Rv

Rv


အချစ်ဇာတ်လမ်းဆိုတာ အမြဲတမ်း ရိုးရှင်းလွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ "My Office Noona's Story" ဆိုတဲ့ဒီ Manhwa ကတော့ သာမန်ရုံးတွင်းအချစ်ဇာတ်လမ်းတွေနဲ့ လုံးဝမတူဘဲ လူ့ဘဝရဲ့ လက်တွေ့ဆန်တဲ့ အလှတရားနဲ့ ခံစားချက်အလွှာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲရောက်အောင် ဖော်ပြပေးနိုင်ပါတယ် ...


ကုမ္ပဏီရဲ့ Task Force (TF) အဖွဲ့မှာ စတင်ဆုံတွေ့ကြတဲ့ အချိန်ကစလို့ ဇာတ်ကြောင်းတစ်လျှောက် တည်ဆောက်သွားပုံတွေက တော်‌"‌‌လေးကို သဘာဝကျပါတယ်။ 


ရင့်ကျက်တည်ငြိမ်ပြီး အရာရာကို နားလည်ပေးတတ်တဲ့ Ahn ရဲ့ ပုံစံက နေ့စဥ်လုပ်ငန်းခွင်ဖိစီးမှုတွေကိုတောင် တဖြည်းဖြည်း မေ့ပျောက်သွားစေနိုင်ပါတယ်။ တစ်ခါတလေ လူတွေက အချစ်ဇာတ်လမ်းတွေမှာ ပြီးပြည့်စုံတဲ့ ပုံစံခွက်တွေကိုပဲ မျှော်လင့်တတ်ကြပေမဲ့ ဒီဇာတ်လမ်းကတော့ လူ့ဘဝရဲ့ ရှုပ်ထွေးမှုတွေ၊ တာဝန်ဝတ္တရားတွေနဲ့ အတိတ်ရဲ့ အရိပ်အယောင်တွေကိုပါ ပွင့်ပွင့်လင်းလင်း တင်ပြထားပါတယ်။ ဇာတ်လမ်းထဲမှာ Ahn က သာမန်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထက် ပိုတဲ့ တာဝန်တွေရှိနေပြီး ကလေးတစ်ယောက်ရဲ့ မိခင်တစ်ဦးအနေနဲ့ပါ ရပ်တည်နေရသူဖြစ်တာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက ရိုးရှင်းတဲ့ ရိုမန်းတစ်ဆန်ဆန်ထက် ပိုပြီး အဓိပ္ပာယ်လေးနက်နေပါတယ်။ 


"တစ်ခါတလေမှာ ကိုယ်နဲ့လမ်းခွဲသွားတဲ့သူတွေ ဒါမှမဟုတ် အချိန်အခါမသင့်လို့ လက်မတွဲဖြစ်ခဲ့တဲ့ ဆက်ဆံရေးတွေဟာ ဘဝရဲ့ အလှပဆုံးနဲ့ ရင်နာစရာအကောင်းဆုံး အမှတ်တရတွေဖြစ်လာတတ်တယ်" ဆိုတဲ့ ခံစားချက်မျိုးကို Chapter တိုင်းလိုလိုမှာ ပေးစွမ်းနိုင်ပါတယ်။ 


ဘာကြောင့် ဒီ Manhwa ကို ဖတ်သင့်လဲဆိုရင်တော့ ဒါက လူ့ဘဝရဲ့ ရင့်ကျက်မှုနဲ့ စစ်မှန်တဲ့ နားလည်မှုတွေကို ပေးစွမ်းနိုင်ပြီး၊ ဖတ်ပြီးသွားတဲ့အခါ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားစေမယ့် Warm vibe နဲ့ တမ်းတမှုလေးတစ်ခုကို ချန်ထားခဲ့ပေးနိုင်လို့ပါပဲ ...


Link comment 

Report Page