Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.2


🎶တိတ်တိတ်လေးငေးကြည့်ပြီးကျွန်မရင်ခွင်ထဲ🎶တိတ်တိတ်လေးတွေးကြည့်ပြီးလှိုက်ရင်ဖိုခဲ့🎶သူ့တစ်​ယောက်အတွက် မြတ်နိုးနှောင်တွယ် ပွင့်ဝေခဲ့ပြီမေတ္တာတွေ သူမသိလည်း🎶


ရေချိုးခန်းထဲကထွက်လာလာချင်း ကြားလိုက်ရတဲ့ဖုန်းသံကြောင့် အသွင်,ဖုန်းလေးရှိရာအိပ်ရာဆီသို့သွားပြီး ဖုန်းကိုကောက်ကိုင်လိုက်၏။


''အတာပဲ''


အသွင်ချက်ချင်းပဲဖုန်းကိုင်လိုက်သည်။


''ဟဲလိုအတာ''


''အသွင်...ငါ့ကိုကူပါဦး''


''ဘာကိုလဲ''


''မောင်ပေါ့...ငါနဲ့တွေ့ချင်လို့တဲ့ ငါ့ကိုအိမ်ကအ​ပြင်ကိုတစ်​ယောက်တည်းပေးမထွက်တာနင်လည်းသိတာပဲ...အဲဒါနင်ငါ့ကိုလာခေါ်ပေးပါလား''


''ဟဲ့...ဖြစ်ပါ့မလား...ငါပါစက်ကွင်းမလွတ်နေမယ်နော်''


''ဖြစ်ပါတယ်...ငါ့ကိုကူညီပါဟာ နော်''


အသွင်ခဏတော့တွေဝေသွားရသည်။


အကယ်၍အတာ့အိမ်ကသာ အတာနဲ့ဉာဏ်လင်းအကြောင်းသိသွားရင် သူမပါပြဿနာရှာခံရမှာ။

အန်ကယ်သက်နောင်နဲ့အန်တီခင်ဦးကလွယ်တာမှမဟုတ်တာ။


''အသွင်...အသွင်''


''ဟင်...အေးအေး ငါလိုက်ခဲ့မယ်''


''အဲဒါကြောင့်ငါ့သူငယ်ချင်းလေးကိုချစ်နေရတာ...အာဘွား''


''မိန်းမ...အပိုတွေလုပ်ပြနေပြန်ပြီ''


''ဟီးးး...မြန်မြန်လာနော်''


''အေးပါ...အခုချက်ချင်းထွက်ခဲ့မယ်''


''okok''


အတာဖုန်းချလိုက်သည်နှင့် အသွင်လည်းလက်ထဲကဖုန်းကိုချကာ ​ဗီရိုထဲကအဆင်ပြေရာဝတ်စုံတစ်စုံကိုယူဝတ်၍ မျက်နှာကိုလည်းနည်းနည်းပါးပါးလိမ်းခြယ်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။


သူမအောက်ထပ်ရောက်တော့ အိမ်ထဲမှာဘယ်သူ့မှမတွေ့ရတာကြောင့် နံရံကကားသော့ကိုယူ​ပြီးခြံထဲဆင်းခဲ့လိုက်ရာ သူမအဖေနဲ့အမေကို ခြံထဲကနားနေဆောင်မှာချစ်ကြည်နူးတစ်တီတူးနေတာကိုတွေ့လိုက်ရလေ၏။


''အံမယ်...ဘယ်ကအချစ်ငှက်ကလေးတွေလဲနော်''


သမီးဖြစ်သူကိုမြင်တော့ မော်ကွန်း,ဖယောင်းရဲ့ပုခုံးလေးကိုဖက်ထားရာမှခွာလိုက်သည်။


''သမီး...ဘယ်လဲ''


''အတာနဲ့အပြင်သွားမလို့ဖေဖေ''


''စောစောပြန်ခဲ့ဦးနော်...သမီးမောင်သာကျောင်းကပြန်လာလို့သမီးကိုမတွေ့ရင်သိတယ်မလား''


''သိပါတယ်ဖေဖေရယ်...ဖေဖေ့သားကဖေဖေ့ထက်တောင်ဆိုးသေးတယ်..အသွင့်ကိုအရမ်းချုပ်ချယ်တာပဲ''


''သားကသူ့အစ်မကိုချစ်ရှာတာပါ''


''သိပါတယ်...ဒါပေမယ့်သူ့ကြောင့်နဲ့အသွင့်နားဘယ်သူမှမကပ်ရဲတော့ဘူး...ဒါကိုဘယ်လိုများဆရာဝန်လုပ်မလဲမသိဘူး...ကဲပါ အဲဒါနဲ့နောက်ကျနေတော့မယ်...သွားပြီနော်ဖေဖေနဲ့မေမေ''


''ကားကိုဂရုစိုက်မောင်းနော်ငါ့သမီး''


''yes! daddy''


