Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.14


အသွင့်ရဲ့ခေါင်းထဲမှာ တစ်ယောက်သောသူရဲ့ပုံရိပ်တွေနဲ့အမှတ်တရတွေက တစ်ခုချင်းပြန်ပေါ်လာလေ၏။


ပြီးတော့ထိုပုံရိပ်တွေက ခဲဖျက်နဲ့ဖျက်ပစ်လိုက်သလိုမျိုး သူမအတွေးအာရုံထဲကနေတစ်ခုချင်းပျောက်ပျက်သွားခဲ့ပါတော့သည်။


''သမီး...သမီးလေး''


''မမ''


နားထဲမှာပဲ့တင်ထပ်ကာကြားယောင်နေတဲ့အသံတွေကြောင့် အသွင်မျက်လုံးလေးကိုခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်။


သူမမြင်လိုက်ရတာက သူမမိဘတွေရယ် ပြီးတော့သူမမောင်ရယ် မအေးမွန်တို့လင်မယားရယ် အမည်မသိအမျိုးသားတစ်ယောက်ရယ်။


''ဖေဖေ...မေမေ''


''သမီးသတိရလာပြီ...မေမေအရမ်းစိတ်ပူလိုက်ရတာသမီးရယ်...သမီးသတိမေ့နေတာတစ်ရက်ကျော်ပြီ''


''နင်ဘယ်လိုဖြစ်ရတာလဲမမရာ...အိမ်ပြန်ချင်တာကိုငါ့ကိုခေါ်ပေါ့...ဘာလို့အခုလိုကိုယ့်သဘောနဲ့ကိုယ်ပြန်လာရတာလဲ''


''ငါတောင်းပန်ပါတယ်...ဒါနဲ့ ကိုပိုင်စိုးဘာဖြစ်သွားသေးလဲ''


''သူဘာမှမဖြစ်ဘူးသမီး...သူကသတိတောင်ရနေပြီ''


''တော်ပါသေးရဲ့''


အနှိုင်း,အသွင့်ဘေးမှာသွားရပ်လိုက်ပြီးမှ...


''ငါနင့်ကိုအရမ်းစိုးရိမ်နေခဲ့တာအသွင်ရဲ့...နင်ဘာမှမဖြစ်ဘူးဆိုတော့တော်သေးတာပေါ့''


ဟု သူမကလက်ဖမိုးလေးကိုဆုပ်ကိုင်ကာပြောတော့ အသွင်ကသူ့ကိုစူးစမ်းသလိုကြည့်ပြီမှ သူမလက်ကလေးကိုပြန်ရုတ်ပစ်လိုက်လေ၏။


''ရှင်က ဘယ်သူလဲ''


''ဟမ်!...နင်ဘာ​​တွေနောက်​နေတာလဲအသွင်''


''ဘာကို​နောက်ရမှာလဲ ကျွန်မရှင့်ကိုတစ်ကယ်မသိဘူး...ရှင်ဘယ်သူလဲ...ဖေဖေ သူကဘယ်သူလဲ ဖေဖေ့အသိလား''


မော်ကွန်းနဲ့​ဖယောင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။


အနှိုင်းကလည်း တစ်ခုခုကိုစိုးရိမ်နေပုံနဲ့ သူဘယ်သူပါဆိုတာကိုအသွင့်အားအတင်းရှင်းပြလာပါတော့သည်။


''အသွင်...ငါလေ ငါအနှိုင်းလေ...တုနှိုင်းမြတ်လေဟာ...နင်နဲ့ဆယ်နှစ်ကျော်ခင်လာတဲ့ငါ့ကိုမမှတ်မိဘူးဆိုတာမဖြစ်နိုင်ဘူး...တွေ့တာတစ်လတောင်မကြာသေးတဲ့ကောင်ကိုတောင်မှမှတ်မိသေးတာပဲ...နင်ငါ့ကိုလာစမနေပါနဲ့အသွင်ရာ...နင်ငါ့ကိုစိတ်ဆိုးပြီး အခုလိုနောက်နေတာမလား''


''ကျွန်မရှင့်ကိုမနောက်ပါဘူး...ကျွန်မရှင့်ကိုတစ်ကယ်မသိတာပါကိုတုနှိုင်းမြတ်...လူရောနာမည်ရော အခုမှမြင်ဖူးကြားဖူးတာ''


မအေးမွန်က...


