Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.6
သမီးဖြစ်သူရဲ့သတင်းကိုကြားလိုက်ရတဲ့မိဘများမှာလည်း ဒေါသတွေထွက်ပြီးကိုယ့်ရင်ဘတ်ကိုတင်းပုတ်နဲ့ထုရင်တောင်မှပိုပြီးမနာနိုင်တော့တဲ့အခြေအနေပင်။
''ငါထင်တယ်...ငါထင်တယ် အဲဒါကြောင့်ဒင်းကိုအပြည့်အဝမယုံနိုင်ခဲ့တာ...အခုသတိလေးလွတ်သွားတာနဲ့ခွေးဇာတ်ခင်းသွားပြီ''
''မင်းငါ့ကိုဒီကိစ္စကိုအစကတည်းပြောသင့်တာခင်ဦး...အဲဒါဆိုဒီကောင်မကိုငါအခန်းထဲမှာသော့ပိတ်ထားခဲ့မှာ''
ဦးသက်နောင်နဲ့ဒေါ်ခင်ဦးကသူ့ကိုရှေ့ထားပြီးပြောဆိုနေကြတော့ တုနှိုင်းမြတ်အနေနဲ့နေရခက်လှသည်။
''ကျွန်တော်တောင်းပန်ပါတယ်အန်ကယ်နဲ့အန်တီ...တစ်ကယ်ဆို ကျွန်တော်သူ့ကိုမကူညီခဲ့သင့်ဘူး''
''တော်ပါတော့တုနှိုင်းမြတ်ရယ်...မင်းသွားပါတော့...မင်းအခုလိုအတွေးမျိုးကို သူ့ကိုမကူညီခင်ကတည်းကတွေးသင့်တာ...အခုမှတော့ဘာမှပြောမနေနဲ့တော့''
သူကအတာ့မိဘတွေကို အတာနဲ့သူကဟန်ဆောင်ရည်းစားလို့ပြောလိုက်တာမို့ လူကြီးတွေအမြင်မှာသူကလူဆိုးကြီး။
''ကျွန်တော်တစ်ကယ်တောင်းပန်ပါတယ်အန်တီ''
သူပြောပြီးသည်နှင့် ထိုအိမ်ထဲကနေထွက်ခဲ့လိုက်တော့၏။
အရင်ကအတူတကွပျော်ရွှင်ခဲ့ကြဖူးတဲ့သူတို့သူငယ်ချင်းသုံးယောက်က အခုတော့ရန်သူကြီးတွေသဖွယ်ဖြစ်သွားပါရောလား။
အတာကတော့သူချစ်တဲ့သူနဲ့ပျော်နေရှာမှာပဲ။
သူနဲ့အသွင်ကသာ...
<<<
အနှိုင်းနဲ့တွေ့ပြီးပြန်လာကတည်းက အသွင်အခန်းအောင်းပြီးငိုနေမိတာအချိန်အတော်ကြာပါပြီ။
အနှိုင်းရဲ့အချစ်ကိုမရရင်တောင်မှ အမုန်းကိုတော့မလိုချင်ခဲ့ပေမယ့် အခုတော့အနှိုင်းရဲ့အမုန်းဆုံးကအသွင်ဖြစ်လာခဲ့ပြီပဲ။
''အဟင့်...ဟင့်...အီးးး...အင့် ဟင့်''
ထိုစဥ် သူမဖုန်းလေးကထမြည်လာ၍ အနှိုင်းများလားဆိုပြီးအသွင်ဝမ်းသာအားရနဲ့ပဲအိပ်ရာကထလိုက်ပြီး ဖုန်းလေးကိုကောက်ကိုင်လိုက်ရာ ဖုန်းဆက်လာသူကအသွင်ထင်ထားသူမဟုတ်ဘဲ ဉာဏ်လင်းရဲ့ဖုန်းဖြစ်နေလေ၏။
''ဟဲလို''
''အသွင်...ငါပါ''
''အတာ''
''နင်အဆင်ပြေရဲ့လားအသွင်''
''အဟင့်...အတာ...အနှိုင်းက...အနှိုင်းကငါ့ကိုမုန်းတယ်တဲ့...ငါ့ကိုပိုမုန်းတာတဲ့အတာရယ်''
