Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.10


အသွင်သတိပြန်ရလာတော့ သူမကအနှိုင်းအခန်းထဲကအိပ်ရာပေါ်မှာရောက်နေသည်ပင်။


သူမရဲ့ဖန်ကွဲစရှထားတဲ့လက်ကလည်း အနာကပ်ပလာစတာကပ်ထားပြီမို့ အနှိုင်းကပ်ပေးထားတာမှန်းသိလိုက်၏။


''သတိရပြီလား''


အသံလာရာကိုလှည့်ကြည့်လိုက်တော့ အနှိုင်းကခုံတစ်လုံးမှာထိုင်ပြီးသူမကိုကြည့်နေတာကိုတွေ့လိုက်ရလေသည်။


အသွင်လည်းအိပ်ရာကထထိုင်လိုက်ပြီး ပြေကျလာသောဆံနွယ်တွေအားလက်နဲ့သပ်ကာကုတင်ပေါ်ကနေဆင်းလိုက်လေ၏။


''နင်ဘယ်လိုနေသေးလဲ''


''ဘာမှမဖြစ်ပါဘူး''


အသွင်ကသူ့ကိုပါမကြည့်တော့တာမို့ အနှိုင်းစိတ်ထဲမှာစနိုးစနောင့်နဲ့ပါပဲ။


''နင်ငါ့ကိုကြည့်''


အသွင်ကသူ့ကိုအရေးမလုပ်ဘဲ ကုတင်ပေါ်ကနေဆင်းသွားပြီး အခန်းတံခါးဆီဦးတည်နေတာမို့ သူထိုင်ရာကနေထ၍သူမလက်ကောက်ဝတ်လေးကိုဆောင့်ဆွဲလိုက်ရာ အသွင့်ကိုယ်လေးကသူ့ထံသို့ပစ်ကျလာလေသည်။


''နင်ငါ့ကိုလွှတ်''


အနှိုင်းကကျန်နေတဲ့လက်တစ်ဖက်နဲ့ သူမပါးလေးနှစ်ဖက်ကိုဖိညှစ်၍ သူ့မျက်နှာကိုစေ့စေ့ကြည့်စေ၏။


''နင်ငါ့ကိုအရေးမလုပ်သလိုမလုပ်နဲ့အသွင်''


အသွင်ကသူ့လက်ကိုမရမကဖယ်ချပစ်ပြီးမှ...


''နင်ကရော...ဘာလို့ပန်းအိုးကိုခွဲပစ်တာလဲ...အဲဒါဆိုအစကတည်းကငါ့ကိုမခိုင်းနဲ့လေ...နင်ငါ့ကိုမုန်းတာငါသိပါတယ်အနှိုင်းရယ်...ဒါပေမယ့်လည်း ငါ့အပေါ်မှာအခုလောက်ထိလုပ်ဖို့မကောင်းဘူး...ငါ့ကိုမုန်းရင် ငါနဲ့မပတ်သက်ဘဲနေလိုက်''


သူပြောချင်ရာပြောပြီးတာနဲ့ အသွင်ကမျက်ရည်စက်လက်နဲ့ပဲသူ့အခန်းထဲကထွက်သွားပါတော့သည်။


ထိုအခါမှအနှိုင်းလည်းကုတင်မှာဝင်ထိုင်လိုက်၏။

အသွင်ငိုနေတာမြင်တော့ သူ့ရင်ထဲမှာမကောင်းပေ။


အသွင်သည်လည်းအခန်းထဲမှာညလုံးပေါက်သည်ထိငိုခဲ့မိလေသည်။

ဒီလောက်ငိုနေတာတောင်မှ မျက်ရည်ကမကုန်နိုင်။


အနှိုင်းကအရင်ကအနှိုင်းမဟုတ်တော့ဘူး။


<<<


နောက်နေ့...


