Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.15
''အသွင်ကနင့်ကိုချစ်နေခဲ့တာအနှိုင်း...နင်ကသူတန်ဖိုးထားရတဲ့သူတွေထဲကတစ်ယောက်တဲ့...ငါ့ကိုကူညီခဲ့တာကလည်း အသွင်ကနင့်ကိုထိခိုက်စေချင်တဲ့စိတ်နဲ့မဟုတ်ပါဘူး...သူကနင်ထိခိုက်မှာအရမ်းကြောက်ခဲ့တာ''
''ငါလေ နင်နဲ့ပတ်သက်သမျှကိုမေ့ပစ်ချင်တဲ့အထိ နင့်ကိုကြောက်နေပြီ...နင်ကငါ့ကိုအဲလောက်ထိနာကျင်စေတာ''
ပီပီသသကြားယောင်နေသောစကားသံတွေနဲ့အတူ သူ့မျက်ဝန်းတွေကအသက်မဲ့လို့နေလေ၏။
သူကားကိုဖြည်းဖြည်းမှန်မှန်မောင်းရင်း အသွင်တို့အိမ်ရှေ့ဆီရောက်မှန်းမသိရောက်လာရသည်။
ခြံတံခါးကလည်းအရန်သင့်ဖွင့်ထားတာမို့ သူခြံထဲကိုပဲတန်းတန်းမတ်မတ်ဝင်ခဲ့လိုက်ရာ အသွင်ကနားနေဆောင်ထဲမှာဖုန်းပြောရင်းနဲ့ရယ်မောနေတာကိုတွေ့လိုက်ရလေ၏။
သူမကတော့သူ့ကိုကျောပေးထား၍ သူရောက်နေတာကိုမမြင်။
အသွင်အခုလိုစိတ်လွတ်လက်လွတ်ရယ်နေတာကို သူမမြင်ရတာကြာခဲ့ပြီပဲ။
အနှိုင်းလည်းကားပေါ်ကနေဆင်းခဲ့လိုက်ပြီး အသွင်ရှိနေတဲ့ဆီရောက်လာခဲ့စဥ်...
''အသွင်လည်းကိုပိုင်စိုးကိုသတိရပါတယ်...ကိုပိုင်စိုးရန်ကုန်ကိုလာရင် အသွင်တို့အိမ်မှာပဲတည်းနော်...အသွင်,ကိုပိုင်စိုးကိုမြို့အနှံ့လိုက်ပို့မယ်...ကျေးဇူးတုန့်ပြန်တဲ့သဘောပေါ့...ဟုတ်ကဲ့ပါ မျှော်နေပါ့မယ်နော်...ဆက်ဆက်သာလာခဲ့''
အသွင်ဖုန်းပြောပြီးသည်နှင့် နေရာကနေထကာနောက်ကိုလှည့်လိုက်တော့ တုနှိုင်းမြတ်ဆိုတဲ့လူကိုရုတ်တရက်တွေ့လိုက်ရ၍ အလန့်တကြားနဲ့ပဲရင်ဘတ်လေးကိုဖိကာနောက်ကိုဆုတ်လိုက်မိလေသည်။
''ရှင်...ရှင်ဘယ်လိုဖြစ်ပြီး...''
''ပိုင်စိုးနဲ့အခုထိအဆက်အသွယ်ရနေသေးတာလား''
''ရှင်ကသူ့ကိုလည်းသိနေတယ်''
''အသွင်...နင်ငါ့ကိုမမှတ်မိဘူးဆိုတာညာတာမလား''
''လာပြန်ပြီလား...ကျွန်မရှင့်ကိုတစ်ကယ်မသိတာပါ''
သူမဆီက'ရှင်' တွေ'ကျွန်မ' တွေကသူ့အတွက်သူစိမ်းဆန်လွန်းလှတာမို့ ထိုနာမ်စားလေးတွေကအစသူ့ကိုခံရခက်စေ၏။
''ရှင်ကကျွန်မရဲ့သူငယ်ချင်းဆို...အတာပြောပြလို့သိပြီးပြီ...ဒါပေမယ့်လေ ဘယ်လိုပဲစဥ်းစားစဥ်းစား ရှင်ကကျွန်မအတွက်သူစိမ်းလိုပဲဖြစ်နေတယ်...သူငယ်ချင်းလို့ခံစားလို့မရဘူး''
''နင်နဲ့ငါကသူငယ်ချင်းမဟုတ်ဘူး''
''.......''
