Reload your digital life - Telegram

Reload your digital life - Telegram

Spring Revolution Security

Telegram ကိုသုံးပါလို့ ပြောခဲ့တာဆိုရင်ဖြင့် လပေါင်းများစွာကြာခဲ့ပြီမို့ ဒီတစ်ခါမှာ SIM Card ကိစ္စ အင်မတန်မှ အရေးကြီးလာတာကြောင့် Telegram ကို မဖြစ်မနေသုံးရတော့မယ့် အခြေအနေဆိုတာ အားလုံး နားလည်းထားပြီး လိုက်လုပ်ကြဖို့ လိုပါမယ်...

ဘာ

  • Telegram ကနေခေါ်တဲ့ Voice Call/ Audio Call တွေကို Encryption လို့ခေါ်တဲ့ (ဝှက်စာ) စနစ်ပါဝင်လို့ပါ။
  • Telegram မှာ အရေးကြီးတဲ့ ထိရှလွယ်တဲ့ သူတွေ Secret Chat ကနေပြောမယ်ဆိုရင်တော့ End-To-End Encryption ဖြစ်လို့ (တော်တော်လေး လုံခြုံစိတ်ချရပြီး) Disappearing Message လည်းပါဝင်မှာလည်းဖြစ်လို့ ကိုယ်ပေးပို့လိုက်တဲ့ Message ကိုအချိန်သတ်မှတ်ပြီး ဖျက်ပစ်လိုက်လို့ရပါတယ်။
  • အရေးကြုံတဲ့အခါမှာ ပြောထားတဲ့ Chat ကိုလည်း တစ်ယောက်ဘက်က ဖျက်ပစ်လိုက်တာနဲ့ နှစ်ဖက်လုံးမှာ Chat ကိုဖျက်ပစ်လို့ရပါတယ်

ဒစ်ဂျစ်တယ်ဘဝအသစ်ရဲ့ Telegram Setting မှာ အပေါ်ကဟာတွေ ချိန်ညှိထားဖို့ လိုပါတယ်။ ဒါတွေတင်တော့လဲ မဟုတ်ပါဘူး။ 


Telegram Setting ကိုချိန်ညှိခြင်း ကိုဒီမှာ အသေးစိတ်ဖတ်ကြည့်လို့ရပါတယ်။


Telegram အသုံးပြုတဲ့အချိန် သတိပြုသင့်တဲ့အချက်များ

=======================================


  • Telegram ကို Registered လုပ်ထားတဲ့  ဖုန်းနံပါတ်နဲ့ဖွင့်ထားပါက ဖုန်းနံပါတ်ပြောင်းပါ။
  • Telegram အကောင့်ကိုဖွင့်ဖို့က SIM Card တစ်ခုပဲလိုတာမို့..တကယ် Register လုပ်ထားတဲ့ ဖုန်းနံပါတ်မဟုတ်တဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်လည်းရပါတယ်… (SIM card တစ်ခုဝယ်ပြီး အကောင့်ဖွင့်ပါ။ Code ဝင်လာတာနဲ့ Account ဖွင့်ပြီး SIM Card ကိုပြန်ဖြုတ်ပြီး လုံခြုံတဲ့နေရာမှာသိမ်းပါ။ အရေးကြုံလို့ တခြားမှာ အကောင့်ဝင်ဖို့လိုလာတဲ့အခါမှာ Code ဝင်ဖို့လိုလာရင် သုံးရနိုင်လို့ပါ)


 ဖုန်းထဲက My File ကိုအမြဲဝင်ကြည့်ပါ။ 


  • Telegram ကပေးပို့လိုက်တဲ့ File တွေက ဖုန်း Storage ထဲမှာပဲသိမ်းထားတာမို့လို့ Telegram ကနေ  Download လုပ်ထားတဲ့ အသံဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယို ဖိုင်တွေက ဖုန်းထဲက My File မှာရှိနေတတ်ပါတယ်။ အဲ့ဒါကြောင့် Telegram သုံးတာလုံခြုံတယ်ဆိုပေမယ့် My File ကို အမြဲတမ်း ဝင်စစ်ပြီး ရှင်းထားဖို့လိုပါမယ်။



Auto Download ကိုပိတ်ပစ်ပါ။ 

   

  •  Telegram ရဲ့ Setting  ထဲက Data and Storage  မှာ Automatic media download မှာ (၃) ခုစလုံးကိုသွားပြီးပိတ်ထားဖို့လိုပါမယ်။
  • Auto Delete Setting On ထားပါ။  Setting  ထဲက Data and Storage ကိုသွားပါ။ ပြီးရင် Storage Usage ထဲမှာ 3 ရက်နေ Auto ပျက်မယ်ဆိုတဲ့ Setting ကိုချိန်ညှိလို့ရပါတယ်။



Telegram ကို Passcode ခံပါ။


  • Telegram မှာ Passcode ခံလို့ရပါတယ်။ ဖုန်းကို ဖွင့်ထားမိရင်တောင် Passcode ခံထားတဲ့အတွက် ဘယ်လိုမှ ဝင်လို့မရနိုင်ပါဘူး။ Passcode ကလည်း ၄ လုံးကနေ ကြိုက်သလောက် ဂဏန်းတွေ ပေးထားလို့ရပါတယ်။



နှစ်ဆင့်ခံ လုံခြုံရေး အမြဲသုံးပါ။


  • Telegram ကို ဝင်သုံးဖို့ ဖုန်းတောင်ဖွင့်ခိုင်းစရာမလိုပါဘူး။ Sim Card ထုတ်ပြီး တခြားဖုန်းတစ်လုံးမှာ ဝင်လာတဲ့ OTP Code ကိုရိုက်ထည့်ပြီး အလွယ်လေး ဝင်လို့ရပါတယ်။ အဲ့လို ဝင်လို့မရအောင် ကိုယ်ပဲ မှတ်ထားနိုင်တဲ့ နောက်ထပ် Password တစ်ခုကို မဖြစ်မနေ ထားဖို့ လိုပါတယ်။ Two Step Verification ကို Setting ထဲမှာ မဖြစ်မနေ On ထားပါ။


တော်လှန်ရေးကာလမှာ ကိုယ့်လုံခြုံရေးဟာ အများလုံခြုံရေးပါပဲ။ တခြားသူတွေ လုံခြုံဖို့ ကိုယ့်မှာ တာဝန်ရှိနေတဲ့အတွက် ဒစ်ဂျစ်တယ်ဘဝသစ်မှာ ဒီ Setting တွေချိန်ထား၊ လုပ်စရာရှိတာတွေ ကြိုလုပ်ထားလိုက်ကြရအောင်ဗျာ။


Report Page