Safari Browser

Safari Browser

Safari Browser ကဒေတာတွေမယူတော့ဘူးလား?


သိပ်မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Apple ရဲ့ Default Browser တစ်ခုဖြစ်တဲ့ Safari ရဲ့  1 မိနစ်နဲ့ 48 စက္ကန့် ပဲရှိတဲ့ ကြေငြာလေးတစ်ခုက လူတော်တော်များများကို မှင်သက်သွားစေပါတယ်။ ကြေငြာရဲ့ ideation တစ်နည်းအားဖြင့် စောင့်ကြည့်မှုတွေကို ပုံဖော်သွားတဲ့နေရာမှာ CCTV တွေကို ငှက်ပုံစံလေးနဲ့သုံးသွားတာရော လူတိုင်းရဲ့ အွန်လိုင်းပေါ်က ရှာဖွေမှုမှတ်တမ်းတွေနဲ့ အွန်လိုင်း အသုံးပြုမှု အလေ့အထ Online Behavior လို့ခေါ်တဲ့ တစ်ရက်တစ်ရက် သင် Browser ကနေ ဘာတွေရှာတယ်၊ ဘာတွေကို Download ချတယ်၊ ဘယ် Website တွေကိုအဝင်များလဲ၊ ဘယ်အသုံးအဆောင်တွေကို အွန်လို်င်းက အဝယ်များလဲ၊ လက်တလောမှာရော ဘာတွေရှာဖွေနေလဲ စသဖြင့် ဒေတာတွေကို  Browser တွေက စောင့်ကြည့်နေတယ်ဆိုတဲ့   စောင့်ကြည့်မှုဖြစ်စဉ်တွေကို အသေးစိတ်ပေါလွှင်အောင် မိနစ်တိုအတွင်း ဖော်ပြသွားနိုင်တဲ့ အိုင်ဒီယာလေးက  တော်တော်လေး ကောင်းတယ်လို့ဆိုရမှာပါ။ သို့ပေမယ့်လို့ နောက်ဆုံးမှာတော့ Safari နဲ့ iPhone က Privacy အတွက် အကောင်းဆုံးဆိုတာမျိုးလေး ထည့်သွားတာလေးတစ်ခုကတော့ စဉ်းစားစရာပါ။ 

အဲ့တော့ Browser တွေကို အသုံးပြုနေခြင်းကနေ ဒေဝာတွေ အယူခံရလားမေးရင်၊ ဘယ် Browser သုံးသုံး သင့်ရဲ့ အွန်လိုင်းပေါ်က အလေ့အထတွေကို ယူပါတယ်။ အစစအရာရာ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ လူတွေက Attention တွေကို ပိုက်ဆံနဲ့ပေးဝယ်နေကြရပါတယ်။ စီးပွါးရေးသမားတွေကလည်း အွန်လို်င်းကနေ သင့်အာရုံစူးစိုက်မှုတွေကို သိချင်ပြီး သူတို့ Product တွေကို ရောင်းချဖို့ကြိုးစားကြပါလိမ့်မယ်၊ နိုင်ငံရေးသမားတွေကလည်း သင့်ရဲ့ အွန်လိုင်း အသုံးပြုမှု မှတ်တမ်းတွေကိုစောင့်ကြည့်ပြီး သင်ဘာလုပ်နေလဲဆိုတာကို စောင့်ကြည့်မှာဖြစ်သလို..သင့်အာရုံစူးစိုက်မှုတွေကိုသိနေခြင်းက သူတို့ရွေးကောက်ပွဲအတွက် မဲဆွယ်လို့ရတဲ့ အကြောင်းအရာတွေရအောင် ဖန်တီးယူကြဦးမှာပါ၊ အဲ့လိုပဲ နည်းပညာကုမ္ပဏီတွေကလည်း သူတို့ရဲ့ အနာဂါတ် နည်းပညာ အထူးသဖြင့် သူများကုမ္ပဏီတွေထပ်ပိုကောင်းတဲ့ လူတွေရဲ့ အပြုအမှုတွေကို ပိုမိုနားလည်ပြီး ပြန်လည်တုန့်ပြန်နိုင်စွမ်းမြင့်တဲ့ AI တွေဖန်တီးဖို့ သင့်အွန်လိုင်းအပြုအမှုတွေ ဒေတာတွေကို အသုံးချနေကြဦးမှာပါ။ အဲ့တော့ Browser တိုင်းက ဒေတာယူတယ်ဆိုတာပါပဲ။ အဲ့ဒီဒေတာတွေကနေလည်း သူတို့ အကျိုးအမြတ်ဖြစ်နေကြပါတယ် တစ်ချို့တွေဆို အဲ့ဒီဒေတာတွေကို Third Party Companies တွေကိုရောင်းချနေတာမျိုးလည်းရှိပါတယ်။ 


