Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.17
နောက်ဆုံးတော့ မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို အသွင်,တုနှိုင်းမြတ်ကိုလက်ထပ်ခဲ့ရပါတော့သည်။
သူမဆန္ဒမပါနဲ့အိမ်ထောင်ရေးမို့ လက်ထပ်ပွဲလည်းလုပ်မနေဘဲ ရုံးတက်လက်မှတ်ထိုးပြီးတော့သာအကြင်လင်မယားအဖြစ်ကိုရောက်ခဲ့လေ၏။
သူမတို့လက်ထပ်ပြီးတော့ တုနှိုင်းမြတ်ရဲ့အမေလက်ဖွဲ့ပေးတဲ့အိမ်လေးမှာပဲပြောင်းနေခဲ့ကြသည်။
အိမ်လေးကတစ်ထပ်အိမ်လေးကိုမှဘန်ဂလိုပုံစံအဖြူရောင်လေးဖြစ်ပြီး ခြံဝန်းကလည်းကျယ်၏။
ပြီးတော့အခန်းကလည်းနှစ်ခန်းပါသည်ဖြစ်ရာ...
''ကျွန်မရှင်နဲ့အတူမအိပ်ဘူး...အခန်းခွဲအိပ်မှာ''
''ငါကတော့မအိပ်ဘူး...လင်မယားတွေတစ်ခန်းတည်းပဲအိပ်ရမှာပေါ့''
''ရှင်ကျွန်မကိုမလိုက်လျောလို့ကတော့ ကျွန်မကိုယ့်မိဘအိမ်ပဲပြန်မှာ''
''အဲလိုလုပ်လို့ရမလား...ဘာပဲဖြစ်ဖြစ် ငါကတော့အခန်းခွဲမအိပ်ဘူး''
''ရှင်ပဲကျွန်မကိုချစ်တယ်ဆို...အဲတော့အခုသက်သေပြလိုက်လေ''
''......''
''အခန်းခွဲအိပ်မယ်...ဒါပဲ''
ပြောပြီးအသွင်လည်းသူ့ရှေ့ကနေချာခနဲလှည့်ထွက်လာခဲ့လိုက်တော့သည်။
သူ့စိတ်ထဲမှာသူမနဲ့လက်ထပ်ရတဲ့အတွက်နောင်တရအောင်လုပ်ပစ်မယ်။
ညရောက်သော်.....
''နင့်ကိုငါပိုပြီးမုန်းတယ်အသွင်''
''ဒါဆို...နင်ကငါ့ကိုတစ်ညတာအတွက်ပဲသဘောထားခဲ့တာပေါ့''
''အဲဒါဆိုဘာလဲ...နင့်ကိုလက်ထပ်ဖို့တောင်းဆိုချင်နေတာလား...အဲဒါဆိုငါ့ကိုတောင်းပန်လေ...ငါ့ကိုလက်ထပ်ပါလို့ နင်တောင်းတောင်းပန်ပန်ပြော''
ချွေးစေးချွေးပေါက်တွေစိုရွှဲနေတဲ့သူမမျက်နှာလေးမှာ မျက်ရည်တွေကပါမျက်ဝန်းထောင့်ကနေစီးကျလို့နေလေ၏။
အိပ်မက်ထဲကစကားလုံးတွေက လက်တွေ့ဘဝမှာရှိနေတဲ့သူမရဲ့ရင်ကိုအဆမတန်နာကျင်စေသည်။
''အဟင့်!...မပြောနဲ့...မပြောပါနဲ့...ဟင့်''
ထိုစဥ် သူမကိုလက်အစုံကဖက်တွယ်လာပြီး သူမကျောလေးကိုခပ်ဖွဖွပုတ်ပေးလာ၍ သူမစိတ်တွေကအနည်းငယ်တည်ငြိမ်ပြီးစိတ်သက်သာရာရလာ၏။
