပ်ဆောင်ဖို့ အလားအလာ ပိုရှိစေဖို့ အိမ်စာတွေ အများကြီးလုပ်တယ် သရုပ်ဆောင်ပညာကို လေ့လာတယ်။
James : ကျွန်တော်ကလည်းအဲဒီလိုပါပဲ။
ဘယ်ဇာတ်ကွက်က သရုပ်ဆောင်ရ အခက်ဆုံးလို့ ထင်လဲ။
“တခြားပြည်နယ်တွေကို သွားရတဲ့ အခန်းတွေ။ (နှစ်ယောက်ကတူတူ ပဲဖြေ) ။ လေပြင်းတိုက်တာ ပူပြင်းတဲ့ ရာသီဥတု၊ ပင်လယ်လှိုင်းလုံးတွေနဲ့ လှေပေါ်ရိုက်ကူးပင်လယ်မှာ ရိုက်ရတာ လူတိုင်းအတွက် ခက်ခဲပါတယ်”
ငယ်ဘဝပြန်သွားကြည့်ကြမယ် ငယ်ငယ်က ဘာဖြစ်ချင်တာလဲ
James: အစ်ကိုနက်အရင်ဖြေပါကျွန်တော့်ဟာနည်းနည်းခါးတယ်။
Net : ကလေးတုန်းကအများကြီးဖြစ်ချင်ခဲ့တယ် (ရယ်လျက်။ သရုပ်ဆောင်လည်းဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အိပ်မက်က လေယာဉ်မှူးဖြစ်ချင်တယ်။ ခရီးထွက်ရတာကြိုက်တယ်အသစ်အဆန်းတွေရှာချင်လို့
(James: အစ်ကိုကခရီးသွားရတာ အရမ်းကြိုက်တယ်) (ရယ်သံများ) လေယာဉ်မှူးဖြစ်ရင် အတွေ့အကြုံတွေအများကြီးရမယ် အဓိပ္ပါယ်ရှိတဲ့ဘဝနဲ့ ဖြတ်သန်းချင်တယ်၊ လေယာဉ်မှူးဖြစ်ရင်အရမ်းမိုက်မှာ
(James : အစ်ကို ကပ္ပတိန်ယူနီဖောင်းဝတ်ပြီး မျက်မှန်တပ်ထားတာကို မြင်ချင်တယ်)
James : ကျွန်တော် တကယ် သရုပ်ဆောင် မဖြစ်ချင်ခဲ့ပါဘူး။ တစ်ခုတည်းပဲလုပ်ရတာ လွယ်လွယ်နဲ့ ငြီးငွေ့တတ်ပြီး ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာ အခုထိတကယ်မသိသေးဘူး။ ဒါပေမယ့် အရွယ်ရောက်ပြီးကတည်းက 10 တန်းကတည်းက သရုပ်ဆောင်ဖြစ်ဖို့ တွန်းအားပေးကြကြောင့် အမေက အခွင့်အရေးရှိတယ် ဆိုလို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော် casting တွေသွားခဲ့ပေမဲ့ အလုပ်မရခဲ့ပါ။ တခြားသူတွေလို အနည်းငယ်ပဲသွားပြီးတန်းရသွားတဲ့သူတွေနဲ့မတူဖူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိပြီး အရည်အချင်းတွေ တိုးတက်လာပြီးတဲ့နောက်မှာ အိပ်မက်တွေ မက်လာတယ်။ အနုပညာသမားဖြစ်ချင်ပြီး လုပ်ငန်းတစ်ခုစချင်ခဲ့တယ်။ အလုပ်အတွက် အစီအစဉ်တွေက အခုလိုရည်မှန်းချက်များ ရှိရင်အောင်မြင်မှုဆိုတာဝေးကွာမယ်မထင်ဖူး (ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်တဲ့ခါးသီးတဲ့ အိပ်မက်တွေပါ။)
ဘယ်မင်းသား၊ မင်းသမီးက သင့်ကို စိတ်အားထက်သန်စေသလဲ။ နှစ်ယောက်လုံး ဘယ်သရုပ်ဆောင်တွေကိုကြိုက်လဲ။
Net : ကိုရီးယား သရုပ်ဆောင်တွေ IU ကိုအရမ်းကြိုက်တယ် သူက အရမ်းတော်တယ်။
James: ကျွန်တော် က ထိုင်းသရုပ်ဆောင်တွေပါ။ mario တို့ kort တို့ပါ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သူတို့ဆီကလေ့လာပါတယ်
နိုင်ငံခြားကသူတွေဆို Cha Eun Woo နဲ့ Song Kang သူတို့ကတော်တယ်
အခုဆိုနှစ်ယောက်လုံး သရုပ်ဆောင်ဖြစ်နေပြီ ကိုယ့်ကိုကိုယ် ဘယ်လို ဂုဏ်ယူနေလား
Net : လုပ်နိုင်တဲ့ အလားအလာကို ပြသနိုင်တဲ့အတွက် ဂုဏ်ယူတယ်။
James: ကျွန်တော့်ရဲ့performance ကိုမြင်တဲ့အခါ၊ ကျွန်တော် လုပ်နိုင်တယ်၊ အဲဒါက ကိုယ့်ကိုယ်ကို တိုးတက်ဖို့ တွန်းအားဖြစ်စေတယ်။
ဖျော်ဖြေရေးနယ်ပယ်မှာ အနာဂတ်ကို ဘယ်လိုစီစဉ်ထားလဲ။
Net : ကျွန်တော်ကတော့ ကဏ္ဍမျိုးစုံမှာ သရုပ်ဆောင်ပြီး အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်။ သူတို့ဆီကနေလည်း သင်ယူချင်ပါတယ်။
James - အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်၊ သီချင်းဆို၊ ကတယ်၊ တီးဝိုင်းမှာ ဖျော်ဖြေချင်တယ်