Saga Of Tanya The Evil

Saga Of Tanya The Evil

PAM


ဒီကားကတော့ Tanya Degurechaff လိုခေါ်တဲ့ လူငယ်စစ်သား ကောင်မလေးအကြောင်းကို အဓိကထားရိုက်ပြထားတာဖြစ်ပါတယ်။ ဒီကောင်မလေးဟာဆိုရင် မယုံနိုင်လောက်အောင် ထူးချွန်တဲ့ စစ်ရေးဗျူဟာပိုင်းဆိုင်ရာ စွမ်းရည်တွေကြောင့် နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ကို “Devil of the Rhine” ဆိုပြီး ခေါ်ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အပြစ်ကင်းတဲ့ အသွင်အပြင်ရဲ့ တစ်ဖက်မှာတော့ “ဘုရား” ဆိုပြီး ကြွေးကြော်တဲ့ Being X နဲ့ ဉာဏ်ရည်စစ်ပွဲ ဆင်နွှခဲ့တဲ့ လူကြီးတစ်ယောက်ရဲ့ဝိညာဉ်တစ်ခု ကွယ်ဝှက်နေပါတယ်။


အဲ့စိန်ခေါ်မှုရဲ့ အကျိုးဆက်အနေနဲ့သူက မာယာစစ်ပွဲတွေ ပြည့်နှက်နေတဲ့ ကမ္ဘာထဲမှာ မိန်းကလေးငယ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာတဲ့အခါ ဘာတွေဖြစ်လာမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်ဗျ

Report Page