သူ့ရဲ့ရင်ခွင်ကအသွင့်ကိုနွေးထွေးလုံခြုံစေတယ်။
အနှိုင်း,ရှိုက်သံလေးသဲ့သဲ့နဲ့ သူ့ရင်ခွင်ထဲမှာပြန်လည်ငြိမ်သက်သွားသောအသွင့်မျက်နှာလေးအားငုံ့ကြည့်လိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်။
အခုလိုအပြင်မှာငိုရလောက်တဲ့ထိသူမအိပ်မက်ကသူမကိုဝမ်းနည်းစေပုံပဲ။
ထိုအိပ်မက်ကသူနဲ့များသက်ဆိုင်နေလေမလား။
<<<
နောက်နေ့မနက် အသွင်အိပ်ရာကနိုးတော့ တုနှိုင်းမြတ်ကိုသူမနဲ့မျက်နှာချင်းဆိုင်မှာလာအိပ်နေတာကိုတွေ့လိုက်ရသည်။
သူ့ကိုတွေ့သည်နှင့် အသွင့်စိတ်ထဲကနေ'အနှိုင်း'ဟုခေါ်လိုက်မိ၏။
သူမဘာလို့အခုလိုခေါ်မိလဲမသိ။
နောက်မှအသွင်သတိပြန်ဝင်လာပြီး အိပ်ရာကနေထထိုင်ကာ ကိုယ့်ကိုယ်ကိုပြန်ငုံ့ကြည့်လိုက်မိလေသည်။
''နိုးပြီလား...ခဏလောက်ပြန်အိပ်ပါဦး''
''ရှင်နိုးနေတာပဲ...ရှင်ဘာလို့ကျွန်မအခန်းထဲရောက်နေတာလဲ''
သူကအိပ်ရာကနေထလိုက်ပြီးမှ သူမမျက်နှားနားတိုးကပ်ကာ...
''ကိုယ့်မိန်းမရဲ့အခန်းထဲလာတာပဲ...အကြောင်းပြချက်ပေးရဦးမှာလား''
''ရှင်ကျွန်မကိုရှင့်မိန်းမလို့ခဏတိုင်းမပြောနဲ့...ကျွန်မရှင့်ကိုလက်ထပ်ချင်လွန်းလို့လက်ထပ်ထားတာမဟုတ်ဘူး...ကျွန်မကရှင့်မိန်းမလည်းမဟုတ်ဘူး''
''နှစ်ခါတောင်နေပြီးပြီကိုမိန်းမမဟုတ်သေးဘူးလား...ဒါဆိုအခါတစ်ရာလောက်အတူနေကြမယ်လေ...နင့်စိတ်ထဲမှာနင့်ကိုယ်နင်ငါ့မိန်းမလို့သတ်မှတ်အောင်လို့''
''နှာဘူးကောင်''
''ကိုယ့်မိန်းမနဲ့အတူနေချင်တာကိုနှာဘူးလို့သတ်မှတ်လို့မရဘူးလေ''
''တော်ပြီတော်ပြီ...ကျွန်မရှင်နဲ့ဘာစကားမှဆက်မပြောချင်တော့ဘူး''
ပြောပြီးအသွင် ကုတင်ပေါ်ကဆင်းမယ်လုပ်တော့ သူကအသွင့်လက်မောင်းလေးကိုဆွဲကာ အိပ်ရာထက်အတူပြန်လှဲချပြီး နှုတ်ခမ်းအစုံကိုအတင်းနမ်းလာပါတော့သည်။
အသွင့်မှာငြင်းသံလေးပင်ထွက်မလာနိုင်ပေ။
အသွင်သူ့ကိုကြည့်လို့မရမုန်းနေသည့်တိုင် သူ့အနမ်းတွေနဲ့ထိတွေ့လိုက်တိုင်းရင်ခုန်နေမိသည်။
အသွင်တော့ရူးနေပြီ။
<<<
''ဒုန်း...ခလွမ်း!''
