Plato's Republic
LunaticPlato's Republic
ဒီ Contentမှာ Platoရဲ့ Republic ကို ဘာ တွေနဲ့ ဖွဲ့စည်းထားလဲ ဆိုတာတွေ ၊ Key Concepts တွေကို တတ်နိုင်သလောက် အကျဥ်းခြုံ့ပြီး နားလည်လွယ်အောင်ရှင်းပြမှာပါ။ Bite sized ဆိုလဲ မှန်ပါတယ်။
Platoရဲ့ The Republic, The Statesman, The Laws ဆိုတဲ့ နိုင်ငံရေးစာတမ်းတွေမှာ The Republic (စံပြနိုင်ငံတော်) ဆိုတာက အထင်ရှားဆုံးဖြစ်ခဲ့ပါတယ် ။
• Justice
Platoရဲ့ The Republic စာအုပ် မှာ အရေးကြီးဆုံးမေးခွန်းက တရားမျှတမှု( Justice ) ရဲ့အဓိပ္ပါယ်ပဲ ။
အဲ့တာကို Socrates က Cephalus, Polemarchus, Thrasymachus တို့လို ဇာတ်ကောင် တွေနဲ့ ဆွေးနွေးငြင်းခုံခြင်းအဖြစ် တင်ပြထားတယ် ။ Thrasymachus ရဲ့ Justice အပေါ်အမြင်ကတော့ရှင်းတယ်။
" တရားမျှတမှုဆိုတာဟာ ပိုပြီးတော့ သန်မာတဲ့လူ(အောင်နိုင်သူ) အသုံးချလို့ရတဲ့ အားသားချက် တစ်မျိုးသာဖြစ်တယ် " တဲ့ ။
ဆိုလိုချင်တာကတော့ အင်အားအကြီးဆုံး (စစ်အား၊ နိုင်ငံရေးအား) ရှိသူက စည်းမျဉ်းများကို ချမှတ်ပြီးလျှင် သူတို့ပြောတဲ့အရာကပဲ တရားမျှတမှုဖြစ်လာတဲ့သဘော ကိုဆောင်တယ်။
Socrates ကဒါကိုပြန်ပြီးတော့ Justice ဆိုတာ Individual တွေရဲ့ သက်ဆိုင်ရာ တာဝန်ကိုဆောင်ရွက် ခြင်း ဖြစ်ပြီး လူတစ်ဦးတည်းတင်မကပဲ Justice ဆိုတာက Society တစ်ခုလုံးနဲ့ချီနှောင်ထားတဲ့ အသက်ဝိဉာဥ်တွေရဲ့ harmony ပဲလို့ ဆိုတယ်။
• The Ideal City (Kallipolis)
Plato ဖန်တီးပြလိုက်တဲ့ " စံပြနိုင်ငံတော် " ဆိုတာကို ကျွန်တော်တို့လေ့လာကြည့်ရအောင် ။
Platoက လူတန်းစားသုံးရပ်ကိုခွဲခြားပြလိုက်ပါတယ်။
1. Rulers (Philosopher-Kings)
အုပ်ချုပ်သူပညာရှင်
တိုင်းပြည်ကို စီမံအုပ်ချုပ်ရတဲ့လူတွေဖြစ်ပြီး
ဒဿနိကပညာနဲ့ အသိဉာဏ်ပညာ ပြည့်ဝတဲ့ လူအနည်းစုတစ်ရပ်ကသာ နိုင်ငံကိုစီမံအုပ်ချုပ်နိုင်တယ် ။ အုပ်ချုပ်သူတွေက ဆင်ခြင်တုံတရားနဲ့အုပ်ချုပ်ရမှာဖြစ်ပြီး ဘာအခွှင့်ထူးမှခံစားခွှင့်မရှိရဘူး ။ တရားသေပြုလုပ်ထားတဲ့ဥပဒေတွေထပ် တိုင်းပြည်ရဲ့ပြဿနာတွေကိုလိုအပ်ရင်ဖြေရှင်းနိုင်တယ်။