''အသွင်...အစ်မကိုမှတ်မိလား''


ဟုသိလိုစောနဲ့မေးလာ၏။


''မှတ်မိတာပေါ့အစ်မရယ်...အစ်မကိုရော ကိုစိုးကိုရောမှတ်မိတယ်''


''ဒါဆိုသမီး...အတာ့ကိုရော''


''သူ့ကိုရောဉာဏ်လင်းကိုရောမှတ်မိတယ်...မေမေတို့ကအသွင်အတိတ်မေ့သွားပြီထင်နေတာလား...အသွင်ဘာမှမဖြစ်ပါဘူး...အကောင်းအတိုင်းပဲ အားလုံးမှတ်မိတယ်''


အနှိုင်း မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ရသည်။

အသွင်ကသူ့ကိုမမှတ်မိဘူးတဲ့။သူ့တစ်ယောက်တည်းကိုပဲမမှတ်မိတာတဲ့။


သူမမျက်လုံးတွေကလည်း ညာနေတဲ့အရိပ်အယောင်မတွေ့ရတော့ သူမတစ်ကယ်ပဲသူ့ကိုမေ့ပစ်လိုက်ပြီထင်တယ်။


သူ့ကြောင့်နာကျင်ခဲ့တာတွေကို မသိစိတ်ထဲကနေစိတ်နာသွားပြီး သူ့ကိုမေ့ပစ်လိုက်တာ။


အသွင်ကသူ့ကိုအရမ်းနာကျည်းသွားရှာတာပဲ။


<<<


''လာသမီး...ဖြည်းဖြည်းထိုင်''


မေမေကသူမကိုအိမ်ထဲထိတွဲခေါ်လာပြီး ဆိုဖာမှာထိုင်စေလေ၏။


သူမဆေးရုံကဆင်းသည်နှင့် ရန်ကုန်ကိုချက်ချင်းပဲပြန်လာခဲ့ကြတာပင်။


''မမ...နင်အခန်းထဲသွားနားမလား''


''ရပါတယ်...ငါဘာမှမဖြစ်တော့ပါဘူး''


''ဒါနဲ့သမီး...သမီးတစ်ကယ်ပဲအနှိုင်းကိုမမှတ်မိဘူးလား''


''ဟုတ်မေမေ...အသွင်သူ့ကိုမသိဘူး''


ဖယောင်းဘာမှဆက်မပြောသာတော့ပေ။


''ကဲပါ...အဲဒါတွေမပြောနဲ့တော့...သမီးဒီမှာနေခဲ့ဦး...မေမေသမီးအတွက်စားစရာတစ်ခုခုသွားစီစဥ်လိုက်ဦးမယ်''


''ဟုတ်ကဲ့''


တစ်ဖက်မှာတော့အနှိုင်းတစ်ယောက် သူ့အိမ်ကိုပြန်ရောက်သည်နှင့် သူ့အမေဆီမပြေးရုံတမယ်သွားကာ ဖက်ငိုမိပါတော့သည်။


''မေမေ...အသွင်ကလေ...အသွင်ကကျွန်တော့်ကိုမမှတ်မိဘူးတဲ့...ကျွန်တော့်ကိုပဲမမှတ်မိတော့တာမေမေ''


''မေမေသိသင့်သလောက်သိပြီးပါပြီ...ဒါခဏလေးပဲနေမှာပါ...မကြာခင်မှာသမီးအသွင်လည်းသားကိုပြန်မှတ်မိလာမှာပါ''