မီးဖိုခန်းထဲကသံစုံတီးဝိုင်းကြောင့် အနှိုင်းအခန်းထဲကထွက်လာပြီးမီးဖိုခန်းဆီရောက်တော့ ကြမ်းပေါ်မှာပန်းကန်ကွဲတွေ ဒန်အိုးတွေနဲ့ကြက်ဥတွေက ကြမ်းပေါ်မှာပြန့်ကြဲလို့နေသည်ပင်။
အသွင်ကတော့လက်ထဲမှာဟင်းချက်ဇွန်းကိုကိုင်ပြီး ကြမ်းပေါ်ကပစ္စည်းတွေအားမျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်နေ၏။
''ဘာတွေဖြစ်နေတာလဲ''
''ကြက်ဥကြော်မလို့လေ...ဒါပေမယ့် အခုလိုတွေဖြစ်ကုန်တယ်''
''ဟင်းမချက်တတ်ဘဲဘာလို့မီးဖိုချောင်ဝင်နေတာလဲ''
''ကျွန်မဗိုက်ဆာလို့ပေါ့''
''အဲဒါဆိုငါ့ကိုလာပြောပါလား''
''ရှင့်ကိုခယမနေချင်လို့''
''ဒါပေမယ့်အခုတော့ပိုပြီးအလုပ်ရှုပ်သွားပြီမလား''
''မသိဘူး...ကျွန်မအခုဗိုက်ဆာတယ်...ကြက်ဥကြော်ပေး''
''ဒီဟာတွေ...''
''ရှင့်ဘာသာရှင်းနော်...ကျွန်မကတော့မလုပ်နိုင်ဘူး...ကြက်ဥကြော်ရရင်ထမင်းခူးပြီးဧည့်ခန်းထဲယူလာခဲ့...ကျွန်မTVကြည့်ရင်းစောင့်နေမယ်...မကြာစေနဲ့''
သူဘာမှမပြောရသေးခင်မှာပဲ သူမကစကားကိုအပြတ်ပြောကာ လက်ထဲကဇွန်းကိုစားပွဲပေါ်တင်ခဲ့ပြီး မီးဖိုခန်းထဲကနေထွက်သွားပါတော့သည်။
သူလည်းသက်ပြင်းသဲ့သဲ့ချပြီး ကြမ်းပေါ်ကဟာတွေကိုအရင်ရှင်းလိုက်၏။
အဲဒါတွေပြီးမှပဲ အသွင့်အတွက်ကြက်ဥကြော်ပေးပြီး ထမင်းပါခူးကာဧည့်ခန်းထဲသို့ယူလာခဲ့လိုက်လေသည်။
မိဖုရားမလေးကTVကြည့်ရင်းနဲ့ဇိမ်ကျလို့။
''ရပြီနော်...အဲ့TVကိုနောက်မှကြည့်...ထမင်းအရင်စားလိုက်''
''ရှင်လာခွံ့လေ''
''အမ်!''
''ကျွန်မထမင်းကိုကိုယ့်ဘာသာစားရမှာပင်ပန်းတယ်လို့ခံစားရလို့...အဲဒါရှင်လာခွံ့''
သူမစကားကြောင့် အနှိုင်းရယ်ချင်စိတ်ကိုမနည်းထိန်းကာ စားပွဲမှာဝင်ထိုင်လိုက်ပြီး ထမင်းကိုဇွန်းနဲ့ခပ်ကာသူမနှုတ်ခမ်းနားသို့တေ့ပေးလိုက်၏။
အသွင်လည်းသူ့ကိုမျက်စောင်းလေးထိုးကာ သူခွံ့ကျွေးတဲ့ထမင်းကိုစားလိုက်သည်။
ထိုစဥ်...