Plato ယုံကြည်ထားတဲ့ Theory Of Form အရတော့ ထိုပညာရှင်တွေက "ကောင်းမွန်ခြင်းရဲ့စံပုံသဏ္ဍာန်" (Form Of The Good) နဲ့ထိတွေ့နိုင်သူတွေဖြစ်ကြတယ် လို့ဆိုတယ် ။
The Allegory of the Cave အရဆိုရင် သာမန်လူသားတွေဟာ ဂူထဲမှာဖမ်းဆီးခံထားရပြီး နံရံပေါ်က အရိပ်တွေကို အစစ်အမှန်အဖြစ် ထင်မှတ်နေတဲ့လူတွေဖြစ်ကြတယ်။ ဒါ့ကြောင့် စံပြနိုင်ငံတော်မှာ Education က အရေးပါတယ် ၊ အထူးသဖြင့် အနာဂတ် ပညာရှင်အုပ်ချုပ်သူတွေမွေးထုတ်နိုင်ဖို့။ ပညာရှင်အုပ်ချုပ်သူတွေက ဂူထဲနေထွက်နိုင်ပြီး သာမန်လူတွေကိုလည်း ထွက်နိုင်ဖို့လမ်းပြရမဲ့လူတွေဖြစ်ကြတယ်။
2.Auxiliaries (Warriors)
စစ်သည်တော်များ
တိုင်းပြည်ကို ပြင်ပရန်ကနေ ကာကွယ်နိုင်ဖို့ အတွက် စစ်ရေးအင်အားဆိုတာလိုတယ် ။ အလားတူပဲ နိုင်ငံတော်အာဏာ သြဇာညောင်းဖို့အတွက်လဲ ဖြစ်တယ် ။ Education ကသူတို့အတွက် Physical Training နဲ့ Moral Training ဆိုပြီးရှိတယ် ။ ကိုယ်ရောစိတ်ရော ကြံ့ခိုင်သန်မာဖို့အပြင် ဆင်ခြင်တုံတရားနဲ့ညီညွတ်စွာတွေးခေါ်နိုင်ဖို့ Moral Training မှာ ဂီတ၊ဒဿနိက ကိုဗဟိုပြုပြီးသင်ကြားတယ် ။ စစ်သည်တော်တွေက နိုင်ငံကို သစ္စာရှိမှုတစ်ခုတည်းပိုင်ဆိုင်နိုင်ပြီး လာဘ်စားတာတွေ ၊ ပုန်ကန်တာတွေ မရှိနိုင်စေဖို့အတွက် ကိုယ်ပိုင် ပစ္စည်းဥစ္စာတွေ ၊ ငွေကြေးတွေ ပိုင်ဆိုင်ခွှင့်မရှိဘူး ။ အစားအသောက် ၊ အနေအထိုင်အားလုံးက လူအများစု (Community) သဘောနဲ့နေထိုင်ရမယ်။ ကိုယ်ပိုင်မိသားစုတောင် မရှိရဘူး ။ ဘုံအိမ်ထောင်စု သဘောသာလျှင်ရှိရမယ် ။ ဖို-မ ဆက်ဆံရေးကိုလဲ ကလေးမွေးထုတ်နိုင်ရေးအတွက်ပဲဖြစ်ပြီး ချစ်ခြင်းမေတ္တာခံစားချက်တွေပါဝင်တဲ့ ဆက်ဆံရေးဖြစ်လို့မရဘူး။
3.Producers (Farmers, artisans, merchants)
အလုပ်သမားများ
Platoတည်ဆောက်ပြထားတဲ့ လူတန်းစားသုံးရပ်က လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုသလို State(နိုင်ငံ)တစ်ခုရဲ့ စိတ်ဓာတ်ကိုလဲကိုယ်စားပြုလို့နေတယ် ။