သူ,မနက်စာစားပြီးသည်ထိအသွင်ကအခန်းထဲကထွက်မလာ၍ အနှိုင်းတစ်​ယောက်သူမအခန်းရှေ့သို့ရောက်လာခဲ့လေ၏။


သို့သော် တံခါးခေါက်ဖို့တွန့်ဆုတ်နေမိပြန်သည်။


''ငါကဘာလို့သူ့ကိုခခယယခေါ်နေရမှာလဲ...မဟုတ်သေးဘူး သူအဲလိုအခန်းအောင်းနေရင် ငါသူ့ကိုဘယ်လိုပညာပြရမှာလဲ''


သူကိုယ့်ဘာသာရေရွတ်နေတုန်း အသွင့်အခန်းတံခါးကပွင့်သွားပြီး သူမကအခန်းထဲကထွက်လာလေ၏။


''နင်ငါ့အခန်းရှေ့မှာဘာလုပ်နေတာလဲ''


''ဟိုဟာ...ငါ ငါရေချိုးမလို့...ငါ့ကိုရေပူရေအေးစပ်ပေးစမ်းပါ''


''အခုမှအစောကြီးရှိ​သေးတာကို...နေ့လည်မှချိုးပါလား မဟုတ်ရင်အအေးပတ်နေလိမ့်မယ်''


''မရဘူး...ငါကဒါဆိုဒါပဲ ငါအခုရေချိုးမယ်...ငါ့ကိုရေပူရေအေးစပ်ပေး''


''အေးပါ...ငါလုပ်ပေးပါမယ်''


အသွင်ကသူ့ကိုထပ်ပြီးစောဒကတက်မနေဘဲ သူ့ရှေ့ကနေထွက်သွားလေ၏။

သူမကအဲလိုအမြဲငြိမ်ခံ​နေတော့ သူ့အနေနဲ့အားနာသလိုသနားမိသလို​နဲ့။


အသွင်ကအရင်ကတည်းကဒေါသနည်းသူမို့အခုလိုဖြစ်နေတာကိုသူသိပေမယ့် ကိုယ့်အိမ်ပေါ်ထိတက်ပြီးကိုယ့်ကိုအနိုင်ယူ​ဗိိုလ်ကျနေတဲ့သူကိုတော့ အခုလောက်ထိသည်းခံနေစရာမလိုဘူးမလား။


''ကျစ်!''


သူခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း သူမအခန်းရှေ့ကနေထွက်ခဲ့လိုက်ပါတော့သည်။


သူဧည့်ခန်းထဲမှာထိုင်နေတုန်း အသွင်ကရေနွေးဓာတ်ဘူးကိုကိုင်ပြီး သူ့အခန်းထဲဝင်သွား၍ သူလည်းနောက်ကနေလိုက်လာခဲ့လိုက်၏။


သူရောက်သွားတော့ အသွင်ကbathtubထဲကိုရေဖြည့်နေသည်။


''ရတော့မှာလား''


''အင်း''


bathtubထဲရေတစ်ဝက်လောက်ရောက်တော့ အနှိုင်းကနံရံမှာချိတ်ထားတဲ့ရေပိုက်ကိုယူ၍ အသွင်လန့်သွားအောင်ရေနဲ့ပက်လိုက်လေ၏။


''အမေ့!''


အသွင်လည်းရေအေးတွေနဲ့ထိတွေ့လိုက်ရတာကြောင့်လူကလန့်ဖျန့်ပြီးထိုင်ရာမှထလိုက်ရာ ကြမ်းပြင်ကရေတွေနဲ့ခြေချော်ပြီး သူမကိုယ်လေးကနောက်ကbathtubထဲသို့ပြုတ်ကျသွားပါတော့သည်။


''ဟာ...အသွင်''


အနှိုင်း သူ့လက်ထဲကရေပိုက်ကိုလွှတ်ချ၍ အသွင့်အားရေထဲကနေအမြန်ဆွဲခေါ်လိုက်၏။

သူက သူမ,လန့်သွားရုံလောက်သာရည်ရွယ်ခဲ့ပြီး အခုလောက်ထိဖြစ်သွားမယ်လို့မထင်ထားမိတာပါ။


''အသွင်...ငါတောင်းပန်တယ်...ငါအခုလောက်ထိဖြစ်ဖို့မရည်ရွယ်ခဲ့ဘူး''