''ဪ...ဒီလိုတွေတောင်ပြေလည်နေပြီကိုး''
သူမတို့အသံလာရာကိုလှည့်ကြည့်လိုက်တော့ ဉာဏ်လင်းနဲ့အတာတို့ဖြစ်နေသည်ပင်။
''ငါတို့လာလို့အနှောက်အယှက်ဖြစ်သွားလား''
''မဖြစ်ပါဘူးအတာရဲ့...လာလေ''
အနှိုင်းကလည်းစားပွဲပေါ်ကနေပြီး ဆိုဖာပေါ်သို့ပြောင်းထိုင်လိုက်သည်။
''နင်တို့တစ်ချိန်မှာလက်ထပ်ဖြစ်လိမ့်မယ်လို့ထင်သားပဲ''
ပြောရင်းနဲ့အတာကဆိုဖာမှာဝင်ထိုင်လိုက်လေ၏။
''ငါကသူ့ကိုမယူချင်ပါဘူးနော်''
''အခုမို့သာအဲလိုပြောတာပါ...နင်အားလုံးမှတ်မိသွားရင်အပျော်ဆုံးကနင်ပဲဖြစ်မှာ''
''အံ့သြတယ်...ဒါနဲ့ နင့်မိဘတွေနဲ့အခြေအနေဘယ်လိုလဲ''
''ငါအခုထိသူတို့ဆီမသွားရဲဘူး...ဖေဖေတို့ကလည်းငါ့ကိုမဆက်သွယ်ကြဘူးလေ''
''ဪ...ကဲပါ ငါနင်တို့အတွက်ကော်ဖီသွားဖျော်ပေးမယ် ခဏစောင့်နော်''
''နေပါစေ...မဖျော်နဲ့ မောင်ကကော်ဖီမကြိုက်ဘူး...ငါလည်းတော်ပြီ''
''အအေးရော''
''တော်ပါပြီဆို''
''အေးပါ''
''ဒါနဲ့လေအသွင်...ငါ့ယောကျ်ားကလည်းနင့်လိုပဲသိလား...သူကအမှောင်အရမ်းကြောက်တာ ငါ့မှာသူ့ကြောင့်နဲ့အခန်းမီးဖွင့်ပြီးလည်းအိပ်တတ်နေပြီ...နင်ကအမြင့်ကြောက်တာမလား''
''အင်းလေ...ငါကအမြင့်ကြောက်ပါတယ်ဆို ပြင်ဦးလွင်မှာတုန်းကသူကငါ့ကိုcableအတင်းစီး...''
အသွင်စကားကိုထိုနေရာမှာရပ်လိုက်တော့ အနှိုင်းကသူမကိုတအံ့တသြလှည့်ကြည့်လာလေ၏။
''သူ...သူက...သူကဘယ်သူလဲ...ငါ့ကိုcableစီးခိုင်းတဲ့သူ...အဲဒီ'သူ'ဆိုတာက...''
''ငါလေအသွင်...ငါလေ နင်မှတ်မိပြီလား''
အသွင်သူ့ကိုလှည့်ကြည့်လိုက်တော့ မြင်ကွင်းတစ်ချို့ကသူမခေါင်းထဲမှာနေရာပြန်ယူလာလေသည်။
cableပေါ်မှာသူမနဲ့အတူရှိနေပြီး သူမကိုဖက်ထားပေးတဲ့ယောကျ်ားတစ်ယောက်။
သူ့မျက်နှာကိုတော့အသွင်မသဲကွဲပေ။
''အာ့!...ခေါင်းကိုက်တယ်''
အသွင် နားထင်ကိုဖိလိုက်တော့အနှိုင်းကသူမကိုယ်လေးကိုဖက်တွယ်ပေးလာလေ၏။
''မတွေးနဲ့တော့...မစဥ်းစားနဲ့တော့နော်...ဘာမှမတွေးနဲ့တော့''
သူကအသွင့်ခေါင်းလေးကိုဖိကိုင်ပြီးနှစ်သိမ့်ပေးလာမှ အသွင်လည်းတဖြည်းဖြည်းချင်းနဲ့စိတ်သက်သာရာရသွားခဲ့လေသည်။
ဒီပုံစံအတိုင်းဆို မကြာခင်မှာအသွင်သူ့ကိုပြန်ပြီးသတိရလာလိမ့်မယ်လို့သူ့စိတ်ထဲမှာမျှော်လင့်မိတာပါပဲ။
<<<
C.18ဆက်ရန်။