Review

Review


လယ်ယာစိုက်ပျိုးရေးသိပ္ပံကျောင်းသား Kimjangcheol တစ်ယောက် စာမေးပွဲဖိအားတွေ၊ assignment တွေကြားကနေ လွတ်မြောက်ဖို့ Paladins of Blood လို့ခေါ်တဲ့ fantasy MMORPG ဂိမ်းထဲ ခဏဝင်‌ေဆာ့လိုက်တာကနေ သူ့ဘဝကြီးကဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတယ် ...


ဂိမ်းထဲရောက်သွားတာတောင် သာမန် NPC မဟုတ်ဘဲ ကမ္ဘာပျက်စေနိုင်တဲ့ Final Boss Demon Lord Credos ရဲ့ ကိုယ်ခန္ဓာထဲ ရောက်သွားခဲ့တာပါ ရောက်ရောက်ချင်းမှာပဲ ရှေ့မှာ ချောက်ကမ်းပါး၊ နောက်မှာ ကျားဆိုသလို ပြဿနာကြီးက နှစ်ခွဖြစ်နေတယ်။ ဂိမ်းဇာတ်လမ်းအတိုင်း လူသားကမ္ဘာကို ကျူးကျော်ရအောင်ကလည်း max level တင်ထားတဲ့ Hero က စောင့်ကြိုနေပြီး၊ ငြိမ်ခံနေရအောင်ကလည်း ဗိုက်ဆာလွန်းလို့ မျက်လုံးပြူးနေကြတဲ့ Four Heavenly Kings နဲ့ နတ်ဆိုးတပ်ဖွဲ့တွေက သူ့ကို အရှင်လတ်လတ် ဝိုင်းစားဖို့ ကြည့်နေပြန်ရော အဲဒီတော့ သာမန်နတ်ဆိုးဘုရင်တွေလို သွေးစွန်းတဲ့ဓားကို ကိုင်မယ့်အစား Kimjangcheol တစ်ယောက် ဘာလုပ်လိုက်သလဲဆိုတော့ ကိုယ်တတ်ထားတဲ့ လယ်ယာစိုက်ပျိုးရေးပညာရပ်တွေကို ထုတ်သုံးပြီး နတ်ဆိုးနယ်မြေမှာ ခြံစိုက်ပျိုးရေးတော်လှန်ရေးကြီး စတင်လိုက်ပါတော့တယ် :3


အာလူးစိုက်ပျိုးရေးကစလို့ မြေဆီလွှာပြုပြင်ရေးအထိ တကယ့် ကျောင်းသားဘဝတုန်းက မှတ်စုစာအုပ်ကို ပြန်ထုတ်ဖတ်ရလောက်အောင် အသည်းအသန် ကြိုးစားရတော့တာပေါ့။ ကြောက်စရာကောင်းပြီး ခေါင်းမာတဲ့ နတ်ဆိုးတွေကို တံဇဉ်၊ တူ၊ ပေါက်တူးတွေ ကိုင်ခိုင်းပြီး လယ်သမားကြီးတွေအဖြစ် ပြောင်းပစ်လိုက်တဲ့ပုံစံက စားပါတယ်။ 


The Greatest Estate Developer နဲ့ Universe တူတူပဲမို့ မျက်နှာပေးမျိုးစုံနဲ့ ကြံဖန်တီးထားတဲ့ ဟာသဇာတ်ကွက်တွေကြောင့် ဖတ်ရတာ ပျင်းမသွားစေရပါဘူး။

ဒီထဲက MC က Lloyd ရဲ့ ဘိုးဘေးလို့ပြောလို့ရပါတယ်။ မဖတ်ဖူးသေးရင် ဖတ်ဖို့အကြံပေးပါတယ် 🌚

Report Page