Searching

Searching

ကြည့်..ကြည့်..ကြည့်


David Kim လို့ခေါ်တဲ့သူတစ်ယောက်မှာ ပျော်ရွှင်စရာမိသားစုနဲ့အတူ Margot လို့ ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ သူကတော့ သမီးလေးရဲ့ ကြီးပျင်းလာမှုနဲ့ အတူ သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်နေတဲ့ ဓါတ်ပုံလေးတွေ၊ ဗီဒီယ်ိုလေးတွေကို ကြည့်ရင်း ကျေနပ်မိသူပဲဖြစ်ပါတယ်။ သူမရဲ့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ အချိန်မှာ David သတိထားမိတာက သူမတော်တော်လေး ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ တစ်ယောက်တည်း နေတတ်သူတစ်ယောက်ဖြစ်ကြောင်းကို ရိပ်မိခဲ့ပြီး သူမကို ကြည့်လိုက်ရင်လည်း အထီးကျန်သလိုလို ဖြစ်နေတာကို ခံစားမိခဲ့ပါတယ်။ တစ်နေ့မှာတော့ ရုတ်တရက်ကြီး စာလုပ်ဖို့သွားမယ်ဆိုပြီး ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့  David တစ်ယောက် အင်တာနက်ပေါ်ကနေတစ်ဆင့် သူမဘယ်နေရာထွက်သွားတာလဲကို သိရဖို့ ဒစ်ဂျစ်တယ်ခြေရာတွေကို အခြေခံပြီးလိုက်ရှာဖို့ ကြိုးစားခဲ့ပါတယ်။ သူမသူငယ်ချင်းတွေ တော်တော်များများလည်း သူမအကြောင်း သိပ်မသိတာကြောင့် David တစ်ယောက်သူ့သမီးကို ရှာဖို့ အတော်လေး ခက်ခဲခဲ့ပါတယ်။ သို့ပေမယ့် သူသတိထားမိတာက Margot တစ်ယောက်က သူ့ရဲ့ တက်နေကျ Piano သင်တန်းကိုလည်း လှစ်ပြီး သင်တန်းကြေးတွေလည်း သူမယူခဲ့ တာကိုပါ။ အဲ့လိုရှာနေရင်းနဲ့ စုံထောက်တစ်ယောက်ပါ ရှာဖွေမှုမှာပါဝင်လာခဲ့ပါတယ်။

အချိန်တွေ ကြာလာတဲ့အချိန်မှာတော့ " David” နဲ့စုံထောက်ကြီးတို့က Margot ရဲ့ ဒစ်ဂျစ်တယ်ခြေရာ အပိုင်းအစတွေနဲ့ပေါင်းစပ်ပြီး  နောက်ဆုံးခြေရာတစ်ခုကိုရှာတွေ့မလား? သူ့သမီးကို ဒစ်ဂျစ်တယ်ခြေရာတွေကနေ ပြန်ရှာတွေ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရူရမယ့် ဇာတ်ကားလေးမို့ အောက်က Link လေးကိုသာ နှိပ်ပြီးကြည့်ရှုကြပါစို့။

ကြည့်ရှုရန် Link: https://moviesjoy.to/movie/searching-19793



Report Page