Reincarnation no Kaben
Presented by Ani WizardPetals of Reincarnation
☆ Studios: BENTEN Film
☆ Source: Manga
☆ Genres: Action, Mystery, Supernatural
☆ Review
MC ဖြစ်သူ Toya Senji ဟာ ဘာအရည်အချင်းမှ မရှိတဲ့အတွက် စိတ်ဓာတ်ကျနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ တစ်နေ့မှာ သူဟာ "Branch of Reincarnation" (ပြန်လည်ဝင်စားခြင်း သစ်ကိုင်း) အကြောင်း သိသွားပါတယ်။ ဒီသစ်ကိုင်းနဲ့ကိုယ့်လည်ပင်းကိုယ် လှီးဖြတ်လိုက်ရင် မိမိရဲ့ ဘဝဟောင်းက ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းရည်တစ်ခုခု ရရှိမှာ ဖြစ်ပါတယ်။ Senji ကတော့ ဂျပန်ရဲ့ နာမည်ကျော် ဓားသမား Miyamoto Musashi ရဲ့ စွမ်းရည်ကို ရရှိသွားပါတယ်။
ဒီဇာတ်လမ်းမှာ The Forest of Great Men (ပါရမီရှင်များ တောအုပ်) ကမ္ဘာကြီးကို ကာကွယ်ဖိုနဲ့ ကောင်းတဲ့ဘက်က အသုံးချဖို စုဖွဲထားတဲ့ Newton, Einstein စတဲ့ ပါရမီရှင်တွေရဲ့ အဖွဲ့နဲ့ The Sinners (အပြစ်သားများ) လူသတ်သမားတွေ၊ အာဏာရှင်တွေ (ဥပမာ- Hitler) ရဲ့ စွမ်းရည်ကို ရရှိထားပြီး ကမ္ဘာကြီးကို ဖျက်ဆီးချင်တဲ့ အဖွဲ့ ဆိုပြီး အဓိကအဖွဲ့အစည်းနှစ်ခုကွဲသွားပါတယ်။ Senji ဟာ The Forest of Great Men အဖွဲ့ထဲဝင်ပြီး Sinners တွေနဲ့ တိုက်ခိုက်ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းကတော့ "ပါရမီရှင်" ဖြစ်သွားပေမယ့် လူသားတစ်ယောက်အနေနဲ့ စိတ်ဓာတ်တွေ ပျက်စီးလာတာပါ။ စွမ်းရည်တစ်ခုကို ရဖို့အတွက် မိမိရဲ့ လူသားဆန်မှုကို စတေးရတာမျိုးတွေ ရှိလာပါတယ်။
MC တစ်ယောက်ကရော ပါရမီရှင်တစ်ယောက်အဖြစ်မိမိရဲ့လူသားဆန်မှုကိုစတေးသွားမလား ? ဒါ့အပြင် Isaac Newton နဲ့ John von Neumann တို့လိုသိပ္ပံပညာရှင်တွေနဲ့ MC ယှဉ်ပြိုင်မှုတွေကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။