အသွင်ကငိုချင်ရဲ့လက်တို့ဆိုသလိုပဲ အတာနဲ့စကားပြောရင်းရှိုက်ကြီးတငင်ထပ်ငိုသည်။
''မငိုပါနဲ့အသွင်...ငါအနှိုင်းကိုရှင်းပြပေးပါမယ်''
''နေပါစေတော့ဟာ...ငါ့အတွက်မလိုတော့ပါဘူး...သူမုန်းလည်းမုန်းပါစေတော့ ငါစိတ်ပိုင်းဖြတ်လိုက်ပြီ...ငါအနှိုင်းနဲ့ဝေးရာမှာပဲနေတော့မယ်''
''နင်ဘာလုပ်မလို့လဲအသွင်''
''ငါပြင်ဦးလွင်ကငါ့အဖိုးငါ့အတွက်ထားခဲ့တဲ့နှင်းဆီခြံမှာသွားနေဖို့စဥ်းစားထားပြီးပြီ''
''အင်းလေ...ကောင်းပါတယ်...နင်အဲမှာစိတ်တည်ငြိမ်တဲ့အထိနေလိုက်ပါ...ငါပြန်လာမှပဲနင့်ကိုပြန်လာတောင်းပန်ပါ့မယ်...ပြီးတော့အနှိုင်းကိုရောပဲ''
''ဒါနဲ့...နင်တို့ကအခုဘယ်မှာလဲ''
''ငါတို့ကအခုပဲခူးမှာပဲရှိသေးတယ်...မကြာခင်တော့ပြန်လာကြမှာပါ''
''နင့်အဖေနဲ့အမေကနင့်ကိုအရမ်းစိတ်ဆိုးနေတယ်''
''ငါထင်ပြီးသားပါ...ဒါပေမယ့်ငါနောင်တမရဘူး...ငါချစ်တဲ့သူနဲ့အတူရှိနေတာမို့လို့ ငါလုပ်ခဲ့မိတာတိုင်းအတွက်ငါကျေနပ်တယ်''
''အေးပါ...နင်အဆင်ပြေရင်ပြီးတာပါပဲ...ဒါပဲနော်အတာ''
''အေးအေး...နောက်မှဆက်သွယ်လိုက်မယ်''
အသွင်ဖုန်းချပြီးသည်နှင့် ကုတင်ပေါ်ကဆင်းကာရေချိုးခန်းထဲဝင်ခဲ့လိုက်၏။
ပြီးတော့မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်လေသည်။
သူမအောက်ထပ်ကိုရောက်တော့ သူမအမေကထမင်းစားခန်းထဲမှာထမင်းပွဲပြင်နေပြီး သူမမောင်ကတော့ဧည့်ခန်းထဲမှာဂိမ်းဆော့နေ၏။
''မေမေ''
''ဪ...သမီး လာလေ...အတာ့သတင်းကိုမေမေကြားတယ်...ဘာတွေဘယ်လိုဖြစ်သွားတာလဲ သမီးရောအလိုတူအလိုပါလား''
အသွင်ဘာမှပြန်မဖြေဘဲ ခပ်သဲ့သဲ့သာပြုံးပြလိုက်လေသည်။
''ဒါနဲ့ဖေဖေရော''
''ရှိပါ့...ခြံထဲမှာစာဖတ်နေတယ်''
''အသွင်ပြောစရာရှိလို့''
''ပြောလေသမီး''
''လူစုံမှပြောချင်တာ''
''ဟုတ်ပြီလေ...ညနေစာစားပြီးမှပြောကြတာပေါ့''
''ဟုတ်''
သူမအမေထမင်းပွဲပြင်ပြီးချိန်မှာ မိသားစုလေးယောက်ထမင်းလက်ဆုံစားခဲ့ကြလေ၏။
ထမင်းစားပြီးကြတော့ မိသားစုတွေဧည့်ခန်းထဲမှာစကားပြောဖြစ်ခဲ့ကြသည်။
''သမီးကမိသားစုတွေကိုပြောစရာရှိလို့တဲ့''
သူမအမေကစကားလမ်းကြောင်းပေးတော့ အသွင်လည်းကိုယ့်လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း...
