Reload your digital life by using Password Manager
လျို့ဝှက်နံပါတ် ပြောင်းခြင်းဖြင့် သင့်ရဲ့ ဒစ်ဂျစ်တယ်ဘဝကို အသစ်ပုံဖော်ပါ။နွေဦးရောင်းရင်း >>>>> အက်မင်ရေ..Facebook သုံးမရတော့ဘူး..ကယ်ပါဦးဗျို့
ဝိုင်းတော်သား >>>>> ရောင်းရင်း ဘာလို့လဲဗျ... Password မေ့သွားလို့ဗျ
ဝိုင်းတော်သား >>>>> Recovery Mail တို့ဘာတို့ ပေးခဲ့သေးလား..
နွေဦးရောင်းရင်း >>>>> အဲ့ဒါဘာကြီးလဲဗျ....
ဝိုင်းတော်သား >>>>> ဒို့တွေ ပြောနေတာ တစ်နှစ်ပြည့်တော့မယ်ဗျို့..ကိုယ့်လူရေ..
Password နဲ့ ပတ်သက်ရင် ရင်နာရတာက ဝိုင်းတော်သားတွေပါ...ဘာလို့လဲဆိုတော့ အကောင့်ပိုင်ရှင်မှ လွဲပြီး ကျွန်တော်တို့လည်း ဘာမှလုပ်မပေးနိုင်လို့ပါဗျို့..
ခိုင်မာတဲ့ Password ဆိုတာ
- ရှုပ်ရမယ် (12@&*()(>)
- ရှည်ရမယ် ( အနည်းဆုံး ၁၂ ရှိရမယ်)
- ခက်ခဲရမယ် (သူများ မခက်မှန်းနိုင်တဲ့ဟာမျိုးဖြစ်ရမယ်)
- မှတ်မိရမယ် (ကိုယ်တော့ မှတ်မိရမယ်ဗျို့)
နွေဦးရောင်းရင်း >>>>> မနောက်ပါနဲ့ အက်မင်ရယ်….
အဲ့လောက်ရှုပ်နေမှာတော့ အကောင့် တွေအများကြီးရဲ့ password ကိုဘယ်လိုလုပ်မှတ်မိမလဲ? ခက်ခဲတဲ့ Password တစ်ခုလုပ်ပြီး Password တစ်ခုတည်းနဲ့ အကောင့်အများကြီးသုံးမယ်ရလား

ဝိုင်းတော်သား >>>>> အို...မရပါဘူးကွယ်..
အဖြေကတော့ Password Manager ကိုသုံးပါဗျို့..
Password Manager သုံးတယ်ဆိုတဲ့ သဘောကတော့ သော့ သေးသေးလေးအများကြီး ကို သေတ္တာထဲထည့်ပြီး သော့အကြီးကြီးလို့ခေါ်တဲ့ (Master Key) နဲ့ ခတ်ထားတဲ့သဘောပါဗျို့..
- Master Key ဆိုတဲ့ Password တစ်ခုတည်းမှတ်မိဖို့လိုတာမို့ လုံးဝတော့မေ့လို့မရပါဘူး
- Password Manager တွေရဲ့ အားသာချက်ကတော့ ခက်ခဲတဲ့ Password တွေကို ဖန်တီးပေးနိုင်လို့ပါ..
- အောက်ကပေးထားတဲ့ Link လေးမှာ Password Manager App တွေသုံးနည်းအဆင့်ဆင့် ပြောပြထားပါတယ်ဗျို့..
KeepassDX: https://t.me/SpringRevSecurity/48
Keepassium: https://t.me/SpringRevSecurity/340
ဆောင်းဦးမှာ အကောင့်တွေလုံခြုံကျစေသားဗျာ....
မသိသေးတဲ့ ကိုယ်ရောင်းရင်းတွေကိုလည်း မျှဝေသွားပါဦးဗျို့....