Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.20


အသွင်နဲ့တုနှိုင်းမြတ်ကြားမှာ တစ်ခုခုရှိနေတယ်ဆိုတာသူမရဲ့အိပ်မက်တွေကသက်သေပါပဲ။


တဖြည်းဖြည်းထင်ရှားလာတဲ့အိပ်မက်တွေကြားမှာ သူမရဲ့အိပ်မက်တွေကိုစိုးမိုးနေတဲ့ယောကျ်ားရဲ့မျက်နှာကိုလည်းအသွင်ရှင်းရှင်းလင်းလင်းသိမြင်လာရပါပြီ။


အဲဒီလူကတုနှိုင်းမြတ်ပင်။


''အသွင်...အပြန်ကျရင်ငါဘာဝယ်ခဲ့ပေးရမလဲ''


ရေမွှေးတွေကိုတရွှတ်ရွှတ်ဆွတ်ရင်းနဲ့မေးလာသောသူ့ကျောပြင်အား အသွင်ကုတင်ပေါ်ကနေသေချာကြည့်နေမိသည်။


''အသွင်''


''အင်း''


''ငါမေးနေတာရောကြားရဲ့လား''


''ကြားပါတယ်''


အနှိုင်း မှန်ထဲကနေတစ်ဆင့်အသွင့်ကိုလှမ်းကြည့်တော့ သူမကတစ်ခုခုကိုတွေးတောနေပုံပင်။


''ဘာတွေတွေးနေတာလဲ''


''ဘာမှမဟုတ်ပါဘူး...ကျွန်မရှင့်ကိုမေးစရာရှိတယ်''


အနှိုင်း မှန်တင်ခုံရှေ့ကနေပြီးသူမနားသို့ရောက်လာ၏။


''ကဲမေး...ဘာမေးမှာလဲ''


''ပြင်ဦးလွင်မှာ ကျွန်မရှင့်အတွက်ပန်းအိုးထိုးပေးတုန်းက ပန်းကဆယ်ပွင့်လား''


''ဟင်!...အသွင် နင် နင်သတိပြန်ရလာပြီလား''


''ဟင့်အင်း...ဒီအတိုင်းအိပ်မက်...အော့''


အသွင် ရုတ်တရက်ကြီးပျို့တက်လာပြီး ပါးစပ်ကိုလက်နဲ့ဖိပိတ်လိုက်မိသည်။


''ဘာဖြစ်တာလဲအသွင်''


''အန်ချင်လို့...ဝေါ့''


အသွင်ချက်ချင်းပဲရေချိုးခန်းထဲသို့ပြေးဝင်ခဲ့ပြီး ဘေစင်မှာထိုးအန်မိတော့၏။


''အော့...အဟွတ်...ဝေါ့''


အနှိုင်းကလည်းသူမနောက်ကိုချက်ချင်းလိုက်လာပြီး သူမကျောလေးကိုဖိပေးလေသည်။


''ရရဲ့လားအသွင်''


''ရှင်...ရှင်ထွက်သွား...အော့''


''ဟမ်!''


''ရှင့်ရေမွှေးနံ့ကြီးကအရမ်းနံလို့မြန်မြန်ထွက်သွားစမ်းပါ!''


''.......''


''သွားလေ!''


''အေးပါ...သွားပါမယ်''


အနှိုင်းလည်းအသွင့်ကိုစိတ်ပူပေမယ့်လည်းသူမကသူ့ကိုအတင်းနှင်လွှတ်နေပြီမို့ သူအသွင့်ဘေးကနေထွက်ခဲ့လိုက်တော့သည်။

ခဏကြာတော့ အသွင်ကရေချိုးခန်းထဲကနေပြန်ထွက်လာ၍ အနှိုင်းသူမဆီသွားမယ်လုပ်တော့အသွင်က...


''မလာနဲ့နော်...ရှင်ကျွန်မနဲ့ဝေးဝေးမှာနေ''


ဟုလှမ်းတားလာ၏။


''အေးပါ...ငါဒီကနေပဲစကားပြောပါ့မယ်...နင်နေမကောင်းရင်ငါတို့ဆေးခန်းသွားကြမလား''


''မသွားဘူး''


''အဲဒါဆိုဘယ်လိုသက်သာမလဲဟ...ဆေးခန်းသွားမှဘာဖြစ်တာလဲသိမှာပေါ့...ပြီးရင်နင်ကအိမ်မှာတစ်ယောက်တည်းကျန်ခဲ့မှာ...ငါအလုပ်သွားဖို့ဘယ်စိတ်ဖြောင့်ပါ့မလဲ''


''ကျွန်မအကောင်းအတိုင်းပဲရှိသေးတယ်...ဘာမှမဖြစ်ပါဘူးဆို''


''တော်ပါပြီ...ငါအလုပ်မသွားတော့ဘူး...အိမ်မှာပဲနေတော့မယ်''