အုပ်ချုပ်သူပညာရှိတွေဟာ ဆင်ခြင်တုံးတရား ကို ကိုယ်စားပြုပြီး စိတ်အားထက်သန်မှုတွေကိုတော့ စစ်သည်တော်တွေက ကိုယ်စားပြုလျက်ရှိတယ် ။ အလုပ်သမားတွေကတော့ ဆန္ဒတွေကိုဖြည့်စွက် လိုစိတ်ပဲ ။
နိုင်ငံရဲ့လိုအပ်တဲ့ ပစ္စည်းဥစ္စာတွေ နဲ့ စီးပွားရေးလည်ပတ်နိုင်ရေး အတွက် အလုပ်သမားတွေ လက်မှုပညာတွေ ဆိုတာရှိနေရတယ် ။ သူတို့က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရမယ် ။ တစ်နည်းအားဖြင့်အုပ်ချုပ်ခံလူတန်းစားတွေပဲ ။
•Critique of Other Governments
Plato က နိုင်ငံရေးစနစ်တွေကို သုံးသပ်ဖို့ကြိုးစားတယ် ။ Platoအတွက် အကောင်းဆုံးအစိုးရစနစ်ကတော့ ပညာရှင်လူနည်းစုအုပ်ချုပ်ရေး (Pefect Aristocracy) ပဲ ။ ဒါပေမဲ့ထိုလူနည်းစုက ဆင်ခြင်တုံတရားပျောက်ဆုံးလာတဲ့အခါ ဥစ္စာပစ္စည်း ချမ်းသာရေးကိုသာ ရှေ့ရှုးတဲ့လူနည်းစု ( Oligarchy ) စနစ်ကို ပြောင်းလဲသွားနိုင်တယ် ။ လူအများစုကမကျေမနပ်ဖြစ် ပုန်ကန်လာတဲ့အခါ အများစု အုပ်ချုပ်ရေး Democracy စနစ်ကို ပြောင်း လာမယ်။ ယနေ့ ခေတ်ရှု့ထောင့်အမြင်နဲ့ဆိုရင်တော့ ခက်ထန်နိုင်ပေမဲ့ " ဒီမိုကရေစီရဲ့ လူအချင်းချင်းညီမျှမှုဆိုတာ မှားယွင်းမှုတစ်ခုသာဖြစ်ပြီး တိုင်းပြည်အေးချမ်းမှုမရှိနိုင်ဘူး။ ထိုအချက်ကို သာဓကပြုနိုင်တာကတော့ အေသင်(Greece) မြို့ပြ နိုင်ငံ ဖြစ်တယ် " လို့ Platoက တိုင်ရိုက် မဟုတ်သည့်တိုင်အောင် ဒီမိုကရေစီကိုငြင်းဆိုခဲ့ပါတယ်။ ထိုစနစ်အောက် စည်းမဲ့ကမ်းမဲ့ပြုမူလာကြတဲ့အခါ မင်းမဲ့ချိန် (Anarchy) ကို ရောက်သွားတော့တယ် ။ ထိုအခြေအနေအကိုထိန်းသိမ်းဖို့ အာဏာရှင်စနစ် (Tyranny) ပေါ်ပေါက်လာတော့တယ်။ Platoအတွက် ထိုအာဏာရှင်စနစ်က အဆိုးရွားဆုံးစနစ်သာဖြစ်ပါတယ် ။
~~~~
Plato's Republic ဟာ အတော်လဲ complex ဖြစ်တဲ့ philosophical workတစ်ခုပါ ။ ကျင့်ဝတ်၊နိုင်ငံရေး၊ပညာရေးနဲ့တက္ကိကဗေဒတို့ ပါဝင်သုံးသပ်ပြီး တရားမျှတတဲ့ လူမှု့အဖွဲ့အစည်း တစ်ခုကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။
~ Written by Lunatic
(လူနတစ် ရေးသားသည်)
Support Our Contents &
Telegram Channel -
@IknowledgeField
#Lunatic
#Thinkverse