''လင်မယား''
''ဟင်!...ရှင် ရှင်ဘာပြောတယ်''
''ဟုတ်တယ်...ငါတို့ကအတူတူအိပ်ပြီးသား...နင်ကငါ့မိန်းမဖြစ်ပြီးနေပြီ''
''ရှင်ပါးစပ်ပိတ်လိုက်တော့...ရှင်တော်တော်မိုက်ရိုင်းတဲ့သူပဲ!''
''ငါအတည်ပြောနေတာအသွင်...ငါနဲ့နင်ကအိပ်...''
''ဖြန်း!''
ရုတ်တရက်မို့ သူအသွင့်ရဲ့လက်ဝါးကိုမရှောင်လိုက်မိပါ။
''အဲဒါကျွန်မကိုစော်ကားလို့...ရှင်အခုချက်ချင်းထွက်သွားလိုက်တော့''
အသွင်ဒေါနဲ့မောနဲ့သူ့ရှေ့ကနေထွက်လာတုန်း...
''ဟုတ်လားမဟုတ်လားအတည်ပြုချင်ရင်...နင့်ရဲ့ညာဘက်ရင်သားကထိပ်လေးမှာမှဲ့လေးရှိတယ်...ဟုတ်တယ်မလား''
သူ့စကားကြောင့် အသွင့်ခြေလှမ်းတွေကရပ်တန့်သွားခဲ့ရလေ၏။
''ယုံပြီလား''
အသွင်ကသူ့ကိုလှည့်ကြည့်မလာဘဲ နေရာမှာပဲရပ်နေ၍ အနှိုင်းကပဲသူမထံသို့လျှောက်သွားလိုက်သည်။
ပြီးတော့သူမနားနားလေးကပ်ကာ...
''မေးနေတာဖြေဦးလေ...ဟုတ်တယ်မလားလို့...မိန်းမ''
ဟုခပ်တိုးတိုးပြောလိုက်တော့ အသွင်လက်သီးလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အိမ်ထဲသို့ပြေးဝင်ခဲ့လိုက်တော့၏။
သူပြောသလိုပဲ သူမမှာတစ်ကယ်မှဲ့ရှိနေတယ်လေ။
ဒါဆိုတစ်ကယ်ပဲသူမတို့က...
''ဟင့်အင်း...မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး...သူညာနေတာ တစ်ကယ်မဟုတ်ဘူး''
သူမဘယ်လိုပဲမဟုတ်ဘူးပြောပြော သူကမှဲ့ကိုဘယ်လိုသိတာဖြစ်မှာလဲ။
သူအသွင့်ကိုချောင်းကြည့်ထားတာပဲဖြစ်မည်။
ရုပ်လေးနဲ့မှမလိုက်တဲ့နှာဘူးကောင်!!
<<<
ပိုင်စိုးကအသွင့်ကိုပြောထားတဲ့အတိုင်းပဲ ရန်ကုန်ကိုတစ်ကယ်ရောက်လာလေ၏။
ကဗျည်းကတော့သိပ်မကြည်ပါ။
ပိုင်စိုးကသူ့အစ်မအပေါ်မရိုးသားဘူးဆိုတာသူသိနေတာကြောင့်ပင်။
''ကျွန်တော်လာလို့ အန်ကယ်တို့အန်တီတို့ စိတ်အနှောက်အယှက်မဖြစ်ဘူးမလားဗျ''
''ဘာလို့ဖြစ်ရမှာလဲကွာ...အန်ကယ်တို့ကမင်းကိုကြိုဆိုပါတယ်...ဒီမှာပျော်သလောက်သာနေ ဟုတ်ပြီလား''
''ကျေးဇူးတင်ပါတယ်အန်ကယ်''
''မင်းလာမယ်လို့သမီးကပြောထားတော့ မင်းအတွက်အန်တီအခန်းပြင်ပေးထားတယ်...မင်းနားတော့မလားမောင်ပိုင်စိုး''
''ရပါတယ်အန်တီ...ကျွန်တော်အသွင်နဲ့စကားလေးပြောချင်သေးတယ်''
''ကျွန်တော့်အစ်မနဲ့ဘာပြောမှာလဲ''
ကဗျည်းကဘောက်ဆတ်ဆတ်နဲ့မေးတော့ အသွင်,ကိုပိုင်စိုးကိုအားနာသွားရလေသည်။
''ကဗျည်း...နင်အသာနေစမ်း...လာကိုပိုင်စိုး အသွင်တို့ခြံထဲဆင်းပြောရအောင်''
အသွင် သူ့ကိုအိမ်ထဲကနေခြံထဲကိုခေါ်ထုတ်လာခဲ့လိုက်၏။
အပြင်ရောက်တော့ပိုင်စိုးက...
