👑 Red, White and Royal Blue (2023) 👑

👑 Red, White and Royal Blue (2023) 👑


A Very Special အနေနဲ့ အထူး Review ပေးချင်တာ တစ်ခု

ကတော့ အမေရိကန်စာရေးဆရာ Casey McQuiston ရဲ့ Best Selling Novel ဖြစ်တဲ့ Red, White and Royal Blue ကို ရုပ်သံရုပ်ရှင်အဖြစ် အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။


🇺🇲 Alex Claremont-Diaz ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး သမ္မတ Ellen Claremont ရဲ့ သားဖြစ်ပါတယ်။


🇬🇧 Henry နဲ့ Alex တို့ဟာ Alex အနေနဲ့ UK ကို တော်ဝင်ထိမ်းမြားပွဲအတွက် အခမ်းနားတက်ရန် သွားရောက်ခဲ့ရင်းနဲ့ ဗြိတိသျှတော်၀င် မင်းသား Henry နဲ့ ပြသနာ အငြင်းအခုံ တစ်ခုဖြစ်ခဲ့ပါတယ်။


Alex ရဲ့ မိခင်ဖြစ်သူ ရွေးကောက်ပွဲဝင်ရာမှာ အနှောင့်အယှက်ဖြစ်စေမဲ့ မီဒီယာနဲ့ သံတမန်ရေးရာ အကျပ်အတည်းများကို တားဆီးဖို့အတွက် Alex နဲ့ Henry တို့ဟာ သူငယ်ချင်းယောင်ဆောင် ဓာတ်ပုံရိုက်ပြီး လူထုအာရုံလွှဲပြောင်းခဲ့ရာကနေ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်းနီးကပ်လာကြပြီး friend with benefits ဆက်ဆံရေးကို ရောက်ရှိလာကြပါတယ်။


တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာလေးနက်လာသလောက် ကြုံရတဲ့အခက်ခဲတွေက များပြားလာခဲ့ပြီး ဒီလိုခက်ခဲတဲ့အချစ်ကို လက်လျှော့မလား ရှေ့ဆက်လို့ရမဲ့ နည်းလမ်းကိုရှာကြမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမဲ့ တစ်ခြားသော LGBT 🏳️‍🌈 Base ရုပ်သံဇာတ်လမ်းများနှင့်မတူ ကွဲထွက်နေတဲ့ ရုပ်ရှင်ကောင်းလေး

ပဲဖြစ်ပါတယ်။


ဇာတ်အိမ်ကို အရှည်မဆွဲထားပေမယ့် အပိုအလိုမရှိ နန်းမင်းသားနှင့်

သမ္မတသား တို့ရဲ့ ချစ်ခြင်း‌ဇာတ်လမ်းကို မရိုင်း၊ မယဉ် အမြင်ဆန်း

သစ်ပြီး ဖော်ကြူးထားပြီး လူသားနှစ်ယောက်ရဲ့ ချစ်ခြင်းကို ယုတ်တိ

ရှိရှိ Reality ဆန်ဆန် တင်ဆက်ပြသထားတဲ့ ဇာတ်ကားကြီးရဲ့

အဖြေကိုတော့ ကိုယ်တိုင်ကြည့်ရှု့ပြီး ယူဆသင့်တယ်လို့ထင်မိပါတယ်။


100% High Recommend ပေးပါတယ် ၊ လူမူရေး နိုင်ငံရေး

နဲ့ ခက်ခဲတဲ့လူမှု့ အသိုင်းအဝိုင်းကြားက ချစ်ခြင်းမေတ္တာ တစ်ခုကိုခံစား

မိမယ်လို့ထင်ပါတယ်။ ⭐ Rating 8.9/10


Ref : Review CRD ORIGINAL RESOURCES 




Report Page