Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.1


''မြန်မြန်လာစမ်းနင်''


''နင်ဘာဖြစ်နေတာလဲ''


သူမလက်ကိုပြုတ်ထွက်မတတ်ဆွဲခေါ်နေသောမောင်ဖြစ်သူအား သူမ​နောက်က​နေမျက်စောင်းလေးထိုးပစ်လိုက်၏။


''နင့်ကိုငါဘာမှာထားလဲ...လမ်းထိပ်ကိုမထွက်နဲ့လို့''


''နင်ကအကြီးလားငါကအကြီးလား''


''နင်ကအကြီးဖြစ်နေလို့ပေါ့...ငါသာအကြီးဆုံးဆိုလို့ကတော့နင့်ကိုအခန်းထဲမှာသော့ပိတ်ထားမယ်''


အိမ်ပြန်ရောက်သည်နှင့် သူမမောင်ကသူမအားဧည့်ခန်းထဲကဆိုဖာပေါ်သို့ပစ်တင်လိုက်လေသည်။


''ကဗျည်းတင်!...နင်ကိုယ့်အစ်မကိုအခုလိုလုပ်စရာလား...ငရဲအိုးဂျိုးကပ်ချင်လို့လား''


''နင့်ပါးစပ်ကိုပိတ်ထားနော်မမ ငါလူသ.တ်ချင်နေတာ''


ထိုစဥ်...


''ဘာဖြစ်နေကြတာလဲ''


ဆိုသောအသံနဲ့အတူ သူတို့အမေကအနားသို့ရောက်လာလေသည်။

မေမေကအသက်40ကျော်သာရှိသေးပြီး အခုထိ20ကျော်လေးလိုနုပျိုနေတုန်းပါပဲ။


''မေမေ...မေမေ့သားကိုမပြောတော့ဘူးလား...အသွင့်ကိုလိုက်ပြီးရန်ရှာနေတယ်''


''ဟ!...ငါရန်ရှာတာမဟုတ်ဘူး...နင့်ကိုငါပြောထားတယ်လေ...လမ်းထိပ်ကိုမထွက်နဲ့လို့...''


''ငါဝယ်စရာရှိလို့ကုန်စုံဆိုင်ကိုသွားတာလေ တမင်လမ်းရှာတာမှမဟုတ်တာ''


တစ်​ယောက်တစ်ခွန်းစကားနိုင်လုနေကြသောသားနဲ့သမီးကိုကြည့်ပြီး ဖယောင်းစိတ်ရှုပ်သွားရသည်။


''ကဲပါ...ဘာတွေဖြစ်နေကြတာလဲဆိုတာမေမေ့ကိုသေချာပြောကြစမ်းပါ''


''ဘာဖြစ်ရမှာလဲ...မေမေ့သမီးပေါ့ ကုန်စုံဆိုင်မှာယောကျ်ားလေးတွေထိကပါးရိကပါးလုပ်တာခံရတယ်လေ''


သားတော်မောင်ကရှူးရှူးရှားရှားနဲ့ရှင်းပြလာ၏။


''အယ်...ဟုတ်လားသမီး''


''ဒီအတိုင်းစနောက်ကြတဲ့သဘောပါ ကိုယ်ထိလက်ရောက်မဟုတ်ပါဘူးမေမေရယ်...မေမေ့သားလည်းသူတို့ကိုတစ်​ယောက်တစ်ချက်ထိုးခဲ့တယ်''


ထိုအခါ ဖ​ယောင်းရဲ့အကြည့်ကသားထံသို့ရောက်သွားရပြန်သည်။


''အဲဒါတစ်ကယ်ပဲလားသား...မင်းကိုမေမေဘာပြောထားလဲ ထစ်ခနဲရှိလက်ပါခြေပါတွေမကြိုက်ဘူးလို့''


''မေမေကလည်း...သူတို့ကမမကိုလာပြီးထိပါးနေတာလေ ကျွန်တော်မကြိုက်ဘူး...အဲလိုနဲ့သူကပါစိတ်ပါပြီးရည်းစားထားချင်သွားရင်ဘယ်လိုလုပ်မလဲ''


''ဟဲ့...မင်းအစ်မကကလေးမဟုတ်ဘူး 24နှစ်ရှိနေပြီ...သူ့အရွယ်ကရည်းစားထားရုံမကလို့အိမ်ထောင်ပြုရင်တောင်မှတားဆီးလို့မရတော့တဲ့အရွယ်လေ''


''မေမေ့...အဲ့စကားမပြောနဲ့ဗျာ...မမအိမ်ထောင်မပြုရဘူး...ကျွန်တော်လည်းမိန်းမမယူဘူး မမလည်းယောကျ်ားမယူရဘူး...သူရည်းစားထားတာနဲ့ သူ့ကောင်အသေပဲ''


ပြောပြီးသည်နှင့်သားတော်မောင်ကနေရာကနေခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားပါတော့သည်။


''မေမေတွေ့လား...မေမေ့သားကအသွင့်ကိုသူ့ထက်အငယ်ကျနေတာပဲ''