''အသွင့်မောင်လေးကကျွန်တော်လာတာကိုမကြိုက်ပုံပဲ''
''သူကအဲတိုင်းပဲ...တစ်ကယ်ကအသွင့်ကိုအူတိုတာ...သူကကိုပိုင်စိုးကိုမှမဟုတ်ဘူး အသွင့်နားကပ်လာတဲ့ယောကျ်ားလေးမှန်သမျှကိုသူကမကြည်ဘူး အသွင့်ကိုလည်းဘယ်ယောကျ်ားလေးနဲ့မှမပတ်သက်စေချင်ဘူးလေ...ဘယ်သူကပ်တာမှလည်းမကြိုက်ဘူး''
''ဪ အဲလိုလား...အကယ်၍ ကျွန်တော်သာအသွင့်ကိုချစ်ရေးဆိုရင် သူကျွန်တော့်ကိုသ.တ်လောက်မှာပေါ့''
''ရှင်...''
''ပြင်ဦးလွင်ကနေရန်ကုန်အထိရောက်လာတာက အသွင့်ကိုလွမ်းတဲ့စိတ်တစ်ခုတည်းနဲ့ပါ...ကျွန်တော်အသွင့်ကိုချစ်တယ်''
အသွင်လည်းသူ့ကိုကျောပေးလိုက်ပြီး ကိုယ့်လက်လေးကိုပြန်ဆုပ်ကိုင်ထားလိုက်မိ၏။
''ကျွန်တော်ကအခွင့်အရေးသမားမဟုတ်သလို လူကိုတွေ့တာနဲ့အခုလိုတွေပြောလို့လည်းကျွန်တော့်ကိုအထင်မသေးစေချင်ဘူး...ပြင်ဦးလွင်မှာတုန်းက ပန်းခင်းထဲမှာလမ်းလျှောက်ပြီးပန်းပွင့်လေးတွေကိုသဘောတကျထိတွေ့နေတဲ့အမျိုးသမီးလေးကို ဘယ်သူဘယ်ဝါလဲမသိခင်ကတည်းကသဘောကျခဲ့မိတာပါ...ကျွန်တော်မဝံ့မရဲဖြစ်ခဲ့လို့သာ အသွင့်ကိုလက်လွှတ်လိုက်ရသလိုဖြစ်ခဲ့ရတာ''
''......''
''အခုသတ္တိတွေမွေးပြီးပြောရတာမို့ အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော့်ကိုစဥ်းစားပေးပါလားဗျာ''
''......''