''အသွင် ပြင်ဦးလွင်မှာသွားနေချင်တယ်ဖေဖေနဲ့မေမေ''
''ဘယ်လို...ဘာလို့လဲသမီးရဲ့''
''ဟို...ဒီအတိုင်း မသွားတာလည်းကြာတော့ အသွင်အလည်အပတ်သဘောမျိုးသွားရင်းကနေ သုံးလေးလလောက်နေချင်တာ''
''မနေပါနဲ့သမီးရာ...သမီးကိုဖေဖေစိတ်မချပါဘူး''
''စိတ်မချစရာဘာရှိလို့လဲဖေဖေရဲ့...အဲမှာခြံစောင့်လင်မယားလည်းရှိနေတာပဲ''
''ဘာပဲဖြစ်ဖြစ်နင်မသွားရဘူးမမ''
''သွားမှာပဲ...နင်ငါ့ကိုဘာမှလာပြောစရာမလိုဘူး...ဖေဖေတို့လည်းအသွင့်ကိုခွင့်မပြုရင် အသွင်ဖြစ်ချင်ရာဖြစ်ခြေဦးတည့်ရာလျှောက်သွားပစ်မှာ''
အသွင့်မျက်နှာနဲ့လေသံကဆိုးနွဲ့ချင်နေတဲ့ပုံမျိုးမဟုတ်ဘဲ အရာအားလုံးကိုဆန့်ကျင်ဖို့အဆင်သင့်ဖြစ်နေတဲ့မာကြောကြော ကြွပ်ဆတ်ဆတ်ပုံမျိုး။
''ကဲပါမောင်ရယ်...သမီးကိုခွင့်ပြုပေးလိုက်ပါ...တစ်သက်လုံးသွားနေမှာမှမဟုတ်တာ''
ထိုအခါမှမော်ကွန်းလည်းသက်ပြင်းမောတစ်ချက်ကိုချလိုက်တော့၏။
''သမီးဆန္ဒရှိနေရင်လည်း ဖေဖေခွင့်ပြုပေးမယ်...ဒါပေမယ့် သုံးလပဲနေရမယ်''
''ဟုတ်ကဲ့ပါဖေဖေ...ကျေးဇူးတင်ပါတယ်နော်''
ကဗျည်းကတော့မျက်နှာစူပုပ်ပုပ်နဲ့ပဲ နေရာကနေထထွက်သွားပါတော့သည်။
သူကအစ်မဖြစ်သူကိုမျက်စိအောက်ကအပျောက်ခံနိုင်သူမှမဟုတ်ဘဲ။
<<<
''နင့်ကိုငါပိုပြီးမုန်းတယ်အသွင်''
ပြန်ကြားယောင်လာသောစကားကြောင့် သူမျက်လုံးတွေကိုဖိပိတ်ပစ်လိုက်သည်။
တစ်ကယ်ဆိုသူအသွင့်ကိုအခုလောက်ထိမပြောခဲ့သင့်ဘူး။
အသွင့်ဘက်ကကြည့်ရင် သူရောအတာရောကသူမရဲ့အချစ်ဆုံးသူငယ်ချင်းတွေပဲလေ။
သူ့အနေနဲ့ပဲလှော်ကြားဆားညပ်ဖြစ်ခဲ့ရမှာပဲ။
''ကျစ်!''