''သမီးကလည်း သမီးမောင်ကသမီးကိုအရမ်းချစ်ပြီးအရမ်းအူတိုတာသမီးလည်းသိသားပဲ...နားလည်ပေးလိုက်ပါ''


''နားလည်ပေးပါတယ်...နားလည်ပေးလွန်းလို့လူလည်းအပျိုကြီးဖြစ်တော့မယ်''


အသွင်လည်းနှုတ်ခမ်းတစူစူနဲ့ပဲနေရာကနေထထွက်လာခဲ့လိုက်တော့၏။


အသွင့်ရဲ့မောင်က အသွင်နဲ့ပတ်သက်လာရင်သွေးဆူလွယ်သူပါ။

အသွင့်နားမှာလာကပ်တဲ့ယောကျ်ားမှန်သမျှ ရိုးသားသူဖြစ်စေ မရိုးသားသူဖြစ်စေ သူမမောင်ရဲ့လက်သီးစာမိတာချည်းပါပဲ။


သူသည်းခံတဲ့ယောကျ်ားကတစ်ယောက်ပဲရှိတယ်။


အဲဒါက သူမတို့တွေအနှိုင်းလို့ခေါ်ကြတဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူတုနှိုင်းမြတ်ပါပဲ။


အဲဒါကလည်းတစ်ခြားကြောင့်တော့မဟုတ်...


အနှိုင်းကသူမတို့ရဲ့သူငယ်ချင်းဖြစ်သူ တွယ်တာကို,ခေါ် အတာ့ကိုကြိုက်နေလို့ပါ...


<<<


''အတာ''


သူတိုးတိုးလေးကပ်ခေါ်တော့ သူမကချည်ထိုးနေရင်းမှလှည့်ကြည့်လာ၏။

ပုခုံးထိရှည်သောဆံပင်အဖြောင့်လေးတွေကိုဖြန့်ချထားပြီး ပန်းနုရောင်ဆံကုပ်လေးတပ်ထားကာ ဆံမြိတ်ပါးပါးလေးအောက်ကမျက်ဝန်းတွေကကြယ်လေးတွေလိုတောက်ပလို့နေလေသည်။


''ပြောလေအနှိုင်း''


''ငါတောင်းထားတဲ့အဖြေကိုမပေးသေးဘူးလား''


သူမကချက်ချင်းဆိုသလိုပဲသူ့ဆီကနေအကြည့်လွှဲသွား၏။


''အတာ...ငါ့ကိုလက်ခံဖို့ဘာလို့တွန့်ဆုတ်နေရတာလဲ...ငါတို့ကဆယ်ကျော်သက်အရွယ်ကတည်းကခင်လာကြတဲ့အတွင်းသိအဆင်းသိတွေပါ...ငါ့အကြောင်းကိုနင်အသိဆုံးပဲလေ ဘာလို့လက်မခံသေးတာလဲ''


''သူငယ်ချင်းမို့လို့ပိုခက်နေတာပေါ့အနှိုင်းရယ်...သူငယ်ချင်းကနေချစ်သူအဆင့်ကိုတက်ရတာလွယ်ပေမယ့် ချစ်သူကနေသူငယ်ချင်းအဆင့်ကိုပြန်ဆင်းရတာတော့ခက်တယ်''


''ငါကချစ်သူကနေသူငယ်ချင်းအဆင့်ကိုပြန်ဆင်းမှာမဟုတ်ဘူး ငါကနင့်ကိုလက်ထပ်မှာအတာ...ငါလက်ထပ်ချင်တဲ့မိန်းကလေးကနင်ပဲ''


ကြားလိုက်ရတဲ့စကားကြောင့် အိမ်ထဲဝင်ဖို့ပြင်နေတဲ့အသွင့်​ခြေလှမ်းတွေကတုံ့ဆိုင်းသွားရသည်။


ထိုစကားတွေကအသွင့်အတွက်ဆိုဘယ်လောက်ကောင်းလိုက်ပါမလဲ။


အခုတော့...


အသွင်ပျက်ယွင်းနေတဲ့မျက်နှာကိုဟန်လုပ်ပြုံးရင်း အိမ်ထဲသို့ဝင်ခဲ့လိုက်လေသည်။


''ဟိတ်''


''ဟာ...အသွင် လာလေ''


သူမ,အနှိုင်းနဲ့အတာတို့ရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်၏။


''နင်ရောက်နေတာကြာပြီလားအနှိုင်း''


''နာရီဝက်လောက်ရှိပြီ''


''အသွင်...ငါနင်တို့ကိုလက်ဖက်သုပ်ပေးမယ် ငါ့ကိုလာကူပါလား''


''အေး...ရတယ်လေ''


အသွင် ပိုက်ဆံအိတ်ကိုချထားခဲ့ပြီး အတာနဲ့အတူမီးဖိုခန်းထဲဝင်ခဲ့လိုက်လေသည်။


''အသွင်...ငါနင့်ကိုပြောစရာရှိတယ်''


မီးဖိုခန်းထဲရောက်သည်နှင့် အတာကစကားစလာ၏။


''ဘာလဲ...ပြောလေ''


