Shiri (1999)

 Shiri (1999)

By Ariel

IMDb – 6.5/10, MyDramaList - 7.1

 ၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။


 Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တိုအပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို ပါဝင်သရုပ်ဆောင်ထားပါတယ်။


မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့်ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။


ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလိုတကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။



Report Page