သူ့အမေဘယ်လိုပဲနှစ်သိမ့်နေပါစေ။သူလုံးဝစိတ်မပြေနိုင်ခဲ့ပါ။


သူ့ရင်ထဲမှာအရမ်းနာနေတယ်။


အသွင့်ကိုသူဆုံးရှုံးလိုက်ရသလိုခံစားနေရတယ်။


ပြီးတော့ သူအခုမှရှင်းရှင်းလင်းလင်းသိသွားတာက သူအသွင့်ကိုချစ်မိနေခဲ့တယ်။


သူသိတဲ့အချိန်မှာအရာအားလုံးကနောက်ကျသွားခဲ့ပါပြီ။


<<<


အသွင့်ရဲ့သတင်းကိုကြားတော့ အတာနဲ့ဉာဏ်လင်းတို့ အသွင့်ဆီသို့ရောက်လာလေ၏။


''မသေကောင်းမပျောက်ကောင်းပဲအသွင်ရယ်...ငါကဖြင့်ပြင်ဦးလွင်ကိုလိုက်လာတော့မလို့''


''ဘာအတွက်လဲ''


''နင့်ကိုတောင်းပန်မလို့လေ''


''အမ်!...ဘာလို့တောင်းပန်မှာလဲဟဲ့''


အသွင်ကထိုသို့မေးတော့ အတာပါကြောင်အမ်းအမ်းဖြစ်သွားရသည်။


ထိုစဥ် အန်တီဖယောင်းကအနားရောက်လာပြီးမှ...


''သမီးကအနှိုင်းကိုမသိတော့ဘူးအတာ''


''ရှင်...တစ်ကယ်လားအသွင်''


အသွင်ကခေါင်းညိတ်ပြလာ၏။


''နင်နဲ့ဉာဏ်လင်းတို့ခိုးပြေးသွားတာတော့သိတယ်...အဲဒါ ဘယ်ကနေဘယ်လိုခိုးပြေးသွားတာလဲဟင်''


အတာ အန်တီဖယောင်းကိုကြည့်လိုက်တော့ အန်တီကအလိုက်တသိနဲ့ပဲနေရာကနေရှောင်ထွက်သွားပေးလေသည်။


''နင်တစ်ကယ်အနှိုင်းကိုမမှတ်မိတာလားအသွင်...ဒါမှမဟုတ် နင်တမင်ဉာဏ်ဆင်ထားတာလား''


''ငါတစ်ကယ်မမှတ်မိတာ...ငါ့စိတ်ထဲမှာတော့ ငါတို့ခင်မင်မှုကြားမှာလစ်ဟာနေတာတစ်ခုခုတော့ရှိနေသလိုပဲ...ပြီးတော့ငါဘယ်လိုအတွေး ဘယ်လိုစိတ်ကူးနဲ့များပြင်ဦးလွင်ကိုသွားလိုက်တာလဲ အဲ့ကနေပြန်လာချင်စိတ်ကရောဘာကြောင့်ဖြစ်လာသလဲဆိုတာတစ်ကယ်မသိဘူး...ငါအဲဲဒါကိုတွေးလိုက်ရင် ခေါင်းထဲမှာတဆစ်ဆစ်နဲ့ပဲအတာ''


အတာကသူမလက်ကိုလာကိုင်ပြီးမှ...


