Search WWW Movie Review
နွေဦးလုံခြုံရေးနွေဦးလုံခြုံရေး ရောင်းရင်းတို့ရေ အပတ်စဉ် မျှဝေပေးနေတဲ့ Review အစီအစည်မှာ ဒီအပတ်အတွက် အလှည့်ကျတာက Search WWW ဆိုတဲ့ ကိုရီးယား Series ( K-Drama ) လေးတစ်ခုပဲဖြစ်ပါတယ်....

ဒီဇာတ်ကားလေးက Google Search Engine လိုမျိူး ကုမ္ပဏီဖြစ်တဲ့ ကိုရီးယားနိုင်ငံ ရဲ့ Search Engine ကုမ္ပဏီနှစ်ခု အချင်းချင်းပြိုင်ဆိုင်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒိတ်ဒိတ်ကျဲ အမျိုးသမီး ၃ယောက်ပါဝင်ပြီး သူတို့ ဦးဆောင်ကြတဲ့ Unicorn နဲ့ Barro ဆိုတဲ့ Search Engine နှစ်ခု ဘယ်လိုအားပြိုင်ကြလဲ ? ၂၁ ရာစု နည်းပညာခေတ်က လူတွေဟာ တစ်ခုခုသိချင်ရင် Online ပေါ်တတ် ရှာဖွေကြတာဆိုတော့ ဒီလို ရှာဖွေတဲ့ အချက်အလက်တွေကို ဘယ်လိုထိန်းချုပ်လဲ ? ရှာဖွေမှု စာရင်းတွေကို ချုပ်ကိုင်ပြီး နိုင်ငံရေးမှာ ဘယ်လိုအသုံးချလဲ ? Search Engine တွေဟာ လူသားတွေရဲ့ ဘဝကို ဘယ်လိုအကျိုးသက်ရောက်လဲ စတာတွေကို မမချောချော ၃ ယောက်ရဲ့ အလန်းစား ပါဝါတွေနဲ့ အတူ အားလုံးသိတဲ့ ဂူမီဟို လူကြီးမင်း ( Jang Ki Yong ) လဲ ပါတာမို့ မမ နဲ့ မောင်လေး အချစ်ဇာတ်လမ်းလေးတွေကိုလဲ ခံစားနိုင်ပါတယ်။

ဒါ့အပြင် အလန်းစားမင်းသမီးကြီး Lee Da Hae နဲ့ Jeon Hye Jin တို့ပါ ပါဝင်တာမို့ တကယ့်ကို နည်းပညာ ကုမ္ပဏီ မှာ ဦးဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ Woman Enpowerment တွေ ၊ စိတ်ဝင်စားစရာကောင်းတဲ့ Search Engine တွေရဲ့အလုပ်လုပ်ပုံတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာပဲဖြစ်ပါတယ်။