သူစိတ်ရှုပ်ထွေးစွာနဲ့ပဲ မျက်နှာကိုဖိပွတ်ပစ်လိုက်မိသည်။
ထိုစဥ် သူ့ဖုန်းထဲစာဝင်သံကြားလိုက်၍ သူဖုန်းကိုဖွင့်ကြည့်လိုက်တော့ အတာကသူတို့group chatထဲကိုစာပို့လာတာပင်။
''ငါနင်တို့ကိုတောင်းပန်ပါတယ်အနှိုင်းနဲ့အသွင်...ငါမှားခဲ့မိပါတယ် ငါ့မှာမောင်နဲ့နီးစပ်ချင်တဲ့စိတ်ပဲရှိလို့ အခုလိုတစ်ကိုယ်ကောင်းဆန်မိတာပါ...ပြီးတော့အနှိုင်း နင်အသွင့်ကိုအထင်မလွဲပါနဲ့...အသွင်ကငါဖိအားပေးလို့သာမလွှဲသာမရှောင်သာနဲ့ပဲငါ့ကိုကူညီပေးခဲ့တာပါ...ငါကကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်မယ်ပြောလို့ အသွင်လည်းမတတ်သာဘဲငါ့ဘက်မှာနေခဲ့ရတာ...ဒီကိစ္စမှာအသွင့်အပြစ်မရှိပါဘူး...အပြစ်ရှိတာငါပါ''
သူစာတွေကိုကြည့်နေတုန်းမှာပဲ အသွင်ကအတာ့စာတွေကိုseenမပြဘဲ groupထဲကနေထွက်သွား၍ သူ့ကိုယ်ကမတ်သွားခဲ့ရလေ၏။
သူချက်ချင်းပဲအသွင့်accထဲဝင်ကြည့်တော့ သူမကprofileပါပိတ်သွားခဲ့တာပင်။
ဒါသူ့ကိုunfriendလုပ်သွားပြီဆိုတဲ့အဓိပ္ပါယ်မို့ သူ့ရင်ထဲမှာဟာတာတာကြီးဖြစ်သွားခဲ့ရသည်။
အထီးကျန်နေသလိုလို ဝမ်းနည်းနေသလိုလိုနဲ့။
ထိုညကသူအတွေးတွေများပြီးအိပ်မပျော်ခဲ့ပါ။
အသွင်ကသူ့ကိုအခုလိုလုပ်သွား၍ သူနဲ့တစ်သက်လုံးမပတ်သက်တော့ဘူးလားဆိုပြီးတွေးမိနေတာပင်။
အဲ့အပေါ်မှာစိတ်ကွက်ပြီးစိတ်မကောင်းဖြစ်တယ်ပြောရအောင်ကလည်း သူငယ်ချင်းစာရင်းကနေထုတ်လိုက်ပြီလို့ပြောခဲ့တာကသူ...
အသွင်ကလည်း အတာပို့တဲ့စာတွေကိုnotiကနေပဲဖတ်ပြီး groupထဲကနေထွက်ကာ luggageထဲကိုအဝတ်အစားအလုံအလောက်နဲ့ skin careတွေရယ် တစ်ခြားလိုအပ်တာတွေရယ်ကိုထိုင်သိမ်းရင်း စိတ်ညစ်စရာတွေကိုခဏမေ့ထားလိုက်လေ၏။
မနက်ဖြန်ဆိုရင် အသွင်ဆိုတာအနှိုင်းရှိနေတဲ့အရပ်မှာလုံးဝဆက်ရှိနေမှာမဟုတ်တော့ပါဘူး။
<<<
တုနှိုင်းမြတ်ရဲ့ပြိုင်ဘီးလေးက အသွင်တို့လမ်းထဲကိုဘယ်ကနေဘယ်လိုဖြစ်ပြီးဦးတည်လာလဲမသိ။
သူဘာလို့အခုလိုရောက်လာရတာလဲဆိုတာလည်းကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်ပေ။
ခင်မင်ခဲ့တဲ့သံယောဇဥ်တွေကြောင့် သူအသွင့်ကိုကြာကြာစိတ်မဆိုးနိုင်တာဖြစ်မည်။
သို့သော် သူအသွင့်ရှေ့ကိုတော့မသွားချင်ပါ။
သူ့ဘက်ကစပြီးတော့လည်း အောက်ကျခံပြီးပြန်မခေါ်ချင်။
ထို့ကြောင့် သူမတို့အိမ်ရှေ့ကိုရောက်ပြီးမှ နောက်ကြောင်းပြန်လှည့်လာတုန်း နောက်ပါးဆီမှ...