''ငါပြောပြမယ်သေချာနားထောင်''


ဟုအစချီကာ သူမတို့သူငယ်ချင်းသုံးယောက်ကြားကအကြောင်းတွေကိုပြောပြလာပါတော့သည်။


''အဲလိုပြဿနာဖြစ်ပြီး နင်ကပြင်ဦးလွင်ကိုထွက်သွားလိုက်တာပဲ''


''ဟုတ်လို့လား...ငါမယုံပါဘူး''


''ဟော်တော်...တစ်ကယ်ပါဆို ပြီးတော့အနှိုင်းကနင့်crushလေ''


''အဲဒါပိုတောင်မဖြစ်နိုင်သေးတယ်...ငါကသူ့မျက်နှာကိုမြင်တောင်မမြင်ချင်တာကို...ငါသူ့ကိုcrushစရာအကြောင်းမရှိဘူး''


သိချင်လို့ပြောပြတော့လည်းလက်မခံတဲ့အသွင့်ကို အတာကိုင်ဆောင့်ပစ်ချင်စိတ်တွေတဖွားဖွားပေါ်လာရ၏။


ပြီးတော့အနှိုင်းကသူတန်ဖိုးထားရတဲ့သူတွေထဲကတစ်ယောက်လို့ပြောထားတာဘယ်တုန်းကမို့လို့ အခုမျက်နှာပါမမြင်ချင်တော့ဘူးပြောနေရတာလဲ။


အခုဆိုအနှိုင်းရောဘယ်လိုဖြစ်နေမှာပါလိမ့်။


<<<


အသွင့်ဆီကပြန်လာတော့ အတာလည်းအနှိုင်းဆီကိုရောက်လာ၏။


သူမကိုမြင်တော့ အနှိုင်းကအမြင်မကြည်တဲ့မျက်နှာနဲ့ပဲသူမဆီက​နေအကြည့်လွှဲထားလေသည်။

အနှိုင်းကသူမကိုအရမ်းမုန်းနေရှာပုံပဲ။


''အနှိုင်း...ငါနင့်ကိုတောင်းပန်ပါတယ်...ငါ့ကိုခွင့်လွှတ်ပေးပါနော်''


''အပိုတွေပြောမနေစမ်းပါနဲ့...နင်သွားတော့တွယ်တာကို''


''ငါသွားမှာပါ...ဒါပေမယ့်လည်း ငါနင့်ကိုမေးချင်တာတွေရှိသေးတယ်''


''......''


''နင်နဲ့အသွင့်ကြားမှာဘာတွေဖြစ်ခဲ့တာလဲ...အသွင်ကနင့်ကိုအရမ်းချစ်တာ...သူနင့်ကိုမေ့ပစ်စရာအကြောင်းမရှိဘူး''


''ဘာ!...နင် နင်အခုဘာပြောလိုက်တယ်''


အနှိုင်းကသူမကိုတအံ့တသြနဲ့ပြန်မေးလာ၏။


''ဟုတ်တယ်...အသွင်ကနင့်ကိုချစ်နေခဲ့တာအနှိုင်း...နင်ကသူတန်ဖိုးထားရတဲ့သူတွေထဲကတစ်ယောက်တဲ့...ငါ့ကိုကူညီခဲ့တာကလည်း အသွင်ကနင့်ကိုထိခိုက်စေချင်တဲ့စိတ်နဲ့မဟုတ်ပါဘူး...သူကနင်ထိခိုက်မှာအရမ်းကြောက်ခဲ့တာ''


သူပြောစရာစကားတွေပျောက်ရှသွားခဲ့ရလေ၏။


ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုနာကျင်အောင်အမျိုးမျိုးလုပ်ခဲ့တဲ့အတွက် အသွင့်အနေနဲ့အရမ်းစိတ်ထိခိုက်နာကျင်ခဲ့ရမှာပဲ။


သူ့ကိုချစ်နေလို့ သူ​အနိုင်ယူသမျှသည်းခံခဲ့တဲ့အသွင့်ကို သူကကောင်းကောင်းကြီးအနိုင်ကျင့်ခဲ့ပြီး စကားလုံးတွေနဲ့နှိပ်စက်ခဲ့မိတယ်။


အသွင်ကစိတ်နာတာတွေစုပြုံပြီး သူမအသိဉာဏ်ထဲကနေသူ့ကိုဖယ်ထုတ်ပစ်ခဲ့တာပဲ။


<<<


C.15ဆက်ရန်။

Report Page