အဲ့တော့ ဘယ် Browser တွေကိုပဲသုံးသုံး တတ်နိုင်သမျှ ဒေတာအနည်းဆုံးပေးရအောင် (သို့) အွန်လို်င်းပေါ်က မလိုလားအပ်တဲ့ ဒစ်ဂျစ်တယ် အန္တရာယ်တွေ မတွေ့ရလေအောင် Setting တွေကိုချိန်ညှိပြီး အသုံးပြုသင့်ပါတယ်။ Apple မို့လို့ ပိုပြီးလုံခြုံတယ်ဆိုတာမျိုးတွေက တစ်ချို့နေရာတွေအတွက်တော့ မှန်နိုင်ပေမယ့် နေရာတိုင်းတော့မဟုတ်ပါဘူး။


ဒီနေရာမှာ နောက်တစ်ခုဆွေးနွေးလိုတာက Open Source နဲ့ Closed Source ပါ။ ဒါတွေက ဘာတွေလဲဆိုရင် Application တစ်ခုပဲဖြစ်ဖြစ် Software တစ်ခုခုရေးတဲ့နေရာမှာ Open Source တွေကတော့ တီထွင်ဖန်တီးလိုက်တဲ့သူ (သို့) ကုမ္ပဏီက သူဖန်တီးလိုက်တဲ့ Software ရဲ့ Source File ကိုအများနဲ့ မျှဝေထားပြီး ဒီ Software ပိုအားကောင်းလာအောင် Error တွေပြင်နို်င်အောင် Community တွေက Volunteer လုပ်ပြီး အကြံပေးနိုင်သလို ဝင်ရောက်ပြင်ဆင်နို်င်ပါတယ်။ Linux Operating System တို့ Firefox Web Browser တို့ကတော့ Open Source တွေပဲဖြစ်ပါတယ်။ တစ်ခြား Open Source Software တွေနဲ့ App တွေများစွာရှိသလို တစ်ချို့တွေက အခမဲ့အသုံးပြုနိုင်သလို၊ တစ်ချို့တွေကတော့ အခကြေးငွေပေးပြီးမှ သုံးလို့ရတာမျိုးပါ။  Close Source ကတော့ အဲ့လိုမဟုတ်ပဲ တီထွင်ဖန်တီးလိုက်တဲ့သူ (သို့) ကုမ္ပဏီကပဲ သူတို့ရဲ့ Software တွေကို ထိန်းချုပ်တယ်၊ လူအများစုရဲ့ အကြံပြုမှုနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်တွေကို ပေးမထားပါဘူး။ အဲ့ထဲမှာ Apple ကတော့ Close Source အနေနဲ့ ရှိပါတယ်။  အဲ့တော့ Open Source တွေအများစုကတော့ ဒေတာယူမယ်ဆိုရင် ယူမယ်လို့ပွင့်လင်းမြင်သာ စွာပြောထားပြီး၊ အဲ့ဒါတွေ မပေးချင်ရင် Customized လုပ်လို့ရတဲ့ Setting နဲ့ extension တွေကိုဖန်တီးပေးထားပါတယ်။ Close Source ကတော့ တစ်ခုလုံးကို Privacy အားကောင်းလုပ်ထားတယ်ဆိုပေမယ့် ကုမ္ပဏီ ကိုယ်တိုင်က ဘယ်ဒေတာတွေကို ယူပြီး ဘယ်မှာ အသုံးချနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ 


အဲ့ဒါကြောင့် ဘာပဲသုံးသုံး Setting တွေ အသေးစိတ်ချိန်ညှိ အသုံးပြုသင့်ကြောင်းလေးပြောရင်းနဲ့ မကြည့်ရသေးတဲ့သူတွေလည်း ဒီ Video လေးကြည့်နို်င်ဖို့ ထည့်ပေးပါတယ်။
➡️https://www.youtube.com/watch?v=0HjDpPnxcP0
Comment မှာလည်း မိမိအမြင်တွေ မျှဝေသွားခဲ့လို့ရပါတယ်။




Report Page