သူတို့ရှေ့ကနေခုန်ပေါက်ပြီးထွက်သွားသောသမီးအား သူတို့ဂရုဏာသက်စွာဖြင့်လိုက်ကြည့်မိသည်။


ငယ်ငယ်ကစိတ်ဒဏ်ရာတွေကြောင့် သမီးကအခုထိအနီရောင်ကိုမုန်းတုန်း​ဖြစ်ပြီး အမြင့်လည်းကြောက်တုန်းပါပဲ။

ငယ်ငယ်ကတော့လှေကားပေါ်ကနေပါမဆင်းရဲခဲ့ပေ​မယ့် အခုတော့အဲ့လောက်ထိမကြောက်တော့သော်လည်း ဝရန်တာနားကိုလုံးဝမသွားသလို အထပ်မြင့်တိုက်တွေပေါ်လည်းလုံးဝမတက်ပေ။


''မောင်...သားနဲ့သမီးတောင်မှအရွယ်ရောက်လာကြပြီနော်...အရာအားလုံးကမနေ့တနေ့ကလိုပဲ''


''ဟုတ်ပါရဲ့...မောင်တော့သမီးကိုဘယ်သူ့မှမပေးချင်ဘူး''


''သားကိုကရော''


''အဲ့ကောင်ကိုတော့ သူ့ကိုယူသွားတဲ့မိန်းကလေးကိုအခါတစ်ရာလောက်ကျေးဇူးတင်လိုက်မယ်''


''မောင်ကတော့လေ...''


ဖ​ယောင်း ရယ်ပဲရယ်နေလိုက်သည်။


သားကသူ့အစ်မနဲ့ပတ်သက်လာရင် တစ်လောကလုံးကိုသည်းမခံတတ်တာကလွဲလို့ လူယဥ်ကျေးပါ။


အစ်မနဲ့ပတ်သက်လာရင် လူရို.က်ဖို့လည်းဝန်မလေးတဲ့ဆေးကျောင်းသားပေါက်စလေးပေါ့။


<<<


အသွင်,အတာ့ဆီရောက်တော့ မယ်မင်းကြီးမကလေးကအသွင့်ကို'နောက်ကျလိုက်တာ'ဆိုတဲ့သဘောနဲ့မျက်စောင်းလေးမသိမသာထိုးလာသည်။


''သမီးအသွင်...လာပြီလား''


အတာ့အမေ အန်တီခင်ဦးကမေးလာ၏။


''ဟုတ် အန်တီခင်ဦး''


''သူငယ်ချင်းတွေ စောစောပြန်လာကြနော်...နောက်မကျကြစေနဲ့''


''ဟုတ်ကဲ့ပါမေမေ...အဲဒါဆိုအတာတို့သွားလိုက်ဦးမယ်''


''အေးအေး''


''လာအသွင်''


အတာကသူမလက်ကိုဆွဲပြီးအိမ်ထဲကနေခေါ်ထုတ်လာခဲ့လေသည်။


''အတာ...နင့်အမေကိုဘယ်လိုပြောခဲ့တာလဲ''


''နင်အင်္ကျီဝယ်မှာကိုငါ့ကိုကူရွေးခိုင်းဖို့လို့ပြောလိုက်တာပေါ့''


''ဪ...ကောင်းလိုက်တာ လိုက်လည်းပို့ရသေး ရောလည်းလိမ်ပေးရသေး အသုံးချကခံရသေး''


''ဟီးးး...သူငယ်ချင်းလေးကလည်း သူများအချစ်ရေးကိုကူညီရတာကုသိုလ်ရပါတယ်ဟ...နင်လည်းပြန်ပြီးအချစ်ရေးကံကောင်းမှာပါ''


အသွင်ဘာမှဆက်မပြောဘဲကားပေါ်သို့တက်လိုက်တော့၏။


အတာပြောသလိုသာဖြစ်ရင်ကောင်းသား။


အခုတော့သူမကအချစ်ရေးမှာunluckyဖြစ်နေတုန်းပါပဲ။


<<<


အတာခေါ်လာတဲ့ဆိုင်ကိုရောက်တော့ အတွဲစောင့်တွေရဲ့ထုံးစံအတိုင်း အသွင်တစ်ယောက်တည်းချောင်ကျကျစားပွဲမှာထိုင်ပြီးဖုန်းကြည့်နေရသည်။


ဟိုနှစ်ယောက်ကတော့အချင်းချင်းစကားတွေတီးတိုးပြောပြီးသာယာလို့။


''တွယ်တာ...မောင်ကတွယ်တာ့ကိုအရမ်းချစ်တာနော်...ဟိုးကလေးဘဝကတည်းကချစ်ခဲ့ရတာ အဲတုန်းကငယ်​သေး​တော့ မိဘတွေကိုကြောက်လို့သာရှေ့မတိုးခဲ့တာ အခုတော့မောင့်မှာသတ္တိတွေရှိနေပြီ...တွယ်တာနဲ့အတူဘဝတစ်ခုကိုထူထောင်ဖို့အရည်အချင်းတွေလည်းရှိနေပြီ...အဲဒါကြောင့် တွယ်တာ့ဘက်ကလည်းမောင့်လက်ကိုမလွှတ်နဲ့နော်''