''အနှိုင်း''
ဆိုသောအသံကြောင့် သူစက်ဘီးကိုရပ်ပြီးနောက်ပြန်လှည့်ကြည့်လိုက်သည်။
''အန်တီဖယောင်း''
အန်တီဖယောင်းကဈေးခြင်းတောင်းကြီးဆွဲပြီးသူ့ထံသို့လျှောက်လာလေ၏။
''စောစောစီးစီး ဘယ်လဲသား''
''ဟို...ဟိုဟာ...''
''မဟုတ်မှ...သမီးဆီလာတာလား...သမီးကမင်းကိုဘာမှမပြောခဲ့ဘူးလား''
''ဘာကိုလဲအန်တီ''
''ဟော်တော်...သမီးကပြင်ဦးလွင်ကိုသွားလိုက်ပြီလေ''
''ဗျာ!...ဘယ်တုန်းကလဲအန်တီ''
''မနက်ငါးနာရီကတည်းကသူ့မောင်နဲ့အတူသွားလိုက်တာ...ကဗျည်းကသူ့အစ်မကိုစိတ်မချလို့ပြင်ဦးလွင်ထိလိုက်ပို့တာ...ပြီးမှသူကသပ်သပ်ပြန်လာမှာ''
''ဪ...ဟုတ်လား''
''သားတို့စကားများထားတာလားအနှိုင်း''
''မဟုတ်ပါဘူးအန်တီ...အဲဒါဆိုကျွန်တော်သွားလိုက်ဦးမယ်''
သူပြောပြီးသည်နှင့် အန်တီဖယောင်းဆီကစကားပြန်ကိုပင်မစောင့်တော့ဘဲ နေရာကနေထွက်လာခဲ့လိုက်ပါတော့သည်။
သူ့စိတ်ထဲမှာတော့မခံချိမခံသာနဲ့ပါပဲ။
တစ်ကယ်ဆိုစိတ်ဆိုးသင့်တာသူဖြစ်ပြီး သူ့ကိုမရမကလိုက်ချော့သင့်တာကအသွင်ပါ။
အခုတော့သူကကိုယ့်ထက်ပိုအကြောတင်းပြပြီး သူကပဲအဆက်အသွယ်အရင်ဖြတ် သူကပဲအားလုံးနဲ့ဝေးရာကိုထွက်သွားသည်တဲ့။
အခုတော့သူတို့အနေအထားက သူကပဲအသွင့်နောက်ကိုလိုက်ပြီးမရမကလိုက်ချော့ရမယ့်ပုံ။
''လုံးဝပဲ...ငါကဘာလို့နင့်ကိုချော့ရမှာလဲ...နင်ကသာငါ့ကိုချော့ရမှာ...အေး နင်ကအကြောတင်းပြီးငါ့ကိုလာမချော့မှတော့ ငါကပဲနင့်နောက်ကိုလိုက်ပြီးအချော့ခံပြမယ်...နင်စောင့်ကြည့်နေ''
<<<
C.7ဆက်ရန်။