''အသွင်''
''ဟို...အသွင်စဥ်းစားပေးပါမယ်''
အသွင်ထိုသို့သာပြောလိုက်ပေမယ့် အခုလိုရည်းစားစကားအပြောခံရတဲ့အပေါ်မှာ မည်သို့သောစိတ်ရှုပ်ရှားမှုမှမရှိနေ။
အဲဒါအသွင်သူ့ကိုမချစ်လို့ပဲမလား။
ဒါမှမဟုတ် အခုမှအစမို့စိတ်ထဲမရောက်သေးတာလား။
ရုတ်တရက်ကြီး တုနှိုင်းမြတ်ရဲ့မျက်နှာကိုမြင်ယောင်လာရတော့ အသွင်မျက်လုံးကိုစုံမှိတ်ထားလိုက်မိသည်။
ဒီလူကိုကရောဘာလို့မြင်ယောင်နေပြန်ရတာလဲ။
အသွင့်စိတ်တွေကတစ်ကယ်ပဲဘာဖြစ်နေတာလဲ။
<<<
ကိုပိုင်စိုးရောက်လာပြီးကတည်းက သူ့ကိုမြို့အနှံ့လျှောက်လည်ပေးနေတာနဲ့တင် အသွင်အိပ်ကပ်ရတယ်လို့မရှိပါ။
ပြီးတော့ကိုပိုင်စိုးကလူကောင်းတစ်ယောက်ဖြစ်ပြီး သူမကိုကြံတိုင်းအခွင့်အရေးယူတတ်သူတော့မဟုတ်ပေ။
ဒါကြောင့် အသွင့်အနေနဲ့သူ့ကိုလက်ခံချင်ရင်တောင်မှရတဲ့အနေအထားမှာရှိနေသည်။
''အသွင်...ကျွန်တော်မကြာခင်ပြင်ဦးလွင်ကိုပြန်ရတော့မှာ...ကျွန်တော်မပြန်ခင်မှာပျော်သွားလို့ရနိုင်မလား''
''ကိုပိုင်စိုးကဘယ်တော့ပြန်မှာလဲ''
''သန်ဘက်ခါကျရင်ပြန်မှာ''
''ဟုတ်လား...အသွင်တော့ပျင်းနေတော့မှာပဲ''
''အသွင်...ကျွန်တော်ပြောတာကိုတစ်ခုခုပြန်ပြောဦးလေ...ဒါမှမဟုတ် ကျွန်တော်ချစ်တာကိုမယုံနိုင်သေးတာလား''
''အသွင်ယုံပါတယ်...ဒီလိုလုပ်လေ မနက်ဖြန်ကျရင်အသွင်ပြောပါ့မယ်...ဒီနေ့တစ်နေ့ထပ်စဥ်းစားလိုက်ဦးမယ်လေ နော်''
''ဟုတ်ပါပြီဗျာ...မနက်ဖြန်ကိုရင်ခုန်စွာစောင့်နေပါ့မယ်''
အသွင် ပြုံးရိပ်သမ်းနေသောမျက်နှာလေးနဲ့သူမရှေ့ကအအေးခွက်ကိုယူသောက်လိုက်တော့သည်။
အသွင်တို့မသိလိုက်တာက သူမတို့နဲ့ကပ်လျက်ကဝိုင်းမှာ အနှိုင်းကသူမတို့ကိုကျောပေးထိုင်ရင်း သူမတို့ပြောနေတဲ့စကားတွေကိုအံတကြိတ်ကြိတ်နဲ့နားထောင်နေခဲ့တယ်ဆိုတာပင်။
ညရောက်သော်.....
🎶🎶တိတ်တိတ်လေးငေးကြည့်ပြီးကျွန်မရင်ခွင်ထဲ...တိတ်တိတ်လေးတွေးကြည့်ပြီးလှိုက်ရင်ဖိုခဲ့...သူ့တစ်ယောက်အတွက် မြတ်နိုးနှောင်တွယ်...🎶🎶
ညသန်းခေါင်ကြီးကျယ်လောင်စွာထွက်ပေါ်လာသောringtoneသံကြောင့် အသွင်အိပ်ရာကလန့်နိုးလာရပြီး စားပွဲပေါ်ကဖုန်းကိုလှမ်းယူလိုက်၏။
ဖုန်းscreenကိုပြူးပြဲကြည့်လိုက်တော့ အနှိုင်းဆိုသောနာမည်ကြောင့် အသွင့်မျက်ခုံးလေးတွန့်ချိုးသွားခဲ့ရလေသည်။
သူ့ဖုန်းနံပါတ်ကသူမထဲဘာလို့ရောက်နေရတာလဲ။
''ဟဲလို...''
''အိပ်ရေးပျက်သွားလား''
''ဒါပေါ့...ဒီအချိန်ကြီးဘာလို့ဖုန်းဆက်တာလဲ''
''ငါ့ကိုခဏထွက်တွေ့လှည့်''
''မတွေ့နိုင်ပါဘူး''
''ခဏလေးပါ''
''ဆောရီးပဲ...ကျွန်မဖုန်းချလိုက်တော့မယ်''
''နင်မလာရင်...''