အသွင်က​တော့သူ့စကားကိုမယုံကြည်နိုင်ပေ။

ဒါသူတမင်လုပ်တာ သူမကိုမုန်းနေလို့တမင်လုပ်တာလို့ပဲစိတ်ထဲမှာတစ်ထစ်ချတွေးထင်ပြီး တစ်ယောက်တည်းကြိတ်နာကျင်ခဲ့ရလေသည်။


<<<


အနှိုင်းရဲ့ကောင်းမှုကြောင့် အသွင်ဖျားယူသွားရသည်ထိပါပဲ။


သူမနေမကောင်းဘူးဆိုတဲ့သတင်းကြောင့် ပိုင်စိုးကဆရာဝန်ပင့်ပြီးသူမထံသို့ရောက်လာလေ၏။

ဆရာဝန်ကသူမကိုစစ်ဆေးပေးပြီး ဆေးတစ်လုံးထိုးပေးကာ သောက်ဆေးပါပေးခဲ့သည်။


''အသွင်...သက်သာရဲ့လား''


''ဟုတ်ကိုပိုင်စိုး...နည်းနည်းတော့သက်သာပါတယ်...ဆရာဝန်ခေါ်လာပေးလို့ကျေးဇူးတင်ပါတယ်''


''ကိစ္စမရှိပါဘူး...အခုဆရာဝန်ပေးတဲ့ဆေးတွေကိုသေချာသောက်နော် ဒါမှသက်သာမှာအသွင်ရဲ့''


''ဟုတ်ကဲ့ပါ''


ထိုစဥ် မအေးမွန်ကဆန်ပြုတ်ပန်းကန်ကိုကိုင်၍ သူမအခန်းထဲသို့ဝင်လာလေ၏။


''အသွင်...ဆန်ပြုတ်လေးသောက်လိုက်ဦး...အဲဒါမှဆေးသောက်လို့ရမှာ''


''ဟုတ်ကဲ့မအေးမွန်...အဲ့စားပွဲပေါ်မှာပဲတင်ထားခဲ့လိုက်နော်''


''အင်းအင်း''


မအေးမွန်ကဆန်ပြုတ်ပန်းကန်ကိုစားပွဲပေါ်တင်ခဲ့ပြီး အခန်းထဲကပြန်ထွက်သွားပါတော့သည်။

ထိုအခါမှပိုင်စိုးက...


''ကျွန်တော်ခွံ့ရမလား''


ဟုမေးလာ၏။


''ရပါတယ်...အသွင်ကိုယ့်ဘာသာသောက်လိုက်မယ်''


''ကျွန်တော်ခွံ့ပေးပါမယ်...နော်အသွင်''


အသွင်အားတုံ့အားနာနဲ့ပဲခေါင်းညိတ်ပြလိုက်တော့ပိုင်စိုးကဆန်ပြုတ်ပန်းကန်ကိုဆွဲယူ၍ ဇွန်းတစ်ဝက်လောက်ကိုခပ်ကာအပူသက်သာအောင်အနည်းငယ်မှုတ်ပြီး သူမနှုတ်ခမ်းနားသို့တေ့ပေးလာခဲ့လေသည်။


ထိုမြင်ကွင်းကိုတံခါးကြားကနေချောင်းကြည့်နေတဲ့အနှိုင်းခမျာ တစ်ခုခုကိုမြိုချထားရသလို လည်ချောင်းထဲမှာတစ်ဆို့ကြီးခံစားခဲ့ရလေ၏။


သူဒီလိုမြင်ကွင်းမျိုးကိုတစ်ကယ်မမြင်ချင်ဘူး။


<<<


C.11ဆက်ရန်။

Report Page