''မလိုပါဘူးဆို''


''ငါမှနင့်ကိုစိတ်မချတာ''


ထိုစကားကြားတော့ အသွင့်ရင်ထဲမှာကြည်နူးသွားရကာ မျက်နှာလေးကပါပြုံးချင်ချင်ဖြစ်သွားရသည်။


''ငါ့ရေမွှေးနံ့ကိုနင်မခံနိုင်ဘူးဆိုတော့ ငါရေပြန်ချိုးလိုက်ဦးမယ်''


''အွန်း''


သူကကိုယ်ပေါ်ကအဝတ်အစားကိုဆွဲချွတ်၍ ရေချိုးခန်းထဲသို့ပြန်ဝင်သွားလေ၏။


အသွင်လည်းနေလို့သိပ်မကောင်းတာမို့ အိပ်ရာထက်မှာခဏလှဲနေလိုက်တော့သည်။


ရုတ်တရက်ကြီးဘာလို့များလူကအားနည်းသလိုဖြစ်သွားရပါလိမ့်။


<<<


နေ့လည်ရောက်တော့အတာတို့လင်မယားကအသွင်တို့ထံသို့ရောက်လာပြန်၏။


မတွေ့ရတဲ့ရက်ပိုင်းအတွင်းမှာ အတာကပိန်ကျသွားတာမို့...


''အတာ...နင်ပိန်သွားသလိုပဲနော်...နေမကောင်းဘူးလား''


''ဟုတ်တယ်...အခုဆေးခန်းကပြန်လာကြတာ''


''ဘာဖြစ်တာတဲ့လဲ''


''ကိုယ်ဝန်ရှိနေတာတဲ့''


''ဟယ်...တစ်ကယ်လား''


''အေး...ခြောက်ပတ်ရှိပြီတဲ့''


''ဝမ်းသာလိုက်တာအတာရယ်...နင်တို့မိဘတွေလည်းအရမ်းဝမ်းသာမှာပဲ''


ထိုစကားကြားတော့ အတာ့မျက်နှာလေးကညှိုးနွမ်းသွားလေသည်။


''ငါ့မိဘတွေကိုမပြောရသေးဘူး...ပြောလည်း ဖေဖေနဲ့မေမေကစိတ်ဝင်စားမှာမဟုတ်ပါဘူး''


ဉာဏ်လင်းက...


''မဟုတ်တာတွယ်တာရယ်...မောင်တို့ပြောမကြည့်ရသေးဘဲနဲ့ဘယ်သိမှာလဲ...မောင့်မိဘတွေတောင်မှပျော်နေကြတာကို''


''တူမှမတူတာမောင်ရဲ့...မောင့်မိဘတွေကအစကတည်းကသိပ်မကြည်ဖြူပေမယ့်လည်း တွယ်တာတို့အတွက်အကုန်လုံးလိုလေသေးမရှိလုပ်ပေးခဲ့တာလေ''


''ကဲပါ...ဝမ်းနည်းစရာတွေတွေးမနေပါနဲ့...ကလေးလေးပါစိတ်မကောင်းဖြစ်နေမယ်''


''ဟုတ်ကဲ့ပါမောင်''


တစ်​ယောက်နဲ့တစ်ယောက်ချစ်ခင်ဖေးမနေပါသောအတာတို့ကိုကြည့်ပြီး အသွင်ပြုံးမိသည်။


သူတို့ကိုကြည့်ရတာကြည်နူးဖို့ကောင်းလိုက်တာ။


''ဒါနဲ့အသွင်...အနှိုင်းရော...showroomကိုသွားပြီလား''


''သူဒီ​နေ့အလုပ်မသွားဘူး...ငါမနက်ကအန်နေလို့ဆိုပြီး တစ်​ယောက်တည်းထားခဲ့ရမှာစိတ်မချလို့တဲ့ အခုငါဝက်သားဒုတ်ထိုးစားချင်တယ်ဆိုလို့သွားဝယ်​ပေးနေတယ်''


''အန်တယ်''


''အေး...ရုတ်တရက်ကြီးပျို့တက်ပြီးအန်ချင်လာတာပဲ...အအေးပတ်တာထင်တယ်''


''ရိုးရောရိုးရဲ့လားအသွင်...ငါ့လိုဖြစ်နေဦးမယ်''


''အမ်!...ဘာကိုလဲ''


''နင်လည်းကိုယ်ဝန်ကြောင့်အန်တာဖြစ်နေမယ်လို့''


''!!!''