သူ့စကားကြောင့် အသွင်ဖုန်းချဖို့ကြံနေရာမှ ဖုန်းကိုနားမှာပြန်ကပ်လိုက်သည်။
''ငါတို့အကြောင်းကိုနင့်မိဘတွေကိုပြောလိုက်မှာ''
''ဘာအကြောင်းလဲ''
''နင်နဲ့ငါနဲ့အတူအိပ်ခဲ့တဲ့အကြောင်းလေ''
''ဘာပြောတယ်!...ရှင်တော်တော်ယုတ်မာတဲ့သူပဲ''
''ငါအပြင်မှာစောင့်နေမယ်''
ပြောပြီး သူကဖုန်းချသွားလေ၏။
အသွင်လည်းလက်ထဲကဖုန်းကိုအိပ်ရာပေါ်ချခဲ့ပြီး အခန်းထဲကနေထွက်လာခဲ့လိုက်တော့သည်။
အနှိုင်း ခြံပေါက်ဝနေပြီး အိမ်တံခါးကိုလှမ်းကြည့်နေတုန်း အသွင်ကညဝတ်ဂါဝန်ပါးလေးနဲ့ အိမ်ထဲကနေထွက်လာခဲ့လေ၏။
သူနဲ့နီးကပ်လာလေ စိတ်ဆိုးဒေါသထွက်နေတဲ့ရုပ်လေးကထင်ရှားလာသည်ဖြစ်ရာ အသွင်ကသူ့ကိုတွေ့တာနဲ့တစ်ခုခုလုပ်တော့မယ်ဆိုတာသူသိနေပါသည်။
အသွင်လည်းသူ့ကိုအရမ်းစိတ်ဆိုးနေတာမို့ ခြံတံခါးပေါက်အသေးလေးကိုသော့အမြန်ဖွင့်ပြီး ခြံထဲကနေထွက်ကာ တုနှိုင်းမြတ်ရဲ့ပါးကိုဖြတ်ရို.က်ပစ်လိုက်တော့၏။
''လူယုတ်မာကောင်''
သူကဒီလောက်အရို.က်ခံရတာတောင်မှမဖြုံတဲ့ပုံနဲ့ပြုံးထေ့ထေ့လုပ်နေ၍ အသွင်သူ့ကိုထပ်ရို.က်မယ်လုပ်တော့ သူကအသွင့်လက်ဖဝါးလေးကိုဖမ်းဆုပ်ပြီး လူကိုပါခါးကနေအတင်းဆွဲဖက်လာပါတော့သည်။
''ရှင်ဘာလုပ်တာလဲမုဒိမ်းကောင်''
''ဘာ!''
''ဟုတ်တယ်လေ...ရှင်ပြောသလိုတစ်ကယ်ဖြစ်ခဲ့ရင်တောင်မှ ကျွန်မဘက်ကရှင့်ကိုအလိုတူခဲ့တာမဖြစ်နိုင်လောက်ဘူး...ရှင်ကျွန်မကိုမုဒိမ်းကျင့်ခဲ့တာပဲဖြစ်မှာ လူယုတ်မာကောင်...ရှင်ကျွန်မကိုလွှတ်!...ကျွန်မအော်လိုက်မှာ''
''အော်လေ...နင့်မိဘတွေထွက်လာတာနဲ့ နင်ကငါ့မိန်းမဖြစ်ပြီပဲ''
''ရှင်ကတော်တော်အကြံပက်စက်တဲ့သူပဲ...ရှင့်ကိုကျွန်မအရမ်းမုန်းတယ်သိလား''
''မကြာခင်အဲလိုပြောနိုင်မှာမဟုတ်တော့ဘူး''
''!!!''
အသွင်သူ့ကိုကြောင်ကြည့်နေတုန်းမှာပဲ သူကအသွင့်နှာခေါင်းကိုလက်ကိုင်ပုဝါတစ်ခုနဲ့အုပ်လိုက်တော့၏။
လျှပ်တစ်ပြက်မို့အသွင်ရှောင်ချိန်ရောအော်ချိန်ပါမရလိုက်ပေ။
ထို့နောက် အသွင်ရီဝေဝေနဲ့အားအင်ချိနဲ့သွားခဲ့ရပြီး သူကအသွင့်ကိုကားထဲထည့်လိုက်တာကိုသိတာတောင်မှအော်လို့မရ ရုန်းလို့မရခဲ့ပါချေ။
<<<
C.16ဆက်ရန်။