''ငါနဲ့ဉာဏ်လင်းတို့ချစ်သူတွေဖြစ်သွားပြီ''


''ဟမ်!...ဟဲ့...နင်ရူးနေလား ဉာဏ်လင်းမိဘတွေနဲ့နင့်မိဘတွေကမတည့်ဘူးလေ''


''ငါသိပါတယ်...ဒါပေမယ့်ငါ့နှလုံးသားကိုမလွန်ဆန်နိုင်ဘူးဖြစ်သွားတယ်''


''အဲဒါဆိုအနှိုင်းကရော''


''ငါသူ့ကိုသူငယ်ချင်းလိုကလွဲပြီးပိုတွေးလို့မရဘူး...ချစ်လည်းမချစ်ဘူး...အကယ်၍ ငါသူ့ကိုချစ်မိမယ်ဆိုရင်တောင်မှ ငါလက်မခံဘူး...ဘာလို့လဲသိလား''


''ဘာလို့လဲ''


''ယောကျ်ားတစ်​ယောက်နဲ့နင့်ကို ငါမလဲနိုင်လို့ပေါ့''


အတာ့စကားက အသွင့်ရဲ့မျက်နှာကိုရေနွေးပူနဲ့ပက်လိုက်သလိုပင်။


''နင်...နင်သိနေတယ်''


''သိတာပေါ့ မိန်းကလေးချင်းပဲဟာ ပြီးတော့ငါတို့ခင်လာတဲ့သက်တမ်းကဆယ်နှစ်ကျော်ပြီလေ...နင်ကအနှိုင်းကိုချစ်နေတာမို့ အနှိုင်းဘေးမှာရှိနေတဲ့သူက ဘယ်တော့မှငါဖြစ်လာမှာမဟုတ်ဘူး...စိတ်ချထားနော်အသွင်''


အသွင်ကပြုံးစေ့စေ့နဲ့ပဲခေါင်းငုံ့သွားလေ၏။


''အံမယ်...ရှက်နေရသေးတယ်...ပြီးမှရှက် အခုလက်ဖက်အရင်သုပ်ရအောင်''


''အေး''


အတာ့ရဲ့စကားကအသွင့်ကိုအားတက်စေပေမယ့်လည်း အနှိုင်းရဲ့နှလုံးသားကိုရဖို့တော့အသွင်စိတ်ကူးမယဥ်ရဲသေးပါလေ။


<<<


သူမတို့အတာနဲ့စကားတွေပြောရင်း ညနေစောင်းလောက်မှပဲအိမ်ပြန်လာခဲ့ကြသည်။


အတာ့ဆီကပြန်တော့ အနှိုင်းကသူမကိုအိမ်လိုက်ပို့ပေး၏။


''အသွင်''


''အင်း''


''အတာ့ကိုနားချပေးစမ်းပါဟာ...ငါ့ကိုလက်ခံဖို့သူကဘာတွေတွန့်ဆုတ်နေလဲမသိဘူး''


သူ​မနဲ့တွေ့တိုင်း ဆယ်ခါမှာငါးခါလောက်ကအနှိုင်းပြောနေကျစကားပါ။


''ဟဲ့...လူတစ်ယောက်ရဲ့နှလုံးသားကိုဟိုလိုလုပ်ပါဒီလိုလုပ်ပါနဲ့ သွားတိုက်တွန်းလို့ရမလား...သူကနင့်ကိုချစ်ချင်မှဖြစ်မှာပေါ့''


''ငါ့ကိုမချစ်ချင်စရာတော့မရှိလောက်ပါဘူး...ငါကရုပ်ချောတယ် အရပ်ရှည်ပြီးအသားဖြူတယ်...ပြီးတော့စော်ကြည်ဘဲလေ...ငါ့ကိုလိုချင်တဲ့မိန်းကလေးတွေများပုံလို့''


''ဖြစ်ရတယ်...အဲ့ထဲမှာငါနဲ့အတာတော့မပါခဲ့ပါဘူးနော်''


''သိပါတယ်...အဲဒါကြောင့်ငါလည်းအတာ့ကိုကြိုက်တာပေါ့...အတာကသိမ်မွေ့တယ် မိန်းကလေးဆန်တယ်...အရမ်းလှပြီးချစ်ဖို့လည်းကောင်းတယ်...စိတ်ထားလေးကလည်းအရမ်းနူးညံ့တာ''


သူအတာ့ကိုဘယ်လောက်ထိချစ်မြတ်နိုးလဲဆိုတာ သူ့မျက်လုံးတွေကနေတစ်ဆင့် အသွင်ခံစားနေရပါသည်။


''နင်ကသူ့ကိုတစ်ကယ်ချစ်တာလား''


''တစ်ကယ်ပေါ့ဟ...ငါ့ရဲ့အချစ်ဦးကအတာပဲ''


''ဪ''


အသွင် သူ့ဆီကနေအကြည့်လွှဲလိုက်​တော့၏။


အသွင့်အနေနဲ့အနှိုင်းရဲ့နှလုံးသားကိုရဖို့ဆိုတာမဖြစ်နိုင်လောက်တော့ပါဘူး။


<<<


C.2ဆက်ရန်။

Report Page