''နည်းနည်းပါးပါးစစ်ဆေးကြည့်ဦး...ကဲ ငါတို့ပြန်တော့မယ်''


''သူ့ကိုမစောင့်တော့ဘူးလား''


''မစောင့်တော့ပါဘူး...ငါလည်းအလိုလိုနေရင်းပင်ပန်းနေသလိုခံစားရတော့နားချင်နေပြီမို့လို့''


''အေးပါ...ဂရုစိုက်ပြီးသွား''


''အင်း''


အတာတို့ပြန်သွားတော့ အသွင်​ကိုယ့်​​​ဗိုက်​လေးကိုကိုင်ရင်း တစ်​ယောက်တည်းအတွေးတွေများပြီးကျန်ခဲ့ရသည်။


သူမတစ်ကယ်ပဲ...


ထိုစဥ် အနှိုင်းကအိမ်ပြန်ရောက်လာ၍အသွင်အတွေးစတွေပြတ်တောက်သွားရလေ၏။


''အသွင်...ဗိုက်ဆာနေပြီလား...ခဏလေးနော် ငါပန်းကန်ထဲသွားထည့်ပြီးယူခဲ့မယ်''


သူကအသွင့်ဆီမလာဘဲ ဧည့်ခန်းနဲ့ခပ်လှမ်းလှမ်းကနေလှမ်းအော်ပြောပြီး မီးဖိုချောင်ဆီဦးတည်နေတုန်း...


''ခဏလေး...ဒီလာဦး''


အသွင်လှမ်း​ခေါ်တော့ သူကအသွင့်ထံသို့လျှောက်လာလေသည်။


''ဘာခိုင်းမလို့လဲ''


''မေးစရာရှိတာ''


''မေးလေ''


''ခုနကအတာတို့လာသွားတယ်...သူ့မှာကိုယ်ဝန်ရှိနေပြီတဲ့...ရှင်ရော ကလေးအဖေဖြစ်ချင်လား''


''ဘယ်...ဘယ်လို ပြန်ပြောပါဦးအသွင်...နင်ကငါ့အတွက်ကလေးမွေးပေးမလို့လား''


''မမွေးပေးပါဘူး...စကားအဖြစ်​ပြောတာပါ...မေးတာပဲ​ဖြေစမ်းပါ''


''ဖြစ်နိုင်ရင်တော့ ငါတို့သွေးသားကိုလိုချင်တာပေါ့ဟာ...ငါနဲ့ပဲတူတူ နင်နဲ့ပဲတူတူ ငါတို့ရဲ့ကလေးလေးတွေကိုလိုချင်တယ်''


အသွင်ဘာမှဆက်မမေးဖြစ်တော့ပေ။


သူမလည်းစစ်ဆေးကြည့်မှပါ။


အကယ်၍သူမမှာကိုယ်ဝန်ရှိနေရင်ရော...။


<<<


နောက်နေ့...


အသွင် မျက်လုံးကိုစုံမှိတ်ထားရင်း အသက်ကိုခပ်ဖြည်းဖြည်းရှူနေရာမှ မျက်လုံးကိုအသာဖွင့်​ပြီး လက်ထဲကဆီးစစ်တံကိုကြည့်လိုက်တော့ သူမနှလုံးသားကရင်ဘတ်ထဲကနေခုန်ထွက်သွားသလိုမျိုးခံစားလိုက်ရလေသည်။


ဆီးစစ်တံကမျဥ်းနှစ်ကြောင်းထင်းလို့...


''ဒါ...ဒါက''


အသွင်ကိုယ့်ဗိုက်လေးကိုဖိကိုင်လိုက်မိ၏။


''ငါ့မှာကိုယ်ဝန်ရှိနေတာလား''


အသွင့်ရင်ထဲမှာဘယ်လိုကြီးခံစားလိုက်ရမှန်းမသိပေ။

စိတ်လှုပ်ရှားသလို ပျော်သလိုနဲ့။


ဒီကိစ္စကိုတုနှိုင်းမြတ်သိရင်လည်းအရမ်းဝမ်းသာသွားမှာပဲ။


အသွင်ချက်ချင်းပဲ အိပ်ရာပေါ်ကဖုန်းလေးကိုသွားယူပြီး တုနှိုင်းမြတ်ထံသို့ဖုန်းဆက်လိုက်၏။


သို့သော် သူကဖုန်းမကိုင်။


''ဘာလို့ဖုန်းမကိုင်ရတာလဲ''


အသွင်ထပ်ခေါ်တော့လည်းထိုနည်းတူပါပဲ။


အသွင်လည်းသူဖုန်းကိုင်မယ့်အချိန်ကိုစိတ်ရှည်ရှည်မစောင့်နိုင်၍ ​ဆီးစစ်တံလေးကိုကိုင်ပြီးအခန်းထဲကနေထွက်ခဲ့လိုက်တော့သည်။


အသွင် ဒီကိစ္စကိုသူ့ကိုပြောပြချင်နေပြီလေ။

ဒီအကြောင်းကိုသိသွားရင် ဖြစ်သွားမယ့်သူ့မျက်နှာကိုမြင်ချင်လှပြီ။


<<<


C.21ဆက်ရန်။

Report Page