''စိတ်ချပါမောင်ရယ်...ဘာတွေဘယ်လိုပဲဖြစ်ဖြစ် တွယ်တာကမောင့်အနားမှာပဲရှိနေမှာ မောင့်ကိုပဲတစ်သက်လုံးချစ်မှာ''


ဉာဏ်လင်းကအတာ့လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းလိုက်လေသည်။


မိဘချင်းကစီးပွားပြိုင်ဖက်တွေဖြစ်ပြီးအချင်းချင်းလည်းမတည့်ကြပေမယ့် သူတို့လူငယ်ချင်းကတော့နှလုံးသားချင်းထပ်တူကျခဲ့ကြ၏။


အခက်အခဲတွေကြားကနေပေါက်ဖွားလာတဲ့အချစ်မို့ အချိန်တွေအကြာကြီးရှင်သန်နေစေ​ချင်မိပါသည်။


အသွင်ကတော့ လက်ထဲမှာဖုန်းသာကိုင်ထားပေမယ့် သူငယ်ချင်းအတွဲကိုပဲအားကျစိတ်နဲ့ရင်မောစိတ်တွေဒွန်တွဲစွာငေးကြည့်နေခဲ့မိ၏။


''အတာ အတာ...မဖြစ်နိုင်တဲ့လူကိုမှချစ်မိတဲ့နင့်သတ္တိကတော့လေ...''


ထိုစဥ် သူမဖုန်းလေးကထမြည်လာ၍အသွင်ဖုန်းဆီအကြည့်ပို့လိုက်တော့ အနှိုင်းဆက်လာတာဖြစ်နေတာမို့ခေါင်းနပန်းကြီးသွားခဲ့ရတော့သည်။


''ဟ...ဟဲလို''


''နင့်အသံကဘာဖြစ်နေတာလဲအသွင်...နင်နဲ့အတာတို့အပြင်သွားကြတယ်ဆို...ဘယ်သွားတာလဲ''


''shopping centerမှာ''


''နင့်ဘေးမှာအတာရှိလား''


''ရှိ...အဲ မရှိဘူး''


''မရှိရအောင်ဘယ်သွားလို့လဲ''


''ဟို...ဪ အိမ်သာ အိမ်သာထဲမှာ...''


''နင်ဘာဖြစ်နေတာလဲအသွင်...စကားပြောတာအဆီအငေါ်ကိုမတည့်ဘူး''


''ငါလမ်းလျှောက်ရတာပင်ပန်းနေလို့ပါ''


အသွင်ပါးစပ်ထဲရှိရာကောက်ဖြေပစ်လိုက်တော့သည်။

အကယ်၍ အတာကသူ့ကောင်လေးနဲ့တွေ့တာကို အသွင်ကလိုက်ပို့ပါတယ်ဆိုရင် ပြဿနာကမသေးလောက်ဘူး။


''အတာကငါဖုန်းခေါ်တာလည်းမကိုင်ဘူး''


''ဪ...နင်ကသူ့ကိုဖုန်းအရင်ဆက်ပြီးသားလား''


''အေးပေါ့...သူဖုန်းမကိုင်လို့သူ့အိမ်ဖုန်းကိုဆက်လိုက်တော့ သူကနင်နဲ့အတူလိုက်သွားတယ်လို့အန်တီခင်ဦးကပြောတာ''


''ဪ''


''အဲဒါဆိုဒါပဲ...အတာ့ကိုငါဖုန်းခေါ်တာကိုပြောလိုက်ဦး''


''အေးပါ''


ဖုန်းချပြီးသည်နှင့် အသွင်ငူငူငိုင်ငိုင်ဖြစ်သွားရသည်။


အသွင့်ရင်ထဲဆို့နစ်သွားရတာတော့အမှန်ပင်။

အသွင်ဆိုတာ ဘယ်တုန်းကမှအနှိုင်းရဲ့ဦးစားပေးမဖြစ်ခဲ့သူပါလေ။

အတာကသာလျှင်သူ့အတွက်ပထမ သူ့ရဲ့ဦးစားပေး။

ငယ်ငယ်ကသူမတို့အတွက် အနှိုင်းကမုန့်ဝယ်လာပေးရင် အတာကြိုက်တာကိုပဲအရင်ရွေးချယ်ခိုင်းပြီး အတာမကြိုက်တာကိုမှအသွင်ကယူရသည်။

တစ်ခြားအရာတွေမှာလည်းအတူတူပါပဲ။


အနှိုင်းကိုသိစေချင်တာက အတာကြိုက်တဲ့တစ်ချို့သောအရာလေးတွေကို သူမလည်းကြိုက်ခဲ့တယ်ဆိုတာပင်။


<<<


C.3ဆက်ရန်။

Report Page